Arakan Yoma |

စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း ဆန္ဒပြကပ်တေ ရခိုင်ပြည်နယ်က တက်ကြွက်လှုပ်ရှားသူ စုစုပေါင်း တစ်ဒါဇင်လောက်စွာ ဖမ်းဆီးခံထားရရေလို့ သူရို့လွတ်မြောက်ရေးလုပ်ဆောင်ပီးနေသူရို့က ပြောပါရေ။


ဖမ်းဆီးခံထားရရေ ထဲမှာ အမ်းမြို့နယ်က လူငယ် ၇ ဦး၊ မာန်အောင်က ၂ ဦးနဲ့ တောင်ကုတ်မြို့နယ်က ၂ ဦးပါဝင်ပါရေ။ တောင်ကုတ်မြို့နယ်က ဖမ်းဆီးခံထားရသူတိစွာ NLD ပါတီဝင် ပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ကိုမင်းအောင်နဲ့ ဝန်းရံသူ တစ်ဦးရို့ ဖြစ်ပါရေ။

တပ်မတော်က သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံခေါင်းဆောင် ရို့ကို ဖမ်းဆီးလိုက်ပနာ နိုင်ငံအာဏာကို ရယူလိုက်ပြီးရေနောက် မြန်မာနိုင်ငံတဝှမ်းမှာ ဆန္ဒပြသပိတ်မှောက်မှုတိ ဆက်တိုက်ပေါ်ပေါက်လာစွာပါ။

ရခိုင်ပြည်နယ်မှာဆိုကေ ဖေဖော်ဝါရီလ ၅ ရက်နိန့်လောက်ကပင် စတင်လို့ စစ်အာဏာသိမ်းမှုကို ကန့်ကွန်ကြောင်း ဖဲကြိုးလှုပ်ရှားမှုတိ ပြုလုပ်လာစွာကနီ နောက်ပိုင်းမှာ ဆန္ဒပြမှုတိလည်း လုပ်ဆောင်လာ ကပ်ပါရေ။

တစ်ဖက်မှာလည်း တပ်မတော်လုပ်ရပ်ကို ထောက်ခံကြောင်း လှုပ်ရှားမှုတိလည်း ရှိနီပါရေ။ ဖမ်းဆီးထားသူတိကို ငြိမ်းစုစီပုဒ်မ (၁၉) နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မတိနဲ့ သက်ဆိုင်ရာနယ်မြေ ရဲစခန်းတိမှာ အမှုဖွင့်လှစ်ထားပါရေ။

အမ်းမြို့နယ်က လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်က သူရို့မြို့နယ်ထဲမှာ တပ်ထောက်ခံပွဲနဲ့ ကန့်ကွက်ပွဲတိ လုပ်စွာချင်းအတူတူ ကန့်ကွက်သူတိကျကေ ကိုဗစ်ကာလမှာ လူစုလူဝေးလုပ်လို့ဆိုပြီးကေ အဆိုပါပုဒ်မတိနဲ့ လိုက်လံဖမ်းဆီးနေရေအပေါ် ဝေဖန်လိုက်ပါရေ။

ယင်းပိုင် လိုက်လံဖမ်းဆီးမှုတိကြောင့် အမ်းမြို့နယ်အတွင်း ကန့်ကွက်မှုတိကို ရပ်တန့်ထားရကေလည်း မာန်အောင်၊ သံတွဲ၊ ဂွဲနဲ့ တောင်ကုတ်ရို့မှာက ဆက်လက်ဆန္ဒပြမှုတိရှိနီဆဲဖြစ်ပါရေ။

မာန်အောင်မြို့က ဆန္ဒပြသူတိကိုလည်း သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဖမ်းဆီးစွာ၊ ခံဝန်လက်မှတ်ထိုးခိုင်းစွာတိရှိခပါသိရေ။

သတင်းဓာတ်ပုံ – CJ

 620 total views,  1 views today