ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒီတစ်ပတ်မှာတော့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးရဲ့အကြောင်းကို တင်ပြပေးမှာဖြစ်ပြီး အဲဒီအမျိုးသမီးက စစ်ဘေးရှောင်စခန်းကို ဘ ယ်လို ရောက်ရှိလာရတာလဲ။ ဘယ်အချိန်ကတည်းကနေ ရောက်ရှိနေတာလဲ။ ဘယ်လို အဖြစ်အပျက်တွေကြောင့်လဲ။ နောက်ပြီးတော့ လက်ရှိမှာကော ဘာအခက်ခဲတွေကို ကြုံနေရသလဲ။ သူတို့ရဲ့ လိုအပ်ချက်တွေက ဘာတွေလဲဆိုတာတွေကို မြောက်ဦးမြို့နယ်၊ ဒိုင်းကျီ ကျေးရွာ ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းကို သွားရောက်မေးမြန်းထားတဲ့အကြောင်းကို တင်ဆက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

မနက်စောစောတည်းက စျေးခြင်းကို ကိုင်ကာထွက်သွားတဲ့ ဒေါ်မဲချေဟာ လမ်းခုလပ်ကနေ အိမ်ကိုပြန်လှည့်ပြေးလာခဲ့ပါတယ်။ ရွာထဲမှာ လည်း ဆူဆူညံလို့ အုတ်အော်သောင်းနင်းနဲ့။ တချိန်တည်းမှာပဲ လူတချို့က နေအိမ်ကိုပဲ ပြေးလာနေကြသလို တချို့ကလည်း ရွာဦးဘုန်း တော်ကြီးကျောင်းဆီကို ဦးတည်သွားကြပါတယ်။

ဒါပေမယ့် ဒေါ်မဲချေကတော့ ဘုန်းတော်ကြီးကျောင်းကို တန်းပြေးသွားလို့ မဖြစ်။ အိမ်မှာ အမျိုးသားနဲ့ ရင်ခွင်ချီကလေးငယ်ကျန်ရစ်နေခဲ့ တယ်မဟုတ်လား။

“သင်္ကြန်တွင်းမှာပဲ။ မနက်လင်းတာနဲ့ အန်တီစျေးသွားပြုတာ။ သေနတ်ပစ်သံကြားတယ်။ အန်တီစျေးလည်း မရောက်ခဲ့ဘဲနဲ့ အိမ်ကိုတန်း ပြေးလာတယ်။ ဒီကလေးကိုယူတယ်။ ဗုံးတွင်းထဲမှာပုန်းနေကြတယ်။ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တဲ့ နေရာနဲ့ ရွာနဲ့ ဘာမှမဝေးဘူး။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ပဲသွားရတာ။ ရွာထဲမှာ ဖြစ်နေသလိုပဲလေ။ ဆိုတော့ အကုန်လုံးကြောက်လန့်ပြီး ဗုံးတွင်းမှာ။” လို့ ကလေးကို မေး ငေါ့ပြရင်းနဲ့ ပြောပြပါတယ်။ ပြောပြနေချိန်မှာလည်း အဲဒီနေ့ကအကြောင်းအရာကို မျက်ဝါးထင်ထင်ခံစားလိုက်တယ်ထင်ပါတယ်။ မျက်ဝ န်းတွေကလည်း စိုလို့ရွှဲလို့ပါ။

တကယ်တော့ အိမ်မှာက အဲဒီကလေးငယ်တစ်ယောက်တည်း ရှိတာတော့ မဟုတ်ပါဘူး။ ကျောင်းတက်နေတဲ့ သား၊ သမီးနှစ်ယောက်လ ည်းရှိပါသေးတယ်။ ရွာအနီးမှာတိုက်ပွဲဖြစ်လာနိုင်ခြေရှိတယ်ဆိုတာကို ကြိုရိပ်မိထားလို့ အဲဒီသားသမီးနှစ်ယောက်ကို မိဘတွေရှိတဲ့တခြား ပို့ထားချိန်မှာ ဖြစ်သွားလို့ တော်သေးတယ်လို့ သူမက ပြောပါတယ်။

