ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဆယ်စုနှစ်တစ်ခုအတွင်း ကျင်းပပြုလုပ်ခရေ ရွေးကောက်ပွဲနှစ်ခုစလုံးမှာ ပြည်နယ်အတွင်း မဲအများဆုံး အနိုင်ရ ရှိခရေ ရခိုင်အမျိုးသားပါတီစွာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ခွင့် အပါအဝင် နိုင်ငံတော်အဆင့် ရာထူး အကြီးတိကို မရရှိခပါ ။ အကေလည်း တပ်မတော်က အာဏာ သိမ်းလိုက်ချိန်မှာက နိုင်ငံတော်အဆင့် ဖွဲ့စည်း လိုက်တေ စီမံအုပ်ချုပ်ရေး ကောင်စီမှာ အဖွဲ့ဝင်တစ်နေရာကို ရရှိလာခပါရေ။

အာဏာသိမ်း စစ်အစိုးရ၏ အကြီးဆုံး ကောင်စီမှာ ပါဝင်ဖို့ ANP က လက်ခံလိုက်တေအပေါ် ပါတီတွင်းမှာပါ၊ ပြင်ပက ရခိုင်နိုင်ငံရေး လေ့လာ စောင့်ကြည့်နီသူတိ ကြားထဲမှာပါ ဝေဖန်မှုတိ ရှိနီစွာပါ။ ANP ကတော့ကေ သူရို့ လက်ခံ လိုက်တေဆိုစွာရေ စစ်ဒဏ်ခံနီရရေ ရခိုင်ပြည်သူ လူထု၏အကျိုးစီးပွား အတွက်ဆိုပြီးကေ ပြောကြား ထားပါရေ။

ရခိုင်လူထုက ဒေကိစ္စအပေါ် ကန့်ကွက်နီကပ်ပြီးကေ ရခိုင်အရပ်ဖက်အဖွဲ့ အစည်း တော်တော်များများကလည်း ရခိုင်ပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုရေ ပါတီစွာ အာဏာသိမ်းအစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်လိုက်တေ လုပ်ရပ်အပေါ် ပြန်လည်သုံးသပ်ကပ်ဖို့နဲ့ လက်မခံဖို့ တိုက်တွန်းထားကပ်ပါရေ။

ဖေဖော်ဝါရီလ ၁ ရက်နိန့် မိုးထက်အစောကြီးက တပ်မတော်စွာ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရို့အပါအဝင် နိုင်ငံတော် အကြီးအကဲတိကို ဖမ်းဆီးလိုက်ပြီးကေ နိုင်ငံတော် အာဏာကို သိမ်းပိုက်လိုက်စွာပါ။ တပ်မတော်ကတော့ ဒုတိယသမ္မတ ဦးမြင့်ဆွေကို ယာယီ သမ္မတအဖြစ် အရေးပေါ် အာဏာ လွှဲပြောင်း လိုက်ရရေဆိုပြီးကေ သတင်း ထုတ်ပြန်ခပါရေ။

ယင်းနောက်ပိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွဲ့ဝင် ၁၁ ဦး ပါဝင်ပြီး သူ ဥက္ကဌ တာဝန်ယူရေ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ တစ်ရပ်ဖွဲ့စည်း လိုက်ပါရေ။ ဖေဖော်ဝါရီလ ၃ ရက် နိန့်က ယင်းကောင်စီမှာ နောက်ထပ် အဖွဲ့ဝင် ၅ ဦးကို ထပ်တိုး လိုက်ခါ ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဦးဆောင် ကော်မတီဝင် ဒေါ်အေးနုစိန်လည်း ပါဝင်လာခစွာ ဖြစ်ပါရေ။

ဒေကိစ္စရေ ဒေါ်အေးနုစိန်က တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်လိုက်စွာ ဖြစ်ပြီးကေ ပါတီကို ကိုယ်စားမပြုလို့ ကနဦးမှာ ပါတီတွင်း တာဝန်ရှိသူတိက ပြောဆိုခကပ်ပါရေ။ ယင်းကြောင့် ပါတီတွင်း ကန့်ကွက်သူတိ၊ နှုတ်ထွက်သူတိလည်း ရှိခပါရေ။

ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်းက “ပါတီ၏ သဘောထားနဲ့ လုပ်စွာတော့ ပိုသင့်တော်ဖို့လို့ ထင်ရေ။ ကိုယ့်သဘောထားနဲ့ လုပ်ဆောင်ရေဆိုကေတော့ ကိုယ့်၏ လုပ်ဆောင်ချက် အပေါ်မှာ အဆိုးအကောင်းကို ကိုယ်တိုင်ခံစားရဖို့ပေါ့။” လို့ ဒေါ်အေးနုစိန် ကောင်စီဝင် ဖြစ်လာပြီး နောက်တစ်နေ့က မေးမြန်းခါမှာ ဖြေကြားခပါရေ။

တရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်တေ ဒေါ်အေးနုစိန်စွာ ရခိုင်ပြည်နယ်က တိုက်ပွဲတိကြောင့် ရခိုင့်တပ်တော် AA အဖွဲ့နဲ့ ဆက်စပ်သံသယနဲ့ တပ်မတော်၏ ဖမ်းဆီးခြင်းခံခရရေ အမှုတိကို အခမဲ့ လိုက်ပါ ဆောင်ရွက် ပီးနီသူလည်း ဖြစ်ပါရေ။

နောက်ပိုင်းမှာ ANP ပါတီက သဘောထား ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်လာပြီးကေ ဒေါ်အေးနုစိန် လက်ခံလိုက်တေဆိုစွာ စစ်ဒဏ်ခံနီရရေ ရခိုင်အမျိုးသား အကျိုးစီးပွား အတွက်ဖြစ်တေအတွက်ကြောင်း ရခိုင်ပြည်သူ လူထုက လည်း ပူးပေါင်းဆောင်ရွက်ပီးကပ်ဖို့ တိုက်တွန်းကြောင်း ရေးသားထားပါရေ။ ယင်း ထုတ်ပြန်ချက်မှာ ၅ နှစ်တာ အုပ်ချုပ်ခရေ NLD အစိုးရစွာ ရခိုင်လူထုကို မျက်ကွယ်ပြုနေခပြီးကေ သူရို့ ပါတီကိုလည်း တွေ့ဆုံဆွေး နွေးမှု တစ်ကြိမ်မှ မရှိခလို့ ဆိုထားပါရေ။

ဖေဖော်ဝါရီလ ၇ ရက်နိန့်မှာ ရခိုင်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းပေါင်း ၃၀ လောက်က လက်ရှိ ဖြစ်ပေါ်လာရေ နိုင်ငံရေး အခင်းအကျင်းစွာ ဒီမိုကရေစီ နောက်ပြန်ဆွဲခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းနဲ့ ဒေသခံ လူမျိုးတိ၏ အခွင့်အရေးတိကို အသိအမှတ်မပြုဘဲ အနိုင်ကျင့်ဖိနှိပ်တေ လုပ်ဆောင်ရေ ဇာအဖွဲ့အစည်းကိုမဆို ကန့်ကွက်တေလို့ သဘောထား ထုတ်ပြန်ချက်တစ်စောင်ထွက်လာပါရေ။

ယင်းကြောင့် မည်သည့် ရခိုင်ပါတီအဖွဲ့အစည်းကမဆို ပြည်သူလူထုဆန္ဒမပါဝင်ရေ နိုင်ငံရေးအရ တရားဝင်မှုမရှိရေ စီမံ အုပ်ချုပ်မှုမျိုးမှာ ပါဝင်ပူးပေါင်းခြင်း၊ အားပေး ထောက်ခံခြင်း မပြုကပ်ဖို့ ရေးသားထားပြီးကေ ANP က လက်ခံ ထားစွာကို ပြန်လည်သုံးသပ်ပနာ လက်ခံခြင်းမပြုဖို့ တိုက်တွန်းထားစွာပါ။

ရခိုင်အမျိုးသား ပါတီကတော့ လတ်တလော အခြေအနေတိနဲ့ ပတ်သက်ပြီးကေ ဖေဖော်ဝါရီလ ၁၂ ရက်ကနီ ၁၄ ရက်နိန့်အထိ သုံးရက် တွေ့ဆုံပြီးကေ ပါတီ ခေါင်းဆောင်တိ ပါဝင်ရေ အစည်းအဝေးတစ်ခု ပြုလုပ်ခကပ်ပါရေ။

