ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

လူဦးရေ ၃၂ သိန်းခန့်ရှိရေ ရခိုင်ပြည်နယ်မှာ ပြည်ပနှင့် တခြားတိုင်းနှင့် ပြည်နယ်တိကို အလုပ်လုပ်ကိုင်ဖို့ ထွက်ခွာနီလူ တစ်နိန့်မှာ လူဦးရေ ၃၀၀ ခန့်ရှိနီကြောင်း ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ဖူးပါရေ။ သို့သော် အဂု ကိုဗစ်ကာလမှာက ဟုတ်ဖို့ မထင်ပါ။

မြန်မာနိုင်ငံကို ကိုဗစ် စတင်ပျံ့နှံ့လာခရေ ပြီးခရေ မတ်လလောက်က စလို့ ရခိုင်ပြည်နယ်က ပြည်ပနှင့် တခြားဒေသတိကို ရောက်ရှိ နီသူရို့ရေ နီရပ်ကို ပြန်လို့ရောက်ရှိလာရပါရေ။ သို့သော် ရခိုင်ပြည်နယ်က အလုပ်အကိုင် အတန်အသင့်ပေါများရေ ဒေသတိကို ယင်းမတိုင်ခင်က နယ်က တက်လာကတ်တေ လူတိစွာဆိုပါကေ နီရပ်ကိုမပြန်ကပ်ပါယာ။

ယပိုင် ပြန်မလားကတ်တေလူတိထဲမှာ အသက် (၂၈) နှစ်အရွယ် မနှင်းနွယ်၊ အသက် (၃၃) နှစ်အရွယ် ဒေါ်မေသန်းနိုင်၊ အသက် (၂၃) နှစ် အရွယ် မစန္ဒာနွယ်နှင့် အသက် (၃၀) အရွယ် မခင်ဝင်းကြည်ရို့လည်း ပါဝင်ပါရေ။

သူရို့ရေ ပြည်နယ်မြို့တော် စစ်တွေမြို့က သဲနှင့် ကျောက် ရောင်းဝယ်နီရေ ဆိပ်ကမ်းတစ်ခုမှာ အတူ လုပ်ကိုင်နီကပ်တေ သူတိဖြစ်ပြီးကေ မိသားစုကို တာဝန်ယူ လုပ်ကိုင် ကျွေးမွေး နီသူတိလည်းဖြစ်ပါရေ။

သူရို့ မှာ အလုပ်လုပ်ကိုင်ပုံချင်း တူညီကတ်ကေလည်း သူရို့လာရေ ဒေသနှင့် မိသားစုအခြေအနေတိ ကတော့ကေ ကွဲပြားကပ်ပါရေ။ ယင်း အထဲက အသက်အငယ်ဆုံး ဖြစ်ရေ အလုပ်သမချေ မစန္ဒာနွယ်စွာ ရသေ့တောင်မြို့နယ် ဆင်းအိုးကျကနီ စစ်တွေမြို့ကို ပြောင်းရွှေ့ လာသူဖြစ်ပါရေ။

အသားညိုသလောက် ကြည့်ကောင်းရေ ကိုယ်လုံး ကိုယ်ပေါက်နှင့် အရပ်အမောင်းရှိရေ မစန္ဒာနွယ်စွာ လှပကြော့ရှင်းရေ ခန္ဓာကိုယ်ကို နီပူထဲမှာ ပီးဆပ်ထားရပါရေ ။ ယေဒါလေ့သင့် သနပ်ခါး ထထူလိမ်းပနာ၊ လက်ရှည် အကျႌဝတ်စွာတိ့က အသားအရည် ထိန်းသိမ်းရေ အနီနဲ့ လုပ်ထားတတ်စွာဖြစ်ပါရေ။

အကျွန့်မှာ မိသားစု လေးယောက်ရှိပါရေ။ အကျွန် ထမင်းလည်း ငတ်ဖူးပါရေ။ အကျွန် အသက်ကတော့ကေ တပေါင်းလ ဆိုကေ ၂၃ နှစ် ပြည့်ပါယာ။ အကျွန် နာမည်ကတော့ကေ စန္ဒာနွယ်ပါ။ အကျွန် မှာလည်း ဆင်းရဲပါရေ ။ မဖူလုံပါ။ အိမ်မှာ မိသားစု အနည်းချေပါ။ အဘောင်ရှင်။ အကျွန့် အရီးမ။အကျွန် အမိ။ လေးယောက်ထဲပါ။ ရသေ့တောင်မြို့နယ် ဆင်းအိုးကျက ဖြစ်ပါရေ။”လို့ သူ့မိသားစု အကြောင်းကို ပြောပြပါရေ။

