ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

သတင်းထောက် သူငယ်ချင်းတစ်ယောက်နန့် မက်ဆင်ဂျာက ဗီဒီယိုကောပြောနီယင်း ဖုန်းမှန်သားပြင်ထက် Connecting ပေါ်လာပြီးကေ တစ်ဖက်က စကားသံ ရပ်လားပါရေ။ အင်တာနက်ကို စစ်ကြည့်လိုက်တေခါ 4G ပေါ်နီရေကွန်ယက်ပျောက်လားပါရေ။ အနားက အတူပါလာရေ သူငယ်ချင်းကို မီးကြည့်ခါ မင်းပြားမြို့နယ်အတွင်း ၀င်ရောက်လာလို့ထင်ရေလို့ ပြောပါရေ။ ယင်းပိုင်ခါ ကားပြတင်းပေါက်ကနီ ဘယ် ညာ တချက်လှည့်ကြည့်လိုက်တေခါ ပေါက်တောနန့် မင်းပြားမြို့နယ် ခြားထားရေ စွန်ရဲတံတားထက်မှာ ရောက်နီစွာသိရပါရေ။


ကျွန်တော်နန့် သူငယ်ချင်းတစ်ဦး မင်းပြားမြို့နယ်ကို အလုပ်ကိစ္စတစ်ခုနန့် လားခီစွာပါ။ ပြီးခရေ ဒီဇင်ဘာလကုန်ပိုင်းက ဖြစ်ပါရေ။ ကိုဗစ်အခြေအနေတိကြောင့် ရီလမ်း(သင်္ဘော)ကြောင်းတိ ပြန်မဖွင့်သိန့်စွာက တကြောင်း၊ စစ်ပွဲ အခြေအနေတိအရ ကားလမ်းကြောင်းတိ အဆင်မပြေစွာက တကြောင်းနန့် ကျွန်တော်ရို့ မင်းပြားကို တိုက်ရိုက်လားလို့ အဆင်မပြေ။
ယေဇူးနန့် ပေါက်တောက ကုန်တင် စက်လှေတစ်စီးနန့် လိုက်ခကတ်ပါရေ။

စစ်တွေက ၃ နာရီခန့်က စပနာ ထွက်လာကတ်တေ စက်လှေရေ ပေါက်တောမြို့ဘုတ်ဆိပ်ကို ညဇာ ၅ နာရီခွဲလောက်ရောက်ပါရေ။ ရောက် ရောက်ချင်းပင် ပါလာရေအထုပ်အပိုးတိကို ကမ်းထက်တင်ပနာ မင်းပြားကို ဆက်လားဖို့ ကားစုံစမ်းကတ်ပါရေ။ ထွက်ဖို့ကားရှိလို့ ကားထက်ထိုင်ပနာ တချက်ချေစောင့်နီစွာ စစ်တွေက ကျွန်တော်ရို့တိပိုင် လိုက်ပါ လာကတ်တေ ခရီးသည်တိလည်း တွိရပါရေ။ ပေါက်တောက ထွက်ခွာလာကတ်စွာ မင်းပြားမြို့နယ်အတွင်း ရောက်စွာနန့် ကျွန်တော်ရို့အင်တာနက်သုံးစွဲခွင့်စွာလည်း လုံးလုံး ပျောက်ကွယ်လားပါရေ။


မင်းပြားမြို့နယ်စွာ ရခိုင်ပြည်နယ် မြောက်ပိုင်းက စစ်ပွဲဖြစ်ခရေ နယ်မြေတိထဲက တစ်မြို့နယ်အပါအဝင်လည်း ဖြစ်ပါရေ။ ရခိုင့်တပ်တော် အေအေနန့် မြန်မာ့တပ်မတော်ရို့ စစ်ရေး တင်းမာလာပြီးနောက်ပိုင်း ၂၀၁၉ ခုနှစ်၊ ဇွန်လမှာ အစိုးရက ရခိုင်ပြည်နယ်က မြို့နယ် ၈ ခုနန့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ရို့မှာ အင်တာနက် ပိတ်ထားခစွာပါ။
ပိတ်ထားစွာ တစ်နှစ်နှင့် ၆ လထိ ကြာနီဗျာလ်ဖြစ်ပါရေ။


