ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

AA နဲ့ တပ်မတော်ရို့၏ ရခိုင်ပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတိ ရပ်နီစွာ ၆ လ လောက် ရှိနီပါယာ။ ယေဒါလေ့သင့် မိုင်းနဲ့ စစ်ကျန် လက်နက် ပေါက်ကွဲမှု အန္တရာယ်ကို ရက်ပြတ်ဆိုရေပိုင် ကြားနီရပနာ တစ်ဖက်မှာ လည်း တပ်မတော်က တပ်စွဲ နေရာ ယူထားစွာတိ လက်ရှိ အချိန်ထိ ရှိနီပါရေ။

ဒေ အကြောင်းအရင်းတိကြောင့် တောတောင်ကို မှီခို လုပ်ကိုင် စားသောက်သူတိ အနေနဲ့ တောထဲ၊ တောင်ထဲ မဝင်ရဲ ဖြစ်ပြီးကေ စားဝတ်နေရေး အပိုင်းမှာ အခက်ခဲ ဖြစ်နီကတ်ရပါရေ။ ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် အထက်ပိုင်းက ဦးစွန်းတောင် ကျေးရွာမှာ ဆိုကေ မြို နဲ့ ခမီ တိုင်းရင်းသားတိ နီထိုင်ကတ်ပါရေ။

ဒေ ကျေးရွာမှာ အထက်၊ အောက်နှစ်ရွာ ခွဲထားပြီးကေ နှစ်ရွာလုံး ပေါင်းလိုက်ကေ လူဦးရေ ၈၀၀ ကျော် ရှိပါရေ။ ရွာသား အများစုက သူရို့ကိုယ် သူရို့ မြို လို့ ခံယူ ထားကတ်ကေလည်း နိုင်ငံရေး အသိုင်းအဝိုင်းတိကို မိန်းမြန်းခါမှာက ရွာစွာ ခမီ ရွာသားတိ ဖြစ်တေလို့ ဆိုကတ်ပါရေ။

ဒေ ကျေးရွာမှာ နေထိုင်သူတိစွာ တိုင်းရင်းသားတိ ဖြစ်တေအလျောက် ဟင်းရှာ၊ ထင်းခုတ် လုပ်ကိုင် စားသောက် ကတ်သူတိ ဖြစ်ပြီးကေ ပြီးခရေ AA နဲ့ တပ်မတော်ရို့ ရခိုင့်မြေပြင်မှာ စစ်ပွဲတိ စတင် လာခချိန်မှာက သူရို့၏ ထမင်းအိုး ကွဲလားပါတော့ရေ။

“အရင်နဲ့ ခုနဲ့က မတူယာ။ အရင်က တောင်ကြီးတိမှာ လားကတ်တေ။ ရှာကတ်တေ။ ခူးကတ်တေ။ တစ်ရွာလုံးက မရှိစွာလည်း ရှာ။ ရှိစွာလည်း ရှာကတ်နဲ့။ ခုက လုံးဝ မလားရဲ။ ဒေ စစ်ပွဲ ဖြစ်ခါကနီ လုံးဝ မလားရဲစွာ။ တောင်တိကို မတက်ရဲ။ တစ်ယောက်မှ ထင်းတိ ယတိ ခွတ်ဖို့လည်း မလားရဲ။ မမတိ့ မပြောကေ့ ယောကျာ်းတိလည်း အခု မလားရဲ ကတ်စွာ။”

အသက် (၄၅) နှစ်အရွယ် ဦးစွန်းတောင် အောက်ရွာဒေသခံ ဒေါ်ဝါဝင်းရွှေ ပြောပြ လားစွာပါ။

AA နဲ့ တပ်မတော်ရို့ တိုက်ပွဲတိစွာ ၂၀၁၈ ကုန်ပိုင်းမှာ စတင်ခစွာ ဖြစ်ပနာ။ ယင်း အချိန် အတောအတွင်း တိုက်ပွဲတိကြောင့် ကျေးရွာတိကို လက်နက်ကြီး ကျရောက် ပေါက်ကွဲစွာတိ ဖြစ်ဖူးရေလို့ ရွာသားတိက ဆိုကတ်ပါရေ။