ယင်းအစည်းအဝေးမှာ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတိက တောင်းဆို တိုက်တွန်းကပ်စွာပိုင် သဘောထား ဆုံးဖြတ်ချက်တိတော့ မတွေ့ရပါ။ ဆုံးဖြတ်ချက် သုံးခုချမှတ်ခပနာ ရခိုင်ပြည်နယ်ကို တည်ငြိမ်အေးချမ်းပြီး ထာဝရ ငြိမ်းချမ်းရေ ပြည်နယ်တစ်ခုဖြစ်အောင်လုပ်ဆောင်ဖို့၊ ရခိုင်အမျိုးသား အကျိုး စီးပွားကို တန်ဖိုးထားရေ အဖွဲ့ အစည်းတိနဲ့ ဆက်စပ်ညှိနှိုင်းရေး ကော်မတီ တစ်ရပ်ဖွဲ့စည်းဖို့နဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်အဖြစ် ပါဝင်လာရေ ဒေါ်အေးနုစိန်၏ ပါဝင်နီမှုကို ဆက်စပ်ညှိနှိုင်းရေး ကာလ တစ်ခုအထိ စောင့်ကြည့်ပြီးကေ ကောင်စီ အဖြစ်ပါဝင်နေမှုကို သုံးသပ်စဉ်းစား ဆုံးဖြတ်လားဖို့ဆိုရေ အချက်တိ ပါဝင်ပါရေ။

“အဓိက ဒေပါဝင်မှုကို မရုတ်သိမ်း။ သို့သော် ကောင်စီ၏လုပ်ဆောင်ချက်စွာ ရခိုင်လူထုရဲ့ အကျိုးစီးပွားနဲ့ ပတ်သတ်ပြီးကေ ကောင်းကျိုးဖြစ်လာသလား။ ဆိုးကျိုးဖြစ်လာသလားဆိုရေအပေါ်မှာပဲ ကျနော်ရို့က ဆုံးဖြတ်၊ သုံးသပ်လာမဖို့လို့တော့ ဆုံးဖြတ်ကပ်တေပေါ့။”လို့ ANP အကြီးအကဲ ဦးဖေသန်းက ပြောပါရေ။

မြန်မာ တစ်နိုင်ငံလုံးမှာ အာဏာသိမ်းလိုက်တေ တပ်မတော်ကို စစ်အာဏာရှင်ဆိုပြီးကေ ကန့်ကွက်သပိတ် မှောက်မှုတိ ဆက်တိုက်ရှိနီပြီး ကေ အစိုးရ ဝန်ထမ်းတိအနေနဲ့လည်း ရုံးမတက်ဘဲ CDM လှုပ်ရှားမှုတိ ပြင်းပြင်း ထန်ထန်လုပ်နေကပ်ပါရေ။ ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာလည်း ဆန္ဒပြမှုတိ ရှိနေပြီးကေ ဖမ်းဆီး အမှု ဖွင့် ခံရသူတိလည်း များစွာရှိနီပါရေ။

ရန်ကုန်အပါအဝင် တချို့မြို့နယ်တိမှာ သပိတ်မှောက်မှုတိကို ရဲတပ်ဖွဲ့က ဖြိုခွင်းပစ်ခတ်စွာ၊ မျက်ရည်ယိုဗုံး ပစ်စွာ၊ ရေနဲ့ ပစ်ပနာ လူစုခွဲစွာတိကြောင့် ဒဏ်ရာရသူတိလည်း ရှိနီပနာ အသက် ၁၉ နှစ်အရွယ် ကျောင်းသူ တစ်ဦးစွာလည်း ရဲတပ်ဖွဲ့ဝင်တိ၏ ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးလိုက်ရရေ အထိ ဖြစ်နီကပ်ပါရေ။ အာဏာသိမ်း အစိုးရကတော့ အရေးပေါ်ကာလ တစ်နှစ်ကျော်လွန်ကေ ရွေးကောက်ပွဲပြန်လည် ကျင်းပပနာ အနိုင်ရရေ ပါတီကို နိုင်ငံ့တာဝန်လွှဲပီးလားဖို့ဆိုပြီးကေ လည်း ပြောထားပါရေ။

လက်ရှိ အာဏာ သိမ်းလိုက်တေ တပ်မတော်စွာ အာဏာမသိမ်းမီ လပိုင်းအလိုကမှ AA နဲ့ ၂ နှစ်ကြာတိုက်ပွဲတိ ရပ်တန့် လားခစွာပါ။ ယင်းတိုက်ပွဲတိကြောင့် သေဆုံးဒဏ်ရာရသူ ရာနဲ့ချီ ရှိခစွာပိုင် တပ်မတော်၏ဖမ်းဆီး ခံရသူတိလည်း များစွာရှိခပြီး သိန်းနဲ့ချီရေ ဒေသခံတိစွာလည်း စစ်ဘေးရှောင်နီခကပ်ရပါရေ။