မင်းပြားမြို့နယ်က ဒေသခံတိ ပြောကြားချက်အရ ဆိုပါကေ အင်တာနက် အသုံးပြုချင်ကတ်တေသူတိ မြို့နန့်၂ မိုင်လောက်ဝီးရေ နေရာတိကို လားရေလူရှိရေပိုင် စစ်တပ် နယ်မြေတိအနားမှာ လိုင်းကောင်းလို့ ယင်းအနားကို လားကတ်တေ လူတိရှိလို့လည်း သိရပါရေ။ တချို့တိမှာလည်း တောင်ကုန်းထက်တိမှာ အင်တာနက် အသုံးပြုနီကတ်စွာတိကို အလုပ်နားရက် တနင်္ဂနွီနိတစ်ရက်က မြင်တွေ့ခဲ့ရပါရေ။


ကျွန်တော်ရို့မင်းပြားကို ရောက်လားချိန်က လက်နက်ကိုင်နှစ်ဖွဲ့ရို့အပစ်ခတ်တိ ရပ်နီချိန်လည်း ဖြစ်အတွက်နန့် အပြင်ထွက်လားရစွာ အဆင်ပြေနီပါရေ။
ယင်းနိက ရောက်လုဆဲဆဲမှာပင် မြို့ဝင်တပ်ရင်း တစ်ခုအနားမှာ အပေါ့စား မိုင်းပေါက်ကွဲစွာ တစ်ခုဖြစ်ပွားခသိန့်ရေလို့ မင်းပြားကိုရောက်မှ စစ်တွေက သူငယ်ချင်းတစ်ဦး ဖုန်းဆက်ပြောပြလို့ သိခဲ့ရသည်။


မင်းပြားကို ရောက်တေခါလည်း ဖုန်း အင်တာနက်လိုင်တိးကို ဖွင့်ကြည့်ရာမှာ Telenor နှင့် Ooredoo ရို့ 2G အဆင့်ရကေလည်း MPT ကလိုင်တစိချေလည်းမရခပါ။ မြန်မာ့တပ်မတော်က ရှယ်ယာ အများပိုင်ဆိုင်ထားရေလို့ ဆိုကတ်တေ Mytel ကလည်း 2G လိုင်းရာရရေလို့လည်း ပြောကတ်ပါရေ ။


2G အဆင့်လောက်နန့်က အဝိုင်းရာလည်နီလို့ Facebook မှာ ဓာတ်ပုံပင် ကြည့်လို့မရပါ။
ကျွန်တော်နန့် ကျွန်တော့်သူငယ်ချင်းရို့ မင်းပြား ဒေသခံ ညီငယ်ချေနှစ်ဦးနန့်အတူ မင်းပြား – မြေပုံလမ်းရှိ ကြပ်စင်တံတားထက်မှာ အင်တာနက်လိုင်းရရေ ပြောသံကြားလို့ ဆိုင်ကယ် နှစ်စီးနန့် လေးယောက် ထွက်လာခကတ်ပါရေ။


ဟိုနေရာ ဒေနေရာ ဓါတ်ပုံ လျှောက်ရိုက်နီရကေ ကျေနပ်နီတတ်တေ ကျွန်တော် ဖုန်းကိုထုတ်ပနာ ဆိုင်ကယ်နောက်က ထိုင်ရင်း တစ်လမ်းလုံး တောက်လျှောက် ဗီဒီယို ကလစ်ချေတိ ရိုက်လို့ပါလာခပါရေ။ ကြပ်စင်တံတားကို ရောက်ချိန်ထိ ရိုက်နီခပါသိန့်ရေ။

