ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒေတစ်ပတ်မာတော့ခါ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးအကြောင်းကို တင်ပြပီးလားဖို့ဖြစ်ပြီးကေ ယင်းအမျိုးသမီးက စစ်ဘေးရှောင်စခန်း ကို ဇာပိုင်ရောက်ရှိလာရစွာလဲ။ ဇာအချိန်ကတည်းကနီ ရောက်ရှိနီစွာလဲ။ ဇာအဖြစ်အပျက်တိကြောင့်လဲ။ ပြီးကေ လက်ရှိမာက ဇာအခက် ခဲတိကို ကြုံနီရလေ။ သူရို့ လိုအပ်ချက်တိက ဇာတိလဲဆိုစွာတိကို မြောက်ဦးမြို့နယ်၊ ဒိုင်းကျီကျေးရွာ ဘုန်းကြီးကျောင်းကယ်ဆယ်ရေး စခန်းကို လားရောက်မီးမြန်းထားရေအကြောင်းကို တင်ဆက်ဖော်ပြပီးလားဖို့ ဖြစ်ပါရေ။

မိုးစစောတည်းက စျေးခရင်းကို ကိုင်ပနာထွက်လားရေ ဒေါ်မဲချေဟာ လမ်းတပိုင်းကနီ အိမ်ကိုပြန်လှည့်ပြီးပါလတ်ပါရေ။ ရွာထဲမာလေ့ ဆဆူညညံ အုတ်အော်သောင်းနင်းနန့်။ တချိန်တည်းမာဗျာလ် လူတချို့က အိမ်ကိုဗျာလ် ပြီးလာကတ်တေပိုင် တချို့ကလေ့ ရွာဦးဘုန်း ကြီးကျောင်းကို ဦးတည်လားကတ်ပါရေ။

ယကေလေ့ ဒေါ်မဲချေကတော့ခါ ဘုန်းတော်ကြီးကျောင်းကို တန်းပြီးလားလို့ မဖြစ်ပါ။ အိမ်မာ အမျိုးသားနဲ့ ရင်ခွင်ပိုက်အချေကျန်ရစ်နီခ ရေ မဟုတ်ပါလား။

“သင်္ကြန်တွင်းမာ မိုးလင်းစွာနန့် အရီးစျီးလားပြုရေ။ သနတ်ပစ်သံကြားရေ။ အရီး စျီးကိုလေ့ မရောက်ခဘဲနန့် အိမ်ကိုတန်းပြီးလာရေ။ ဒေ အချေကိုယူရေ။ ဗုံးတွင်းထဲမာပုန်းနီကတ်တေ။ တိုက်ပွဲဖြစ်တေ။ တိုက်ပွဲဖြစ်တေ နရာနန့် ရွာနန့် ဇာလောက်လေ့ မဝီး။ ၁၀ မိနစ်၊ ၁၅ မိန စ်လောက်ယာလားရရေ။ ရွာထဲမာ ဖြစ်နီပိုင်ယာလေ။ ဆိုခါ အားလုံးသူက ကြောက်ပြီးကေ ဗုံးတွင်းမှာ။”လို့ အချေကို မျက်ခုံးပင့်ပြရင်းနန့် ပြောပြပါတယ်။ ပြောပြနီချိန်မာလေ့ ယင်းနိကအကြောင်းအရာကို မျက်ဝါးထင်ထင်ခံစားလိုက်ရရေ ထင်ပါရေ။ မျက်ဝန်းတိကလေ့ စိုလို့ရွှဲ လို့ပါ။

အမှန်တော့ခါ အိမ်မာက ယင်းအချေတစ်ယောက်တည်း ရှိစွာတော့ကေ မဟုတ်ပါ။ ကျောင်းတက်နီရေ သား၊ သမီးနှစ်ယောက်လေ့ ရှိပါသိမ့်ရေ။ ရွာအနားမာတိုက်ပွဲဖြစ်လာနိုင်ခြေရှိရေဆိုစွာကို ကြိုရိပ်မိထားလို့ ယင်းသားသမီးနှစ်ယောက်ကို မိဘတိရှိရေတခြား ပို့ ထားချိန်မာ ဖြစ်လားလို့ တော်သိရေလို့ သူမက ပြောပါရေ။