အသက် ၁၈ နှစ်ကပင် အလုပ်လုပ်ကိုင်လာရရေ ယင်း မမချေစွာ ကျန်းမာရေး မကောင်းယာဖြစ်တေ အမိ၊ အရီးမဖြစ်သူရို့နှင့် အသက်ရွယ် ကြီးမြင့်လာယာ ဖြစ်တေ အဘောင်မဖြစ်သူရို့ကို လုပ်ကျွေးနီရရေလူဖြစ်ပါရေ။ လက်ရှိ လုပ်ကိုင်နီရေ သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်ငန်းခွင်မှာ လောင်း၊ ဘုတ်တိနဲ့ ရောက်ရှိလာရေ သဲနန့် ကျောက်တိကို ကုန်းကို တင်ချရစွာက သူ့ တာဝန် ဖြစ်ပါရေ။ မိန်းမချေတစ်ဦး အဖို့ ကဂေါင်း ပင်ပန်းရေ ယင်းလုပ်ငန်းကို တစ်နိ့လုံး လုပ်ကိုင်ရေဆိုပါကေ ဖေ့သာ ၆၀၀၀ က ၁၀၀၀၀ လောက် အထိ ရရှိတတ်ပါရေ။

“အကျွန့်မှာ ဆင်းရဲစွာပိုင် အကျွန့်အရီးမဆိုလည်း ဒူးအီးနာ၊ ပေါင်အီးနာတိကြောင့် တစ်ခုလဲ မလုပ်နိုင်ပါယာ။ ရီလည်း ခပ် မသောက်နိုင်ပါယာ။ အမိ ဆိုကေလည်း ယင်းပိုင်ပါယာ။ ရီအိုးအကြီးတိဆိုကေ မခပ်နိုင်ပါယာ။” လို့ ဆိုပါရေ။ သူက ထပ်ပြောစွာက “ ၆၀၀၀ ရရေခါရစွာပိုင် ၁၀၀၀၀ ရရေခါလည်း ရပါရေ။ ယင်းပိုင်ခန့်မှန်းခြေ မရှိပါ။ နေ့စားလုပ်နီစွာပါ။ လတွက်မဟုတ်ပါ။”

နေ့စားခနဲ့ လုပ်ကိုင်ရရေ အခု လုပ်ငန်းမှာ ကိုဗစ်ခြေအနေတိကြောင့် စက်လှေတိစွာ ပုံမှန်လာရောက်မှု မရှိရေအခါ တစ်ခြား အလုပ်တိကိုလည်း သူက ပြေးလွှားလုပ်ကိုင်ပနာ စားဝတ်နီရေးကို ဖြေရှင်းရပါသိရေ။ လူငယ်တစ်ဦးပီပီ တခါတလီဆိုကေ ဝတ်ကောင်း စားလှတိနဲ့ ဝတ်ပနာ ခရီးလားစွာတိ၊ ပွဲလမ်းသဘင်တိ လားစွာတိကို လုပ်ချင်စိတ် ဆန္ဒရှိပါကေလည်း ဆန္ဒမှာ ဆန္ဒ အဖြစ်ယာ ရှိနီပါရေ။

“အားနည်းချက်တိက အများကြီးပါ။ အားနည်းချက်တိက သူများတိ ဝတ်စွာပိုင် မဝတ်ရပါ။ သူများတိ စားစွာပိုင် မစားရပါ။ သူများတိ လားကပ်တေ။ ကိုယ်လည်းလားချင်ပါရေ။ မလားရပါ။ သူများတိက လားကပ်ပါရေ။ အဝတ်မရှိပါ၊ ငွေမဖူလုံစွာကြောင့် မလားရစွာတိက အများကြီးရှိပါရေ။”လို့ ရင်ဖွင့်ပါရေ။