ကျွန်တော် သတိမထားမိရေ နီရာတစ်ခုအရောက်မှာ “ဟေ့…..ယောင်၊ ဟေ့…ယောင်၊ ရပ်…ရပ်…” ဆိုရေ အသံတစ်ခုကို ကြားလိုက်ရပါရေ။ လှည့်ကြည့်လိုက်ရေခါ တံတား ပလက်ဖောင်းထက် တဲထိုးကာ လုံခြုံရေး ယူနီကတ်တေ တပ်မတော်သားတိကို တွိမြင်ရပါရေ။


တပ်သားတစ်ဦးက ကျွန်တော်တို့ဆိုင်ကယ်ကို လက်ယက်ခေါ်ပြီး သူရို့ဘားကို ပြန်လှည့်လာဖို့ အချက်ပြပါရေ ဆိုင်ကယ်ပြန်လှည့်ဖို့ အလုပ် အရာရှိလို့ ထင်ရရေ တစ်ဦးက လာစရာ မလိုဗျာလ်လို့ အမူအရာပြမှ ကျနော်ရိုဆက်လားခွင့်ရခပါရေ။


လှမ်းခေါ် ခံရချိန်က ကျွန်တော်က အားကုန်မောင်းနီရေ ဆိုင်ကယ်ထက်က မြင်ရရေ တံတား ခေါင်မိုး အရစ်ရစ်ချေတိကို စိတ်ဝင်တစား ရိုက်ကူးနီခစွာဖြစ်ပါရေ။
ယေဇူးနန့်ပလက်ဖောင်းထက်က တပ်မတော်သားတိကို မမြင်ခစွာပါ။ ကျွန်တော်ရာ ရှေ့တည်တည့်ကို ဓါတ်ပုံရိုက်နီခဖို့ဆိုကေ အခုပိုင်အဆင်ပြေလီဖို့မထင်ပါ။
ကျွန်တော်ရို့ရှေ့က မောင်းလားခရေသည့် ဆိုင်ကယ်နောက်ကို မြီအောင်လိုက်ပြီး တံတားအလွန်က တဲ ချေတိမှာ တချက်ချေ အနားယူကာ အင်တာနက်မသုံဖြစ်ခဘဲ ပြန်လှည့်လာခကတ်ပါရေ။


ယင်းပိုင် အင်တာနက် အသုံးပြုဖို့လားချိန်တိ တပ်မတော်စစ်ကြောင်းတိနန့်တိုးလို့ ဖုန်းတိကို စစ်ဆေးခံရပြီး မသင်္ကာဆိုပနာ ထိန်းသိမ်းခြင်းခံရရေပိုင် တချို့လူငယ်ချေတိဆိုကေလည်း သူရို့ ခိုင်းလို့ အရက်နန့်အခြားဝယ်စရာရှိစွာတိဝယ်ပီးရခြင်း၊ ကြက်ပါလာရေ ဒေသခံတိဘားက ကြက်တိ တောင်းရမ်းခံရခြင်းတိ ကြုံကတ်ရကြောင်း ပြောဆိုကတ်စွာတိကြားသိခရပါရေ။


“လူငယ်ချေတိကို အင်တာနက် ဖြတ်တောက် ခံထားရအတွက် အများကြီး ဝမ်းနည်းမိပါရေ။ ရခိုင်ဒေသမှာ ရှိနီရေ အခြားအင်တာနက် ဖြတ်ထားခံရရေ ဒေသက လူငယ်တိအတွက်ပါ အားလုံး စိတ်မကောင်း ဖြစ်ရပါရေ။