ဒေပိုင်နန့် မိုးထ ၆ နာရီကျော်လောက်ကနီဖြစ်တေ တိုက်ပွဲရေ နိခင်း ၁၁ နာရီလောက်မာတော့ခါ တနားရပ်လားရေလို့ ဆိုပါရေ။ တဖ က်သတ်ပစ်ခတ်သံတိကတော့ ရှိနီရေအတွက် ရွာအတွင်းက အမျိုးသားတချို့က ဖမ်းဆီးခံရနိုင်ဖို့လားဆိုပြီးကေ တောင်ထက်ကိုတက် ပြီးလားကတ်ပါရေ။

တနားအကြာမှာတော့ခါ တပ်မတော်စစ်ကြောင်းတစ်ခုက ရွာထဲကို ဝင်ရောက်လာပနာ ရှင်းလင်းမှုတိ စတင်လုပ်ပါလတ်ပါရေ။ ဒေါ်မဲ ချေက အစပိုင်းမာ အမျိုးသားဖြစ်သူကိုရာ ပုန်းခိုင်းပြီးကေ သူကတော့ မပုန်းပဲနီခဲ့ကေလေ့ ပစ်ခတ်သံတိ မနားတမ်းကြားလာရရေခါမာ တော့ခါ အသက်အန္တရာယ်စိုးရိမ်ရစွာကြောင့် သူလည်း ပုန်းခရပါရေ။

“သူရို့က နိခင်း ၁၂ နာရီလောက်မာ ရွာကိုဝင်လာကတ်ပါရေ။ ပစ်လိုက်တေဆိုစွာမာ ပြောမနီကေ့ဖိ။ အရီးသားချေက အိပ်နီရေ။ ယိုင်း မာ တေးခင်းဆိုသိပ်နီစွာ။ အရီးက သူ့အဖကို ယောက်ျားလားပုန်းနီ။ ငါက မမ တစ်ခုလေ့ မဖြစ်လို့။ အိမ်ထောင်စု စာရင်းတိ၊ ဘာတိ စစ် တေလို့ဆိုကေ ပီးလိုက်မေ။ ဆိုပြီးကေ အိမ်ထောင်စု စာရင်းကိုချပြီးကေ ထိုင်နီရေ။ သူရို့က ဆက်တိုက်ပစ်တေ။ ယေခါ သူ့အဖကလေ့ တွင်းထဲကို ပါလတ်လတ်။ ခေါ်ရေ။ တစ်ရွာလုံးကို ဖြိုပစ်လာကတ်တေ။ လူတိက ဘုန်းကြီးကျောင်းကို ပြီးလားကတ်တေ။ ယောက်ျား ၂၀ လောက်က အသုဘမာ။ အရီးရို့က မပြီး။ ပုန်းနီစာ။”

အိမ်အောက်မာ အသင့်တူးထားရေ ဗုံးခိုကျင်းမာ ပုန်းနီစိုင်မာတော့ခါ မိသားစု ၃ ယောက်က တတိုးချေနီခကတ်ရပါရေ။ ယင်းအချိန်မာ တပ်မတော်သားတ ဝင်ရောက်လာပြီးကေ အိမ်ထက်ကို တက်ပနာ ပုန်းနီရေလူတိရှိကေ ထွက်လာဖို့ ချိန်းခြောက်လာရေအတွက်နန့် ကကြောက်လလန့်နန့် ထွက်လာရရေအကြောင်းကိုလေ့ အခုပိုင် တတုန်ယယင်နန့် ပြောပြပါရေ။