“အိမ်မှာ အခက်ခဲကတော့ ရှိပါနန်းယာ။ မောင်ချေတစ်ယောက် အဖမ်းခံရပါရေ။ မောင်ချေကို အကြမ်းဖက်တေ ဆိုပြီးကေ ဖမ်းထားစွာပါ။ မတရား အဖမ်းခံရစွာပါ။ လက္ကာ မှာ ပါ။ အဖမ်းခံရစွာကတော့ ကြာပါယာ။ သုံးနှစ်လောက် ရှိပါယာ။ အိမ်ကတော့ကေ ငှားလို့နီစွာပါ။ လခ ပီးရပါရေ။ တစ်လနှစ်သောင်း ပီးရပါရေ။ ကျောက်ထမ်းရေ အလုပ်လုပ်နီစွာပါ။ အလုပ်က ပုံမှန်မရှိပါ။ တစ်ရက်မှာ ပြောလို့မရပါ ၅၀၀၀ ရရေ အခါရရေ။ ၃၀၀၀ ရရေ အခါလည်းရပါရေ။ နေ့တွက် လုပ်စွာမဟုတ်ပါ ကိုယ့်လုပ်အားခ အတွက်ယာရစွာပါ။”လို့ ပြောပြလာသူက မခင်ဝင်းကြည်ပါ။

သူစွာ မြောက်ဦးမြို့နယ်က ဖြစ်ပြီးကေ အသက် (၃၀) ရှိနီပါယာ။ အေအေနန့် တပ်မတော်ရို့၏ တိုက်ပွဲတိ့ကြောင့် တပ်မတော်က အေအေနှင့် ဆက်စပ်ရေလို့ သံသယရှိလူတိကို ဖမ်းဆီးစွာမှာ သူ့ မောင်ဖြစ်သူ ပါဝင်လားစွာဖြစ်ပါရေ။ မိသားစုကို လုပ်ကိုင် ကျွေးမွေးနီပြီကေ မောင်ဖြစ်သူ ဖမ်းဆီးခံရပြီးနောက် စစ်တွေမြို့ကို ပြောင်းရွှေ့လာခပနာ ကျူးကျော် ရပ်ကွက်တစ်ခုဖြစ်တေ နာဇီ ရပ်ကွက်မှာ နီထိုင်လျှက်ရှိပါရေ။

သူရို့ စရောက်ခါက ပုံမှန် အလုပ်လုပ်ကိုင်ရလို့ ရက်တွက် ကိုက်ခကေလည်း ကိုဗစ် အခြေအနေတိ့ကြောင့် နောက်ပိုင်းမှာ အလုပ်တိ လျော့ကျလာခပါရေ။ အယင်က တစ်နိ့ လုပ်အားခစွာ ဖေ့သာ ၁ သောင်း လောက် ရခကေလ့သင့် လက်ရှိမှာက ယင်းထက် တစ်ဆနီးနီး လျော့နည်းလားရေ ပမာဏကိုရာ ရရှိကတ်တေပိုင် တစ်ခါတစ်ရီမှာလည်း ၅ ပုံ တစ်ပုံကိုရာ ရရှိပါရေ။ ယပိုင်ဖြစ်လို့ စားဝတ်နီရေးကို ထိခိုက်တေလို့ ဆိုပါရေ။ ယေဒါလေ့ သူတပါး ထောက်ပံ့မှုကို မလိုချင်ဘဲ မိမိ လုပ်အားခကိုရာ တန်ဖိုးထားကြောင်း သူက အခိုင်အမာပြောပါရေ။

ဗိုလ်ဆန်ရေလို့ ထင်ရရေ မနှင်းနွယ်က ယောက်ျားချေတစ်ယောက်ပိုင် ဝတ်ဆင်ထားပြီးကေ လုပ်ငန်းခွင်မှာလည်း ပျော်ရွှင်ပုံရပါရေ။ သူ့ ဇာတိရွာက ပေါက်တောမြို့နယ် ငွေတင့်တယ် ကျေးရွာဖြစ်ပါရေ။ သူရေ ပြီးခရေ တစ်လကျော်လောက်က စစ်တွေမြို့ကို အလုပ် လုပ်ကိုင်ဖို့ ရောက်ရှိလာခသူလို့ သိရပါရေ။

