Arakan Yoma

လက်နက်ကိုင် ပဋိပက္ခတိ ပြင်းထန်ခရေ ရခိုင် စစ်ပွဲ ဒေသက ဒေသခံအမျိုးသမီးနှစ်ဦးစွာ ဇွန်လ ၁၇ ရက်နိန့်က မိုင်း ပေါက်ကွဲစွာဖြစ်လားခလို့ ပြင်းထန်ဒဏ်ရာ ရခကတ်ပါရေ။

ကျောက်တော်မြို့နယ် ငှက်ပျောချောင်းကျေးရွာ အသက် (၄၉) နှစ်အရွယ် ဒေါ်အေးမြနဲ့ ပလက်ဝ မြို့နယ် အောက်သံထောင် ကျေးရွာက အသက် (၅၄) နှစ်အရွယ် ဒေါ်ဆိပ်ဟော်ရို့မှာ ခြေထောက်တစ်ဖက်စီ ဖြတ်လိုက်ရပနာ တခြားဒဏ်ရာတိလည်း ရခရေလို့ မိသားစုတိက ပြောပါရေ။

ဒေါ်အေးမြစွာ ဝါးတုတ်ချိုးဖို့လားရေခါ ထိခိုက်ခစွာဖြစ်ပြီးကေ ဒေါ်ဆိပ်ဟော် က တောင်ယာလုပ်ငန်း လုပ်နီစိုင် မိုင်းနင်းမိခစွာ ဖြစ်ပါရေ။

လက်ရှိမှာ သူရို့နှစ်ဦးရို့စွာ ဆီးကုသမှု ခံယူလျက်ရှိနီပနာ ချို့တဲ့သူတိ ဖြစ်လို့ ငွေကြေး အကူအညီ လိုအပ်နီကတ်ပါရေ။

တိုက်ပွဲတိ ရပ်နီကေလေ့ စစ်ဘေးရှောင် တစ်သိန်းကျော် နီရပ်မပြန်ရရေ အကြောင်းအရင်းထဲမှာ မိုင်းနဲ့ စစ်ကျန် လက်နက်ပေါက်ကွဲမှု အန္တရာယ်ကို စိုးရိမ်နီရစွာ ထိပ်ဆုံးက ပါဝင်နီရေအချက်လည်း ဖြစ်ပါရေ။

 467 total views,  1 views today