ဒီလိုနဲ့ မနက် ၆ နာရီကျော်လောက်ကနေဖြစ်တဲ့ တိုက်ပွဲဟာ မနက် ၁၁ နာရီလောက်မှာတော့ ခနရပ်သွားတယ်လို့ ဆိုပါတယ်။ ပစ်ခတ်သံတွေကတော့ ရှိနေတဲ့အတွက် ရွာအတွင်းက အမျိုးသားတချို့ဟာ ဖမ်းဆီးခံရနိုင်မလားဆိုပြီးတော့ တောင်ပေါ်ကိုတ က်ပြေးသွားကြပါတယ်။

ခဏအကြာမှာတော့ တပ်မတော်စစ်ကြောင်းတစ်ခုက ရွာအတွင်းကို ဝင်ရောက်လာပြီး ရှင်းလင်းမှုတွေ စတင်လုပ်ပါတော့တယ်။ ဒေါ်မဲ ချေက အစပိုင်းမှာ အမျိုးသားဖြစ်သူကိုသာ ပုန်းခိုင်းပြီး သူကတော့ မပုန်းပဲနေခဲ့ပေမယ့် ပစ်ခတ်သံတွေ တရစပ်ကြားလာရစဉ်မှာတော့ အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် သူလည်း ပုန်းခဲ့ရပါတယ်။

“သူတို့က နေ့လည် ၁၂ နာရီလောက်မှာ ရွာကိုဝင်လာကြတယ်။ ပစ်လိုက်တာမှာ ပြောမနေနဲ့။ အန်တီသားလေးက အိပ်နေတယ်။ ပုခတ် မှာ သီချင်းဆိုသိပ်နေတာ။ အန်တီက သူ့အဖေကို ယောက်ျားသွားပုန်းနေ။ ကျမက မိန်းမဘာမှ မဖြစ်ဘူးလို့။ အိမ်ထောင်စု စာရင်းတွေ၊ ဘာတွေ စစ်တယ်လို့ဆိုရင် ပေးလိုက်မယ်။ ဆိုပြီး အိမ်ထောင်စုစာရင်းကိုချပြီး ထိုင်နေတယ်။ သူတို့က တရစပ်ပစ်တော့ သူ့အဖေကလ ည်း တွင်းထဲလာဖို့ခေါ်တယ်။ တစ်ရွာလုံဖြိုပစ်လာကြတယ်။ လူတွေက ဘုန်းကြီးကျောင်းပြေးသွားကြတယ်။ ယောက်ျား ၂၀ လောက်က အသုဘမှာ။ အန်တီတို့က မပြေးဘူး။ ပုန်းနေတာ။”

အိမ်အောက်မှာ အသင့်တူးထားတဲ့ ဗုံးခိုကျင်းမှာ ပုန်းခိုနေစဉ်မှာတော့ မိသားစု ၃ ယောက်ဟာ တိတ်တိတ်နေခဲ့ကြရပါတယ်။ အဲဒီအချိန် မှာ တပ်မတော်သားတွေ ဝင်ရောက်လာပြီး နေအိမ်ပေါ်မှာ တက်ရာကာ ပုန်းနေသူတွေရှိရင် ထွက်လာဖို့ ခြိမ်းခြောက်တာကြောင့် ကြော က်ကြောက်လန့်လန့်နဲ့ ထွက်ခဲ့ရတဲ့ အကြောင်းကိုလည်း အခုလိုပဲ တုန်ယင်စွာနဲ့ ပြောပြပါတယ်။

