Arakan Yoma |

စစ်ကျန်လက်နက် အန္တရာယ်တိ့ကြောင့် ရခိုင်ပြည်နယ်က အချေငယ်တိ့ အများဆုံး ထိခိုက် သီဆုံးနီရကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ – မြန်မာက ထုတ်ပြန်ပါရေ။

မြန်မာနိုင်ငံမှာ မြေမြုပ်မိုင်းနဲ့ မပေါက်ကွဲသိရေ စစ်ကျန်လက်နက် ပစ္စည်းတိကြောင့် သေဆုံး ဒဏ်ရာရ သူတိ အထဲက သုံးပုံတစ်ပုံကျော်ရေ အချေငယ်တိဖြစ်ကြောင်း ဧပြီလ ၅ ရက်နိန့်က ယင်းထုတ်ပြန်ချက်မှာ ဖော်ပြ ပါရှိပါရေ။

ယင်းအထဲက ၄၇ ရာခိုင်နှုန်းရေ ရခိုင်ပြည်နယ်က ဖြစ်နီပနာ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ထိခိုက်သီဆုံးမှု အများဆုံး အဖြစ် ပါဝင်နီစွာလည်း ဖြစ်တေလို့ ရေးသားပါရှိပါရေ။

ရခိုင်ပြည်နယ်မှာ ရခိုင့်တပ်တော် – AA နဲ့ တပ်မတော်ရို့၏ တိုက်ပွဲတိ ဖြစ်ပွားလာပြီးရေ နောက်ပိုင်း စတင်လာ ခရေ ယင်းဖြစ်ရပ်တိစော် တိုက်ပွဲရပ်မှု ၅ လ ကျော်ရေ အထိ ရှိနီဆဲလည်း ဖြစ်ပါရေ။

ဧပြီလ ၄ ရက်နိန့်က ဆိုကေ ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာမှာ စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် အသက် (၂) နှစ်နဲ့ (၅) နှစ်အရွယ် အချေငယ် နှစ်ဦးနဲ့ ၎င်းရို့၏ မိခင် သီဆုံးလားပြီးကေ (၇) နှစ် အရွယ် အချေက ဒဏ်ရာ ရလားပါရေ။

ရသေ့တောင်နဲ့ မင်းပြားမြို့နယ်တိမှာလည်း အလားတူ ပေါက်ကွဲမှုတိ ဖြစ်ပွားပြီးကေ အချေငယ် အုပ်စုလိုက် သေဆုံး ဒဏ်ရာရမှုတိ အများကြီး ရှိခပါရေ။

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ – မြန်မာ အနေနဲ့ ယင်းဖြစ်ရပ်တိအပေါ် များစွာ စိတ်မကောင်း ဖြစ်ရပနာ မြေမြုပ် မိုင်းနဲ့ မပေါက်ကွဲဘဲ ကျန်နီတတ်တေ စစ်ကျန်လက်နက် အန္တရာယ်အကြောင်းကို နားလည်ဖို့နဲ့ ထိခိုက် သူတိကို အကူညီပီး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားပါရေ။

 350 total views,  1 views today