“နောက်ဆုံးအနေနဲ့တော့ကေ အလုပ်အကိုင်တိလဲ အဆင်ပြေပြေနဲ့ အခက်အခဲတိ မရှိဘဲ ကိုယ့်လူမျိုးတိကို အကုန်ဖြစ်စေချင်ပါရေ။ အလုပ်တိ အဆင်ပြေအောင် ခုကတော့ လူတိက ဟိုလည်းမလားရ ဒေလည်း မလားရနဲ့ ငတ်မွတ် ခေါင်းပါးနီစွာပိုင် ဖြစ်နီစွာတိကို အဆင်ပြေစီချင် စွာပါယာ။” လို့ သူ၏ ဆန္ဒကို ဖွင့်ဟ ပါရေ။

မိသားစု ၆ ယောက်ထဲက အငယ်ဆုံးဖြစ်တေ သူစွာ အသက် ၂၈ နှစ်အရွယ်မှာ မိသားစုပိုင် လယ်တစ်ဧကကို ဝိုင်းဝန်းလုပ်ကိုင် စားသောက်နီရာက စားဝတ်နီရေး ကျပ်တည်းလာလို့ ကျောက်တင်ရေ လုပ်ငန်းနှင့် ဆက်စပ်မိလို့ အခု လုပ်ငန်းခွင်ကို ရောက်ရှိလာစွာဖြစ်ပါရေ။ သူမြို့ကို တက်လာရေ အချိန်စွာ ကိုဗစ်ကာလနှင့် ထိပ်တိုက်ဖြစ်နီလို့ အခက်ခဲတိ့အများကြီးကိုလည်း ရင်ဆိုင်ခရပါရေ။

မနှင်းနွယ်က“အလုပ်လုပ်တေ ဆိုကေ အခက်ခဲတော့ရှိနန်းယာ။ ကတ် (ကဒ်) မရှိကေ မလားရ၊ နှာခေါင်းစည်း မရှိကေ မလားရပါ။ ယပိုင် သူရို့လားစွာကို ရဲကားတိကို ရှောင်ရရေ အခက်ခဲတော့ ရှိပါရေ။ အလုပ်လုပ်ရေ အခါပါယာ။ ယပိုင် သတိထားရစွာတိလည်း ရှိပါရေ။ ဒေကျောက်တင် ကျောက် လုပ်ငန်းက တစ်ခု၊ ပြီးကေ ခုက အလုပ်ကလည်း တပျင်းရှားရေ ဆိုရေအခါ ဇာနီရာမှာလဲနေရာ မရပါ။ ခု ကျောက်လုပ်ငန်းမှာ လုပ်ရေ အခါမှာလည်း မှန်းခြေမရှိပါ။ ၁၀၀၀၀ ရရေနေ့ရရေ ၅ ထောင်ရရေ နေ့ရပါရေ။ ယပိုင် အလုပ်ဆိုစွာက ပုံမှန်မဖြစ်တေ အမျိုးအစားဖြစ်နိန်ပါရေ။” လို့ပြောပြပါရေ။

မနှင်းနွယ်နန့် တရွာတည်းနီရေ အသက် ၃၃ နှစ်အရွယ် ဒေါ်မေသန်းနိုင်ကလည်း “အခက်ခဲဆိုကေ ကိုယ့် စားဝတ်နီရေး အခက်အခဲ၊ စာ မသင်ပီးနိုင်ရေ အခက်အခဲ၊ မုဆိုးမအနီနဲ့ မိန်းမဒဏ် မရှောင်၊ ယောကျာ်းပိုင် ထမ်းလို့ လုပ်နီရရေ အခက်အခဲ၊ ယင်းစာတိ ရှိပါရေ။ အများကြီးပါ။” လို့ပြောလာပါရေ။

သူစွာ အချေ ၃ ယောက်၏ မိခင်ဖြစ်ပြီးကေ လင်ယောကျင်္ား (အမျိုးသား) ဆုံးပါး (ကွယ်လွန်) လားပြီး နောက်ပိုင်း မိသားစုဝင် အားလုံး၏ စားဝတ်နီရေး ပြေလည်ရေးစွာ သူ့ တာဝန် ဖြစ်လာပါရေ။ လက်ရှိမှာ သူ ပူပန်နီရစွာက နှစ်ခုရှိနီရေလို့ ဆိုပါရေ။ ပထမ တစ်ခုက အသက် ၁၅ နှစ် အရွယ်ရောက်နီယာ ဖြစ်တေ သားကို အတန်းပညာရေး ၁၀ တန်းပြီးအောင် ပညာ သင်ပီးချင်စွာနှင့် ဗုဒ္ဓဘာသာရို့ အစဉ်အလာ အတိုင်း သားသုံးယောက်စလုံးကို ရှင်ပြု ပီးချင်စွာပင် ဖြစ်ပါရေ။

