ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

နိမ့်ကျနီရေ သူရို့ လူမျိုးတိကို လက်တွဲခေါ်ပီးကတ်ဖို့ မရမာကြီးလူငယ်တိက လိုလား နီကတ်ပါရေ။

“အကျွန်ရို့ လူမျိုးကို လက်လှမ်းမီသလောက် ဆွဲခေါ်စီချင်ပါရေ။ ကိုယ်ရို့က လုပ်တတ်တေ ပုံစံလည်း မရှိ သလောက် နည်းပါးရေအခါ နောက်က ကျန်ခရရေ။ ယပိုင်မျိုး ဖြစ်နီပါရေ။ သိတတ် နားလည်ရေ သူတိက ဆွဲခေါ် စီချင်ရေ။” လို့ စစ်တွေမြို့၊ ဓညဝတီရပ်ကွက်မှာ နေထိုင်ရေ အသက် (၂၀) အရွယ် မအေးခင်ဦးက ပြောပါရေ။

မရမာကြီး လူမျိုးတိစော် ရခိုင်မျိုးနွယ်စု (၇) မျိုးထဲက လူမျိုးစုတစ်စု ဖြစ်ပါရေ။ သူရို့တိစွာ ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံ၊ ကျောက်ဖြူမြို့နယ်နဲ့ မြန်မာပြည် အထက်ပိုင်း ဒေသမှာလည်း နီထိုင်လျက် ရှိပါရေ။

လူဦးရေ အားဖြင့်က တစ်နိုင်ငံလုံးမှာ ၁၅၀၀၀ ဝန်းကျင်လောက် ရှိရေလို့ မရမာကြီးလူမျိုးစု ခေါင်းဆောင်တိ က တွက်ချက် ထားကတ်ပါရေ။ သူရို့စွာ အများအားဖြင့် တပိုင်တနိုင် လုပ်ငန်းတိ ဖြစ်တေ ကုန်စိမ်းတိ ရောင်းချစွာ၊ ဆိုင်ကယ် ကယ်ရီဆွဲစွာ စရေ လုပ်ငန်းတိကို လုပ်ကိုင်လေ့ ရှိကတ်ပြီးကေ အစိုးရ ဝန်ထမ်းတော့ လုပ်လေ့ မရှိကတ် လို့ ဆိုပါရေ။

“ကျပန်းလုပ်နီပါရေ။ ဘေးတွဲမောင်းရေခါ မောင်းရေ။ သုံးဘီး မောင်းရေအခါ မောင်းရေ။ ဘေးတွဲ ကတော့ ကိုယ့်စွာ။ သုံးဘီး က ကျကေ သူများသုံးဘီး။ share (မျှဝီပနာ) မောင်းနီရစွာ။ အလုပ်မှာ ၅၀၀၀ ရကေ တစ်ယောက် ၂၅၀၀ ယပိုင် မောင်းနီရစွာ။ အဆင်မပြေမှုတိ အများကြီးရှိရေ။ အလုပ်အကိုင်တိက အငှား ကျကေ လားရရေ။ အငှား မကျကေ မလားရပါ။ ကျောင်း ဆက်မတက် ဖြစ်ခစွာ ၂၀၁၀ မှာ အလုပ် အကိုင် ရှားပါးစွာကြောင့် မိသားစု အဆင်မပြေ ငွေရေးကြေးရေးကြောင့်။ အကေ အထက်တန်းတစ်ယောက် စာသင် ရစွာလည်း မလွယ်ပါလေ။ ကျူရှင်လခတိ အဆင်မပြေစွာကြောင့် တစ်နှစ်ပဲ ဖြေခရရေ။” လို့ ဆယ်တန်းကျ လူငယ် မောင်ဇော်ဦးက ပြောပါရေ။