“သူရို့ဝင်လာရေ။ အိမ်ထက်ကိုတက်တေ။ တံခါးကို ကျောက်တေ။ တိုက်တာကို ဖွင့်ရေ။ ဇာရှာလဲတော့ခါ မသိ။ ကြည့်ဝ့ံစွာက မဟုတ် လေ။ ဒေအချေအိပ်နီလို့ တော်သိမ့်ရေ။ မဟုတ်ကေ အသတ်ခံရနိုင်ရေ။ အသံမထွက်ဝ့ံဘဲနန့် တွင်းထဲမာ ပုန်းနီစွာ။ သူရို့က အိမ်ထက် မာ ဘုန်းဘောင်းနန့်ပင် ရှာရေ။ ‘မရှိဘူး။ မရှိဘူး။ ဘာမှလည်း မရှိဘူးလို့’ ပြောပြီးကေ ဆင်းလာပနာ တွင်းမှာ လူမဟိမ့်လားလတ်။ အရီး ရို့ ဝရီးက ထွက်လားပြီးကေ။ ရှိပါရေလို့ ပြောခါ အရာလူတိဝါလတ်။ သူက ကြောက်လို့ဘုန်းကြီးကျောင်းကို ပြီးလားကတ်တေလို့ ပြော မာ ဘုန်းကြီးကျောင်းကို ဇာလို့ပြီးလာစွာလေလတ်။ ကြောက်လို့ ပြီးလားစွာပါ။ နောက်ထပ်တွင်းထဲမာ လူမရှိယာလားလတ်။ တွင်းကို လာလတ်တေ။ မထွက်လိုက်ကေလေ့ ပစ်သတ်ပခကေ သီဖို့။ ထွက်လားကေလေ့ ပစ်ချင်ပစ်ဖို့။ ဘလောက် ခဲယဉ်းရေလဲဆိုစွာကိုကြည့် ယေ။ အရီးက တက်လားရေ။ ရှိပါရေ။ ရှိပါရေလို့ ပြောလိုက်တေ။”

“ဒေအချေကိုကို အဖေက ရွက်ပနာ တစ်ခြားလူတိ မကျန်ယာလားလတ်။ မီးသိရေ။ တွင်းကို ဆင်းဖို့လားသိရေ။ ဆိုခါ အရီးက ထွက် ပါလတ်ဖိလို့ အရီးအိမ်ရှင်ကို ပြောလိုက်တေ။ ပစ်ကေလေ့ ပစ်လီဖိလို့။ ထွက်လာစွာနန့် အရီးအိမ်ရှင်ရင်ဝကို သနတ်နန့် တေ့ထားရေ။ ‘ခင်ဗျားဘာလုပ်ဖို့ ပုန်းနေတာလဲ။ ခင်ဗျား AA လားလတ်။’ မဟုတ်ပါ။ ကျနော် အေအေမဟုတ်ပါ။ ဆိုကေ ဇာလို့ပုန်းနီစွာလဲလတ်။ ပစ်ပလိုက်ဖို့လတ်။ အရီးရို့က ဆရာမပစ်ပါကေ့။ မပစ်ပါကေ့လို့ ငိုပနာ ရှေ့ခိုးလို့ တောင်းပန်ရရေ။ အရီးရို့က ဆရာရို့ကိုကြောက်လို့ ပုန်းနီစာပါ။ ထမင်းလေ့ မစားရပါသိမ့်။ ဒေအချိန်ကျလားပါယာလို့ ပြောရေ။ ပြီးကေမရာ စပါးကျီနှစ်လုံးကြားမာ တန်ခူးလမာ ၁၂ နာရီ လောက် နပူထဲမာ ထိုင်ခိုင်းထားရေ။”