“ရုန်းကန်နီရစွာက အလုပ်ကြမ်းကို လုပ်နီရစွာပါ လင်မရှိခါ။ လင်မရှိကေလည်း သားသမီး သုံးယောက် အတွက် ဖူလုံဖို့ အတွက်ပါ။ ကိုယ်မစားရကေလည်း သားသမီးစားရဖို့က အဓိကပါ။ သား တစ်ယောက်ကို ၁၀ တန်း တပျင်း သင်ချင်စွာပါယာ။ သား ၃ ယောက် ၁၀ တန်းအောင်ကေ ကျေနပ် ပါယာ။ သားသုံးယောက် ၁၀ တန်းအောင်ဖို့။ ရှင်ပြုရဖို့။ ယလောက်ပဲ ရည်မှန်းချက် ရှိပါရေ။ အကျွန်လည်း ဒေ ကျောက်အလုပ်မှာ ရုန်းကန်ပြီး လုပ်နီရပါရေ။”

ရသေ့တောင်မြို့နယ်က အချေတစ်ယောက်မိခင် မနုနုစွာ အသက် ၂၇ နှစ်ရှိယာ ဖြစ်ပြီးကေ စစ်တွေမြို့က ကသဲရွာ ရပ်ကွက်မှာ တစ်လ ငွေကျပ် ၂ သောင်းခွဲနှုန်းနဲ့ အခန်းတစ်ခန်း ငှါးရမ်းနီထိုင်နီစွာပါ။ အမျိုးသားနှင့် ကွဲနီပြီးကေ စစ်တွေမြို့ကို ပြောင်းရွှေ့ လာပနာ သဲကျောက် လုပ်ငန်းခွင် အထမ်းသမားအဖြစ် လုပ်ကိုင်နီစွာ ဖြစ်ပါရေ။ အသက်အရွယ် ကြီးနီယာ ဖြစ်တေ မိခင်၊ အရွယ် မရောက်သိရေ သားတစ်ယောက်နှင့် မောင်ချေ တစ်ယောက်ကို စောင့်ရှောက်နီသူလည်း ဖြစ်ပါရေ။
အဆင်ပြေရေအခါ မိမိကိုယ်ကို ဖြတ်သန်းကေလည်း အဆင်မပြေရေအခါမှာ ဇာတိရွာက ဆန်ကို မှာယူ စားသောက်ရကြောင်း ပြောပြပါရေ။ လက်ရှိမှာ အခုပိုင် ပင်ပန်းဆင်းရဲစွာ လုပ်ကိုင် စားသောက်နီရကေလည်း အဆင်ပြေလာခကေ ဆိုင်အငယ်ချေ တစ်ဆိုင်ဖွင့်ပနာ စျေးရောင်းလို့ ဘဝကို အအီးချချမ်းနဲ့ ဖြတ်သန်းချင်ရေလို့ ပြောပြပါရေ။

