ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

“မိဘမွေးလိုက်ခါက အကောင်း။ ကားအက်စီးဒန့် ဖြစ်လားရေ။ ဆိုင်ကယ်အက်စီးဒန့် ဖြစ်လားရေဆိုကေ အကျွန်ရို့က ဖြေသာ ပါသိရေ။ ခုက တစ်ခုလဲမဖြစ်ဘဲ ရွာနားမှာ တိုက်ပွဲတစ်ခါလဲ မဖြစ်ဖူးဘဲ လက်နက် ကျလာစွာ ဆိုရေခါ အကျွန် တဝစိတ်ထိခိုက်ရပါရေ။ ” လို့ ဆိုပနာ – ဖြေမဆည်နိုင်ဘဲ စီးကျလာရေ မျက်ရည်တိကို ဒေါ်မာမာအေး တစ်ယောက် လက်တစ်ဖက်နဲ့ သုတ်လိုက်ပါရေ။

သူ့ ဆယ်ကျော်သက်အရွယ် သားဖြစ်တေ မောင်ကျော်ဆန်းဝင်းမှာ ညာခြေထောက်တစ်ဖက်နဲ့ လက်ညိုးတစ်ချောင်း ပိုင်းဖြတ်ထားရရေ အဖြစ်ကို ပြောပြနေရင်း ဝမ်းနည်းပက်လက်နဲ့ ယင်းပိုင် ဆိုလာခြင်းလည်းဖြစ်ရေ။ သူရို့ယေ ရန်ကုန် – စစ်တွေ အဝေးပြေးလမ်းမ နားက ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာက ဖြစ်ပါရေ။ ယေလေ့သင့် အခုကျခါ စစ်တွေမြို့မှာ နေထိုင်လျှက်ရှိပါရေ။

စစ်တွေမြို့ပေါ်မှာ နီထိုင်နီကပ်တေ ဆိုကေလည်း တခြားသူတိပိုင် စီးပွားရေးအခြေအနေကောင်းလာလို့ မြို့ပေါ်ကို တက်လာကတ်စွာ မဟုတ်ပါ။ စစ်ဘေးရှောင် အဖြစ်ခိုလှုံဖို့ ရောက်ဟိ့လာကပ်စွာရာ ဖြစ်ပါရေ။ ပြီးခရေ ဧပြီလ ၁၃ ရက်နိန့်က တခြားသူတိ့အဖို့ အပျော်ရွှင်ရဆုံး နှစ်ကူး အတာသင်္ကြန်ကာလ ဖြစ်ခကေလည်း မောင်ကျော်ဆန်းဝင်း အတွက်က ဘဝထဲမှာ အခါးသီးဆုံးနဲ့ ကံ အဆိုးဆုံးနိန့် တစ်နိန့်ရာ ဖြစ်ခပါရေ။

ယင်းနိန့်မိုးထ ၇ နာရီ မတိုင်ခင်ထိ လှုပ်လှုပ်ရှားရှား စည်စည်ကားကား ရှိနီခရေ ကားလမ်းဘေးက ရွာချေရေ “ဂျိန်း” (ကျယ်လောင်ရေအသံတစ်ခု) ဆိုရေ အသံတစ်ချက်ကြောင့် အရာရာ ပြောင်းလဲ လားခရပါရေ။ ယင်းအသံ ထွက်ပေါ်လာပြီးရေခါ လူတချို့စွာ အလိုအလျောက် လဲလျောင်းပြီးသား ဖြစ်လားစွာပိုင် တချို့ဆိုကေလည်း အကာအကွယ်ယူကာ ပုန်းလျက်သား ဖြစ်လားပါရေ။

ယင်းအချိန်က ညီမဖြစ်တေ အိမ်မှာထိုင်နီကပ်တေ ဒေါ်မာမာအေးနဲ့ သားဖြစ်သူရို့စွာ နီအိမ်ကို အယင် ပြေးလာကပ်ပါရေ။ အိမ်ဝကို အရောက်မှာပင် အရာတချက် ထပ်လို့ကျရောက်လာခါ သားဖြစ်သူနဲ့ လင်ယောင်္ကျား အပါဝင် သူ့ မိသားစုဝင် တချို့ လဲကျလားကပ်ပါရေ။ ကံကောင်းစွာမှာက ကိုယ်ဝန် (၈) လ လွယ်ထားရရေ ဒေါ်မာမာအေး ဖြစ်ပါရေ။