တွင်းထဲက ထွက်လာပြီးနောက် သူရို့မိသားစုနဲ့ ဝီရီးဖြစ်သူကိုပါ ခေါ်လာခပြီးကေ ရွာပြင်ကို ခေါ်ထုတ်လားပါရေ။ တန်ခူးလနီ၏ နိခင်းဖက် နပူထဲမာ ဒေါ်မဲချေရို့ အိမ်ရှင်အပါအဝင် ရွာထဲက ယောက်ျားတိကို ထိုင်ခိုင်ထားပြီးကေ အမျိုးသမီးတိကို သစ်ရိပ်မာ ထားပနာ မီးမြန်းမှုတိလုပ်ဆောင်ပါရေ။ မီးမြန်းအချိန်မာ ပစ်ခတ်သံတိကြောင့် ကကြောက်လလန့် သီဆုံးလားရေ အဘောင်မ တစ်ယောက် ဇာပနကို လုပ်ဆောင်နီသူတိ၊ ဘုန်းကြီးကျောင်းကို ပြီးလားရေလူတိ၊ အိမ်ထဲမာ ပုံးနီရေလူတိ တစ်ဦးတစ်ယောက်လေ့ မကျန်ခပါ။ ရွာအုပ်ချုပ်ရေးမှူးတောင် မကျန်ပါ။
“‘ခင်ဗျားတို့ကို ခေါ်သွားမယ်’လတ်။ ‘ခင်ဗျား ဒီထဲမာ ဘာလုပ်ဖို့နီလဲလတ်။’ အရီးရို့က ကြောက်လို့နီစွာပါ။ တိုက်ပွဲဖြစ်စွာ မကြားလား လတ်။ ကြားပါရေ။ ယင်းတွက်နန့် ကြောက်လို့ ပုန်းနီကတ်စွာပါ။ ယင်းပိုင်ပြောခါ အေအေတိ ပြီးလားစွာ မမြင်လားလတ်။ မမြင်ပါ။ ပစ် ဖို့လုပ်လို့ အရီးဖိနပ်တောင် ဇာနားမာ လားထားမိလဲမသိယာ။ မိုးလင်းခါ ဖျားလားရေ။ အရီးက အချေကိုရွက်လို့။ အရီးလင်က လိုက်လား ကတ်ဖို့လတ်။ ငါရို့ ၃၊ ၄ ယောက်ရာလားမသိလတ်။ ရွာကိုပတ်ပြီးကေ ခေါ်လာရေ။ ကန်နားကိုရောက်ခါမ လူ ၁၀၊ ၉ ယောက်လောက် တွိရေ။ ယင်းခါမယာ အရီးစိတ်ငြိမ်လားရေ။ ဥက္ကဌကိုပါတွိရေ။ သူရို့ဘုန်းကြီးကျောင်းက လူတိကိုပါခေါ်ထုတ်တေ။ အသုဘကလူတိကို လေ့။ ရွာအနောက်ဖက်က စံသာကျော်အိမ်အနောက်ဖက်မာ စုပြီးကေမ တရွာလုံးတွိကတ်ရစွာ။”လို့ ရှင်းပြပါရေ။

စစ်ဆေးရင်းနန့် ရွာမာ ကင်းလှည့်ဖို့ တာဝန်ခွဲထားရေ စာရွက်ကို တပ်မတော်က တွိလားခပြီးကေ ယင်းစာရွက်မာ နာမည်နန့်တကွ ဖော် ပြပါရှိရေ ရွာသား ၁၉ ယောက်နန့် သူရို့ရွာကို ရောက်ရှိနီကတ်တေ ကျောင်းသားတ၊ မယားလာတောင်းရေ လူငယ်တိကိုလေ့ တပ်မတေ ာ်က ဖမ်းဆီးခေါ်ဆောင်လားခရေလို့ ဒေါ်မဲချေက ပြောပါရေ။