2G အင်တာနက်က သတင်းတောင်မှ ဖတ်လို့မရရေ အနေအထားတိပါ ။ 2G က 4G ဖွင့်နိုင်အောင် အားလုံးဝိုင်းဝန်းပြီးကေ အသစ်တက်လာရေ အစိုးရအနီနန့်အင်တာနက်လိုင်းကို ပြန်ပနာ ဖွင့်လာဖို့အတွက် ဆောင်ရွက်ပီးဖို့အတွက်ကို ပြောချင်ရေ။ ”လို့ မင်းပြားမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါရေ။


သူက အင်တာနက်ဖြတ်တောက်ခံရခြင်းနန့် ပတ်သက်လို့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အဆိုတင်ခသူဖြစ်ပါရေ။ အင်တာနက် ပြန်ဖွင့်ပီးရန် ပြည်နယ်အစိုးရကတဆင့် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း တောင်းဆိုထားရေ သူ့အဆိုကို လွှတ်တော်ကလည်း ထောက်ခံမှုများလို့ အတည်ပြုနိုင်ခပါရေ။


ယေ‌ေကလေးသင့် ပြည်နယ်အစိုးရ၏ အကောင်အထည်ဖော်စွာ အားနည်းရေအတွက်နန့် အထမမြောက်ခဘဲ လက်ရှိအချိန်ထိ အဆိုအဖြစ်သာ ရှိနီသိန့်ရေလို့း ဝေဖန်ပါရေ။
ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာသူ မဝေဝေထွန်းက ရခိုင်ပြည်နယ်မှာ အင်တာနက်ဖြတ်တောက်ခံထားရစွာရေ လူ့အခွင့်အရေးချိုးဖောက်စွာလို့ ယူဆပြီး “ကိုယ်ရို့တိစွာ နိုင်ငံသားမဟုတ်လို့လား။ မြန်မာနိုင်ငံသားအဖြစ် အသိမှတ်ပြုမခံရစွာလား။” လို့ အစိုးရအပေါ် မီးခွန်းထုတ်ပါရေ။

တက္ကသိုလ်တက်နီရေ သူ့အနီနန့် ကိုဗစ်အခြေအနီတိကြောင့် ကျောင်းတိ ပိတ်ထားရရေ အေဂုကာလအတွင်း အွင်လိုင်းမှတဆင့် ကွန်ပျူတာနန့် အင်္ဂလိပ်စာတိစွာ လူငယ်တစ်ဦးအတွက် လိုအပ်ပါရေ။ အင်တာနက် မရလို့ လေ့လာဖို့ အခက်ခဲဖြစ်နီရပါရေ။


အစိုးရက ကိုဗစ်အခြေအနေတိကြောင့် အခြေခံပညာ မူလတန်းကျောင်းမှအစ တက္ကသိုလ်တိအထိ ပိတ်ထားရရေအတွက် အွင်လိုင်းကတဆင့် ပညာသင်ကြားပီးလားဖို့ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောကြားထားစွာတိးလည်း ရှိပါရေ။


ရခိုင်ပြည်နယ်နန့် ချင်းပြည်နယ် ပလက်ဝအတွက်က အစိုးရပြောကြားချက်နန့် ဆန့်ကျင်ဖက်ဖြစ်နီပါရေ။
အင်တာနက် အပိတ်ခံထားရရေ မြို့နယ်တိထဲက ရခိုင်ပြည်နယ်မြောက်ပိုင်းက မင်းပြားအပါအဝင် မြောက်ဦး၊ မြေပုံ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တိ ပါဝင်ပါရေ။ မောင်တောမြို့နယ်ကိုက တိုက်ပွဲအခြေအနီတိ ငြိမ်သက်လာရေဆိုပနာ ပြီးခရေ မေလက ဖွင့်ပေးခပါရေ။