ဇာလို့လဲ ဆိုကေ သူရို့အနေနဲ့ အစိုးရ အမှုထမ်းတိ လျှောက်ကတ်တေအခါ လူမျိုးနေရာမှာ မရမာကြီးလို့ မြင်လိုက်စွာနဲ့ နှိမ်ချ ဆက်ဆံမှုတိ စတင် လာပနာ လျှောက်လွှာတိ ပယ်ချစွာတိ အများကြီး ခံကတ် ရစွာတိ ကြောင့် လို့ ဆိုကတ်ပါရေ။ ဒေ အခြေအနေတိကို ကိုယ်တိုင် ကြုံတွေ့ဖူးရေ မရမာကြီး လူငယ် ခေါင်းဆောင် ကိုလှရွှေက အခုပိုင် ပြောပြပါရေ။

“ဌာနဆိုင်ရာ တစ်ခုခုမှာ အလုပ်လုပ်ဖို့ လျှောက်လိုက်ကေ လျှောက်လွှာမှာ လူမျိုးဘာသာ ထည့်ရစွာကိုး။ ဘာသာ က ကျကေ တူတူယာ (ဗုဒ္ဓဘာသာ)။ မရာမာကြီး ဘာညာ မြင်စွာနဲ့ ယင်း စာရွက်ကို ယင်း လျှောက်လွှာတိကို အသာချေ ချန်ထားပခရေ။ ယပိုင်မျိုးတိ ကျနော် ကိုယ်တိုင်ကြုံခစွာ။ ပထမ ဆယ်တန်းအောင်၊ ဘွဲ့ရပြီးကေ ကျောင်းဆရာ လုပ်ဖို့ လားခရေ။ လျှောက်လွှာ တင်ထား ခပြီးကေ မရမာ ကြီးမြင်လို့ ထင်ရေ လျှောက်လွှာပါ တစ်ခါတည်း ပျောက်လားရေ။ ယပိုင်နှိမ့်ချမှုတိ ခံခရရေ အချိန်မှာ တစ်ယောက် တစ်ယောက် ပြောလိုက် ကတ်တေပေါ့။ ဝေး ငါ လျှောက်စွာကို ငါ့ကို ဒေပိုင် ပယ်လိုက်တေ ဘာညာ ဆိုစွာနဲ့ တစ်ယောက်စကား တစ်ယောက် နားထောင်ပြီးကေ ရင်ထဲ စိတ်ဝင်စားမှုတိ နည်း လာကတ်တေပေါ့။ ယင်းမှာ ငါရို့ လျှောက်ကေလည်း ရဖို့စော်မဟုတ်ချင့်။ အလကား။ မရမာကြီးဆိုကေ ပယ်လိုက် ကတ်ဖို့စော် ဆိုပြီးကေ အစိုးရ အလုပ်တိဘာတိ မလုပ်စွာတိ များလာရေပေါ့။”

ယင်းကြောင့် ခွဲခြားဆက်ဆံမှု ကင်းမဲ့ရေ INGO တိပိုင် အဖွဲ့အစည်းတိမှာယာ ပညာတတ်တေ အသိုင်းအဝိုင်း အနည်း အကျဉ်းက လုပ်ကိုင်ခွင့် ရကတ်ပနာ တချို့က ကျကေ မိဘမှာရှိရေ စီးပွားရေး လုပ်ငန်းတိ လုပ်ကိုင် ကတ်တေပိုင် တချို့ ဆိုကေလည်း တတ်နိုင်ရေ အရင်းအနှီးချေတိနဲ့ ကုန်စုံဆိုင်တိ၊ ကွမ်းယာဆိုင်တိ ဖွင့်လှစ် ရောင်းချ လို့ ရှိကတ်တေလို့ ပြောကတ်ပါရေ။

မရမကြီး မျိုးနွယ်စုမှာ ခေါင်းဆောင်အနေနဲ့ တာဝန်ယူထားရေ ကိုလှရွှေစွာ ဆိုကေလည်း ဘွဲ့ရပနာ နောက်ပိုင်း ကျောင်းဆရာ လုပ်ချင်ခကေလည်း ဒေပိုင်ခွဲခြား ဆက်ဆံမှုတိကြောင့် ဝါသနာပါရာ အလုပ်ကို စွန့်လွှတ် ခပြီးကေ မိသားစု၏ တပိုင်တနိုင် လုပ်ငန်းကို လုပ်ကိုင် နီရရေလို့ ပြောပါရေ။