“သူတို့ဝင်လာတယ်။ အိမ်ပေါ်တက်တယ်။ တံခါးကို ကန်တယ်။ သေတ္တာကို ဖွင့်တယ်။ ဘာရှာလဲတော့ မသိဘူး။ ကြည့်ရဲတာ မဟုတ် ဘူးလေ။ ဒီကလေးအိပ်နေလို့ တော်သေးတယ်။ မဟုတ်ရင် အသတ်ခံရနိုင်တယ်။ အသံမထွက်ရဲဘဲ တွင်းထဲမှာပုန်းနေတာ။ သူတို့က အိမ်ပေါ်မှာ ဘုန်းဘောင်းနဲ့ ရှာတယ်။ မရှိဘူး။ မရှိဘူး။ ဘာမှလည်း မရှိဘူးလို့ ပြောပြီးဆင်းလာတော့ တွင်းမှာလူမရှိဘူးလားတဲ့။ အန် တီတို့ ဦးလေးက ထွက်သွားပြီး။ ရှိပါတယ်ပြောတော့ တစ်ခြားသူတွေကောတဲ့။ သူက ကြောက်လို့ဘုန်းကြီးကျောင်းကိုပြေးသွားတယ် ပြောတော့ ဘုန်းကြီးကျောင်းကို ဘာလို့ပြေးသွားလဲတဲ့။ ကြောက်လို့ ပြေးသွားတာပါ။ နောက်ထပ် တွင်းထဲမှာ လူမရှိတော့ဘူးလားတဲ့။ တွင်းကိုလာတယ်။ မထွက်လိုက်ရင်လည်း ပစ်သတ်ခဲ့ရင် သေမယ်။ ထွက်သွားရင်လည်း ပစ်ချင်ပစ်မယ်။ ဘယ်လောက်တောင် ခဲယဉ်း သလဲဆိုတာကြည့်။ အန်တီတက်သွားတယ်။ ရှိပါတယ်။ ရှိပါတယ်ပြောလိုက်တယ်။”

“ဒီကလေးကို အဖေက ချီပြီးတာ့ တစ်ခြားသူတွေ မကျန်တော့ဘူးလားမေးသေးတယ်။ တွင်းကို ဆင်းဖို့သွားသေးတယ်။ ဆိုတော့ အန်တီ က ထွက်လာခဲ့လိုက်တော့လို့ ယောက်ျားကိုပြောလိုက်တယ်။ ပစ်ရင်လည်း ပစ်ပစေတော့လို့။ ထွက်လာတာနဲ့ ကျမယောက်ျားရဲ့ ရင်ဝကို သေနတ်နဲ့ တေ့ထားတယ်။ ခင်ဗျားဘာလုပ်ဖို့ ပုန်းနေတာလဲ။ ခင်ဗျား AA လားတဲ့။ မဟုတ်ဘူး။ ကျနော် အေအေမဟုတ်ပါဘူး။ ဆိုတော့ ဘာလို့ပုန်းနေတာလဲတဲ့။ ပစ်မယ်တဲ့။ ကျမတို့က ဆရာမပစ်ပါနဲ့။ ငိုယိုပြီးတော့ ရှေ့ခိုးတောင်းပန်ရတယ်။ ကျမတို့က ဆရာတို့ကိုကြောက် ပြီး ပုန်းနေတာပါ။ ထမင်းလည်း မစားရသေးပါဘူး။ ဒီအချိန်ကျသွားပါပြီလို့ ပြောတယ်။ ပြီးမှပဲ စပါးကျီနှစ်လုံးကြားမှာ တန်ခူးလမှာ ၁၂ နာရီ လောက် နေပူထဲမှာ ထိုင်ခိုင်းထားတယ်။”

တွင်းထဲက ထွက်လာပြီးနောက် သူတို့မိသားစုနဲ့ ဦးလေးဖြစ်သူကိုပါ ခေါ်ဆောင်လာခဲ့ပြီး ရွာပြင်ကို ခေါ်ထုတ်သွားပါတယ်။ တန်ခူးလနွေ ရဲ့နေ့ခင်းဖက် နေပူထဲမှာ ဒေါ်မဲချေရဲ့ အမျိုးသားအပါအဝင် ရွာအတွင်းမှ ယောက်ျားများကိုထိုင်ခိုင်ထားပြီး အမျိုးသမီးတွေကိုသစ်ရိပ်မှာ ထားကာ မေးမြန်းမှုတွေလုပ်ဆောင်ပါတော့တယ်။ မေးမြန်းတဲ့ အချိန်မှာ ပစ်ခတ်သံတွေကြောင့် ကြောက်လန့်သေဆုံးသွားတဲ့ အဘွားအို တစ်ယောက်ရဲ့ဇာပနကို လုပ်ဆောင်နေသူတွေ၊ ဘုန်းတော်ကြီးကို ပြေးသွားတဲ့သူတွေ၊ နေအိမ်ထဲမှာ ပုန်းနေတဲ့သူတွေ တစ်ဦးတစ်ယောက်မှ မကျန်ခဲ့ပါဘူး။ ရွာအုပ်ချုပ်ရေးမှူးရောပါပဲ။

