ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

စစ်တွေပြည်သူ့ဆီးရုံက ရင်ခွဲရုံနန့် လူသီ အလောင်း သိုလှောင်ခန်း ပရဝုဏ်အတွင်းက နာရီးကူညီ လုပ်ဆောင်မှု မြင်ကွင်းတိ့ထဲ အရင်ကဆိုကေ ယောကျင်္ားတိ့ကိုရာ မြင်တွီ့ခရကတ်ကေလေ့သင့် အဂုဆိုကေ မမသျှေတိ့ပါ ပါဝင်လာကတ်စွာကို မြင်လာကတ်ရပါယာ။

ယင်းမမသျှေတိ့စွာ လိမ္မော်ရောင် အကျီင်္နဲ့ အမည်းရောင် ဘောင်းဘီရို့ကို ယူနီဖောင်းအဖြစ် ဆင်တူ ဝတ်ဆင်ထားကတ်ပနာ အသက် ၂၀ ဝန်းကျင် အရွယ် ရှိသူတိ့လေ့ ဖြစ်ကတ်ပါရေ။ စစ်တွေမြို့က ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း အဖွဲ့ဝင်တိ့ ဖြစ်နာ ယင်းအဖွဲ့စွာ လူမှုကူညီကယ်ဆယ်ရေးတိ့ လုပ်ဆောင်နီရေ အဖွဲ့လည်း ဖြစ်ပါရေ။

“အစခါက လူသီအလောင်းတိကို ကိုင်ရေ အခါ ကြောက်ပါရေ။ မကိုင်ချင်ပါလေ။ ကိုင်လည်း မကိုင်ဖူးပါ။ ရိုးရိုးသီရေ အလောင်းထက် ပုပ်တေ အလောင်းတိဆိုကေ ပိုလို့ မကိုင်ချင်ပါ။ ကိုင်ပြီးလို့ ရှိကေ ပုပ်တေ အနံ့ကလည်း နှာခေါင်းထဲ စွဲကျန်နေခါ ထမင်းကလည်း စားမဝင်။ ညလည်း အိပ်မရဲ။ ယင်းအလောင်းပဲ မြင်မြင် နီစွာပေါ့။” လို့ စတင်လုပ်ဆောင်စဉ်က ကြုံခရရေ အခက်အခဲတိကို မြောက်ဦးမြို့နယ် ပန်းမြောင်းကျေးရွာက အသက် (၂၀) ခန့်အရွယ် မနီလာစိုးက ပြောပြပါရေ။

သူရို့ တာဝန်မှာ လူသီအလောင်းကို ရေခဲတိုက်က ထုတ်စွာက စပနာ သုဿန်သို့ရောက်ပြီး သင်္ဂြိုဟ် ပြီးစီးရေ အထိ ဆောင်ရွက်ပီးရခြင်း ဖြစ်ပါရေ။ လူ့ ပတ်ဝန်းကျင်မှာ အမျိုးသမီးတိကို နူးညံ့ အားနွဲ့သူတိ့ အဖြစ် သတ်မှတ် ထားကပ်ပါရေ။ ယင်းအတိုင်းပင် အဆိုပါ အမျိုးသမီးလူငယ် တိစွာလည်း အစပိုင်းမှာ မူလစိတ် အနေ အထားကြောင့် လူသေအလောင်းနှင့် ထိတွေ့၊ ကိုင်တွယ်ရရေအခါ ထိတ်လန့်၊ ကြောက်ရွံ့မှုတိ့ ဖြစ်ပေါ် ခကပ်ကေလည်း ခံယူချက် ပြောင်းလဲလိုက်ပနာ နောက်ပိုင်းကျကေ နီသား တကျ ရှိလားကပ်ပါရေ။

