ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ပြီးခရေ ဇွန်လ ဒုတိယပတ်လောက် အတွင်းကပင် ရခိုင်အမျိုးသားတက္ကသိုလ် တစ်ခု ပေါ်ပေါက်လာခပါရေ။ ဒေ တက္ကသိုလ်စွာ ရန်ကုန်-စစ်တွေ ပြည်ထောင်စု အဝီးဗြီးလမ်းမ ထက်မှာ တည်ဟိရေ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တစ်ပင်ကျေးရွာမှာ အခြေစိုက်ဖို့လို့ ဆိုထားပါရေ။ ဒေတက္ကသိုလ်ကို ပါမောက္ခ ဦးမင်းလွင် (M.A, Ph.D.) က ဦးစီးဖို့လည်း ဖြစ်ပါရေ။

ဦးမင်းလွင်စွာ Coordinator Of Distance Learning အဖြစ် UNESCO ယူနက်စ်ကို၏ အသိမှတ်ပြုခံထားရသူ ဖြစ်ရေပိုင် ရန်ကုန်နဲ့ မန္တလေးရို့ပိုင် ပြည်မဖက်မှာလည်း အဆင့်မြင့်ပညာရပ်တိနဲ့ ပတ်သက်ပြီးကေ အင်စတီကျု့တိနဲ့ အကယ်ဒမီတိမှာ သင်ကြားပြသနီသူလည်း ဖြစ်တယ်လို့ သူ၏ပရိုဖိုင်းမှာ ရွီးထားပါရေ။
“ဘာသာကတော့ ဆရာရို့မှာ ဘာသာအစုံရှိရေ။ ကမ္ဘာ့ တက္ကသိုလ်တိမှာ ပြဌာန်းရေ ဘာသာတိလေ။ ယေကေလည်းသင့် ဘာသာတိကို အားလုံး မပြနိုင်သိန့်။ အဓိကတော့ အင်္ဂလိပ်စာကို အရင်ပြရေ။ ကျောက်တော်မြို့နယ် သရက်တစ်ပင်ရွာမှာပါ။ (ဇွန်) ၇ ရက်နိန့်က ဒဇေရှင် (ဆုံးဖြတ်ချက်) ချရေ။ ၁၁ ရက်နိန့်က ဖွင့်ရေ။” လို့ ဦးမင်းလွင်က ပြောပါရေ။

ယင်း တက္ကသိုလ်ကနီ တဆင့် မြန်မာ၊ အင်္ဂလိပ်၊ ပါဠိဘာသာရပ်တိနဲ့ Buddhist, Philosophy, Computer and Programming, History, Mathematics စရေ ဘွဲ့တိကို ရယူနိုင်ဖို့ ဖြစ်တေလို့ ကျောင်း၏ပရိုဖိုင်းမှာ ရွီးထားပါရေ။ ယင်းအပြင် Faculty of Arts, Science, Medicine, Engineering, Social and Environmental Studies, World History and Religious စရေ ဘွဲ့တိကိုပါ နိုင်ငံတကာ တက္ကသိုလ်တိ၊ ကောလိပ်တိနဲ့ ချိတ်ဆက် ယူနိုင်ဖို့လည်း ဖြစ်တေလို့ သိရပါရေ။

သူရို့ကျောင်းက သင်ကြားပို့ချရေ သက်ဆိုင်ရာ သာဘာရပ်တိမှာ စစ်ဆေးလို့ အောင်မြင်ရေ ကျောင်းသားကို ဒီပလိုမာဘွဲ့ ပီးအပ်ဖို့ဖြစ်ပြီးကေ နောက်တဆင့်အနေနဲ့ အခြားနိုင်ငံအသီးသီးက တက္ကသိုလ်နဲ့ ကောလိပ်တိမှာ ဘတ်ချ်လာဘွဲ့၊ မာစတာဘွဲ့ကနီ ပါရဂူဘွဲ့အထိ ချိတ်ဆက်သင်ကြားပနာ ပီးအပ်လားဖို့ဖြစ်တေလို့ တည်ထောင်သူက ပြောပါရေ။

