Arakan Yoma |

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့ပေါ်က ရပ်ကွက်တချို့မှာ နွေရာသီ ရေရှားပါးမှုနဲ့ ကြုံတွေ့ နေကြ ရပါတယ်။

တစ်မြို့လုံးကို ရေမျှဝေပေးနေတဲ့ ကန်တော်ကြီးမှာ ပြီးခဲ့တဲ့ မတ်လလောက်ကနေ ရေ ခမ်းခြောက်လာတာ ကြောင့် မြို့ပေါ် ရပ်ကွက်သားတွေဟာ အခုလို ရှားပါးမှုနဲ့ ကြုံတွေ့ နေကြ ရတာလည်း ဖြစ်ပါတယ်။

တချို့ ရပ်ကွက်တွေမှာ ကန်တော်ကြီးရေ မလာပေမယ့် အဝီစိ ရေတွင်းကို အားကိုး အသုံးပြုလို့ ရနေပေမယ့် အဝီစိ ရေတွင်းတူးလို့ အဆင်မပြေတဲ့ ရပ်ကွက်တွေမှာတော့ ပိုမိုပြီး အခက်တွေ့ နေကြရတာပါ။

ဒါကြောင့် ကုန်စျေးနှုန်းတွေ မြင့်တက်နေချိန် စားဝတ်နေရေး အခက်ခဲဖြစ်ရတဲ့ ကြားထဲ ရေကို ဝယ်ယူ သုံးစွဲ နေရတာကြောင့် မလောက်မငှ ဖြစ်နေတယ်လို့ စစ်တွေရဲ့ ဓညဝတီ ရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်မလှတင်က ပြောပါတယ်။

စစ်တွေမြို့မှာ ရေရှားပါးမှု ကြုံတွေ့ ရတာဟာ ဒီတစ်နှစ်တည်း မဟုတ်ဘဲ အရင် နှစ်ပေါင်းများစွာ ကတည်းက ဖြစ်တယ် လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ကို မေးမြန်းရာမှာတော့ မြို့ပေါ်မှာ ရှိတဲ့ အဝီစိ တွင်း ၄၈ တွင်း ကနေ ရေတွေ စုပ်ယူပြီး ဖြန့်ဝေ ပေးသွားဖို့ ရှိတယ်လို့ အမှုဆောင် အရာရှိ ဦးကျော်မိုးက ပြောပါတယ်။

 564 total views,  1 views today