ဖမ်းဆီးလာရေထဲမာ သူ့အိမ်ရှင်ပါမလားကေလေ့ သူ့ဆွေမျိုးတိလေ့ ပါလားပါရေ။

“မမတိကို အရိပ်မာထားရေ။ ယောက်ျားတိကို နပူထဲမာ။ အင်္ကျီတိ ချွတ်ထားရရေ။ ယောက်ျားတိ အငယ်ချေတိဆိုကေ သူရို့ကို ဒယောတိ ပေါင်လှန်ပြရရေ။ ပူလို့လေ့ မခံနိုင်ကတ်ယာ။ အနာဖြစ်လားကတ်တေ။ သူရို့မာ ဆီးသမားတိပါရေ။ သူရို့က ဆေးထိုးပီးရေ။ အချေအမိတိကိုတော့ခါ အိမ်အောက်မာ သွင်းထားရေ။ အချေအမိတိကိုတော့ခါ အပြင်မာထားရေ။ ယင်းမာ နာမေတိ ခေါ်ရေ။ ရွာမာလူတိကျန်သိလား။ ဘာညာနန့်။ လူစုံယာဆိုတော့ခါ ပြောဖို့ယာလတ်။ ယင်းထဲမာ တခြားရွာကလူတိထွက်တေ။ ဆိုခါ တခြားရွာက လက်သမား ၃၊ ၄ ယောက်ရှိရေ။ နောက်ပြီးကေ ယောချောင်းဆိုရေ ရွာက မယားလာတောင်းရေ တစ်ယောက်၊ ၂ ယောက်ရှိရေ။ အားလုံး၊ လူရွာသား ဇာနှစ်ယောက်ကျလဲဆိုကေ ၈ ယောက်ကျလားရေ။ သူတို့ကလေ့ ရောက်စွာ မကြာသိလတ်။ အရီးက သိလေ့မသိသိမ့်။ ၈ ယောက်ဆိုကေ ကိုယ့်ရွာက စာရွက်တစ်ရွက် ရလားရေ။ သာထွန်းစံဆိုရေ ရွာကလူက ကင်းစောင့်ဖို့လို့ အခြေအနေမကောင်းလို့ တာဝန်ခွဲကင်းစောင့်ရေ စာရွက်ကို သူရို့ရလားရေ။ ခေါင်းဆောင်က အသူ။ ဘာညာဆိုပြီးကေ ရီးထားရေ ကင်းလှည့်စာရွက်ကို ဒေချင့်ရေ အေအေစာရွက်၊ ဒေချင့်ရေ အေအေရွာဆိုပြီးသင့်ကေ စာရွက်မာပါရေ လူတိကို ခေါ်ထုတ်တေ။ လူ ပေါင်း ၃၅ ယောက်။ ၃၅ ယောက်မာ ကြောက်လို့ထွက်ပြီးလားရေထဲမာ ထက်ဝက်ပါလားယာ။ နောက်ထပ်ဝက်ကလေ့ ကကြောက်နန့် နီဖြစ်လားကတ်စွာ။ ယင်းထဲမာ ကိုယ့်ရွာသား ၁၉ ယောက်၊ လူရွာသား ၈ ယောက်၊ စုစုပေါင်း ၂၇ ယောက်ဖမ်းလားစွာ။ အရီးရို့ရွာက ၂ ယောက်နန့် တခြားရွာက တစ်ယောက်တော့ခါ သီလားယာ။ လူပျိုချေတိ။ ကြိုးနန့် ချိုင်ပြီးခါ နိခင်းကြောင်တောင် ဖမ်းလားစာ။ ရွာကလူ ကြီး ၄၊ ၅ ယောက်က နောက်ကလိုက်လခကတ်လို့။ မလိုက်စီရ။ အပြစ်မရှိကေ ပြန်လွှတ်ပီးလိုက်မေလတ်။ သူရို့ခင်မျာလေ့ ရရိုးသသား လုပ်ကိုင်စားသောက်နီရေ အချေတိ။ နောက်ပြီးကေ ဆယ်တန်းတက်နီရေ။ အချေတစ်ယောက်လေ့ ပါလားရေ။ အခုတော့ခါ လွှတ်လိုက်ယာ။ ဝိုင်းဝိုင်းဆိုရေ ကောင်ချေ။ ပြီးကေမ အဝေးသင်တက်နီရေ ဒုတိယနှစ် တစ်ယောက်ပါလားရေ။ အရီးမာကျခါ ခဲအိုသားတစ်ယောက်၊ သမက်တစ်ယောက်ပါလားရေ။ သူရို့ကို ဖမ်းပြီးကေလေ့ လွှတ်သိစာက မဟုတ်ယေ။ အရီးရို့ကို တရက်လုံး ယင်းမာပဲ ထားရေ။ ဆဲရေ။ ပြောရေ။ ယလောက်ကြောက်နီရေထဲမာ ခေါင်းထက်က လေယာဉ်ပျံဝဲလာရေ။ ၆ ကြိမ်လောက်ဝဲရေ။ တုန်လို့မရလိုက်ယာ။ ဗုံးကြဲဖို့ယာလားလို့။ လေယာဉ်က နည်းနည်းငြိမ်လားခါ သူရို့ထွက်လားရေ။ ၅ နာရီထိုးလားရေ။ တစ်ရက်ကုန် ထိုင်ထားခစာ။ သူရို့ထွက်လားခါ ဒေရွာမာလုံးဝမနီကတ်ကေ့လတ်။ ခင်ဗျားတို့ ဒုက္ခနဲ့တွေ့မှာ အမှန်တကယ်ပဲလတ်။ ဆိုခါ ရွာသားတိ အားလုံးထွက်ပြီးကတ်တေ။”