“အနည်းဆုံး ၁၀ တန်းအောင်။ မြန်မာနိုင်ငံဖြစ်ဖြစ် ကမ္ဘာနိုင်ငံဖြစ်ဖြစ် ၁၀ တန်း အောင်ရဖို့။ ပြီးကေ ဆရာရို့ သုံးလ Lecture ပီးပြီးကေ စာမီးပွဲစစ်ဖို့။ စစ်လို့ ပြီးကေ စာမီးပွဲအောင်ကေ ဒီပလိုမာ ပီးမယ်။ ဒီပလိုမာက မြန်မာနိုင်ငံအဆင့် ဒီပလိုမာ မဟုတ်ပါ။ ဆရာရို့က နိုင်ငံတကာအဆင့် ဒီပလိုမာ ပီးဖို့ ။ ဒီပလိုမာရရေ ကျောင်းသားကို ဆရာရို​က နောက်ထပ် ဘတ်ချ်လာ သင်မယ်။ ဘတ်ချလာ ဆိုစွာက စစ်တွေတက္ကသိုလ်ရို့ အဆင့် မဟုတ်ပါ။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိရေ Course (သင်ရိုး) ကို သင်ဖို့စွာပါ။ နောက် ဘတ်ချ်လာပြီးစွာနဲ့ မာစတာတက်ပါဖို့။ မာစတာ ပြီးစွာနဲ့ ပါရဂူဘွဲ့အထိ ဆရာရို့ သင်ကြား ပီးလားဖို့ပါ။”

တက်ရောက်ဖို့ သူတိ အနေနဲ့ ဆယ်တန်းနဲ့ ယင်း အထက် အဆင့်ရှိသူတိ ဖြစ်ရဖို့လို့ ဆိုပါရေ။ ယင်းကျောင်း၏ ရည်ရွယ်ချက်က ပထမဆုံး ဖောင်ဒေးရှင်းအနေနဲ့ ကျောင်းသူ၊ ကျောင်းသားတိကို နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာ စကားကို သင်ကြားဖို့ဖြစ်ပြီးကေ ယင်းကနီ တဆင့် သူရို့ မျှော်မှန်းထားရေ အတိုင်း အဆင့်ဆင့် တိုးမြှင့်လားဖို့လို့ ခန့်မှန်းရပါရေ။

လက်ရှိမှာက သရက်တပင်ရွာမှာပင် ယာယီ ကျောင်းဆောင်ဖွင့်လှစ်ပြီးကေ ကျောင်းသား တစ်ရာလောက်ကို အင်္ဂလိပ် ဘာသာစကား သင်ကြားပီးနီယာလည်း ဖြစ်ပါရေ။ ယင်းကျောင်းမှာ ကျောင်သားတိ၏ စာရင်းပိုင်း ဆိုင်ရာနဲ့ ပတ်သက်လို့ တာဝန်ယူထားရေ ဦးကျော်ကျော်ညွန့်က အခုပိုင် ပြောပါရေ။

“ကျနော်ကတော့ ဇာ တာဝန်လည်းဆိုကေ စိကေလောက် ပံ့ပိုးပီးရုံချေပါ။ ကျောင်းသား စုပီးရေ။ စာရင်းပိုင်းတိ၊ အခန်းတိ ယက်တိ စီစဉ်ပီးစွာပါ။ နီဖို့ထိုင်ဖို့၊ စားသောက်ရေးတိ ယေဗြီးကေ ကျောင်းသား လက်ခံရေ အပိုင်းတိပါ။ အေကု လားနီစွာက အင်တာနေရှင်နယ် အင်္ဂလိပ်စာကို ဖောင်ဒေးရှင်း အရင်ဆုံး လားနီစွာ။ ဖောင်ဒေးရှင်း နဲ့ အင်တာဂရက်ကျူရိတ်ကို ခြောက်လလောက် တက်ရဖို့။ ပြီးကေ နောက်သုံးလ အင်္ဂလိပ်စာ ၉ လမှာ ရွီးဖို့ ဖတ်ဖို့ တတ်အောင် သင်ကြား လားဖို့။ ပြီးခါမှ တခြားဘွဲ့တိ သင်ကြားဖို့။ ကျနော်ရို့က သူ့ကို ပံ့ပိုးနီစွာပါ။ ကျောင်းတစ်ကျောင်း ဖြစ်ပေါ်လာဖို့ အတွက်ပါ။”


ယင်းကျောင်း၏ ပရိုဖိုင်းထဲမှာ ပါမောက္ခ ဦးမင်းလွင် (M.A, Ph.D.) တာဝန်ခံ ဖွင့်လှစ်တေ UNESCO အသိအမှတ်ပြု “The National University Of Arakan” ရခိုင်အမျိုးသားတက္ကသိုလ်နဲ့ လေ့လာ ဆည်းပူး နိုင်ဖို့ ဘာသာရပ်တိကို ရွီးထားပီးပြီးကေ သင်ကြားပြသဖိုသူတိ အသင့်ရှိနီရေလို့ ပြောကေလေ့ ဇာနိုင်ငံ၊ ဇာ တက္ကသိုလ်ဘွဲ့ရ ဆရာ၊ ဆရာမ သင်ကြားလားဖို့ ဆိုစွာတော့ တာဝန်ရှိသူက ထုတ်မပြောပါ။

