အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရိုဟင်ဂျာတိအပေါ် သ‌ဘောထားမူဝါဒစွာ အလွန်ပင်စဉ်းစားစရာ ဖြစ်နီပြီးကေ တည်ငြိမ်စပြုနီရေ ပြဿနာကို ပိုမိုရှုပ်ထွီးအောင်လုပ်နီရေလို့ ရှုမြင်ကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) က ထုတ်ပြန်​ပါရေ။


ယင်းတွက်နဲ့ ထိလွယ်ရှလွယ်ဖြစ်တေ ယင်းပြဿနာ၏ ဇစ်မြစ်ကို သေချာလေ့လာလုပ်ဆောင်မှ ပြေလည်နိုင်ဖို့ ဖြစ်ပနာ ရခိုင်ရို့၏ သဘောထားဆန္ဒမပါဘဲ ဆုံးဖြတ်လုပ်ဆောင်ရေ ဇာပါတီနဲ့ အစိုးရ၏ လုပ်ရပ်ကိုမျှ လက်ခံလိမ့်မည် မဟုတ်လို့ ဇွန်လ ၆ ရက်နိန့်က ထုတ်ပြန်ချက်မှာ ဆိုထားပါရေ။


ဇွန်လ ၃ ရက်နိန့်က NUG ၏ ထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ်က မွတ်ဆလင်အသိုင်းအဝိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလားသူရို့ကို ရိုဟင်ဂျာလို့ တရားဝင်သုံးစွဲလားဖို့ ဖြစ်ပနာ ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ ၎င်းရို့အားဖိနှိပ်သည့် တခြား ဥပေဒများကိုပါ ပြင်ဆင်ဖျက်သိမ်းလားဖို့ဖြစ်ကြောင်း ပါရှိပါရေ။


ယေကေလည်းသင့် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလို့ မရှိရေပိုင် နိုင်ငံသားဖြစ်မှုကိုလည်း ၁၉၈၂ ဥပဒေနဲ့ရာ လက်ခံဖို့ဖြစ်ကြောင်း NUG မှ မူဝါဒထုတ်ပြန်ပြီးနောက် ပြုလုပ်တေ တရုတ်နိုင်ငံက Phoenix သတင်းဌာနနဲ့ မီးမြန်းခန်းမှာ ဖြေဆိုထားပါရေ။


ပြီးခရေ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောဒေသမှာ ဖြစ်ပွားခရေ ARSA တိုက်ခိုက်မှုအပြီး တပ်မတော်၏ နယ်မြေရှင်းလင်းမှုကြောင့် မွတ်ဆလင် ၇ သိန်းကျော်ရေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလားရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခပါရေ။


ယင်းကိစ္စကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး ICJ မှာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားစွဲဆို ခံထားရပနာ အာဏာမသိမ်းခင်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လားရောက် ဖြေရှင်းခပါရေ။


ALP က ဒေပိုင်ထိလွယ်ရှလွယ်ဖြစ်တေ ကိစ္စရပ်ကို အလွန်သက်တမ်းနုနယ်သိရေ NUG အနေနဲ့ မိမိရို့၏ လိုအင်ဆန္ဒအတွက် အသုံးမချသင့်ကြောင်း ထုတ်ပြန်ချက်မှာ အကြံပြုထားပါရေ။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအနိုင်ရ အစိုးရကို စစ်တပ်ကအာဏာသိမ်းထားချိန် အနိုင်ရကိုယ်စားလှယ်တိ ပါဝင်ဦးဆောင်ပြီးကေ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းထားစွာဖြစ်ပါရေ။

 379 total views,  1 views today