ထူး ၊ ရိုးမရေဒီယိုမဂ္ဂဇင်း


ရခိုင်ပြည်နယ်မှာ အစိုးရက တရားဝင် ခန့်အပ်ထားကတ်တေ တိုင်းရင်းသား ဘာသာသင် နိစားလပီး ပညာရေးဝန်ထမ်းတိ လစာထုတ်မရရေ အခက်ခဲနဲ့ ရင်ဆိုင်နီကတ်ရပါရေ။


အခုပိုင် လစာမရစွာကြောင့် စားဝတ်နီရေး ခက်ခဲနီပြီးကေ ပညာရေးဝန်ထမ်းချင်းအတူတူ နိစားလပီး ဝန်ထမ်းတိကို လစာမပီးစွာရေ ခွဲခြားဆက်ခံရရေပိုင် ဖြစ်နီရေလို့ မင်းပြားမြို့နယ် ကြောင်ရီချိုး ကျေးရွာမှာ တာဝန်ကျနီရေ တိုင်းရင်းသားဘာသာသင် ဆရာမ မလှအေးဝင်းက ပြောပါရေ။
“ ဝန်ထမ်းအချင်းချင်းမှာတောင် TA တိကို ပညာရေးဝန်ထမ်း မဟုတ်ရေပိုင် ခွဲခြားဆက်ဆံခါ ကျွန်မရို့ စိတ်မကောင်းဖြစ်ရပါရေ။ ပြီးခရေနှစ်က တရားဝင်ကျောင်းပိတ်ရက်ကလွဲကေ ကျန်ရေနိတိအတွက် အပြည့်ရရေ။ ခုက ပြခရေ ရက်တိအတွက်တောင် မပီးပါ။ နိုင်ငံတော်က ကိုဗစ်ကာလမှာ ထောက်ပံ့စွာ တိကို မမျှော်လင့်ပါ။ ပုံမှန်လစာချေကိုပီးဖို့ရာ မျှော်လင့်စွာပါ”။


NLD အစိုးရအာဏာရချိန် ပြီးခရေနှစ်က ကိုဗစ်ဒုတိယလှိုင်းမှာတော့ ကျောင်းပိတ်ထားကေလေ့ ပုံမှန်လစာ ရရှိခကတ်ပြီးကေ စစ်ကောင်စီလက်ထက်မှာက ကိုဗစ်ကြောင့် ကျောင်းပိတ်လိုက်တေ ပထမလမှာပင် လစာမရဘဲ ဖြစ်နီကတ်စွာပါ။


အခြေခံ လုပ်အားခ တစ်နိကို ၄၈၀၀ ရရှိကတ်တေ ဒေဆရာ၊ ဆရာမေတိကို တိုင်းရင်းသားစာပေ သင်ကြားဖို့အတွက် အစိုးရက တရားဝင် ခန့်အပ်ထားသူတိလည်း ဖြစ်ပါရေ။


၂၀၂၁ ပညာသင်နှစ်အတွင်း တစ်ပြည်နယ်လုံးက စာသင်ကျောင်းတိကို ဇွန်လကပင် စတင်ဖွင့်လှစ်သင် ကြားနိုင်ခကေလည်း ကိုဗစ်ကြောင့် သေဆုံးသူနဲ့ ကူးစက်ခံရသူတိများလာပြီးနောက် ဇူလိုင်လ ၉ ရက်နိန့်ကနီ ကျောင်းတိပိတ်ဖို့ ညွှန်ကြားခစွာ ဖြစ်ပါရေ။


နိစားလပီးဝန်ထမ်းတိစွာ ဇွန်လအတွက် လစာအပြည့်ရခကတ်ပနာ ၈ ရက်အထိ အလုပ်လုပ်ခရရေဇူလိုင်လ အတွက်မရဘဲ ဖြစ်နီကတ်စွာလို့ ဆိုကတ်ပါရေ။
ပုံမှန်ဆိုကေ အစိုးရတရားဝင် ရုံးပိတ်ရက်တိနဲ့ နွီရာသီကျောင်းပိတ်ရက်အတွက်ကိုရာ လစာဖြတ်တောက်ရဖို့ ဖြစ်ပြီးကေ ကိုဗစ်ကလစွာ တရားဝင်ရုံးပိတ်ရက် မဟုတ်တေအတွက် လစာပီးဖို့ နစ်နာသူတိက တောင်းဆိုနီကတ်စွာ ဖြစ်ပါရေ။


“ အခုက ဇာပိုင်လဲဆိုကေ ဇွန်လက ကျောင်းတက်ရရေ။ လကုန်တော့ လစာရပါရေ။ အခု ဇူလိုင်လမှာ လကုန်ကေလည်း လစာမရလို့ ရုံးကို လား ပြောရေ။ အထက်က ပြောစွာက ဘဏ်မှာ ဘတ်ဂျတ်မရှိလို့ မပီးနိုင်လို့ ယပိုင်ပြောရေ။ သြဂုတ်လကုန်မှာ နှစ်လစာ ပေါင်းပီးဖို့လဲ ကြားရရေ။ အကေလည်း မသေချာပါ။ တရားဝင်စာ ထုတ်ထားစွာ မရှိပါ။ မနှစ်က ကျွန်တော်ရို့မှာ ကိုဗစ်ကာလမှာ ကျောင်းပိတ်ကာလ ဖြစ်တေ။ တရားဝင်ကျောင်းပိတ်ကာလ မဟုတ်ပါ။ မနှစ်ကတော့ ဇူလိုင်လ လစာက နီပြီးကေ နှစ်လပိုင်း နွီရာသီကျောင်းပိတ်တေအထိ လစာရပါရေ။ အခုဒေလက တရားဝင်ကျောင်းပိတ်တေ ကာလ မဟုတ်ပါ။ ကိုဗစ်ကို အကြောင်းပြပြီးကေ ပိတ်ထားစွာပဲ ရှိရေ။ ကျွန်တော်ရို့လည်း တာဝန်ယူထားရေ အတိုင်း ကျောင်းတက်ပါရေ။ ရခိုင်စာပေတင်မက တစ်ခြားဘာသာပါ သင်ပီးရပါရေ”။ လို့ နိစား လပီး ပညာရေး ဝန်ထမ်းအရေးလှုပ်ရှားသူ သံတွဲမြို့နယ် ညောင်ပင်ဈေးအမကကျောင်းက ဆရာကိုအောင်မင်းထွန်းက ပြောပါရေ။