ယူနက်စ်ကို အသိအမှတ်ပြုရေ ဆိုပနာ၊ နောက်တခါ ရခိုင်တမျိုးသားလုံးကို ကိုယ်စားပြုထားရေ တက္ကသိုလ် နာမည်ကိစ္စ စရေအကြောင်းတိနဲ့ ပတ်သက်ပြီးကေ ရခိုင်လူထုအကြား ဝေဖန်မှုတိ မြင့်တက်နီရေပိုင် အကောင်းမြင်မှုတိလည်း ရှိနီပါရေ။

စစ်တွေမြို့ အခြေစိုက် နိုင်ငံတကာအသိအမှတ်ပြု ဒီပလိုမာသင်တန်းတိ ပို့ချပီးနီရေအကယ်ဒမီ တည်ထောင်သူတစ်ဦးက တက္ကသိုလ်တစ်ခုစွာ ဇာနိုင်ငံ၊ ဇာတက္ကသိုလ်က အသိအမှတ်ပြုပြီးကေ ဇာသူရို့က သင်ကြားဖို့။ တက္ကသိုလ်တစ်ခု၏ စံချိန်စံညွှန်းနဲ့ ကိုက်ညီရေ သင်ထောက်ကူတိ၊ အခင်းအကျင်းတိနဲ့ ယင်းတက္ကသိုလ်ပြီးရေအခါ ဇာနိုင်ငံက ဇာတက္ကသိုလ်မှာ ဆက်တက်ခွင့်ရှိဖို့ ဆိုစွာတိကို ဒေထက် ပိုမိုရှင်းလင်းစွာ ထုတ်ပြန်ပီးမှရာ ပြည်သူလူထုဘားက ယုံကြည်မှုကို ရနိုင်လိမ့်မယ်လို့ အကြံပြုပါရေ။

“Higher Education (အဆင့်မြင့်ပညာရေး) ဥပဒေ မရှိရေအခါကျတော့ နိုင်ငံခြားက ဒီပလိုမာတိဖြစ်စီ၊ နိုင်ငံခြားက ဘွဲ့တိဖြစ်စီ၊ Quality မရှိရေစွာတိကို လိမ်ရောင်းပြီးကေ Market ထဲမှာ အမြတ် ထုတ်လားရေ စွာတိ ရှိရေ။ Business ဆန်ဆန် လုပ်လားရေ ကျောင်းတိလည်း ရှိရေ။ ယင်းတိက ရန်ကုန်ရို​၊ မန္တလေးရို့ဖက်မှာ ကြုံခဖူးခဗျာလ်။ ကိုယ့်ပြည်နယ်နဲ့ ကိုယ့်လူမျိုးအတွက် အကောင်းဆုံး ဇာပိုင် စနစ်တကျချေ လုပ်ကတ်ဖို့လေး။ ရှိသင့်ရှိထိုက်ရေ အသိအမှတ်ပြုမှု၊ အဂယင့် University စံနှုန်းနဲ့ ကိုက်ညီရေ အကြောင်းတရားတိ အားလုံးကို Announce လုပ်ပြီးကေ ဖော်ပြပီးသင့်ရေ။ အေခုက ကျနော်ရို့မြင်လိုက်တေ အတိုင်းယာ ဗီနိုင်းချေ တစ်ချပ် ချိတ်ပြီးကေ ပြလိုက်တေ။ ဒေချင့်တိလုပ်ပီးဖို့ ပြောရေ။ ပြီးရေအခါ ကျကေ တက္ကသိုလ်နဲ့ညီရေ စာသင်ခန်းက ဇာပိုင်လေ။ သင်ထောက်ကူ ပစ္စည်းက ဇာတိရှိစွာလဲ။ သင်ရိုးညွှန်းတန်းကို ကိုယ့်စွာကို လုပ်ထားစွာလား။ တခြား University တခု၏ အသိမှတ်ပြုမှုကို သင်ပီးဖို့လား။ University က ထွက်ဗျာလ်ဆိုလို့ ရှိကေ နိုင်ငံတကာမှာဖြစ်စီ အိမ်နီးချင်းနိုင်ငံတိမှာ ဖြစ်စီ နောက်ထပ် ဇာတက္ကသိုလ်ကို ဆက်ပြီးကေ တက်ခွင့်ရှိလဲ။ ပညာရေးလမ်းကြောင်းက အစ ပြပီးနိုင်ရဖို့ပါ။ ယင်းခါမှ ခိုင်မာမှုရှိရေဆိုရေ Sense တခုကို ပြည်သူလူထုကို ပီးနိုင်ဖို့ပါ။”