“အကျွန်က သားကို အိမ်ထဲဝင်ဖို့ ခေါ်ချိန်မှာပင် လက်နက်ကြီး နောက်တစ်လုံးကျစွာပါ။ လမ်းထက်မှာ ကျစွာပါ။ အကျွန်ကတော့ကေ တစ်ခုလဲမဖြစ်လိုက်ပါ။ သားချေက ယင်းနေရာမှာ လဲလားပြီးကေ သူ့အဖ ညီအစ်ကိုတိ အားလုံး လဲလားကပ်ပါရေ။ ယင်းမှာ လူပေါင်း ၁၀ ကျော် ပါလားရေ။ အကျွန်လဲ ကံကောင်းလို့ပါရာ။ မဟုတ်ကေ အကျွန်လဲ သီလား နိုင်ပါရေ။ အကျွန်က ကိုယ်ဝန် (၈) လနဲ့ ရပ်ကျန်ခပါရေ။” လို့ ယင်းနိန်က အဖြစ်အပျက်ကို ဒေါ်မာမာအေးက ပြန်ပြောင်းပြောပြပါရေ။

ယင်းဖြစ်စဉ်မှာ လက်နက်ကြီး ၂ လုံး ဆက်တိုက်ကျရောက်ခပြီးကေ ကျောက်ဆိပ်ရွာသား ၈ ယောက် သေဆုံးပနာ ၈ ယောက် ထိခိုက်ဒဏ်ရာရခပါရေ။ ယင်းအထဲမှာ ဒေါ်မာမာအေးရို့ ဆွေမျိုးအများစု ပါဝင်ရေလို့ ဆိုပါရေ။ ဒဏ်ရာရခလူတိ့ထဲ ဒေါ်မာမာအေး သားဖြစ်သူ မောင်ကျော်ဆန်းဝင်းမှာ ဒဏ်ရာအပြင်းထန်းဆုံး ရရှိပနာ စစ်တွေစစ်ဆေးရုံက တဆင့် ရန်ကုန်အထိ လားရောက် ကုသခရပြီးကေ ညာခြေထောက်နှင့် ညာလက်ညိုး တစ်ချောင်း ဖြတ်လိုက်ရပါရေ။

ငွေကြေးချို့တဲ့မှုကြောင့် ၆ တန်းက ကျောင်းထွက်ပြီးကေ အဖနဲ့အတူ အလုပ်ထွက်လုပ်၊ မိသားစုကို အလုပ်အကျွေးပြုဖို့ တက်ကြွ၊ ထက်သန်နီတတ်တေ မောင်ကျော်ဆန်းဝင်းစွာ ယင်းအဖြစ်အပျက်ကြောင့် မသန်စွမ်းဘဝကို ရောက်ရှိလားပြီးကေ နောက်ခါ ဝါကျွတ် (သီတင်းကျွတ်)၊ တန်ဆောင်မုန်း (တန်ဆောင်တိုင်) က ဗြောက်အိုး ဖောက်သံတိကိုပင် မကြားဝံ့ ဖြစ်နေရေလို့ မိခင်က ဆိုပါရေ။ အဂု သတင်းကို လားရောက်ယူချိန် အင်တာဗျူးဖို့ Arakan Yoma က တောင်းဆိုခါမှာလည်း ကြောက်လန့်တကြား ငြင်းဆန်ခစွာကို မြင်တွေ့ခရပါရေ။