ယင်း တိုက်ပွဲတိ ငြိမ်သက်လားလို့ လက်နက်ကိုင် အဖွဲ့တိ အေးချမ်းလားချိန် ရောက်တေ အထိတောင် သူရို့ ရွာသားမှာက ဒေ အခက်အခဲကို ကြုံနီရဆဲ ဖြစ်ပါရေ။ အသက် (၁၇) နှစ်အရွယ် မစန္ဒာစိုးက တောင်ထက်မှာ စစ်သားတိ အခု အချိန်ထိ ရှိနီသေးစွာကြောင့် သူ့ အမိစွာ တော၊ တောင်မလားရဲ ဖြစ်နီရပြီး ကေ မိသားစု စားဝတ်နေရေး အဆင်မပြေယာ လို့ ဆိုပါရေ။

“အခက်ခဲက စားဝတ်နေရေးတိ အဆင်မပြေပါ။ ဘာဘာကလည်း မလေးရှားမှာပါ။ မေမေက ထင်းရောင်းစားရ ပါရေ။ ယင်းတောင်ထက်မှာလည်း စစ်သားတိရှိခါ ယင်းစစ်သားတိနဲ့ ဝင်လို့မရပါ။”

လက်ရှိမှာတော့ ဒေရွာသားတိ အနေနဲ့ ရွာ အနီးဝန်းကျင်မှာယာ ရှာဖွေ စားသောက် နီကတ်ရပြီးကေ ကျပန်း လုပ်ငန်းခွင် တိမှာ ဝင်ရောက် လုပ်ကိုင်နီကတ်ရရေ လို့ ဆိုပါရေ။ အကေလည်း နဂိုကပင် အလုပ်အကိုင် ရှားပါးရေ ဒေသ ဖြစ်စွာကြောင့် အလုပ်အကိုင် ပုံမှန် မရှိကတ်ပါ။

“ဦးစွန်းတောင်ရွာက လူတိက ၅၀%ရေ ဒေတောတောင်တိကို မှီခိုပြီးကေ လုပ်ကိုင် စားသောက်ရရေ အတွက်ကြောင့် ခုက တောတောင်တိကို ကိုယ် လိုအပ်ရေပိုင် လားလို့ မရရေအခါ တောတောင်ကို မှီခိုပြီးကေ စားသောက်ရေ သူတိက နည်းနည်း အခက်အခဲဖြစ်တေ။ အရင်ခါက တစ်ချို့လူတိက တောကို မှီခို စားကတ်တေ။ တစ်ချို့လူတိက လယ်ယာ လုပ်စားကတ်တေ။ ယပိုင် အလုပ်တိကို ကျပန်း တောတောင်တိကို မလားရရေ အတွက် ယပိုင် ကျပန်းအလုပ်တိကိုယာ ရှာဖွေ စားသောက် ရစွာပါယာယေ။ အရင်ခါပိုင်တော့ ဇာ အဆင်ပြေပါဖို့လဲ။ တောတောင်တိမှာ လားကေ မိုင်းထိဖို့ ကြောက်ကတ်တေ။ ယပိုင်အကြောင်း အမျိုးမျိုးကြောင့်။ ခုက တိုင်းပြည် အေးချမ်းကေလည်း မိုင်းတိက ဖော်လို့ ပြီးချင်မှ ပြီးဖို့လေ။ ဖော်လို့ မပြီးခ။ မဖော်ခလို့ ဆိုကေ မိုင်းနင်းမိဖို့ ကြောက်ကတ်တေ။ ယပိုင် အကြောင်းတိကြောင့် တောတောင်တိကို မလားရဲကတ်ယာ။ ယင်း အချက်တိပါရေ။” လို့ ဦးစွန်းတောင် အောက်ရွာ ရာအိမ်မှူး ဦးကျော်မြတ်ဦးက ပြောပါရေ။

