Arakan Yoma|

လက်နက်ကိုင်ပဋိပက္ခတွေပြင်းထန်ခဲ့တဲ့ ရခိုင်စစ်ပွဲဒေသက ဒေသခံအမျိုးသမီးနှစ်ဦးဟာ ဇွန်လ ၁၇ ရက်နေ့က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြင်းထန်ဒဏ်ရာရခဲ့ကြပါတယ်။

ကျောက်တော်မြို့နယ် ငှက်ပျောချောင်းကျေးရွာ အသက် (၄၉) နှစ်အရွယ် ဒေါ်အေးမြနဲ့ ပလက်ဝမြို့နယ် အောက်သံထောင် ကျေးရွာက အသက် (၅၄) နှစ်အရွယ် ဒေါ်ဆိပ်ဟော်တို့မှာ ခြေထောက်တစ်ဖက်စီ ဖြတ်လိုက်ရပြီး တခြားဒဏ်ရာတွေလည်း ရခဲ့တယ်လို့ မိသားစုတွေက ပြောပါတယ်။

ဒေါ်အေးမြကတော့ မျှစ်သွားချိုးစဉ် ထိခိုက်ခဲ့တာဖြစ်ပြီး ဒေါ်ဆိပ်ဟော်ကတော့ တောင်ယာလုပ်ငန်း လုပ်နေစဉ် မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူတို့နှစ်ဦးဟာ ဆေးကုသမှု ခံယူလျက်ရှိနေကြပြီး ချို့တဲ့သူတွေ ဖြစ်လို့ ငွေကြေး အကူအညီ လိုအပ်နေကြပါတယ်။

တိုက်ပွဲတွေ ရပ်နေပေမယ့် စစ်ဘေးရှောင် တစ်သိန်းကျော် နေရပ်မပြန်ရဲတဲ့ အကြောင်းအရင်းထဲမှာ မိုင်းနဲ့ စစ်ကျန် လက်နက်ပေါက်ကွဲမှု အန္တရာယ်ကို စိုးရိမ်မှုဟာ ထိပ်ဆုံးက ပါဝင်နေတဲ့အချက်လည်း ဖြစ်ပါတယ်။

 481 total views,  1 views today