“ခုပိုင်ဖြစ်လားလို့ ကျွန်တော် ဇာနေရာမှာလဲ လုပ်စားလို့ မရလိုက်ဗျာလ်။ စာလဲ မတတ်ပါ။ ဘာဘာရို့၊ မေမေရို့ကိုလည်း လုပ်ကျွေးလို့ မရပါယာ။ ကျွန်တော့်မှာ ခြေတစ်ချောင်း မရှိပါယာလို့ ငိုပါရေ။ စိတ်ဓာတ်တိ ကျနေပါရေ။ သူက အသက်ရှိယင်းနဲ့ ဘဝ သေနီယာ ဆိုပြီးကေ နိန့်တိုင်းပြောနေပါရေ။”လို့ သားဖြစ်သူ၏ စကားကို မျက်ရည်စက်လက်နှင့် ဒေါ်မာမာအေးက ရင်ဖွင့်ပါရေ။

အေအေနှင့် တပ်မတော်ရို့၏ တိုက်ပွဲ နောက်ဆက်တွဲဖြစ်ရပ်တိကြောင့် ဖြစ်ပေါ်လာရေ ထိခိုက်ဒဏ်ရာရသူ အရပ်သားတိကို စစ်တွေမြို့၊ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းရှိ ဘာသာရေး အဆောက်အဦးတိမှာ ထားလေ့ရှိပြီးကေ အလားတူ တိမ်းရှောင်လာကပ်တေ ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ် ၇ ခုက စစ်ဘေးဒုက္ခသည် စုစုပေါင်း ၄၀၀ ကျော်ရှိနေပါရေ။

ယင်းအထဲ့က မောင်ကျော်ဆန်းဝင်းနည်းတူ လက်နက်ကြီးကျရောက်ခြင်း၊ မိုင်းနင်းမိခြင်းတိကြောင့် ကိုယ်လက်အင်္ဂါ မသန်စွမ်းယာဖြစ်တေ လူ ၂၀ လောက်ရှိရေလို့ ယင်းဘုန်းတော်ကြီးကျောင်း လူမှုကယ်ဆယ်ရေးဌာနက စာရင်းအင်းတိ့အရ သိရပါရေ။ ယင်းထဲမှာ မောင်ကျော်ဆန်းဝင်းနှင့် အသက်မတိမ်းမယိမ်းအရွယ်ခန့် ရှိနီရေ အမျိုးသမီးလူငယ်ဦးရေက ပိုများနီစွာကို တွေ့ရပါရေ။

“သရက်အုတ်ရွာကို မိုးထ ၅ နာရီလောက်က စစ်ကားတိ့ ဝင်လာပါရေ။ ရွာမှာ စစ်ပွဲဖြစ်ဖို့ကြောက်လို့ ကျောက်တော်မြို့ကို ပြေးကပ်ပါရေ။ ယင်းသရက်အုတ်ရွာက စစ်ကားတိက ကျောက်တော်ကို ပြန်တက်လာပြီးကေ ကားလမ်းမှာ ပစ်လားခပါရေ။ ည ၅ နာရီကနေ ည ၂ နာရီကျော်မှာ ကျောက်တော်ဆေးရုံကို ဝင်ရပါရေ။ မိုးလင်းခါမှ စစ်တွေ ဆေးရုံကို နာရေးကားနှင့် ပို့လာပါရေ။ စစ်တွေရောက်စွာနဲ့ ဆရာ ဦးသိန်းစိုးရို့က ကူညီပေးပါရေ။ ယင်းဆရာရို့ အကူညီကြောင့် ဆေးရုံမှာ ၂ လ၊ ၃ လလောက် နေခရပါရေ၊ ခြေတစ်ဘက် ဖြတ်လိုက်ရပြီးကေ ဆေးရုံက ဆင်းစွာနဲ့ ဒီအလိုတော်ပြည့် ဘုန်းကြီးကျောင်းကို ပို့လိုက်ပါရေ။”လို့ အသက် ၁၇ နှစ်အရွယ် မမိုးမိုးနွေက ပြောလာပါရေ။