“ခင်ဗျားတို့ကို ခေါ်သွားမယ်တဲ့။ ခင်ဗျား ဒီထဲမှာဘာလုပ်ဖို့နေလဲတဲ့။ ကျမတို့က ကြောက်လို့နေတာပါ။ တိုက်ပွဲဖြစ်တာမကြားဘူးလားတဲ့။ ကျမတို့ ကြားပါတယ်။ ဒါကြောင့် ကြောက်လို့ ပုန်းနေကြတာပါ။ အဲလိုပြောတော့ အေအေတွေ ပြေးသွားတာ မမြင်ဘူးလားတဲ့။ မမြင်ပါ ဘူး။ ပစ်မယ်လုပ်လို့ အန်တီဖိနတ်တောင် ဘယ်နားသွားထားလဲမသိတော့။ မိုးလင်းရင် ဖျားသွားတယ်။ အန်တီက ကလေးကိုချီလို့။ အန် တီယောက်ျားက လိုက်သွားကြမယ်တဲ့။ ငါတို့ ၃၊ ၄ ယောက်ပဲလားမသိဘူးတဲ့။ ရွာကိုပတ်ပြီး ခေါ်လာတယ်။ ကန်နားကိုရောက်မှ လူ ၁၀၊ ၉ ယောက်လောက်တွေ့တယ်။ ဒီတော့မှပဲ အန်တီစိတ်ငြိမ်သွားတယ်။ ဥက္ကဌကိုပါတွေ့တယ်။ သူတို့ ဘုန်းကြီး ကျောင်းကလူတွေကိုပါခေါ် ထုတ်တယ်။ အသုဘကလူတွေကိုရောပဲ။ ရွာအနောက်ဖက်က စံသာကျော်အိမ်အနောက်ဖက်မှာ စုပြီးမှ တရွာလုံးတွေ့ကြရတာ။”လို့ ရှင်း ပြပါတယ်။

စစ်ဆေးရင်းနဲ့ ရွာမှာ ကင်းလှည့်ဖို့ တာဝန်ခွဲထားတဲ့ စာရွက်ကို တပ်မတော်က တွေ့သွားခဲ့ပြီး အဲဒီစာရွက်မှာ နာမည်နဲ့တကွ ဖော်ပြပါရှိတဲ့ ရွာသား ၁၉ ယောက်နဲ့ သူတို့ရွာကို ရောက်ရှိနေကြတဲ့ ကျောင်းသားတွေ၊ မိန်းမလာတောင်းတဲ့ လူငယ်တွေကိုလည်း တပ်မတော်က ဖမ်း ဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေါ်မဲချေက ပြောပါတယ်။

ဖမ်းဆီးသွားတဲ့ထဲမှာ သူ့ရဲ့အိမ်ရှင်ပါမသွားပေမယ့် သူ့ရဲ့ဆွေမျိုးတွေလည်း ပါသွားပါတယ်။

