ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း


ရခိုင်ပြည်နယ်မှာက ကျောင်းတိ ဖွင့်ပြီးကေ ကျောင်းတိ တက်ကတ်ပါရေ။ ပြည်နယ်၏ ပြင်ပ မြန်မာနိုင်ငံ မြို့နယ်အားလုံးလိုလိုမှာကျကေ အခုပိုင် မတွေ့ရပါ။ စစ်ကျွန်ပညာရေးဆိုပနာ ကျောင်းမတက်ရေး သပိတ်တိကို လှုပ်ရှားနီကတ်ပါရေ။ ရခိုင်မှာက ရာနှုန်းပြည့်လုနီးပါးကို အခု စာသင်နှစ်မှာ တက်ရောက်လို့ရှိနီပါရေ။


တပ်မတော်က အာဏာသိမ်းပြီးရေနောက် နိုင်ငံတစ်ခုလုံးမှာ သပိတ်လှုပ်ရှားမှုတိ ဆက်တိုက်ရှိနီကေလေ့ ရခိုင်မှာ အခု ပညာရေးကိစ္စတစ်ခုတည်းရာ မကဘဲ အခြား ရုံးမတက်ကေ ရုန်းထွက် လှုပ်ရှားမှုတိကိုပါ လိုက်ပါ ခြင်း မရှိစွာပါ။


ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းဇယားတိအရ ဆိုကေ ဇွန်လ ၃ ရက်နိန့်အထိ ကျောင်းသားဦးရေ ၃ သိန်း ၇ သောင်းကျော်အထိ ကျောင်းတက်နီကတ်ပြီးကေ ရာခိုင်နှုန်းနဲ့ဆိုကေ ၉၆ ရာခိုင်နှုန်းကျော်ရှိရေလို့ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်းက ပြောပါရေ။
ကျောင်းတက်ရောက်သူဦးရေက ထက်၊ လယ်၊ မူစုစုပေါင်း ၃၇၇၄၅၄ ဦးဖြစ်ပါရေ။ ကျောင်းအပ်နှံသူကကျကေ ၃၈၂၇၀၅ ဦးဖြစ်တေ အတွက်ကြောင့် ကျောင်းတက်ရောက်မှု ရာနှုန်းက ၉၆ ဒသမ ၉၁ ရာနှုန်းရှိပါရေ။ ကျန်ရေ ၃ ရာခိုင်နှုန်းကျော်ရေ သပိတ်ထဲပါဝင်လား မပါဝင်လားကို ပညာရေးဖက်ကလည်း အတည်မပြုနိုင်ပါ။

ဒေ အတွက်ကြောင့်လည်း ဝေဖန်ခံနီရစွာတိ ရှိလာပါရေ။ ပြည်နယ်နှင့်တိုင်း ၁၃ ခုတိနှင့် ကွဲထွက်ပနာ ရာနှုံးပြည့် ကျောင်းတက်နိကတ်တေ ရခိုင်ပြည်နယ်ကို မီးခွန်းတိအများကြီး ဖြစ်လာစီစွာပါ။


ဝေဖန်ခံနီရစွာတိနဲ့ပတ်သက်ပြီးကေ ဒေါက်တာ ထွန်းထွန်းသိန်း က “ ကျောင်းတိဖွင့်ရေအတွက် ကျောင်းတက်ကတ်တေစွာကို ရခိုင်က အချေတိ ဖြိုက်ဖြိုက် ဇာက အချေတိဖြိုက်ဖြိုက် စာပီသင်ကြားစွာက နောင်အနာဂါတ်မျိုးဆက်သစ်တိအတွက် ရည်မှန်းချက်၏ တိုးတက်မှုရာဖြိုက်တေအတွက် စာသင်စွာက ကောင်းစွာရာဖြိုက်ရေလို့ ပြောချင်ပါရေ” လို့ ပြောပါရေ။