အင်တာနက် ဖွင့်ပီးရဖို့ ကျန်ရှိနီသိန့်ရေမြို့နယ်တိမှာ အင်တာနက်အသုံးပြုကတ်တေ နည်းလမ်း နောက်တမျိုးရှိပါသိန့်ရေ။ ပေ ၆၀ ဝန်းကျင် ရှည်လျား‌‌ရေဝါး (သို့မဟုတ်) သံတိုင်ကို ထူပနာ ဖုန်းတလုံးကို ဝါးထိပ်ဖျားထက်မှာ တွဲပနာ Data mode နန့် Hotspots ဖွင့်ကာ မြေပြင်မှ ဖုန်းနန့် WIFI ချိတ် ဖမ်းယူသုံးစွဲကတ်စွာ ဖြစ်ပါရေ။


အိမ်ခေါင်ကျော်ပနာ ထိုး ထောင်နီရေဝါးလုံးတိုင်တိ အကြောင်း နားမလည်ခရေ ကျွန်တော် ဒေသခံတချို့ ရှင်းပြမှ သဘောပေါက် သိလာရပါရေ။ ၂၀၁၄ခုနှစ်က ကောက်ယူထားရေ သန်းခေါင်စာရင်းအရ လူဦးရေ ၃၂ သိန်းရှိရေ ရခိုင်ပြည်နယ်က လက်ရှိအနေထားအရ လူဦးရေ ၁၀ သိန်းခန့် အင်တာနက်သုံးစွဲခွင့် ဆုံးရှုံးနီပါရေ။


ကိုမောင်စိုးသန်းက မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာမှာ တာဝန်ကျနီရေ အလယ်တန်းပြဆရာတစ်ဦး ဖြစ်ပါရေ။

သင်ရိုးအသစ် ပြောင်းလိုက်သည့် ၂၀၂၀ – ၂၀၂ ပညာသင်နှစ်အတွက် နားမလည်သိန့်ရေ သင်ခန်းစာတိရှိနီခကေလည်း အင်တာနက်မရလို့ လေ့လာခွင့်မရှိခါ ကျောင်းသားတိကို ပို့ချဖို့အတွက်နားမလည်ဖြစ်ကတ်ဖို့စွာကို စိုးရိမ်နီပါရေ။“ဒေနှစ် ပညာရေးနန့်ပတ်သတ်တေ သင်တန်း Greade-6 သင်တန်းမှာဆိုကေ အခက်အခဲတိ များပါရေ။ အရင်ခါကဆိုကေ ကျနော်ရို့ အထက်က ပို့ချစွာတိကို ဒေါင်းလုပ်ပြီးကေ ကြည့်လို့ရသိန့်ရေ။ သူရို့ သင်ပြနည်းတိ သင်ပြပုံတိ။ ခုကျခါ ကိုဗစ်ရောဂါ ဖြစ်စွာလည်းတကြောင်း။ အင်တာနက်လိုင်းမစွာလည်းတစ်မျိုးနန့် ကျနော်ရို့ သင်ကြားပို့ချစွာတိကိုလည်း အဆင်ပြေအောင်ထိ မကြည့်လိုက်ရပါ။ မှတ်သားလို့ မရလိုက်စွာတိ ရှိပါရေ။ ” လို့ ကြုံနီရရေ အခက်ခဲတချို့ကို ပြောပြပါရေ။

တကမ္ဘာလုံး ကိုဗစ်ကူးစက်ခံနေရချိန်တွင် ယင်းဒေသနေ လူထုမှာ ကျန်းမာရေးဝန်ကြီးဌာနမှ အင်တာနက်က တဆင့် ထုတ်ပြန်သော သတင်းအချက်လက်များကို မသိရဘဲ ဖြစ်နေကြရသည်။ ယင်းအပြင် အင်တာနက်နှင့် ဆက်စပ်လုပ်ရသော ဘဏ်လုပ်ငန်းနှင့် ငွေလွှဲခြင်းများစသည့် စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင်လည်း ထိုနည်းတူပင်ဖြစ်သည်။