ရခိုင်အမျိုးသားတက္ကသိုလ်၏ ပညာရေးဆွေးနွေးပွဲကို တက်ရောက်ခရေ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန်က ကျောင်းနာမည်စွာ တည်ထောင်သူရို့၏ ရွေးချယ်ခွင့်ဖြစ်လို့ ပြောစရာရှိ မနီပါလို့ ဆိုပါရေ။ သူ့အနေနဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးကေ တက်ရောက်နိုင်ရေ အခွင့်အလမ်းတိကို ဖန်တီးပီးမှုအပေါ် အပြောနဲ့ အလုပ် ညီရေဆိုကေတော့ ဝမ်းမြောက်ကြိုဆိုရဖို့လို့ ပြောပါရေ။

ဦးထွန်းသာစိန်က “ဆရာဦးမင်းလွင်က ဒေမှာ ကျောင်းတည်ထောင်ဖို့ ဆိုကေ သူ့မှာ ရင်းနှီးရေ ကိုအောင်သန်းဖိတ်လို့ ကျွန်တော်နဲ့ ဆုံဖူးရေ။ နိုင်ငံတကာ အဆင့်မှီ၊ မမှီကိုတော့ ယင်းနဲ့ ပတ်သက်လို့ ကျွမ်းကျင်ပညာရှင် မဟုတ်ခါ မသိ။ သို့သော်လည်း အင်္ဂလိပ်စာ သင်တန်းတိပီးစွာ၊ နိုင်ငံတကာ တက္ကသိုလ်နဲ့ ချိတ်ဆက်ပြီးကေ နိုင်ငံတကာက ဘွဲ့ကိုတောင်ရနိုင်ရေ အတိုင်းအတာရှိကေ ဒေသပညာရေး အတွက် ကောင်းရေ မျှော်လင့်ချက်တိပေါ့။ အပြောနဲ့ အလုပ်နဲ့ ကိုက်ညီရေဆိုကေတော့ ဝမ်းသာပါရေ။” လို့ ဆိုပါရေ။

ဝေဖန်မှုတိအပေါ် ပါမောက္ခ ဦးမင်းလွင်က အခုပိုင် တုံ့ပြန်ပါရေ။“ကမ္ဘာ့အကြီးဆုံး တက္ကသိုလ်ရို့ ဟားဘတ်ရို့၊ မေတီကန်ရို့၊ အောက်စဖို့ဒ်ရို့ ရှိရေမလား။ ယင်းတက္ကသိုလ် ရို့ကို တက်လို့ ရရေ။ ယင်းတက္ကသိုလ်တိမှာလည်း ဆရာရို့ ပို့ထားရေ ပုဂ္ဂိုလ်တိ ရှိရေ။ ဆရာက ရန်ကုန်မှာ အိမ်စတီကျု၊ အကယ်ဒမီ ဖွင့်လာစွာ။ ရန်ကုန်တင်မက မန္တလေးမြို့ကြီးပြကြီး၊ တောင်ကြီး၊ မေမြို့မှာ ဆရာရို့ Branch တိ ရှိပြီးသား။ ရခိုင်မှာ မရှိသေးရေအတွက် ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ တိုးတက်အောင်ဆိုပြီးကေ လာ လုပ်စွာ။ ကိုယ့် တပည့်တိတော့ အများကြီး ရှိပါရေ။ သူရို့က နိုင်ငံကာ အဆင့်မပါသေး။ သို့သော် မြန်မာနိုင်ငံ အဆင့်မှာတော့ 1 to 10 ဝင်ရေ။ ကမ္ဘာ့နိုင်ငံအသီးသီး နဲ့ ယှဉ်လားဖို့။ ပညာရပ်တစ်ခုကို လေ့လာပြီးမှ အတိမ်အနက်ကို သိစွာပါ။ ဒေဆရာတိကို ဝေဖန်နီစွာထက် ဒေလာပြီး ဆွေးနွေးလိုက်ကေ ဇာလောက် ကောင်းလိုက်ဖို့လဲ။ သူရို့မီးရေ ၃၁ ဖုံလုံးကို အင်္ဂလိပ်မြန်မာနဲ့ စုံစမ်းလို့ရရေ။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာဇာပြလဲဆိုစွာ ဆရာရို့ ပြောပြလို့ရရေ။”

 523 total views,  2 views today