ယင်း ဒေသတိစွာ မြို့နဲ့ ဝီးရေ ဒေသ တစ်ခုဖြစ်တေပိုင် မိုင်းနဲ့ စစ်ကျန်လက်နက် အန္တရာယ်ကို သိရှိမှု အားနည်းပါရေ။

“အဓိက ဒေကျေးရွာမှာ မိုင်းနဲ့ ပတ်သက်ပြီးကေ ပညာပီး လုပ်ငန်းတိ သဘောက မသင်္ကာ တစ်စုံတစ်ရာ တွိ့ခကေ မကိုင်ဖို့ မယူဖို့ ယင်းချင့်တိကို ကျေးရွာမှာ မိုင်းနဲ့ ပတ်သက်ပြီးကေ အသိပညာပီးတိ လုပ်စီချင်ရေ။ သက်ဆိုင်ရာ အဖွဲ့အစည်းတိက လည်း ဥပမာ မိုင်းတိ ထောင်ထားရေဆိုကေ ယင်းမိုင်းတိကို ရှင်းလင်း ပီးစီ ချင်ပါရေ။လို့ သူက ဆက်ပြောပါရေ။”

ရခိုင် တိုင်းရင်းသား မျိုးနွယ်တိ အစည်းအရုံး – REC ၏ စာရင်း ကောက်ယူချက်တိ အရ ဆိုကေ ရခိုင် မြောက်ပိုင်းမှာ မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၀ ကျော်နဲ့ ထိခိုက် ဒဏ်ရာရသူ ၈၀ ကျော် လောက် ရှိနီပါရေ။

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်က မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးရေ စစ်ကျန် လက်နက် ပေါက်ကွဲမှုကြောင့် ရခိုင်ပြည်နယ်က ကလေးငယ် ၄၇ ရာခိုင်နှုန်း ထိခိုက် သီဆုံးနီရပြီးကေ မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာမှာ အများဆုံး ဖြစ်တေလို့ ထုတ်ပြန်ထားပါရေ။

ကျေးရွာသားတိကတော့ သူရို့တိ အနေနဲ့ လုံလုံခြုံခြံနဲ့ နဂို အတိုင်း လုပ်ကိုင်စားလို့ နီနိုင်ဖို့ အတွက် မိုင်း ရှင်းလင်းရေးတိနဲ့ တပ်စွဲထားရေ စခန်းတိကို ပြန်လည် ရုတ်သိမ်း ပီးဖို့ တောင်းဆို နီကတ်ပါရေ။

“တောင်းဆိုချင်စွာက အရင်ကပိုင် တောင်တိကို လားပြီးကေ ခူးပြီးရှာလို့ စားရအောင်အတွက် တောင်တိမှာ မိုင်း ထောင် ထားစွာတိကို သန့်ရှင်းရေးတိ လုပ်ပီး စီချင်ပါရေ။ ခု တောင်တိကို မလားရစွာက စစ်သားတိက တောင်ထက်မှာ ရှိသိလို့ပေါ့။ ဦးစွန်းတောင်စေတီမှာ။ ရွာသားတိကလည်း မထွက်ရဲ။ မလား ရဲပေါ့။ ယင်းလူတိက မိုင်း ထောင်ထားမလား မိုင်းတိကိုလည်း ကြောက်ရရေ။ အရင်က စေတီမှာ စစ်သား မရှိ။ လားချင်ရေပိုင် လား။ ရှာချင်စွာပိုင် ရှာ။ ခူးချင်ရေပိုင် ခူးလို့ရရေ။ ခုက ဟိုကိုလည်း ကြောက်။ ဒေကိုလည်း ကြောက်။အကျွန်ရို့ ကြားကနီ ကြောက်ဖို့ ဖြစ်နီရေ။ ယင်းကြောင့် ခက်ခဲနေရစွာ။ စားရေး သောက်ရေး၊ အားလုံး။ ရွာကိုတော့ မဆင်းပါ။ ခုထက်ထိ ရှိရေ။လို့ ဒေါ်ဝါဝင်းရွှေက ပြောပါရေ။”

