ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ကော်ဖီသောက်ရင်းနဲ့ လက်ရာမြောက်တေ ပန်းချီကားတိကို အမှန်အကန်ရှုစားနိုင်ဖို့ ကဖီးတစ်ခုကို မကြာသိခင်က စစ်တွေမြို့မှာ ဖွင့်လှ စ်ခပါရေ။ ရခိုင်ညွန့်ဖူးလို့ နာမေပီးထားရေ ယင်းကဖီးမှာ သဘာဝရူခင်းနဲ့ ပတ်သတ်တေ ပန်းချီကားတိကအစ ဘာသာရေး၊ ယဉ်ကျေးမှု နဲ့ ရခိုင်ပြည်နယ်ရာမက မြန်မာတနိုင်ငံလုံးအတိုင်းအတာက နိုင်ငံရေး၊ ငြိမ်းချမ်းရေးစရေ အခင်းအကျင်းတိနဲ့ သက်ဆိုင်ရေ ပန်းချီကားတိ အထိ ကားပေါင်းများစွာကို ပြသထားစွာပါ။

ပန်းချီပြခန်းဖွင့်ဖြစ်တေ ရည်ရွယ်ချက်ကို “ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့မှာ ပန်းချီပြခန်းတစ်ခန်းလေ့ မရှိသိမ့်။ ယင်းကြောင့် ပန်း ချီအနုပညာအတွက် ချပြဖို့နေရာမရှိ။ ဒေချင့်က ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအတွက်ဖြစ်စီ၊ စစ်တွေမြို့အတွက်ဖြစ်စီ အနုပညာဂုဏ်သိက္ခာ၊ အ မျိုးသားရေးဂုဏ်သိက္ခာ တစ်ရပ်ကို ဖြည့်ဆည်းရာရောက်တေ။ ဖန်တီးရာရောက်တေလို့ ခံယူရေအတွက်နဲ့ ဒေပန်းချီပြပွဲကို ကိုယ်က Dignity လို့ နာမေပီးလိုက်တေ။”လို့ တည်ထောင်သူက ပြောပြပါရေ။

တည်ထောင်သူက ရခိုင်နိုင်ငံရေးလောကနဲ့ရော စာပေလောကနဲ့ပါ ကောင်းကြီး စိမ်းကားရေလူတစ်ယောက် မဟုတ်လို့ အများကလေ့ သိကတ်ပါဖို့။ ဦးမောင်မောင်စော (ရခိုင်ညွန်ဖူး) ဖြစ်ပါရေ။ လက်ရှိ ရခိုင်ပြည်နယ်မှာ စစ်ရေးအခြေအနေတင်းမာနီစွာက တစ်ကြောင်း၊ စစ်တွေမြို့မှာ ပန်းချီပြခန်းဖွင့်လှစ်ထားကေလေ့ ရောင်းချလို့ မထွက်စွာကတစ်ကြောင်း စရေစိန်ခေါ်မှုတိ ရှိနီရေကြားက လုပ်နိုင်ခလို့ သူ့ကိုသူလေ့ ဂုဏ်ယူရေလို့ ပြောပါရေ။ ဒေပန်းချီပြခန်းဖွင့်လှစ်နိုင်ခစွာက သူအနှစ်နှစ်အလလမက်လာရေ အိမ်မက်ကြီးနှစ်ခုထဲက ဒုတိယဦးစားပီးတစ်ခုလေ့ ဖြစ်ပါရေ။

လက်ရှိ ရခိုင်ပြည်နယ်အတိုင်းအတာမှာတောင်မက မြန်မာနိုင်ငံအတိုင်းအတာမှာပါ တစ်ကိုယ်တော်ပန်းချီပြခန်းတိ ဖွင့်လှစ်ရောင်းချနီသူ ဦးမောင်မောင်စောနဲ့ ငယ်ဘဝက မောင်မောင်မောင်စော ဘဝကတော့ ကကောင်းကြီးကွာခြားလားခပါဗျာလ်။ အငယ်ချေခါကနီ ဖခင်ဖြစ် သူဆုံးပါးလားစွာကြောင့် ၆ တန်းနှစ်လောက်ကနီ သူ့ဘဝအတွက် သူကိုယ်တိုင်ရုန်းကန်ခရစွာပါ။

“၆ တန်း၊ ၇ တန်းနှစ်လောက်ကနီ ကိုယ့်စွာကိုယ့် ရပ်တည်ပြီးကေ ကိုယ့်ကျောင်းစရိတ်ကို ရှာဖွေပနာ စာသင်လာရစွာ။ ၆ တန်း၊ ၇ တန်း နှစ်မှာ ကျောက်တော်မြို့ကို ပတ်ပြီးကေ သတင်းစာလိုက်ပို့ရေ။ လစာ ၆၀ ရတယ်။ ၈ တန်းနှစ်ရောက်ခါ အစိုးရစစ်ဖြစ်လို့ အလုပ်လုပ်လို့ မရ။ ၈ တန်းပြီးစွာနဲ့ ဆိုက္ကားလိုက်နင်းရေ။ ၈ တန်းမှာလေ့ တစ်နှစ်ရှူခရေ။ နောက် ၈ န်း၊ ၉ တန်း၊ ၁၀ တန်းရောက်တေအထိ ဆိုက္ကား နင်းခရရေ။ ၁၀ တန်း ၂ နှစ်ကျ ၃ နှစ်ထဲမှာ အောင်ရေ။”လို့ သူဖြတ်သန်းခရေငယ်ဘဝအကြောင်းကို ပြောပြပါရေ။