“မိန်းမတွေကို အရိပ်မှာထားတယ်။ ယောက်ျားတွေကို နေပူထဲမှာ။ အင်္ကျီတွေချွတ်ထားရတယ်။ ယောက်ျားတွေ အငယ်လေးတွေဆိုရင် သူတို့ကို ပုဆိုးတွေပေါင်လှန်ပြရတယ်။ ပူလို့လည်း မခံနိုင်ကြတော့ဘူး။ အနာဖြစ်သွားကြတယ်။ သူတို့မှာ ဆေးသမားတွေ ပါတယ်။ သူ တို့က ဆေးထိုးပေးတယ်။ ကလေးအငယ်လေးတွေရဲ့ အမေတွေကိုတော့ အိမ်အောက်မှာ သွင်းထားတယ်။ ကလေးအမေတွေကိုတော့ အပြင်မှာထားတယ်။ အဲဒီမှာ နာမေတွေခေါ်တယ်။ ရွာမှာလူတွေကျန်သေးလား။ ဘာညာနဲ့။ လူစုံပြီဆိုတော့ ပြောတော့မယ်တဲ့။ ဒီထဲမှာ တခြားရွာကလူတွေထွက်တဲ့။ ဆိုတော့ တခြားရွာက လက်သမား ၃၊ ၄ ယောက်ရှိတယ်။ နောက်ပြီး ယောချောင်းဆိုတဲ့ ရွာက မိန်းမလာ တောင်းတဲ့ တစ်ယောက်၊ ၂ ယောက် ရှိတယ်။ အကုန်လုံး၊ လူရွာသား ဘယ်နှစ်ယောက်ကျလဲဆိုရင် ၈ ယောက်ကျသွားတယ်။ သူတို့က လည်း ရောက်တာမကြောသေးဘူးတဲ့။ အန်တီက သိလည်းမသိသေးဘူး။ ၈ ယောက်ဆိုရင် ကိုယ့်ရွာက စာရွက်တစ်ရွက် ရသွားတယ်။ သာထွန်းစံဆိုတဲ့ ရွာကလူက ကင်းစောင့်မလို့ အခြေအနေမကောင်းလို့ တာဝန်ခွဲကင်းစောင့်မယ့် စာရွက်ကို သူတို့ရသွားတယ်။ ခေါင်းေ ဆာင်က ဘယ်သူ။ ဘာညာဆိုပြီးတော့ ရေးထားတဲ့ ကင်းလှည့်စာရွက်ကို ဒါဟာ အေအေစာရွက်၊ ဒါဟာ အေအေရွာဆိုပြီးတော့ စာရွက် မှာ ပါတဲ့လူတွေကိုခေါ်ထုတ်တယ်။ လူ ပေါင်း ၃၅ ယောက်။ ၃၅ ယောက်မှာ ကြောက်လို့ထွက်ပြေးသွားတဲ့ထဲမှာ ထက်ဝက်ပါသွားပြီ။ နေ ာက်ထပ်ဝက်ကလည်း ကြောက်ကြောက်နဲ့ နေဖြစ်သွားကြတာ။ အဲဒီထဲမှာ ကိုယ့်ရွာသား ၁၉ ယောက်၊ လူရွာသား ၈ ယောက်၊ စုစုပေါင်း ၂၇ ယောက်ဖမ်းသွားတာ။ အန်တီတို့ရွာက ၂ ယောက်နဲ့ တခြားရွာက တစ်ယောက်တော့ သေသွားပြီ။ လူပျိုလေးတွေ။ ကြိုးနဲ့ ချည်ပြီးေ တာ့ နေ့လည်ကြောင်တောင် ဖမ်းသွားတာ။ ရွာကလူကြီး ၄၊ ၅ ယောက်က နောက်ကလိုက်တော့ မလိုက်စေရဘူး။ အပြစ်မရှိရင် ပြန်လွှ တ်ပေးလိုက်မယ်တဲ့။ သူတို့ခင်ဗျာလည်း ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတဲ့ ကလေးတွေပဲ။ နောက်ပြီးတော့ ဆယ်တန်းတက်နေ တဲ့ ကလေးတစ်ယောက်လည်း ပါသွားတယ်။ အခုတော့ လွှတ်လိုက်ပြီ။ ဝိုင်းဝိုင်းဆိုတဲ့ ကောင်လေး။ ပြီးမှ အဝေးသင်တက်နေတဲ့ ဒုတိ ယနှစ် တစ်ယောက်ပါသွားတယ်။ အန်တီမှာကျတော့ ခဲအိုသားတစ်ယောက်၊ သမက်တစ်ယောက်ပါသွားတယ်။ သူတို့ကို ဖမ်းပြီးရင်လ ည်း လွှတ်သေးတာမှ မဟုတ်တာ။ အန်တီတို့ကို တစ်နေ့လုံး အဲဒီမှာပဲ ထားနေတာ။ သူတို့ ဆဲတယ်။ ပြောတယ်။ အဲလောက်ကြောက်နေ တဲ့ထဲမှာ ခေါင်းပေါ်က လေယာဉ်ပျံဝဲလာတယ်။ ၆ ကြိမ်လောက်ဝဲတယ်။ တုန်လို့မရတော့ဘူး။ ဗုံးကြဲတော့မလားလို့။ လေယာဉ်က နည်း နည်းငြိမ်သွားတော့ သူတို့ထွက်သွားတယ်။ ၅ နာရီထိုးသွားတယ်။ တစ်နေကုန်ထိုင်ထားခဲ့တာ။ သူတို့ထွက်သွားတော့ ဒီရွာမှာလုံးဝမနေ ကြ နဲ့တဲ့။ ခင်ဗျားတို့ ဒုက္ခနဲ့တွေ့မှာ အမှန်တကယ်ပဲတဲ့။ ဆိုတော့ ရွာသားတွေ အကုန်ထွက်ပြေးတယ်။”