ယင်းပိုင် အခွင့်အရေးတိ ဆုံရုံးစွာတိများလာကတ်တေအခါ လမ်းကိုထွက် တောင်းဆိုကတ်စွာတိ ပေါ်ပေါက်လာရပါရေ။ တောင်းဆိုစွာတိကြောင့်လည်း ဖမ်းဆီးခံရသူတိ များစွာရှိခပါရေ။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အဖွဲ့ – အသံ၏ ပြောဆိုချက် အရ ရခိုင်ပြည်နယ်မာ စစ်ပွဲတိ ရပ်တန့်ရေးနန့် အင်တာနက်ပြန်ဖွင့်ပးရေး တောင်းဆိုစွာတိကြောင့် တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၆၁ ဦးအထိ တရားစွဲဆိုခံထားရပါရေ။


အဖမ်းခံရစွာမာ ကျောင်းသားလူငယ်တိများစွာ ပါဝင်ပါရေ။ ဒီဇင်ဘာ ၂၃ ရက်နိက အွင်လိုင်းထက်က ပြုလုပ်ခရေ မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားနီရေ ဒေသများနန့် ပဋိပက္ခမဖြစ်ပွားရေ ဒေသတိထဲက သတင်းအချက်အလက် ရပိုင်ခွင့်နန့် ဒီဂျယ်တယ် အခွင့်အရေးတိကို လေ့လာဆန်းစစ်ခြင်း သုတေသန အစီအရင်ခံစာ က တဆင့် ထုတ်ပြန်ပြောဆိုခစွာလေးဖြစ်ပါရေ။

တရားစွဲဆို ခံထားရသူတိကို ငြိမ်းစုစီ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ၊ ၅၀၅ (က)၊ ၅၀၅ (ခ)တိနန့် တရားစွဲခံထားရစွာဖြစ်ပြီး စွဲဆို ခံထားရသူတိထဲက ၄၅ ဦးမှာ စက်တင်ဘာလ တစ်လ တည်းမှာ စွဲဆိုခံရစွာဖြစ်တေလို့ဆိုထားပါရေ။ တရားစွဲဆို ခံထားရသူတိမှာ အမိန့်ချထားသူ ၄ ဦး၊ တရား ရင်ဆိုင်နေရသူ ၁၆ ဦး၊ ဖမ်းဝရမ်း ထုတ်ခံထားရသူ ၁၁ ဦး၊ အာမခံရပြီး ပြင်ပက တရားရင်ဆိုင်နီရသူ ၅ ဦး၊ အမှုမှ ပလပ်ခံရသူ ၁ ဦး၊ ခံဝန်ဖြင့် သတိပီး ခံရသူ ၂ ဦး၊ သတိပီး စောင့်ကြည့်ခံရသူ ၄ ဦးရို့ ဖြစ်ပြီး ကျန်လူတိက အမှုပြီးပြတ်ခဗျာလ်လို့သိရပါရေ။

ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းဝင်းက “ဒေချင်းက လူငယ်တိကို တစ်ခါတည်း အမှောင် ချလိုက်ရေပိုင် လူငယ်တိအတွက် အခွင့်အရေးတိနန့် လူငယ်ချေရို့ အနာဂါတ်တစ်ခုလုံးကို အမှောင်ချလိုက်စွာနန့်နဲ့ တူလားပါရေ။ ” လို့ မှတ်ချက်ပီးပါရေ။


တရားစွဲဆို ခံထားရရေသူတိစွာ အနည်းဆုံး ဒဏ်ငွေ ၃ သောင်း အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်ထိ ချမှတ် ခံနီကတ်ရပါရေ။ ယင်းအတွက်နန့် အစိုးရက စွဲဆိုထားရေ အမှုတိကို ရုတ်သိမ်းပနာ ထောင်ဒဏ် ချမှတ်ခံထားရရေ ကျောင်းသား လူငယ်တိနန့် တက်ကြွလှုပ်ရှားသူတိကို ပြန်လွှတ်ပီးသင့်ကြောင်း အသံအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ကိုမောင်ဆောင်းခက ပြောပါရေ။