“ကိုယ်လူမျိုး ကိုယ့်တိုင်းပြည်အတွက် ခုလိုမျိုး တစ်ဘက်တစ်လမ်းက လုပ်ပီးရရေအတွက် ကိုယ့်ဟာ ကိုယ်လည်း ဝမ်းသာရပါရေပေါ့။” လို့ မနီလာစိုးက ပြောပါရေ။ တစ်ခါတစ်လီ အလောင်းတိကို သယ်ယူ ပို့ဆောင်ရေခါ အမျိုးသမီးတိဖြစ်နေရေ သူရို့ကို အားမလိုအားမရ ဖြစ်ကတ်စွာ ၊ ကဲ့ရဲ့ရှုံ့ချခြင်း တိလည်း ကြုံကပ်ရပါရေ။

မနီလာစိုး နည်းတူ စစ်တွေသူ မငြိမ်းအောင်ကလည်း အတူတူပင် ဖြစ်ပါရေ။ သူမရေ အသက် ၁၉ နှစ်ယာ ရှိသေးပါရေ။ ရုပ်ရည် ချောမောပနာ နူးညံ့ရေ အနေအထားလို့ ထင်ရရေ သူမစွာ အခုဆိုပါကေ ပီတိစားလို့ အားဖြစ်နီပါယာ။

မငြိမ်းအောင်က “အခက်အခဲဆိုကေ ပထမဆုံး ကြောက်စိတ်ပါ။ နောက်ကျ ယင်းဟင့်တိရေ အလေ့အကျင့် ဖြစ်လာပါရေ။ အခုက ကြောက်စိတ်တော့ မရှိပါယာ။ လူတိက အကူညီတောင်းကေ ပီးလိုက်ပါရေ။ တစ်ယောက်ချင်း စီကို ပီတိတိ့ ခံစားရပါရေ။ ငါရို့အဖွဲ့တိကို လူတိက အားကိုးရေ။ သူများတိ၏ အားကိုးခြင်းကို ငါရို့က ခံရရေဆိုပနာ ပီတိဖြစ်မိပါရေ။” လို့ ဆိုလာပါရေ။

ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းကို ပြီးခရေ ၂၀၁၉ ခုနှစ်၊ ၉ လပိုင်း၊ ၉ ရက်နိန့် က အဖွဲ့ဝင် ၁၀ ဦးနဲ့ စတင်ဖွဲ့စည်းခစွာ ဖြစ်ပနာ လက်ရှိအချိန်မှာ အမျိုးသား ၃၃ ဦးနှင့် အမျိုးသမီး ၂၅ ဦးထိရှိနေယာ ဖြစ်ပါရေ။ ယင်းအဖွဲ့ကို စတင် တည်ထောင်စဉ်က လူနာကို သယ်ယူပို့ဆောင်ဖို့အတွက်ယာ ရည်ရွယ်ခကေလည်း နောက်ပိုင်းမှာကျ ကဏ္ဍအရပ်ရပ်မှာ လိုအပ်ကေ လိုအပ်တေ အလျောက် ပါဝင် အကူညီပီးမှုတိ လုပ်ဆောင် လာခကြောင်း ယင်းအဖွဲ့၏ တည်ထောင်သူ ကိုမင်းထည်ဝါက ဆိုပါရေ။

“သူများတိ မလုပ်ချင်ရေ အလုပ်ပါလေ။ နာရေးဖြစ်ကေ ယောကျာ်းချေတိတောင် အိမ်မဝင်ရ ဘာညာ ဖြစ်တေဆိုခါ ကျနော်ရို့ အသင်းက မမချေတိကို ကျနော်က ယင်းနာရေး ဆုံးလားရေသူရဲ့ အလောင်းကို ကျနော်က ထမ်းခိုင်းပြီးကေ ကျနော်ရို့က လက်တွဲပြီးကေ ခေါ်ပါရေ။”