သူစွာ ရခိုင်မျိုးနွယ်စုဝင် သက္ကမ လူမျိုးရို့ နီထိုင်ရေ ကျောက်တော်မြို့နယ် သင်္ဘောကွေ့ ကျေးရွာက ဖြစ်ပြီးကေ ပြီးခရေ ဧပြီလက သူရို့ရွာနှင့် ကပ်ပနာဟိ့ရေ ကျေးရွာမှာ စစ်ရေးအရ အခြေအနေ မဟန်ရေအတွက် ကျောက်တော်မြို့ပေါ်ကို တအောင့်လောက် ရှောင်ပြေးနေစဉ်မှာပင် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခနာ ပြင်းထန်ဒဏ်ရာရရှိခရေလို့ ဆိုပါရေ။ ယင်းနောက် ကျောက်တော်ဆေးရုံကို ပို့ဆောင်ခံခရပြီးကေ ယင်းကတဆင့် စစ်တွေဆေးရုံကို ရောက်ရှိလာပနာ ပြင်းထန် ဒဏ်ရာ ရရှိခရေ ဘယ်ခြေထောက်တစ်ဖက် ပိုင်းဖြတ်လိုက်ရပါရေ။

အသက် ၅ နှစ်အရွယ်ကနေ မိခင်ဆုံးပါးလားခရေ မမိုးမိုးနွေစွာ လသားအရွယ် ကျန်ရစ်တေ မောင်ချေ၊ ဆွံ့အ နားမကြားရေ အဖနှင့်အတူ နေထိုင်လာခရပါရေ။ ယင်းနောက် အဖဖြစ်သူ၏ အစ်ကိုဇနီးမောင်နှံမွေးစားခြင်း ခံခရပြီးကေ သူမ အရွယ်ရောက်ချိန်မှာ မွေးစားအဖလည်း ကွယ်လွန်ခလို့ မိသားစု၏ စားဝတ်နေရေးကို ကူညီဖြေရှင်းရဖို့စွာမှာ မမိုးမိုးနွယ်၏ တာဝန်ဖြစ်လာပါရေ။

မမိုးမိုးနွေက ပန်းရံလုပ်ပါရေ။ သူ့ထက် ၄ နှစ်နှင့် ၇ လတိတိငယ်ရေ မောင်ချေနှင့် အတူလုပ်ကိုင်ရပါရေ။ အခုတော့ကေ အခြေအနေက ကွာခြားလားယာဖြစ်ပြီးကေ မောင်နှမနှစ်ယောက်လုပ်လို့တောင် စားဝတ်နေရေး ခက်ခဲနေရေ သူရို့မိသားစုစွာ အခုဆိုပါကေ ဇာလောက်မျှအခက်ခဲဖြစ်နေဖိုဆိုစွာကို သူမက နေ့စဉ်နဲ့အမျှ တွေးပူနေမိပါရေ။ ယေလေ့သင့် မစွမ်းဆောင်နိုင်ပါယာ။

“ပထမခါက ညီမတစ်ယောက်ယာ ခြေပိုင်းလိုက်ရစွာလို့ ထင်ခပါရေ။ ခု အလိုတော်ပြည့်ကျောင်းကိုရောက်ခါ အများကြီး မြင်ရပါရေ။ ကိုယ်တစ်ယောက်ထဲမဟုတ်။ တခြားလူတိလဲ ပါရေဆိုပြီးကေ အားငယ်မိပါရေ။ အခု ညီမပိုင် အခြားလူတိ ကို မဖြစ်စိချင်ပါ။”လို့ သူက ပြောပြပါရေ

သူ့ မျက်ဝန်းတိမှာ ဝမ်းနည်းနေရေလို့ ထင်ရရေ အရိပ်အယောင်တိပြနေကေ လည်း စိတ်ဓာတ်ကြံ့ခိုင်ရေလို့ ယူဆရရေ သူ့အဖို့ မှုန်ဝါးဝါးဖြစ်နေရေ သနပ်ကြား ပါးကွက်ကျားချေ ပျက်ပြယ်လားဖို့ကို ကြောက်လို့လားမသိ မျက်ရည်က ကျမလာ။ ယေလေ့ အကောင်းပကတိ ကျန်နေသေးရေ လက်ဝါးချေနှစ်ဖက်ကို ပွက်သီးပွတ်သပ် လုပ်နေတတ်ပါရေ။