ပြီးခရေ ဖေဖော်ဝါရီလက စတင်ပြီးကေ ရန်ကုန်-စစ်တွေ အဝေးပြေး ကားလမ်းမ တလျှောက်မှာ တပ်မတော်က မိုင်း ရှာဖွေ ရှင်းလင်းရေးတိ လုပ်ဆောင်ခပါရေ။

အကေလည်း ဒေသခံတိကတော့ သူရို့စွာ လူကြီး လမ်းကြောင်း လုံခြုံရေးအတွက်ယာ လုပ်ဆောင်စွာ ဖြစ်ပြီးကေ တောတောင်တိမှာယာ ရှင်းလင်းပီးဖို့ လိုလား နီကတ်စွာပါ။ ပြည်နယ်ကောင်စီ တာဝန်ရှိသူ ဗိုလ်မှူးကြီး မင်းသန့်က AA နဲ့ တပ်မတော်ရို့ အပစ်ခတ် ရပ်စဲရေးတိ လုပ်ဆောင် လာနိုင်ကေ တောတောင်တိမှာ မိုင်း ရှင်းလင်းရေးတိ လုပ်ဆောင် လာနိုင်လိမ့်မယ် လို့ ပြောထားပါရေ။

ဦးစွန်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနေဝင်းက သူရို့ ရွာတိမှာ မိုင်း ရှင်းလင်းပီးဖို့ တောင်းဆိုခကတ် စွာကြောင့် ရှင်းလင်းပီးဖို့ ဆိုရေ အကြောင်းကြားစာ ရခကေလည်း ယင်း ကိစ္စစွာ ဒေနိန့်အထိ အကောင်ထည် ပေါ်လာစွာ မရှိလို့ ပြောပါရေ။

“ကျနော့်မှာ စာတင်ပြီးကေ ရောက်လာစွာ ရှိပါရေ။ မိုင်း ရှင်းလင်းဖို့ လာဖို့ ဆိုပြီးကေ ကျနော့်ဘားကို စာရောက်လို့ ရှိရေ။ လာမလား ဆိုပြီးကေ ကျနော်လည်း မျှော်လင့်ချက် ရှိရေ။ ကျနော့် ရပ်မိရပ်ဘတိကိုလည်း တင်ပြလို့ ရှိပါရေ။ ကျနော်ရို့ ဒီမှာ မိုင်း ရှင်းဖို့ လာဖို့လို့ စာရောက်လို့ ရှိရေ ဆိုပြီးကေ ကျနော်က ကြိုတင် ပြောထားပါရေ။ ကျနော့်ရွာသူ၊ ရွာသားက တောတောင်ကို မှီခိုပြီးကေစားရေ လူတန်းစား ဖြစ်စွာကြောင့် မိုင်း ရှင်းလင်းချင်ပါရေ။”

မြိုနဲ့ ခမီ တိုင်းရင်းသားတိစွာ ရခိုင်ပြည်နယ် မြောက်ပိုင်းက တောင်ပေါ်ဒေသတိမှာ နီထိုင်ကတ်ပြီးကေ တောင်ယာနဲ့ လယ်လုပ်ငန်းတိ လုပ်ကိုင်လေ့ ရှိကတ်ပါရေ။ ရခိုင်ပြည်နယ်မှာ စစ်ပွဲတိ ရပ်တန့်နီကေလည်း ယင်း လူမျိုးစုတိပိုင် တောင်တောင်ကို မှီခို လုပ်ကိုင် စားသောက်နီသူတိ အားလုံးစွာ ဒေ အန္တရာယ်တိ ကြုံတွီ့ နီကတ်ရစွာလည်း ဖြစ်ပါရေ။

 459 total views,  1 views today