အမှန်က ၂၀၁၆၊ ၂၀၁၇ ကာလက ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်ရို့မှာ ဖြစ်ခရေ အာဆာ တိုက်ခိုက်မှုတိ၊ ၂၀၁၈ ကုန်မှာ စ ဖြိုက်ခရေ တပ်မတော်နဲ့ အေအေရို၏ လက်နက်ကိုင် ပဋိပက္ခတိ၏ နောက်ဆက်တွဲ ရွာတိမီးတိုက်ခံရစွာ၊ နယ်ရပ်စွန့်ခွာထွက်ပြေးရရေ ဖြစ်ရပ်ပေါင်းများစွာ ရှိနီခပနာ ဒုက္ခသည်စခန်းတိမှာ ခိုလှုံနီခကတ်ရစွာ၊ ကျောင်းသားတိအနေနဲ့ ပညာရေးသင်ခွင့်ဆုံးရှုံးလားပနာ ကျောင်းပြင်ပ ရောက်လားစွာတိ များစွာရှိခပါရေ။


နောက်တစ်ခါ ဒေဒုက္ခတိ မကြေလည်သိခင်မှာရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ် – ၁၉ ဝင်လာခပြန်ပြီးကေ ကျောင်းတိ တစ်နှစ်ပိတ်ခရစွာတိကြောင့်လည်း ထပ်မံနစ်နာခကတ်ရပါသိရေ။
အခုပိုင်နယ်မြေဒေသ မတည်ငြိမ်မှုတိကြောင့် ရခိုင်ပြည်နယ်မှာ ကျောင်းပေါင်း ၃၃၀၉ ကျောင်းရှိရေအထဲက လက်ရှိအချိန်ထိ ကျောင်းပေါင်း ၁၂၈ ကျောင်းကို ပိတ်ထားရဆဲဖြစ်တေ လို့ ပြည်နယ်ပညာရေးဆိုင်ရာ စာရင်းဇယားတိက ပြသနီပါရေ။


ရခိုင်အရေးဆောင်းပါးရှင် ကိုကျော်လင်းက ရခိုင်ပြည်နယ်စွာ တခြားဒေသတိနဲ့ မတူရအတွက်ကြောင့် အခြေခံပညာသင်ကျောင်းတိ ပြန်လည်ဖွင့်လှစ်ချိန်မှာ ကျောင်းတက်ကတ်စွာရေ စစ်အာဏာရှင်ကို အားပီးရာ မရောက်လို့ ပြောပါရေ။
“အခြေခံပညာကို သင်စွာရေ ပြည်မက လူတိက စစ်ကောင်စီဖွင့်ထားရေ ကျောင်းကို တက်တေ လို့ ယူဆကတ်တေ။ကိုယ်ကတော့ စစ်ကောင်စီကျောင်းကို လားစွာမဟုတ်။ စာသင်ကျောင်းကို တက်စွာရာ ဖြစ်တေ။ ယင်းချင့်က ငါရို့ဒုက္ခရောက်ခါက ကျောင်းမတက်ရရေအခါ၊ မင်းရို့တိ တက်နီခကတ်တေ ဆိုပနာ ပြန်လက်စားချေခြင်းအနီနဲ့ တက်နီစွာ မဟုတ်။ အခြေခံစာချေ ဖတ်တတ်ဖို့စွာကို အရေးတကြီး လိုအပ်ချက်အဖြစ်နဲ့ လားကတ်စွာလို့ရာ မြင်ရေ”။


တစ်ဖက်မှာလည်း ရခိုင်လူထုထောက်ခံမှုအများဆုံးရရှိထားရေ ရခိုင့်တပ်တော် အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကလည်း ရခိုင်ပြည်နယ်မှာ CDM ကို လုပ်စရာမလိုကြောင်း အတိအလင်း ထုတ်ဖော်ပြောကြားထားပြီးသားလည်း ဖြစ်နီပါရေ။ ပညာရေးစာရင်းဇယားတိအရ တော့ CDM လုပ်ရေ ဆရာ၊ ဆရာမ ၆ ဦးရာရှိရေလို့သိရပြီး သူရို့စွာလည်း အေအေသြဇာသက်ရောက်မှု နည်းပါးရေ တောင်ကုတ်နဲ့ ဂွမြို့နယ်တိက ဖြစ်ပါရေ။