သူရို့နှစ်ယောက်နည်းတူ အရာ ခြေတစ်ဖက်ဖြတ်ထားရရေ တစ်ယောက် ရှိနေပါသိရေ။ ခြေတစ်ဖက်စီ ဖြတ်ထားရပုံချင်း တူပါကေလည်း သူကတော့ကေ လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် မဟုတ်ပါ။ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ဖြစ်ပါရေ။ တောထဲတောင်ထဲမှာ ဝါးတုန်လားချိုးခါ မိုင်းနင်းမိလို့ ထိခိုက်လာစွာဖြစ်တေလို့ ဆိုပါရေ။

“ညီမနာမည်က ဦးဝေစိုးပါ။ ဗုဒ္ဓေါရွာကပါ။ ဝါးတုတ်(မျှစ်)လားခူးရင်း မိုင်းနှင်းမိစွာပါ။ ယင်းနေ့က ဝါးတုတ်ခူးဖို့ ဆိုပြီးကေ လားခါ မိုင်းနှင်းမိစွာပါ။ ၆ နာရီလောက်က စွာပါ။ ရွာကို ၇ နာရီ ၂၀ လောက်မှာ ရွာကို ထမ်းပြီးကေ ပြေးလာရပါရေ။ ဆေးက အေမှာ ကုစွာပါ။ ပုဏ္ဏားကျွန်းမှာ တိုင်ထူခရပါသိ။ဒေကိုရောက်စွာ ၃လ ရှိပါယာ။”လို့ မကျက်သိရေ အနာကို လက်တစ်ဖက်နဲ့ လှမ်းကုတ်ပနာ စိတ်မရှည်ရေ အမူအယာနဲ့ ခပ်ဆတ်ဆတ်ပြောပါရေ။

တန်ခိုးကြီးစေတီ ဦးရာဇ်တော်ဓာတ်တည်ရှိရာက ၁၇ နှစ်ခန့်ယာ ရှိနေသိရေ ပုဏ္ဏားကျွန်းသူမချေ မျက်နှာပေါ်မှာ စိတ် မချမ်းမြေ့မှုတိနန့် အထင်းသားပေါ်နေပြီးကေ စကားပြောကေလည်း စိတ်မရှည်စွာပိုင် ဖြစ်နေပါရေ။ ကြည့်ရသလောက် ဆိုကေ မကျက်သိရေ ဒဏ်ရာအရှိန်ကြောင့် ဖြစ်နေရစွာလို့ ယူဆ ရနိုင်ပါရေ။

မြေပုံမြို့နယ် စညင်းကျေးရွာက မနန်းစုမှာတောကေ့ ဇွန်လ ၂၇ ရက်နိန့်က ဟင်းခူးဖို့နှင့် ဂဏန်းထောင်ဖို့ ဇနီးမောင်နှံနှစ်ယောက် လားကပ်တေခါ အမျိုးသားက မိုင်းကိုကျော်လားပြီးကေ နောက်က လိုက်လာရေ သူက မြေမြုပ်မိုင်း နင်းမိလို့ ခြေထောက် တစ်ဖက် ဖြတ်လိုက်ရပါရ။ သူစွာ ကရင်တိုင်းရင်းသူ တစ်ဦးဖြစ်ပြီးကေ မြေပုံမြို့နယ် စညင်းကျေးရွာက လူငယ်တစ်ဦးနှင့် အွင်လိုင်းကတဆင့် မေတ္တာမျှပြီးကေ ချစ်သူရှိရေ ရခိုင်ပြည်နယ်သို့ ပြီးခရေ ၂၀၁၉ ဒီဇင်ဘာလက လိုက်လာခစွာဖြစ်ပါရေ။ ယေလေ့သင့် ကံမကောင်း။ ခြေထောက်တစ်ဖက်ကို ပီးဆပ်လိုက်ရပါရေ။