ယင်းနိက ဖမ်းဆီးခံလိုက်ရရေထဲက လူငယ် ၃ ယောက် သီဆုံးလားဗျာလ်ဖြစ်ပြီးကေ ဆယ်တန်းကျောင်းသားပြန်လွတ်မြောက်လာကေ လေ့ ကျန်ရေလူတိကတော့ခါ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါရေ။ ဒေါ်မဲချေရို့ မိသားစုရေ ယင်းနောက်ပိုင်း သူရို့နီထိုင်ရေ လက္ကာကျေးရွာက နီ လက်ဗလာနန့် ထွက်ပြီးလာကတ်ပြီးကေ မိဘတိရှိရေ ဘောင်းဒွတ်ရွာကို ရောက်ရှိသွားစွာပါ။ ယကေလေ့ ယင်းရွာကို ရောက်လို့ ဇာလောက်လေ့ မကြာလိုက်ပါ။ ယင်းရွာက ပြန်ထွက်ပြီးဖို့ ကျလာခပြီးကေ ကံဆိုးမလားရာ မိုးလိုက်လို့ ရွာသွန်းဆိုရေပိုင်ပါ။

“အရီးက ဒေဖက်ကို ရောက်လားရေဆိုစွာက ကိုယ့်ရွာပြိုရေ။ နီလို့ မရလိုက်ယာဆိုပြီးကေ အမိ၊ အဖတိရှိရေ ဘောင်းဒွတ်ကို ပြီးလာ ကတစွ်ာ။ အရီးရို့ရောက်လို့ ၂ ညယာ အိပ်ရသိရေ။ ဘောင်းဒွတ်လည်းပြိုယာ။ အရီးရို့ဖက်က လူတိက တိမ်ညိုရို့၊ ပီပင်ရင်းရို့မာ။ လိုက်လို့ မမြိန်စွာကတော့ခါ အမှန်တကယ်ယာယေ။ ပြင်ဦးလွင်မာ သင်တန်းတက်နီရေ သားကိုလေ့ ဖဲသာ ပိုပီးရရေ။ အခုလေ့ ၉ တန်းတစ်ယောက်၊ ၅ တန်းတစ်ယောက်၊ ကောက်စားချေတစ်ယောက်။ မိုးလင်းကေ ရစရာမရှိ။ မရှိရှိ၊ ရှိရှိ တနားနီကေ ချက်ပြုတ်ရဖို့ ယာ။”

လက္ကာကျေးရွာသားတိရေ အနီးအနားက တိမ်ညိုနန့် ပီပင်ရင်း စစ်ဘေးရှောင်စခန်းတိမာ ခိုလှုံနီကတ်ကေလေ့ သူရို့မိသားစုကတော့ခါ မြောက်ဦးမြို့နယ် ဒိုင်းကျီကျေးရွာမာ ဘုန်းကြီးကျောင်း ကယ်ဆယ်ရေးစခန်းကို ရောက်ရှိလားစွာဖြစ်ပါရေ။

“အရီးရို့ ထွက်ပြီးပြီးရေနောက်ပိုင်း ဝါကျွတ်ပြီးကေမ တိုက်ပွဲဖြစ်လားသိရေ။ အိမ်တိလေ့ ပျက်စီးလားရေ။ အရီးရို့မာ အိမ်တိက ဆန်ခါ ပေါက်ပိုင်ဖြစ်လို့လတ်။ အခုအရီးက ရွာကိုလေ့ မပြန်ဝ့ံယာ။ တစ်ခုလေ့ မရခ။ သူများတိမှာတောင် အိုးချေခွက်ချေရခသိရေ။ အရီးရို့မာ အိုးလည်း မရခ။ ခွက်လည်း မရခ။”