ကိုအောင်ကြည်မိုးဆိုကေ ရခိုင်ပြည်နယ်အတွင်းက တချို့အကြောင်းအရာတိနဲ့ ပတ်သက်ပနာ စာရေးသားနီသူ တစ်ဦးပါ။ ကျောင်းသား မိဘတစ်ဦးလည်း ဖြစ်ပါရေ။ သူက ရခိုင်မှာ ကျောင်းတက်ကတ်တေ အပေါ်မှာ အကောင်းမြင်ပီးကတ်ဖို့ မေတ္တာရပ်ခံပါရေ။
“နှစ်ဖက်တိုက်ပွဲကြောင့်၊ ကိုဗစ်ကြောင့် စာသင်ခန်းမရောက်ဘဲ မိဘတိက စစ်ဘေးရှောင်စခန်းတိကို လားရရေအခါ သူရို့ပါလိုက်လားးရရေ။ ဆိုခါ ကျောင်းသားချေတိစွာ ကျောင်းထွက်လိုက်ရစွာတိ၊ စာမေးပွဲ မဖြေလိုက်ရစွာတိရှိရေ။ ဒေပိုင် ရခိုင်က ကျောင်းသားချေတိ နစ်နာစွာတိအများကြီး ရှိခဖူးရေ။ အခု ရခိုင်မှာ ကိုဗစ်လည်း ကူးစက်မှုမရှိသိန့်း။ ရှိစွာကလည်း ဘင်္ဂလားက လာ လူတိရာဖြိုက်တေ။ တိုက်ပွဲကြောင့် ခံစားခဲ့ရရေအချေတိ ကျောင်းပြန်တက်နီရရေအချိန်မှာ ပြည်မကလူတိကလည်း ဝမ်းပမ်းတသာကြိုဆိုပီးရဖို့ ဖြိုက်တေ။ အားပေးရဖို့အချိန်မှာ ရခိုင်ကကျောင်းသားချေတိကို အပြစ်မြင်နီစွာက မဖြစ်သင့်ရေ ကိစ္စပါ။”


နောက်ဆုံးရသတင်းတိအရ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကိုဗစ်လူနာ ၁၆ ဦးအနက် ၃ ဦးက ပြန်လည် နေကောင်းလားယာဖြစ်ပြီးကေ ၁၃ ဦးရာ ကျန်ပါတောရေ။ စစ်တွေမြို့ထက်ကက ကျောင်းတချို့မှာ ကိုဗစ်ကာကွယ်ရေး အခြေခံလုပ်ဆောင်ချက်တိဖြစ်တေ မက်စ်နဲ့ ဖေ့စ်ရှီးရို့လို အကာကွယ်တိ သုံးထားကတ်စွာ မတွေ့ရပါ။ အကေလေ့ ပညာရေးနဲ့ ကျန်းမာရေးဌာနနှစ်ခုပူးပေါင်းပြီးကေ စာသင်ကျောင်းတိမှာ ကိုဗစ်ကာကွယ်ရေးစည်းမျဉ်း၊ စည်းကမ်းတိ ထုတ်ပြန်ထားရေလို့ ပြောပါရေ။

ဒေါက်တာ ထွန်းထွန်းသိန်းက “ပညာရေးနဲ့ ကျန်းမာရေးဌာနနှစ်ခုပူးပေါင်းပြီးကေ Version 2.0 ဆိုရေ ၆ ပေခြားနေရဖို့။ ၄ ပေခြားစာသင်ရဖို့။ မက်စ်တပ်ရဖို့။ လက်ရေဆေးရဖို့။ ဖေ့စ်ရှီးတိတပ်ရဖို့ဆိုရေ ဟာတိရှိပါရေ” လို့ ပြောပါရေ။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်ရေးတိကြောင့် နေရပ်မပြန်နိုင်ဘဲ ကျောင်းသားတိလည်း ဒုက္ခသည် စခန်းတိမှာ ရှိနီကတ်ပြီးကေ သူရို့ကို နီးစပ်ရာကျောင်းတိမှာ ပညာသင်ဖို့ ညွှန်ကြားထားစွာတိ ရှိရေလို့လည်း ပညာရေးဌာနက ပြောထားပါရေ။

 492 total views,  1 views today