“NGO တိ ဘာတိမှာ လုပ်တေ လူတိလည်း ရှိရေပေါ့လေ။ သို့သော် ဆယ်တန်း အောင်လားရေ။ ဘွဲ့ ရလားရေ။ ခုနက ပြောရေပိုင် လူမျိူးခွဲခြားရေး စိတ်တိ နည်းနည်းပါးပါး ရှိရေအတွက်ကြောင့် ဇာပိုင်ပြောဖို့လဲ။ လျှောက်လည်း မလျှောက်ကတ်။ ဝါသနာလည်း မပါကတ်ယာ ဆိုခါ ကိုယ့် အလုပ်တိနဲ့ စားသောက်ပြီးကေ နီကတ်စွာက များရေ။ အလုပ်က ငါရို့ မာရမာကြီးတိက များသော အားဖြင့် နည်းနည်း ဖဲသာချေ ယချေ ရှိရေဆိုကေ ဈေးမှာ ပွဲရုံချေတိ စားကုန်ဆိုင်ချေတိနဲ့ ရောင်းကတ်တေ။ နောက်တစ်ခုက လျှပ်စစ်ပစ္စည်း ဆိုင်တိဘာတိ ဖွင့်ပြီးကေ ရောင်းကတ်တေ။ ရွာဆိုင်တိပေါ့ ယပိုင် အိမ်သုံးပစ္စည်းဆိုင်တိ ရောင်းကတ်တေ။ မရှိ ဆိုကေလည်း ဘေးတွဲချေ မောင်းပနာ စားကတ်တေ။ လုံးဝ အခက်အခဲ ရောက်နီရေ လူတိဆိုကေလည်း သူများတိ ဘားမှာ စာရေးချေ ဘာချေ လုပ်ကတ်တေ။ လက်မှု ပညာချေနဲ့ ပရံလုပ်တေ သူလုပ် အိမ်ဆောက်တေ သူလည်းဆောက်။” လို့ ကိုလှရွှေက ဆိုပါရေ။

ဗုဒ္ဓဘာသာကို ကိုးကွယ်ကတ်တေ သူရို့လူမျိုးတိထဲက မွတ်ဆလင်တိနဲ့ ဆင်တူစွာကြောင့် ပတ်ဝန်းကျင်၏ ခွဲခြား ဆက်ဆံမှုတိ ခံကတ်ရရေပိုင် တခါတေလေမှာ ရန်မှုစွာ၊ အနိုင်ကျင့်စွာတိကိုလည်း အခုထက်ထိ ခံနီရဆဲ ဖြစ်တေလို့ မရမာကြီး အသိုင်းအဝိုင်းက ရင်ဖွင့်ကတ်ပါရေ။
ဒေပိုင် ကိစ္စရပ်တိနဲ့ ပတ်သက်ပြီးကေ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တိကို တိုင်တန်း ကေလည်း အရေးတယူ မလုပ်ရေ အပြင် ငွေကြေး တောင်းရမ်းစွာတိ ရှိနီစွာ အခါခါယာလို့ မရမာကြီး လူမျိုးစု ခေါင်းဆောင် ဦးမောင်နုက ပြောပါရေ။