သူရို့ထွက်လာခဲ့ရေ ၂၀၁၉ ခုနှစ်၊ ဧပြီလနောက်ပိုင်းကနီ လက်ရှိအချိန်ထိ တိုက်ပွဲတိကြိုကြားကြိုကြားဖြစ်ပွားခပြီးကေ ရွာထဲမာလေ့ ပျ က်စီးမှုတိ ရှိရေလို့ ဆိုပါရေ။ နောက်ပြီးကေ မတ်လအတွင်းမာလေ့ လက္ကာကျေးရွာမီးရှို့ဖျက်စီးခံခရပြီးကေ အိမ်အလုံး ၂၀၀ နီးပါးနန့် စာ သင်ကျောင်းလေ့ ပါလားရေလို့ ကြားသိရပါရေ။ လက်ရှိမာ စစ်ဘေးရှောင်စခန်းမာ အခြေအနေအမျိုးမျိုးနန့် ရင်ဆိုင်နီရရေ အသက် ၄၁ နှစ်အရွယ် ဒေါ်မဲချေကတော့ခါ နေရပ်ပြန်ရဖို့ အမြဲတမ်းဆုတောင်းနီကေလေ့့ ရွာမာ အိမ်တောင်ရှိသိယင့်လားဆိုစွာတောင် မသေချာ ပါယာ။
“မပြေဆိုရေထဲမာ အရီးရို့မှာ ပိုလို့တောင် မပြေသိ။ အရီးအိမ်ရှင်က ဒေနရာမာ လုပ်စားဖို့ အလုပ်ကိုလေ့ မလုပ်တတ်။ သား၊ သမီးတိ စာသင်စွာနန့် တခုပိုင်လေ့ လိုက်မမြိန်ဖြစ်နီရေ။ ဟုတ်တေ။ လူတိကတော့ခါ အကူညီ၊ အထောက်အပံ့ပီးကတ်တေ။ ဆန်ပီးကတ်တေ။ ဆီပီးကတ်တေ။ ယကေလေ့ တစ်ရက်နန့် တစ်ရက်က သုံးစရာလိုက် မမြိန်။ ကိုယ့်မာလုပ်ဖို့။ အလုပ်မရှိဆိုကေ ဇာကိုလားသုံးရဖို့လဲ။ အထူးသဖြင့်တော့ကေ အရင်ကပိုင် ကိုယ့်ရွာမာ ကိုယ်နီပြီးကေ ကိုယ့်အလုပ်ကို ကိုယ်လုပ်စားချင်ရေပေါ့။ အခုက အရီးတို့ ရွာကိုလားရဖို့စော်က ကောင်းကွာခြားလားယာ။ ရွာမာခွီးတောင် မရှိလိုက်ယာ။ ဘုန်းကြီးလေ့ မရှိယာ။ ဝါကျွတ်ပြီးကေမ ဖြစ်လားရေ စစ်ပွဲမာ အားလုံးပျက်စီးလားရေ။ အရီးလေ့ တခေါက်ချေတောင် လားမကြည့်ဝ့ံ။ မိုင်းထောင်ခမှန်းလည်း မသိ။ မိုင်းပေါက်ဖို့မှန်းလည်း မသိ။ တောင်နား၊ ရွာပြင်နားတိမာ နွားသီရေ ကျွဲသီရေလို့ သတင်းတိကြားရေ။ လူကတော့ခါ လားမကြည့်ဝ့ံ။ ရွာထဲမာ လူသီကောင်တိ မြှုပ်ပခရေ။ ဓာတ်ပုံရိုက်လာကတ်သိရေ။ တစ်ယောက်။ အိမ်အောက်တိမာ သွီးပြင်တိစီးလို့။ ယင်းတွက်နန့် တစ်ယောက်လေ့ မလားဝ့ံ ကတ်ယာ။”

 598 total views,  1 views today