လက်ရှိမှာ အလိုတော်ပြည့်ကျောင်း ဘာသာရေး အဆောက်အအုံမှာ ခိုလှုံနီပါရေ။ မောင်တစ်ထမ်း၊ မေတစ်ရွက်နဲ့ ဖြစ်လာစွာတိကို ရင်ဆိုင်ကျော်ဖြတ်ပြီးကေ တူနှစ်ကိုယ် လုပ်ကိုင်စားသောက်နီကပ်တေ မနန်းစုရို့ ရခိုင် + ကရင် ဇနီးမောင်နှံမှာ သူက မသန်စွမ်းဖြစ်လားလို့ လင်ယောင်္ကျားက သူ့ကို ပြုစုနေရပြီးခါ အပြင် အလုပ်ထွက်လုပ်ဖို့ ခက်ခဲနေပါရေ။

မနန်းစုက “ညီမရို့မှာက လင်မယားနှစ်ယောက်ယာ နေရေဆိုခါ ညီမခုပိုင်မျိုး ဖြစ်လားရေ အခါကျကေ ညီမ အမျိုးသားက အလုပ်တိ၊ ဘာတိလုပ်လို့ မရပါယာ။ ညီမကိုယာ သူက ဂရုစိုက်ပီးနီရပါရေ။ အလုပ်တိလုပ်လို့လဲ အဆင်မပြေပါ ယင်းစာနဲ့ ငွေရေးကြေးရေး အခက်ခဲရှိပါရေ။ စားဝတ်နေရေး ကျကေလည်း နည်းနည်း အခက်ခဲရှိပါရေ။”လို့ ပြောပါရေ။

လက်ရှိမှာ အလိုတော်ပြည့်ကျောင်းနှင့် စစ်တွေမြို့က ဦးသန်းထွန်းရို့ လူမှုအဖွဲ့ အစည်းတစ်ခုက ပူးပေါင်းကာ ဒုက္ခသည်တိအတွက် ကျန်းမာရေးနှင့် ဆေးဝါးပစ္စည်းတိ ပံ့ပိုးဆောင်ရွက်ပေးခြင်း၊ လက်မှုပညာတိဖြစ်တေ စက်ခြုပ်အတတ် ပညာသင်တန်းပေးခြင်းတိကို ဆောင်ရွက်ပီးထားပါရေ။ ယေလေ့ လူဦးရေ ၄၀၀ ကျော်ရှိနေရေ အဆိုပါစခန်းက ဒုက္ခသည်တိ့အတွက် နေ့စဉ် စားဝတ်နေရေးကို အဓိကထား ဆောင်ရွက်ပီးနေရအခါ သူ့ရို့ အနာဂတ်အတွက် လုပ်ဆောင်ပေးဖို့အပိုင်းတိကို စခန်းဖက်က လက်လှမ်းမမှီ ဖြစ်နေပါရေ။

‌တခြားလူမှုအဖွဲ့အစည်းတိ့ အနေနဲ့လည်း သူရို့ အနာဂတ်အတွက် လုပ်ဆောင်ပီးနိုင်စွာတိ့ရှိကေ လာရောက်ဆွေး နွေးနိုင်ရေလို့ စစ်တွေမြို့၊ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း၊ လူမူကယ်ဆယ်ရေးဌာန၊ စခန်းတာဝန်ခံ ဦးထွန်းအောင်ကျော်က မေတ္တာရပ်ခံပါရေ။

“ကျနော်ရို့ လက်လှမ်းမမီရေ အပိုင်းတိလဲ ရှိပါရေ။ လူပေါင်း ၄၀၀ ကျော်ကို ထိန်းသိမ်းရဖို့ အပိုင်းတိ၊ ကျွေးမွေးရေး အပိုင်းတိ။ တခြား သူရို့ဘဝအတွက် သူရို့ အနာဂတ်တွက်ကျတော့ကေ ကျနော်ရို့က ယင်းလောက်ထိ မပံ့ပိုးပီးနိုင်ပါ။ ယေကေလေ့ စိတ်ထဲမှာတောကေ့ ရှိပါရေ။ တခြားကူညီပေးနိုင်ရေ လူတိနဲ့ဆိုကေ ဆွေးနွေးပြီးလို့ သူရို့ အနာဂတ်အတွက် ဇာတိလုပ်ပီးကေကောင်းဖို့လဲ။ ခြေမရှိဘဲ လက်နဲ့ လုပ်လို့ရရေ ပညာတိ လာပြီးကေဆွေးနွေးလို့ရပါရေ။”