“ဌာနဆိုင်ရာမှာက မရမာကြီးတိ မရှိသလောက်။ မလုပ်ကတ်။ မလုပ်စွာကလည်း မရလို့ မလုပ်စွာ။ ရဲ လျှောက်ပြန်ကေလည်း လူငယ်တိ စိတ်ဓာတ်ကျအောင် အမျိုးမျိုး စကားပြောရေ။ ဘွဲ့ရ တယောက်ကလည်း ရိုးရိုး ရဲ မလုပ်ချင်။ မရမာကြီး ဆိုကေ ငွေညှစ် လို့ ရရေ။ ယပိုင် မြင်နီကတ်တေ။ ရဲစခန်းမှာ ဆိုကေ တစ်ခုခု ဖြစ်လို့ လားတိုင်ကြည့် မရမာကြီး ဆိုကေ အမဲသား ရစွာပိုင်။ ရခိုင်တယောက်နဲ့ ရန်ဖြစ်တေ ဆိုကေလည်း ရခိုင်သားဖက်က နာလားကေ ဖဲသာ သုံးလေးငါးသောင်းနဲ့ ဆေးကုလို့ရဖို့စွာကို သိန်းသုံးဆယ်၊ သုံးလေးဆယ် တောင်းကတ်တေ။ သတ်ဖို့။ ဖြတ်ဖို့ လုပ်လို့ ရှိစွာ ချရောင်း ပီးလိုက်ရစွာတိ ရှိရေ။”

ပြီးခရေ ၂၀၁၂ ခုနှစ်မှာ ဖြစ်ခရေ ဗုဒ္ဓ ဘာသာဝင် ရခိုင် အသိုင်းအဝိုင်းနဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်ရေ မွတ်ဆလင်တိ၏ အရေးအခင်းမှာ ဆိုကေလည်း သူရိုတိ အနေနဲ့ အသွားအလာ ဂရုတစိုက် နေထိုင် ခကတ်ရပနာ တချို့ ဆိုကေလည်း နေအိမ်တိ ဖျက်ဆီး ခံခကတ်စွာတိ ရှိရေလို့လည်း သူရို့၏ ပြောဆိုချက်တိကို ကြားခရပါရေ ။

“တခြားဘာသာ မကိုးကွယ်ပါ ဗုဒ္ဓ ဘာသာ တစ်ခုယာ ကိုးကွယ်စွာ ။ အရာတစ်ခုလည်း မကိုးကွယ်။ ဘုရားက လွဲပြီးကေ တစ်ခြား မကိုးကွယ် ။ ငါရို့ မရာမာကြီး လူမျိုးက။” လို့ ကိုလှရွှေက ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောပြ လာပါရေ။ ဒေပိုင် အခြေအနေတိ ကြုံတွိ့နီကတ်ရစွာရေ သူရို့ လူမျိုးစုတိ အနေနဲ့ ပြည်နယ်ကို တည်ဆောက် ကတ်ရာမှာ နေရာပီး မခံရစွာတိကြောင့်လို့ ယူဆကတ်ပါရေ။”

လက်ရှိမှာဆိုကေ သူရို့ လူမျိုးတိ၏ ထက်ဝက် နီးပါးလောက်က နေရပ်စွန့်ခွာ လာကတ်ပနာ ရန်ကုန်တိပိုင် အခွင့် အလမ်း ပိုများရေ ဒေသတိကို ပြောင်းရွေ့ လားကတ်ယာလို့ အခိုင်အမာ ပြောပြကတ်ပါရေ။ ဒေကိစ္စတိနဲ့ ပတ်သက်ပြီးကေ လက်ရှိအာဏာ ရနီရေ ပြည်နယ်ကောင်စီ အကြီးအကဲ တချို့ကို ဆက်သွယ် မေးမြန်း ရာမှာလည်း ဖုန်းလက်ခံ ဖြေဆိုစွာမရှိခပါ။

အခုပိုင် အခြေအနေတိကို ဖြေရှင်းဖို့ အတွက်ဆိုကေ အာဏာရှိသူတိ အနေနဲ့ ခွဲခြား ဆက်ဆံ ခံနေကတ်ရရေ သူရို့ တိကို ဌာနဆိုင်ရာတိမှာ နေရာပီးစွာ၊ ပတ်ဝန်းကျင်ကလည်း ရခိုင်မျိုးနွယ်စုဝင် တစ်ခု ဖြစ်တေ ဆိုရေ အသိနဲ့ သဟဇာတ ကျအောင် ပေါင်းသင်း ဆက်ဆံ ပီးကတ်ဖို့ လိုအပ်ပါရေ။