လက်ရှိမှာ ယင်းအဖွဲ့အနေနဲ့ စစ်တွေမြို့တွင်းမှာ ယာဉ်အန္တရာယ်တိနှင့် သဘာဝဘေးအန္တရာယ် အခြေ အနေတိကို စောင့်ကြည့်လျက်ရှိပြီးကေ လူမှုကယ်ဆယ်ရေး ဆောင်ရွက်ပီးခြင်းတိ အပြင် ဆေးကုသဖို့ အခက်ခဲ ရှိသူတိကိုလည်း အခမဲ့ကုသနိုင်အောင် ဆောင်ရွက်ပီးခြင်းနဲ့ ကျန်းမာရေး အခြေအနေဆိုးဝါးရေ လူနာတိကို ရန်ကုန်က လူမှုအဖွဲ့အစည်းတိနဲ့ ချိတ်ဆက်ပြီးကေ ကူညီပီးစွာတိကို လုပ်ဆောင်လျက် ရှိနေပါရေ။

ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားလာရေ နောက်ပိုင်းမှာက အသင်း၏ လိုအပ်ချက်အရ အမျိုးသမီးတိကိုလည်း တချို့ ကဏ္ဍတိမှာ ဆောင်ရွက်လာစီပြီးကေ ဒေပိုင်ဆောင်ရွက်လာရခြင်း အမျိုးသမီးတိသည်လည်း အမျိုးသားတိ နည်းတူ လုပ်နိုင်စွမ်းရှိပနာ ရဲရင့်လာစီဖို့ ရည်ရွယ်ကြောင်း ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း တည်ထောင်သူ ကိုမင်းထည်ဝါက ပြောပြပါရေ။

“ပရဟိတ ဆိုဖြစ်ကေလည်း ကျနော်ရို့ပါးကို လာကပ်တေ လူငယ်တိက ပေါ့ပေါ့တန်တန်အပေါ်ယံ ပုံစံတိ မဟုတ်ပါ။ ရောက်လာကပ်တေ ဆိုလို့ရှိကေ ကျနော်ရို့က အဓိက ကိုဗစ်ကာလ မှာဆိုကေ သူရို့ ယောကျာ်းချေတိနဲ့ တန်းတူ ဆီးဖြန်းစွာ တိရှိပါရေ။ မမချေ တိဆေးဖြန်းရေ။ PPE ဝတ်စုံတိ ဝတ်ပြီးကေ လူနာတိ ခေါ်စွာတိ ရှိပါရေ။ ယင်းပိုင်ပုံစံမျိုးနဲ့ ကျနော်ရို့က လက်တွဲခေါ်ပြီးကေ နာရေးကိစ္စရပ်တိ လုပ်ရေအခါ ပထမဆုံး အနေနဲ့ ခါက သူရို့အနေနဲ့ ကြောက်စွာ၊ လန့်စွာတိ ရှိရေ။ မမချေ တိ လုပ်ကေ အဆင်က ပြေပါမလား ဆိုရေ ပုံစံတိနဲ့လည်း ထင်ကပ်စွာရှိပါရေ။ ယင်းစာတိ အားလုံးကို ဖြတ်ကျော်ပြီးကေ ကျနော်ကိုယ်တိုင်က အသင်းသားတိနဲ့ လက်တွဲပြီးကေ သူရို့ကို ရဲရင့်စိတ်ရှိအောင် လက်တွဲလုပ်ဆောင်းပီးပနာ ခုချိန်မှာ မင်းရို့ လုပ်ကပ်ဖိဆိုပြီးကေ တာဝန်ပီးစွာ ဖြစ်ပါရေ။”

ယင်းအဖွဲ့ရေ အသင်းရံပုံငွေနဲ့ တချို့အလှူရှင်တိ၏ လှူဒါန်းငွေနန့် ရပ်တည်နီရစွာ ဖြစ်တေအတွက် အခက်ခဲ တချို့ ရှိနေပြီးကေ ပါဝင်ကူညီလုပ် ဆောင်ပီးနေကပ် သူတိမှာလည်း လူငယ်တိဖြစ်တေအတွက် တစ်ခါတစ်ခါ အဆင်မပြေမှုတိရှိကေ နားလည်ပီးကပ်ဖို့ အသင်းတည်ထောင်သူက မေတ္တာရပ်ခံပါရေ။

 499 total views,  1 views today