ဒီမိုကေရစီဆိတ်သုန်းလားဖို့စိုးရိမ်လို့ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာ လုံးကနီပြီးကေ စိတ်ပင်ပန်းကပ်တေ။ ဆန့်ကျင်ကပ်တေ။ ပြန်ရဖို့အတွက် ကြိုးပမ်းနီကပ်တေ။

ယင်းပိုင် စစ်အစိုးရကို ဆန့်ကျင်နေချိန်မှာ ကိုယ်ရို့ အဖွဲ့ အစည်းက စစ်အာဏာရှင်နဲ့ ပူးပေါင်းလိုက်တေဆိုစွာရေ လူမိုက်နဲ့တသားတည်း ရပ်တည်ရာ ကျရေ”လို့ ရခိုင်စစ်ပွဲတိအတွင်း စစ်တမ်းကောက်ယူမှုတိ တစိုက်မတ်မတ်လုပ်ဆောင်နေခရေ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး – REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါရေ။

တပ်မတော်စွာ မူဆလင်လူမျိုးတိကို လူမျိုးတုန်း သတ်ဖြတ်တေဆိုရေ စွပ်စွဲချက်နဲ့ ပတ်သက်ပနာ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ရင်ဆိုင်နေရရေ အမှုမျိုး ရှိနေစွာ၊ နောက်ပြီးကေ စစ်တပ်နဲ့ ခေါင်းဆောင်တိ၊ စီးပွားရေး လုပ်ငန်းတိကို နိုင်ငံတကာက ပိတ်ဆို့ အရေးယူစွာတိလည်း ရှိနေရေအတွက် ANP စွာ ဒေ ပြဿနာတိကို ခေါင်းခံလာရနိုင်ဖွယ်ရှိရေလို့ ကိုဇော်ဇော်ထွန်းက သုံးသပ်ပါရေ။

“စစ်အာဏာရှင်အုပ်စုနဲ့ ပူးပေါင်း လုပ်တေအတွက် ယင်းပူးပေါင်းမှုမှာ ပါရေသူတိစွာ စစ်အာဏာရှင်တိကို အပြစ်တင်အရေးယူရေ ဒဏ်တိကိုလည်း အနည်းအများ ခံရနိုင်ရေ”

ရခိုင်အမျိုးသားပါတီစွာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တိမှာ ကျင်းပရေ ရွေးကောက်ပွဲတိမှာ ပြည်နယ်အတွင်း မဲအများဆုံးနဲ့ အနိုင်ရရှိခစွာကြောင့် ပြည်နယ်ကိုယ်စားပြုပါတီလို့ မှတ်ယူခကပ်ကေလည် အခုပိုင် အာဏာသိမ်း စစ်အစိုးရနဲ့ ပူးပေါင်းလိုက်စွာကြောင့် ပြည်သူလူထု၏ ယုံကြည်မှု ကျဆင်းလားစွာမျိုး လာဖို့ရွေးကောက်ပွဲ တိမှာ ကြုံလာရနိုင်ရေလို့ ဝေဖန်မှုတိလည်း ခံနီရပါရေ။

ရခိုင်လူထုထောက်ခံမှု အများဆုံးရရှိထားရေ ရခိုင်တပ်တော် အေအေအဖွဲ့နဲ့ လက်နက်ကိုင်ပဋိပက္ခပြင်းထန်နေခ ရေ တပ်မတော်စွာ အာဏာသိမ်းလိုက်ပြီးရေ နောက်ပိုင်းမှာ ၂ နှစ်နီးပါး ပိတ်ထားခရေ အင်တာနက် ပြန်ဖွင့်ပီးစွာ၊ ANP ပါတီကို နိုင်ငံတော်အဆင့် ကောင်စီမှာ နေရာပီးလာစွာ၊ နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ဒဏ်ကျနီရေ ရခိုင်လူထုခေါင်းဆောင် ဒေါက်တာအေးမောင်ကို လွှတ်ပီးလာစွာတိက အချိန်တိုလေး အတွင်းမှာ ရှိလာနီစွာပါ။

ဒေအပေါ်မှာ ရခိုင့်နိုင်ငံရေးအကဲဖြတ်တိက သာမက တခြား တိုင်းရင်းသား လူထုတိကြားထဲမှာလည်း ကွဲလွဲရေ အမြင်တိတွေ့လာရပါရေ။

 450 total views,  1 views today