မသန်စွမ်း ဖြစ်လားရေလူတိမှာလည်း ရည်မှန်းချက်တိ ကိုယ်စီတော့ ရှိနေပါရေ။

မဦးဝေစိုးက “ဇာအလုပ်ကိုမှ လုပ်လို့ မရပါယာ ခြေထောက်တစ်ဘက်လဲ မရှိပါယာ စျေးဆိုင်ယာ ရောင်းစားပါဖို့ယာ”လို့ သူ့လုပ်ချင်ရေလုပ်ငန်းကို ထုတ်ဖော်ပြောပြပါရေ။

ရခိုင့်ရှေ့ဆောင် အမျိုးသမီးအဖွဲ့ ခေါင်းဆောင် စောစံငြိမ်းသူက ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့မှုကြောင့် ဖြစ်ပေါ်လာရေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတိကို အဖွဲ့အစည်းအနေနဲ့ ဖြစ်ဖြစ်၊ လူအုပ်စုတိ အနေနဲ့ဖြစ်ဖြစ် သူရို့ စိတ်ခံစားချက်တိကို မျှဝေနားထောင်ပြီးကေ သူရို့နန့် အတူရှိနေကြောင်း ပြသပီးခြင်းအားဖြင့် နှစ်သိမ့်ပီးနိုင်ကြောင်း အကြံပီးပါရေ။

ယေပြီးကေ ‌သူရို့ လတ်တလော လိုအပ်ချက်တိ့ကို ဖြည့်ဆည်းပီးခြင်းမျိုး မဟုတ်ဘဲ အနာဂတ်မှာသူရို့ဘဝ ရေရှည်ရပ်တည်နိုင်ဖို့ ထည့်သွင်း စဉ်းစားထားသင့်ယာလို့ ၊ သူရို့ အဖွဲ့အစည်းအနေနန့်လည်း သူရို့ စိတ်ဝင်စားကပ်တေ သက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခုခုကို လုပ်ဆောင်ပီးနိုင်စွမ်းရှိအောင် ကြိုးစားလိုစိတ်ရှိကြောင်း ပြောပါရေ။

စောစံငြိမ်းသူက “ရေရှည်မှာ မိုင်းထိပြီးကေ ကိုယ်အင်္ဂါချို့ယွင်းပျက်စီးလားရေ အမျိုးသမီးတိအတွက်ကို အလုပ် တစ်ခုခုပီး ဖန်တီးပီးသင့်ရေလို့ အကျွန်ရို့အနေနဲ့လည်း မြင်ပါရေ။ အကျွန်ရို့ယင်းအပိုင်းကို စီမံဆောင်ရွက်ပေးနိုင်ရေ ဆိုကေ သူရို့ဘဝ ရပ်တည်ရေးအတွက် စိတ်ဝင်စားရေ အလုပ်တစ်ခုခုကို လုပ်ဆောင် နိုင်အောင် ကြိုးပမ်းချင်ရေသဘောရှိပါရေ။”လို့ ပြောပါရေ။

ဒေအချိန်က ဇာသူ့ကိုပင်မေးမေး တစ်ခုတည်းယာ ထွက်လာဖို့ အဖြေက “ငြိမ်းချမ်းရေးလိုချင်ပါရေ” ဆိုစွာပါ။

“မျှော်လင့်ချက်ကတော့ကေ ငြိမ်းချမ်းရေး လိုချင်ပါရေ။ ပြည်သူလူထုတိကိုလည်း ဒုက္ခမရောက်စေချင်ပါ။ ခု ညီမရို့ အဖြစ် ပိုင် ဘဝ ဆိုးမျိုးလဲ မဖြစ်စီချင်ပါ။ ”လို့ မဦးဝေစိုးက စစ်ကိုစိတ်နာနာနဲ့ ပြောပါရေ။

 588 total views,  1 views today