ဆယ်တန်းအောင်ကေမှ ဖြစ်ဖို့လို့ ခိုင်မာရေဆုံးဖြတ်ချက်ကို ချထားသူဖြစ်လို့ ၂ နှစ်ရှူခကေလေ့ ဆက်လက်ဖြေဆိုခရေလို့ ဆိုပါရေ။ ၃ နှစ်မြောက်ဖြေပြီးရေနှစ်မှာ သူနီထိုင်ရေ ကျောက်တော်မြို့မှာ ဆိုက္ကားနင်း၊ လောင်ဘော်ရောင်းစရေ ကျဘန်းလုပ်ငန်းတိကိုကျဘမ်းဝင် လုပ်နာ ရရေငွေထဝက်ကို မိသားစုစားရိတ်နဲ့ ပိုချန်ရေငွေကို စုပနာ ရန်ကုန်ကို ချီတက်လာရေလို့ ဆိုပါရေ။
“ဆယ်တန်းစာမေးပွဲပြီးစွာနဲ့ ရန်ကုန်လားဖို့ ဆုံးဖြတ်ခရေ။ အမိမဆမနဲ့ နှစ်ယောက်တည်းနီစွာလေ။ အမိကပြောရေ။ သား ရန်ကုန် မလားကေ့။ သားမိနှစ်ယောက် ဆယ်တန်းအောင်ကေ ကျောင်းဆရာဝင်လုပ် ဒေမှာနီကတ်မယ်လတ်။ အမိ ကျနော့်ရည်မှန်းချက် အတွက် ရန်ကုန်ကိုလားမှဖြစ်ဖို့ဆိုပြီးကေ ထွက်ပါလတ်တေ။”

ရန်ကုန်ကိုရောက်တေနှစ်မှာ ဆယ်တန်းကို အောင်မြင်ခပြီးကေ ရန်ကုန်မြို့က အစိုးရပန်းချီ၊ ပန်းပုသင်တန်းကျောင်းမှာ ပန်းချီပညာကို လေ့ လာသင်ယူခစွာပါ။ ယင်းနောက်မှာ ရန်ကုန်တက္ကသိုလ်မှာလေ့ ဒဿနိကအထူးပြုနဲ့ တက်ရောက်ခရေပိုင် ရှိဟောင်းသုတေသနကို ဘွဲ့လွန်ဒီပလိုမာအပြင် MA နဲ့လေ့ ကျောင်းပြီးထားသူပါ။ မိဘ၏ ထောက်ပံ့ငွေမရှိဘဲ ရန်ကုန်ကိုလာရောက်ပညာသင်ချိန်မှာ သူဇာပိုင် ရုန်းကန်ဖြတ်သန်းခရပါလေ

“ဆိုက္ကားနင်းပြီးကေ လောင်ဘော်ရောင်းရေ။ ကျောက်တော်မြို့ထက်မှာ ပတ်ပြီးကေ။ ရရေဖဲသာကို စုထားရေ။ ပြီးကေ ဆိုင်းဘိုးရီးလို့၊ ပန်းချီဆွဲလို့ ရရေဖဲသာတိကို စုထားရေ။ ယင်းအထဲက တချို့ကို အိမ်မှာပီးရေ။ လက်ကျန်ဖဲသာချေနဲ့ ရန်ကုန်ကို ပန်းချီကျောင်းလား တက်တေ။ ရန်ကုန်မှာ သူငယ်ချင်းအဖိုး ကိုယ်နဲ့က အမျိုးတော်ရေ။ သူက နီရာထိုင်ခင်းချပီးရေ။ အကိုကြီး၊ အကိုလတ် အောင်သိန်းထွန်း ရို့က ရန်ကုန်မှာ ဗွီဒီယိုခွေဖြန့်ရေအလုပ်ကို ပီးရေ။ လုပ်ရင်းနဲ့ ကျောင်းတက်တေ။”

ဒေအလုပ်တင်မကပဲ သူပန်းချီသင်တန်းကျောင်း တက်နေစဉ်အတွင်းမှာတောင် သူဆွဲရေ ပန်းချီကားတိရေ တချို့ပြခန်းတိမှာ ပူးတွဲပြသ ခွင့်ရခပြီးကေ နိုင်ငံခြားသားတိ၏ စိတ်ဝင်စားခြင်းခံခရပြီးကေ ရောင်းချခရရေလို့ ပြောပါရေ။ ဒေပိုင်နဲ့ ရန်ကုန်က ပညာရေးနယ်ပယ်မှာ နှစ်ပေါင်း ၁၀ ကျော်ကြာဖြတ်သန်းခပြီးရေနောက် ၂၀၀၃ ခုနှစ်လောက်မှာ သူ့မွေးရပ်ဇာတိ ရခိုင်ပြည်နယ်ကို ပြန်လာခပါရေ။

