Arakan Yoma|

တက္ကသိုလ်များ ဖွင့်လှစ်သွားတော့မည်ဟု ကြေညာချက် ထွက်ပေါ်လာပြီးနောက် ကျောင်း လာတက်ရန် ဖိအားပေး ခံနေရသူများထဲတွင် ရခိုင်တက္ကသိုလ်ကျောင်းသားများလည်း ပါဝင်လာသည်။

မေလ ၄ ရက်နေ့ကို နောက်ဆုံးထား၍ ကျောင်း လာအပ်ကြရန် ကျောင်းသားရေးရာ ဌာနက အသိပေးစာ ပေးပို့ထားပြီး သတ်မှတ်ရက် ထက် ကျော်လွန်သော ကျောင်းအပ် လျှောက်လွှာများကို လက်ခံသွားမည် မဟုတ်ကြောင်း ဖော်ပြပါရှိသည် ဟု လည်း အစိုးရ စက်မှုလက်မှု သိပ္ပံ – သံတွဲမြို့က ကျောင်းသားတစ်ဦးက Arakan Yoma သို့ ပြောသည်။

လက်ရှိ ကာလသည် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် CDM လှုပ်ရှားမှုများ ရှိနေသလို၊ ယခု ဖွင့်လှစ်မည့် ကျောင်းကို တက်ရောက်ပြီး ဘွဲ့ရလာသူများကို လုပ်ငန်းခွင်များတွင် အလုပ်မခန့်ကြဖို့ လှုံ့ဆော် ရေးသားမှု များကိုလည်း လူမှုကွန်ရက် စာမျက်နှာများတွင် တွေ့နေရသည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂ အဖွဲ့အနေဖြင့် ထို အရေးများကို သမဂ္ဂအဖွဲ့များကြား စုဝေးဆွေးနွေးလျက်ရှိနေပြီး ကျောင်းသားများ၏ ဆန္ဒသဘောထားအတိုင်းသာ ဆုံးဖြတ်မည်ဟု ဆိုသည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်က ဖွင့်လှစ်ခဲ့သော နောက်ဆုံး နှစ် သင်တန်းများနှင့် မဟာဘွဲ့ရသင်တန်းများအား ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဟု အဆင့်မြင့်ပညာဦးစီးဌာနက ဧပြီ ၁၄ ရက်နေ့တွင် ညွှန်ကြားခဲ့သည်။

 429 total views,  1 views today