Arakan Yoma|

ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို ကမ္ဘာ့ အမွေအနှစ်စာရင်း ယူနက်စ်စကို တင်သွင်းရေး အချိန်တစ်နှစ် နောက်ဆုတ် လိုက်ရရေလို့ မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း၊ စောင့်ရှောက်ရေး ကော်မတီက တာဝန်ရှိသူတိက ပြောပါရေ။

တစ်ကမ္ဘာလုံးမှာဖြစ်ပွားနီရေ ကိုဗစ်ကပ်ရောဂါနဲ့ ရခိုင်ပြည်နယ်၏ စစ်ရေးပဋိပက္ခတိကြောင့် ပြည်တွင်း၊ ပြည်တွင်း ပညာရှင်တိက မြောက်ဦးမြို့၏ ရှေးဟောင်းသမိုင်းဝင် နေရာတိကို ကွင်းဆင်းဖို့အတွက် အခက်ခဲ ရှိနီရေအတွက် တစ်နှစ်နောက်ဆုတ်လိုက်ရစွာလို့ ယင်းကော်မတီ ဥက္ကဌ ဒေါ်ခင်သန်းက ပြောပါရေ။

ယင်းပိုင် တစ်နှစ်နောက်ဆုတ်လိုက်ခြင်းရေ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနခွဲ၏ ညွှန်ကြားချက်ဖြစ်ကြောင်း ဆိုပါရေ။

မြောက်ဦးမြို့ကို ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် (UNESCO) စာရင်းဝင်ဖို့အတွက် အဆိုပြုလွှာ မူကြမ်းကို မြောက်ဦးမြို့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီက ပြင်သစ်နိုင်ငံ မှာဟိ့ရေ ကမ္ဘာ့အမွေအနှစ်ရုံး UNESCO World Heritage Center ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နိန့်က တင်သွင်းခစွာ ဖြစ်ပါရေ။

အဆိုပြုလွှာမူ အချောသတ်ကိုကျ ပြီးခရေ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်းက တင်သွင်းရဖို့စွာ ဖြစ်ကေလည်း အဆိုပါ အခြေအနေတိကြောင့် အချိန်မီ တင်သွင်းနိုင်ခြင်းမရှိခဘဲ နောက်ဆုတ်လိုက်ရပနာ ၂၀၂၁ နှစ်ကုန်လောက်ရောက်မှ တင်ရဖို့ယာ ဖြစ်ပါရေ။

မြောက်ဦးမြို့ရေ ရှေးဟောင်းအမွေအနှစ်များ စုပေါင်းတည်ရှိရာ ဒေသတစ်ခုဖြစ်တေပိုင် ရခိုင့်ရို့၏ ဘုရင့်သက်တမ်း နှစ်အရှည်ကြာဆုံး စိုးစံခပြီးကေ ဖွံ့ဖြိုးတိုးတက်မှု အရှိခဆုံးလို့ ဆိုပနာ မြောက်ဦးကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရဖို့ ကြိုးပမ်းနီကပ်ခြင်းလည်း ဖြစ်ပါရေ။

 490 total views,  1 views today