ပြီးခရေ နှစ်က စာရင်းဇယားတိအရ မြန်မာတစ်နိုင်ငံလုံးမှာ တိုင်းရင်းသားစာပီသင် ပညာရေးဝန်ထမ်း စုစုပေါင်း ၁ သောင်းကျော်ရှိပြီးကေ ရခိုင်တပြည်နယ်လုံးမှာတော့ ခန့်မှန်းခြေ တစ်ထောင်ကျော်လောက် ရှိနီပါရေ။
သူရို့တိစွာ တိုင်းရင်းသား စာပေတိရာမက သက်ဆိုင်ရာကျောင်းတိမှာ လစ်လပ်နီရေ နေရာတိ အတွက်ပါ တာဝန်ယူကတ်ရပြီးကေ အမြဲတမ်း ဆရာ၊ ဆရာမတိနည်းတူ လုပ်ကိုင်ကတ်ရပါရေ။
မလှအေးဝင်း ဆိုကေ သူတာဝန်ကျရာကျောင်းမှာ ပထမတန်းအတန်းပိုင် တာဝန်ယူထားရရေပိုင် ကိုအေးမင်းထွန်း ဆိုကေလည်း ရခိုင်စာပေအပြင် ကျောင်းမှာ လစ်လပ်နေရာတိအတွက်လည်း ဝင်ပြရရေလို့ ပြောကတ်ပါရေ။


မလှအေးဝင်းက “ဒေလစာကို မှီခိုသုံးစွဲနီရသူတိ အများကြီးရှိရေ။ မပီးလို့ဆိုလို့ရှိကေ အခက်ခဲတိများပါရေ။ တချို့တိဆိုကေလည်း ကိုယ့်ရွာကနီ တခြားရွာတိကို လားပြရစွာတိ ရှိရေ။ စားစရိတ်တိကအစပီးလို့ပါ။ တစ်လကို လေးငါးခြောက်သောင်း။ ယင်းလစာနဲ့ မလောက်ငှလို့ အိမ်ကစရိတ် တောင်းရစွာတိ ရှိသေးပါရေ။ ယင်းထဲမှာ လစာမရဆိုကေ အခက်ခဲတိ အများကြီး ရှိလားပါဖို့”။လို့ ပြောပါရေ။


အမှန်က ရခိုင်ပြည်နယ်မှာ ဆရာ၊ ဆရာမ ၂၉၀၀၀ ဦး ခန့်ရာရှိပြီးကေ ယင်းအင်အားကို စာသင်ကျောင်းပေါင်း ၃၃၀၉ ကျောင်းနဲ့ ကျောင်းသားဦးရေ ၃၈၂၇၀၅ ဦးကို ဖြန့်ကြက် တာဝန်ပီးထားရပြီးကေ ဝန်ထမ်းအင်အား မလောက်ငှမှုတိ ဖြစ်နီရေလို့ ပညာရေးဝန်ထမ်းတိက ထောက်ပြကတ်ပါရေ။


သံတွဲမြို့နယ် ညောင်ပင်ဈီး အမကကျောင်းက ဆရာကိုအောင်မင်းထွန်းကတာ့ ပညာရေးဌာနတိအနီနဲ့ အကြောင်းစုံကို တရားဝင်စာထုတ်ပြီးကေ တိတိကျကျ ကြေညာဖို့လိုအပ်တေလို့ ဆိုပါရေ။


ဒေကိစ္စတိနဲ့ ပတ်သက်ပြီးကေ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက ဘဏ္ဍရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းဌေးဌေးညွှန့်ကို မေးမြန်းရာမှာတော့ ၂၀၂၁ ခုနှစ်အတွက် နိန့်စားဝန်ထမ်းတိကို ဇွန်တစ်လစာပဲ ခွဲဝေပီးထားရေလို့ ဖြေကြားပါရေ။
“ ရုံးချုပ်မှာကိုယ်တိုင်က ဇွန်တစ်လစာပဲ ခွဲဝေထားရေ။ သူရို၏ လမ်းညွှန်ချက် အတိုင်းပဲ ကျွန်မရို့က လုပ်ရပါရေ။ ဇူလိုင်လအတွက် ရုံးချုပ်ကခွဲဝေချက်မရပါ။ သူရို့က နေ့စားတိ ဖြစ်တော့ ကျောင်းပိတ်ထားလို့ ရုံးဖက်က မခွဲဝေထားပါ”။


မျိုးနွယ်စု ၇ ခုရှိရေ ရခိုင်ပြည်နယ်မှာ ခမီနဲ့ ရခိုင်ဘာသာတိကို တရားဝင်သင်ကြားဖို့ ပြဌာန်းထားပြီးကေ ယင်း ဘာသာသင်ဖို့ အတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ တစ်ကြိမ်၊ ၂၀၂၁ ခုနှစ် ဇွန်လမှာ တစ်ကြိမ် ခန့်အပ်ခစွာ ဖြစ်ပါရေ။

 426 total views,  1 views today