အဲဒီနေ့က ဖမ်းဆီးခံလိုက်ရတဲ့ထဲက လူငယ် ၃ ဦးဟာ သေဆုံးသွားပြီဖြစ်ပြီး ဆယ်တန်းကျောင်းသားပြန်လွတ်မြောက်လာကာ ကျန်တဲ့ လူတွေကတော့ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

ဒေါ်မဲချေတို့ မိသားစုဟာ အဲဒီနောက်ပိုင်း သူတို့နေထိုင်တဲ့ လက္ကာကျေးရွာကနေ လက် ဗလာနဲ့ ထွက်ပြေးလာကြပြီး မိဘတွေရှိတဲ့ဘောင်းဒွတ်ရွာကို ရောက်ရှိသွားတာပါ။ ဒါပေမယ့် အဲဒီရွာကိုရောက်လို့ ဘယ်လောက်မှလည်း မကြာလိုက်ပါဘူး။ အဲဒီရွာက ပြန်ထွက်ပြေးဖို့ ကျလာခဲ့ပြီး ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာသွန်းခဲ့တော့တယ်။

“အန်တီက ဒီဘက်ကို ရောက်သွားတယ်ဆိုတာက ကိုယ့်ရွာပြိုတယ်။ နေလို့မရတော့ဘူးဆိုပြီးတော့။ အမိ၊ အဖတွေရှိတဲ့ ဘောင်းဒွတ်ကို ပြေးလာကြတာ။ အန်တီတို့ရောက်လို့ ၂ ညပဲ အိပ်ရသေးတယ်။ ဘောင်းဒွတ်လည်းပြိုပြီ။ အန်တီတို့ဖက်က လူတွေဟာတိမ်ညိုတို့၊ ပီပင် ရင်းမှာ။ လိုက်လို့မမှီတာကတော့ အမှန်တကယ်ပဲ။ ပြင်ဦးလွင်မှာ သင်တန်းတက်နေတဲ့ သားကိုလည်း ပိုက်ဆံပို့ပေးရတယ်။ အခုလည်း ၉ တန်းတစ်ယောက်၊ ၅ တန်းတစ်ယောက်၊ ကောက်စားလေးတစ်ယောက်။ မိုးလင်းရင် ရစရာမရှိဘူး။ မရှိရှိ၊ ရှိရှိ ခနနေရင် ချက်ပြုတ်ရ တော့မယ်။”

လက္ကာကျေးရွာသားတွေဟာ အနီးအနားက တိမ်ညိုနဲ့ ပီပင်ရင်း စစ်ဘေးရှောင်စခန်းတွေဆီမှာ ခိုလှုံနေကြပေမယ့် သူတို့မိသားစုကတော့ မြောက်ဦးမြို့နယ် ဒိုင်းကျီကျေးရွာ ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းကို ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

“အန်တီတို့ ထွက်ပြေးပြီးနောက်ပိုင်း ဝါကျွတ်ပြီးမှ တိုက်ပွဲဖြစ်သွားသေးတယ်။ နေအိမ်တွေလည်း ပျက်စီးသွားတယ်။ အန်တီတို့မှာ အိမ် တွေက (ဇကာပေါက်)ဆန်ခါပေါက်လိုဖြစ်လို့တဲ့။ အခုအန်တီက ရွာကိုလည်း မပြန်ရဲတော့ဘူး။ ဘာမှလည်း မရခဲ့ဘူး။ သူများတွေမှာတောင် အိုးခွက်ရ ခဲ့သေးတယ်။ အန်တီတို့မှာ အိုးလည်း မရခဲ့ဘူး။ ခွက်လည်း မရခဲ့ဘူး။”