“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ပြီးကေ လက်ရှိ တရားစွဲဆိုထားရေ အမှုတိ အားလုံးကို ရပ်တန့်ပီးဖို့ ဒေအမှုတွေကို ပြန်လည်ရုပ်သိမ်း ပီးဖို့နယေပြီးကေ ဖမ်းဆီး ထောင်ချထားရေ သူတိကိုလည်း အမြန်ဆုံး ပြန်လွှတ်ပီးဖို့ အတွက် ကျနော်က အဓိကထား ပြောဆိုချင်ပါရေ။”လို့ ဆိုပါရေ ။ လူ့အခွင့်အရေးနိတိမှာ အခွင့်အရေး တောင်းဆို ကတ်တေ ကျောင်းသား လူငယ်တိကို တရားစွဲဆိုနီစွာရေ အစိုးရအနီနန့် အရှက်ရစရာ ကိစ္စရပ်တစ်ခု ဖြစ်တေလို့လည်း သူက ဝေဖန်ပါရေ။


အင်တာနက် ပိတ်ထားစွာက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခရေ လက်နက်ကိုင် ပဋိပက္ခတိအတွင်း မြန်မာ့တပ်မတော် ၏ စစ်ဆင်ရေးလျှို့ဝှက်ချက်တိ ပေါက်ကြားလားရေအတွက် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ဥက္ကဌ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောထားပါရေ။ အေဂုခါဆိုကေ အေအေနန့်တပ်မတော်ရို့ တိုက်ပွဲတိရပ်တန့်နီပါရေ အေဂုပိုင် စစ်ဆင်ရေးတိလည်း မရှိဗျာလ်ဖြစ်လို့ 2G အဆင့်က မြန်နှုန်းမြင့် 4G အင်တာနက် အဆင့်ကို ပြန်ဖွင့်ပီးဖို့ လူငယ်တိက လိုလားနီကတ်ပါရေ။


“ကျနော်ရို့ အခုပိုင် ပညာရေး အခွင့်အလမ်းတိနန့် စီးပွားရေး လူမူရေး အစစအရာရာ ဆုံးရှုံးနီရေအတွက်နန့် ကျနော်ရို့ ရခိုင်ပြည်နယ်ကို Internet လိုင်းကို အမြန်ဆုံးဖွင့်ပီးစီချင်ပါရေ။ ၂၀၂၁ခုနှစ် ကိုလည်း ရောက်လာဗျာလ် ဖြစ်အတွက်နန့် အမြန်ဆုံး ဖွင့်ပီးနိုင်ဖို့လဲ မျှော်လင့်ပါရေ။ ”လို့ ကျောက်တော်မြို့နယ်၊ လိပ်မကျေးရွာက စစ်တွေတက္ကသိုလ် စတုတ္ထနှစ် ကျောင်းသား မောင်ဌေးဝင်းက ပြောပါရေ။


ယင်းပိုင် တောင်းဆိုနီကတ်စွာတိနန့် ပတ်သက်လို့ မေးမြန်းစွာမှာ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုပြန်ကြားရေး တာဝန်ခံ မုံရွာအောင်ရှင်က “အားလုံးလည်း သိရေအတိုင်းပါ‌ဗျာလ်။ တပ်မတော်နန့် အေအေနန့်လည်း နားလည်မှုတိ အများကြီးရနီကတ်ပါရေ။ ယေပြီးကေ ဒေသက စစ်ဘေးဒုက္ခသည်တိကလည်း ပြန်လာနီကတ်ဗျာလ်ဆိုရေခါ မကြာခင်တော့ ပြန်ဖွင့်လိမ့်မယ်လို့ ကျနော်ထင်ပါရေ။”လို့ ဆိုပါရေ။

 477 total views,  1 views today