“အကျွန်မမှာ သားချေတစ်ယောက်ရ်ှပါရေ။ အကျွန်က ကျောက်ထမ်းပါရေ။ အလုပ် လုပ်နီစွာကတော့ ၁ နှစ်ကျော်လောက် ရှိပါယာ။ ဝင်ငွေ တစ်ရက်ကို ညီမမှာ ၅ ထောင်ရရေခါ ရပါရေ။ ၃ ထောင် ရရေခါ ရပါရေ။ ၁၀၀၀၀ ရရေခါ ရပါရေ။ အလုပ် ပုံမှန်မကျရေ အခါလဲ ရှိပါရေ ။ အဆင်မပြေရေအခါလဲ မပြေပါ။ တစ်ခါတစ်လေ ကျကေလည်း ၂၅၀၀ လောက်နဲ့ အိမ် ပြန်ရစွာတိဟိပါရေ။ ၃၀၀၀ နဲ့လည်း လားရပါရေ။ ၅ ထောင်နဲ့ လည်း လားရပါရေ။ စားဝတ်နီရေးကတော့ကေ အဆင် ပြေရေခါလည်း ပြေပါရေ။ ရွာကနီပြီးကေ ဆန် မှာလို့စားပါရေ။ စိတ်အားငယ်ပါရေ။ ကိုယ်ဝင်ငွေတစ်ခုထဲနဲ့ အလုပ်လုပ် စားချင်ပါရေ။ ယပိုင် လိုချင်ပါရေ။ အခက်ခဲခံရပါရေ။ ခေါင်းမှာ တနိ့တနိ့ မအီးချမ်းပါ။ အကျွန်ရို့မှာ လုပ်နီရပါရေ။ ဆင်းရဲရေ အခါ ယပိုင်ပါယာ။ မျှော်လင့်ချက်က အဆင်ပြေချင်စွာပါယာ။ ဒေပိုင် မထမ်းချင်ပါ။ ကိုယ့်စွာနဲ့ကိုယ် လုပ်စား ချင်ပါရေ။ မဖြစ်နိုင်စွာကိုတော့ကေ ဇာ ပြောလို့ရပါဖို့လဲ။ အကျွန်မရို့က ဆင်းရဲရေအခါ လုပ်စားရပါရေ။ ဒေမှာ မိသားစု ၃ ယောက်နဲ့ နီစွာပါ။ အမ်အသက်ကြီး တစ်ယောက်။ သားချေတစ်ယောက် ၊ မောင်ချေတစ်ယောက်နဲ့ နီစွာပါ။ အကျွန် လင်နဲ့ အကျွန်မက ကွဲနီကပ်စွာပါ။ အီးအီးချမ်းချမ်း ထိုင်စားချင်ပါရေ။ ဖဲသာရှိရှိနဲ့ပါ။ ဆိုင် တစ်ဆိုင်လောက် အီးဆေး ဖွင့်ချင်စွာပါ။ ယပိုင် မျှော်လင့်ချက်ရှိပါရေ။ မဖြစ်နိုင်စွာကိုက ဇာပြောလို့ ရဖို့ပါလဲ လို့ ပြောပြပါရေ။

ရသေ့တောင်မြို့နယ်က အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်တေ ဒေါ်ခင်စောဝေက အစိုးရအနီနဲ့ ကိုဗစ် အကျပ်အတည်း ကာလမှာ အလုပ်တိကိုလည်း ပိတ်ထားရရေ အတွက် အခြေခံ လူတန်းစားရို့၏ စားဝတ်နီရေးကို ဖြေရှင်းရန် အစိုးရမှာယာ တာဝန်ရှိကြောင်း ဆိုပါရေ။

“ကူညီထောက်ပံ့မှုတိတော့ ပီးပါ။ ပီးစွာကို တွီ့ရကေလည်း ရရေသူ ရရေ။ မရရေသူ မရပါ။ အပြင်မှာ အလုပ် လုပ်တေသူတိ အတွက်ကလည်း ကိုဗစ်နိုင်တင်းပြီးခါမှယာ ဒေအခက်ခဲတိကို ကျော်လွှားနိုင်ဖို့လို့မြင်ပါရေ။ ကိုဗစ်ကြောင့် အလုပ်တိကလည်း ရပ်နီစွာကိုး။ အလုပ်တိရပ်ခါ ရရေ အလုပ်ကို ဝင်လုပ် နီရစွာ တိမြင်ရပါရေ။ ယင်းပိုင် ပြဿနာတိကို ဖြေရှင်းပီးဖို့။ အစိုးရမှာယာ တာဝန်ရှိရေလိုယာ။ အရီးကတော့ ပြောချင်ပါရေ။”

ကိုဗစ် အခြေအနေတိကြောင့် စီးပွားရေး လုပ်ငန်းတိမှာလည်း ကြီးကေကြီးရေ အလျောက် ထိခိုက်စွာပိုင် ငယ်ကေလည်း ငယ်ရေအလျောက် ထိခိုက်လျှက်ရှိပါရေ။ ယေဒါလေ့ စားဝတ်နီရေး လုံးဝမပြေလည်ရေ အခြေခံ လူတန်းစားတိ့မှာက အခက်ခဲဆုံး မဟုတ်ပါလား။

 1,474 total views,  1 views today