သူတို့ထွက်လာခဲ့တဲ့ ၂၀၁၉ ခုနှစ်ဧပြီလနောက်ပိုင်းကနေ လက်ရှိအချိန်ထိ တိုက်ပွဲတွေကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး ရွာအတွင်းမှာလည်း ပျက်စီးမှုတွေ ရှိတယ်လို့ ဆိုပါတယ်။ နောက်ပြီး မတ်လအတွင်းမှာလည်း လက္ကာကျေးရွာမီးရှို့ဖျက်စီးခံခဲ့ရပြီး နေအိမ်အလုံး ၂၀၀ နီးပါးနဲ့ စာသင်ကျောင်းလည်း ပါသွားတယ်လို့ ကြားသိရပါတယ်။ လက်ရှိမှာ စစ်ဘေးရှောင်စခန်းမှာ အခြေအနေအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့ အ သက် ၄၁ နှစ်အရွယ် ဒေါ်မဲချေကတော့ နေရပ်ပြန်ရဖို့ အမြဲတမ်းဆုတောင်းနေပေမယ့် ရွာမှာ အိမ်တောင်ရှိသေးရဲ့လားဆိုတာတောင် မသေချာတော့ပါဘူး။

“မပြေဘူးဆိုတဲ့ထဲမှာ အန်တီတို့မှာ ပိုလို့တောင် မပြေသေးဘူး။ အန်တီအိမ်ရှင်က ဒီနေရာမှာ လုပ်စားမယ့် အလုပ်ကိုလည်း မလုပ်တတ် ဘူး။ သား၊ သမီးတွေ စာသင်တာနဲ့ ဘယ်လိုမှ လိုက်မမှီဘူးဖြစ်နေတယ်။ ဟုတ်တယ်။ လူတွေကတော့ အကူညီ၊ အထောက်အပံ့ပေးကြ တယ်။ ဆန်ပေးကြတယ်။ ဆီပေးကြတယ်။ ဒါမဲ့ တစ်ရက်နဲ့ တစ်ရက်က သုံးစရာလိုက်မမှီဘူး။ ကိုယ့်မှာလုပ်မယ့်။ အလုပ်မရှိဘူးဆိုရင် ဘာကိုသွားသုံးရမှာလည်း။ အထူးသဖြင့် တော့ အရင်ကလို ကိုယ့်ရွာမှာ ကိုယ်နေပြီး ကိုယ့်အလုပ်ကို ကိုယ်လုပ်စားချင်တာပေါ့။ အခုက အန်တီတို့ ရွာကိုသွားရမှာက သိပ်ကိုကွာခြားသွားပြီ။ ရွာမှာခွေးတောင် မရှိတော့ဘူး။ ဘုန်းကြီးလည်း မရှိတော့ဘူး။ ဝါကျွတ်ပြီးမှ ဖြစ် သွားတဲ့ စစ်ပွဲမှ တအားပျက်စီးကုန်တယ်။ အန်တီလည်း တခေါက်လေးတောင် သွားမကြည့်ရဲဘူး။ မိုင်းထောင်ခဲ့မှန်းလည်း မိုင်းပေါက်မယ်မှန်းလည်း မသိဘူး။ တောင်နားလေး၊ ရွာပြင်နားလေးမှာ နွားသေတယ် ကျွဲသေတယ်လို့ သတင်းတွေကြားတယ်။ လူက တော့ သွားမကြည့်ရဲဘူး။ ရွာထဲမှာ လူသေကောင်တွေမြှုပ်ပစ်ခဲ့တယ်။ ဓာတ်ပုံရိုက်လာကြသေးတယ်။ တစ်ယောက်။ အိမ်အောက်တွေ မှာ သွေးပြင်တွေစီးလို့ ဒါကြောင့် ဘသူမှ မသွားရတော့တာ။”

 584 total views,  1 views today