Arakan Yoma|

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တည်ရှိသည့် နံသာကျွန်းနှင့် မေယုမြစ်ဝဧရိယာထဲမှ ၃၆၀၈ ဟက်တာကို ရမ်ဆာရေဝပ်ဒေသအဖြစ်သတ် မှတ်လိုက်ပြီဖြစ်သည်။

စစ်တွေနှင့် ရသေ့တောင်မြို့နယ် နယ်နိမိတ်အတွင်းကျရောက်သည့် အဆိုပါနယ်မြေတွင် ကမ္ဘာပေါ်မှ မျိုးတုန်းပျောက်ကွယ်လုနီးပါးဖြစ် လာသည့် ရှားပါးမျိုးစိတ်များရှိနေခြင်းကြောင့် ရမ်ဆာကွန်ဗေးရှင်းအတွင်းရေးမှူးရုံးက ယခုလို သတ်မှတ်လိုက်ခြင်းဖြစ်သည်။

Myanmar Biodiversity Information Platform ၏ထုတ်ပြန်ချက်အရ အဆိုပါနယ်မြေတို့သည် မျိုးတုန်းပျောက်ကွယ်လု နီးပါးအန္တရာယ် နှင့် ရင်ဆိုင်နေရသည့် ရေညှောင့်နှုတ်ဝိုင်းငှက် ကမ္ဘာ့ကောင်ရေ၏ ၅ ရာခိုင်နှုန်းတို့အတွက် ဒုတိယအရေးကြီးဆုံး ဆောင်းခိုနေရာဖြစ်သလို Great Knot နှင့် Nordmann GreenShank စသည့်ငှက်မျိုးစိပ်တို့အတွက် အရေးကြီးဆုံးနေရာတစ်ခုလည်း ဖြစ်သည်။

ယင်းအပြင် ပြင်သာလိပ်၊ လိပ်စောင်းလျား၊ လိပ်လှောင်းစသည့် ရှားပါးမျိုးစိပ်တို့ ကျက်စား၊ ပေါက်ဖွားရာနေရာလည်း ဖြစ်နေသည်။ သို့ ဖြစ်၍ ယင်းနေမြေကို ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ပေးရန် သစ်တောဦးစီးဌာနမှ ရမ်ဆာကွန်ဗေးရှင်းအတွင်းရေးမှူးရုံးသို့ တင် ပြရာ မေလ ၂၂ ရက်နေ့တွင် အသိအမှတ်ပြုခံခဲ့ရသည်။

လက်ရှိတွင် အဆိုပါ စစ်တွေနှင့် ရသေ့တောင်မြို့နယ်တို့အတွင်း ကျရောက်သည့် နံသာကျွန်းနှင့် မေယုမြစ်ဝှမ်းတို့မှာ ကမ္ဘာ့မှအသိမှတ် ပြုခံရသည့် မြန်မာနိုင်ငံ၏ ၆ ခု မြောက်ရေဝပ်ဒေသဖြစ်လာပြီး ဧရိယာအရဆိုလျှင်လည်း မြန်မာနိုင်ငံတွင် ရေဝပ်ဒေသဧရိယာစုစုပေါင်း ၂၇၈၆၉၉ ဟက်တာရှိလာခဲ့ပြီ ဖြစ်သည်။

 829 total views,  1 views today