Arakan Yoma

စစ်ပွဲတိ ရပ်တန့်နီရေအချိန်တခုအတွင်း အရပ်သားတိ အလားအလာ လှုပ်ရှားဂတ်စွာတိ ရှိလာရေအခါ စစ်ကျန် မိုင်းတိကို နင်းမိရေအတွက်နန့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးကတ်စွာတိ ရှိနီရေ သတင်းတိကို ရခိုင်ပြည်နယ်မှာတွိလာရပါရေ။


တိုက်ပွဲတိ စဖြစ်ရေအချိန်မှအေဂုအချိန်ထိ အရေအတွက် ဇာလောက်ထိရှိခရေဆိုစွာကို တိကျသိရဖို့ စိစစ်ရဖို့ လိုအပ်နီပါရေ ဇန်နဝါရီလ ပထမ သီတင်းနှစ်ပတ်အတွင်းမှာပင် နင်းမိုင်းပေါက်ကွဲစွာ နှစ်ခုရှိခရေလို့ ဒေသတွင်း သတင်းမီဒီယာရို့၏ ဖော်ပြချက်အရ သိရပါရေ။


ကျောက်တော်မြို့နယ် အောက်ခဘော် ကျေးရွာက မြို အမျိုးသမီးတစ်ဦး လွတ်လပ်ရေးနိ ဖြစ်တေ ဇန်နဝါရီလ ၄ ရက်နိက မြေမြှုပ်မိုင်း နင်းမိခပါရေ။ မိုင်းဒဏ်ကြောင့် ညာခြီထောက်တစ်ဖက် ဖြတ်ပလိုက်ရပြီးကေ ကျန်ခြီထောက် တစ်ဖက်နန့်လက်တစ်ဖက်မှာလည်း အရိုးကျိုးပနာ မျက်လုံး တစ်ဖက်လည်းဖွင့်မရသိန့်ပါ။ အေဂု စစ်တွေ ပြည်သူ့ဆီးရုံကြီးမှာ ကုသနီရပါရေ။



ဇန်နဝါရီလ ၁၂ ရက်နိကလည်း အသက် ၃၀ အရွယ် ရခိုင်အမျိုးသမီးတစ်ဦး ပလက်ဝမြို့နယ်အတွင် နင်းမိုင်း တစ်လုံး နင်းမိခပနာ ခြီထောက်ဒါဏ်ရာ ပြင်းထန်ခပါရေ။
နှစ်နှစ်လောက် စစ်ရေးပဋိပက္ခ ပြင်းထန်ခကတ်တေ အေအေနန့် တပ်မတော်ရို့ တိုက်ပွဲတိ ရပ်တန့်နီကေလည်း တိုက်ပွဲဖြစ်ပွားခကတ်တေ နေမြေတိမှာ မြီမြှုပ်မိုင်းနန့် စစ်ကျန်လက်နက်တိက ကျန်ရှိနီပါသိန့်ရေ။


ဇာအဖွဲ့က မိုင်းဖြစ်တေလို့ မသိရရှိရပါလို့ စောင့်ကြည့်သူတိက ပြောကတ်ပါရေ။
စစ်ပွဲနယ်မြေထဲမှာ ပါဝင်နီကတ်‌‌တေ ဒေသခံအရပ်သားတိက သက်ဆိုင်ရာတာဝန်ရှိသူတိအနေနန့် လာရောက်ပနာ စစ်ကျန်လက်နက်တိနန့် မြီမြှပ်မိုင်းတိကိုရှင်းလင်းပီးဖို့ လိုလားနီကတ်ပါရေ။


ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနန့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းကိုမီးကြည့်ရေခါ လတ်တလော မိုင်းရှင်းလင်းရေးတိ မရှိသိန့်ကေလည်း အပစ်ရပ်လက်မှတ်တိ ထိုးလာနိုင်ရေအခါ ယင်းကိစ္စရပ်တိကို ဆောင်ရွက်ပီးလားဖို့လို့ ပြောပါရေ။


ဇန်နဝါရီလ ၁၂ ရက်နိက ကျင်းပခရေ ရခိုင်ပြည်နယ် လွှတ်တော် အစည်းဝေးမှာ ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က အဆိုတစ်ခု တင်သွင်းခစွာမှာ “စစ်ပွဲအတွင်း ကျန်ရှိခရေ မြီမြှုပ်မိုင်း၊ ဗုံးတိက ဒေသခံတိအတွက် အန္တရာယ်ရှိလို့ ရှင်းလင်းရေးကို ဂရုတစိုက် ဆောင်ရွက်ပီးဖို့ လိုအပ်နီရေလို့” တင်ပြချက်လည်း ပါဝင်ခပါရေ။


ရခိုင်စစ်ပွဲရေ ၂၀၁၉ခု ဇန်နဝါရီလ ၄ ရက်နိက စတင် ပြင်းထန်ခရေလို့ နားလည်ရကေလည်း ၂၀၁၅ခုနှစ် ဧပြီလ ကပင် တိုက်ပွဲတိ ရှိလာခစွာဖြစ်လို့ ၆ နှစ်တာ ကာလအတွင်း စစ်ပွဲအတွက် ပြင်ဆင်ကတ်စွာတိထဲက မြီမြှုပ်မိုင်းတိ ဇာလောက်ထိ အသုံးပြုခကတ်တေလဲဆိုစွာမှာ စိုးရိမ်စရာတိဖြစ်နီပါရေ။


ဒေမြီမြှုပ်မိုင်းတိ ရှင်းလင်းရေး ကိစ္စရပ်တိစွာ စစ်ပွဲတိရပ်နားနီရေအချိန်တိမှာ အရပ်သားဒေသခံရို့တိ လွတ်လပ်လုံခြုံဖို့အတွက် မဖြစ်မနီ အရေးပါလာရေအကြောင်းအရာတစ်ခုလည်း ဖြစ်လာပါရေ။

 469 total views,  1 views today