ရခိုင့်အင်အားကြီးပါတီ တစ်ရပ်ဖြစ်ပနာ ၂၀၂၀ အလွန်မှာ မျိုးနွယ်စု ပါတီတိနဲ့ တွီ့ဆုံခရေ ရခိုင်အမျိုးသားပါတီ – ANP ကိုတော့ သူရို့၏ မူဝါဒထဲမှာ ရခိုင်အမျိုးနွယ်စုတိနဲ့ ပတ်သက်ပြီးကေ ဇာပိုင်မူဝါဒတိ ရှိရေ ဆိုစွာကို သိနိုင်ဖို့ ပါတီ အကြီးအကဲ ဦးထွန်းအောင်ကျော်ကို မေးမြန်းခပါရေ။

ဒေပါတီစွာ အာဏာသိမ်း စစ်ကောင်စီ၏ နေရာပီးမှုကို ရရှိထားရေ ပါတီလည်း ဖြစ်ပါရေ။ အကေလည်း ပါတီမှာ ဦးဖေသန်းကိုယာ တာဝန်ပီးထားလို့ သူ ဖြေကြားနိုင်ခြင်း မရှိလို့ ဦးထွန်းအောင်ကျော် က ဆိုပြီးကေ ဦးဖေသန်းကို ဆက်သွယ် ရာမှာလည်း အဆင်မပြေခပါ။

တစ်ဖက်မှာလည်း ရခိုင်လူထု၏ ထောက်ခံမှု အများဆုံးရရှိထားရေ ရခိုင့်တပ်တော် – AA နဲ့ လည်း ဆွေးနွေးမှုတိ ရှိနေပြီးကေ သူရို့၏ နှိပ်ကွပ် ခံရမှုတိကို ဖြေရှင်းပီးဖို့လို့ ရခိုင့်တပ်တော်က ပြောဆိုစွာတိ ရှိရေလို့ အမည် မဖော်လိုရေ သူရို့ ခေါင်းဆောင်တစ်ဦးက ပြောပါရေ။

“ဗိုလ်မှူးချုပ် ညိုထွန်းအောင်ကလည်း ကျောက်ဖြူ ညီလာခံမှာ ဇာပြောလဲဆိုကေ 7 stars ပေါ့။ ကျနော်ရို့မှာ တိုင်းရင်းသား လူမျိုးစု ၇ မျိုးရှိရေတဲ့။ လူမျိုးစု အခွင့်အရေးသီးသန့်ရှိရေ။ ဥပေဒ ဆွဲပြီးသားလို့ ပြောရေ။ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကိုလည်း တင်ပြထားရေ။ သူရိူ့ကတော့ ဥပေဒေရး ဆွဲပြီးသား ရှိရေ။ လောလောဆယ် သူရို့ မှာလည်း ရဲဘော်တိကိုတောင် ခေါင်းအုံးချေ တစ်ခုတောင် မပီးနိုင်သိ့လတ်။ နောင်တချိန်မှာတော့ ဒေချင်တိ့ကို ဦးစားပီး ကဏ္ဍက လုပ်လားဖို့လို့ ပြောပါရေ။” လို့ သူက ဆိုပါရေ။

သူရို့စွာ လူနည်းစုဖြစ်တေ အလျောက် ပညာတတ် အသိုင်းအဝန်းလည်း နည်းပါးစွာကြောင့် နိုင်ငံရေးအသိုင်း အဝိုင်းတိနဲ့ တချို့လက်မှု ပညာပိုင်းတိမှာ အားနည်းနီစွာကြောင့် သူရို့ကို အားပေး ဖေးမပြီးကေ လက်တွဲခေါ် ယူဖို့ သူတိ ပေါ်ထွန်းလာစီဖို့ မရမာကြီး လူငယ်တိက မျှော်လင့်နီကတ်ပါရေ။

 500 total views,  1 views today