ရန်ကုန်မှာဗျာလ်ဆက်နီရင်း နိုင်ငံခြားတက္ကသိုလ်တိတက်ရောက်ပနာ ပန်းချီနဲ့ ပတ်သတ်လို့ တက္ကသိုလ်ဆရာတစ်ယောက်ဖြစ်ဖို့အထိ ရည်မှန်းခကေလေ့ ငွေကြေးအင်အား မပြည့်စုံစွာကတစ်ကြောင်း၊ သူ့မွေးရပ်ဇာတိကို ပြန်ဗျာလ်အကျိုးပြုချင်စိတ်တိက အားသာနီစွာက တစ်ကြောင်း ပြန်လှည့်လာခစွာလို့ ဆိုပါရေ။

ရခိုင်ပြည်နယ်ကို ပြန်ရောက်တေအချိန်မှာ ပြည်နယ်အစိုးရရုံးစိုက်ရာမြို့တော် စစ်တွေမှာ အခြေချပြီးကေ ၂၀၀၃ ၊ ၂၀၁၃၊ ၂၀၁၆၊ ၂၀၁၈ နဲ့ အခု ၂၀၂၀ မှာစရေနှစ်တိမှာ တစ်ကိုယ်တော်ပန်းချီပြပွဲ စုစုပေါင်း ၅ ကြိမ်အထိလုပ်နိုင်ခဗျာလ်ဖြစ်ပါရေ။ ၂၀၁၃ ခုနှစ်မှာကျရောက်တေ ၈ လေးလုံး ၂၅ နှစ်ပြည့်ရေနိန့် တစ်ကြိမ်ကိုရာ ရန်ကုန်မြို့မှာ လုပ်ခစွာဖြစ်ပြီးကေ ကျန်ရေပွဲတိကို စစ်တွေမှာပြုလုပ်ခစွာလို့ ရှင်းပြပါရေ။

“၈ လေးလုံး ၂၅ နှစ်ပြည့်မှာ လုပ်တေပွဲနဲ့ ၃၀ ပြည့်နှစ်မှာလုပ်တေ ရည်ရွယ်ချက်နဲ့ ပီးချင်ရေ Message က မတူ။ ၂၅ နှစ်မှာ လုပ်စွာက ၈၈ ကနီ အသက်၊ သွီး၊ ချွေးပေါင်းများစွာ ပီးဆပ်ပနာ လုပ်လာကတ်တေ ဒီမိုကရေစီကအရေးတော်ပုံမှာ ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင် ရွက်ခကတ်တေ ပုဂ္ဂိုလ်တိကို ဂုဏ်ပြုချင်ရေအနေနဲ့ လုပ်စွာ။ နှစ် ၃၀ ပြည့်အထိမ်းအမှတ်ပွဲကျကေ “The Face Makers Of Myanmar (သို့မဟုတ်) တွန်းတိုက်ခဲ့ကြသူများသို့” တချို့က အရင်ကတွန်းတိုက်ခကတ်တေ။ အခုမတွန်းတိုက်ဗျာလ်။ အရင်က ဒီမိုကရေစီဆိုရေ ရပ်တည်ချက်နဲ့ ခြီလှမ်းကို စခကတ်တေ။ ဒီမိုကရေစီအရေးတော်ပုံအတွက်၊ ဒီမိုကရေစီရရှိရေးအတွက် ဒေနိန့်မှာ ဒီမိုကရေစီရလာ။ မရလာမသိ။ သို့သော် သူရို့ခလှမ်းတိက တချို့ကမှားနီကတ်ယာ။ ယင်းချင့်တိကို Remind လုပ်ပီးချင်ရေအတွက်နဲ့ လုပ်ခစွာ။”

မကြာသိခင်က ပြသခရေ Dignity လို့ ခေါင်းစဉ်တပ်ထားရေ ဂုဏ်သိက္ခာပန်းချီပြပွဲကြီးရာဆိုကေ သူလုပ်ချင်ရေပြခန်းတစ်ခုကိုလေ့ စစ်တွေမြို့မှာ ပထမဆုံးဖွင့်လှစ်နိုင်ခစွာဖြစ်လို့ ပြည်နယ်မြို့တော်၏ ဂုဏ်သိက္ခာကို ပန်းချီအရာမှာ အဖတ်ဆည်နိုင်ခရေလို့ ယူဆပြီးကေ ယင်းခေါင်းစဉ်ပီးဖြစ်ခစွာလို့ သူက ပြောပါရေ။

သူ့အကြီးမားဆုံး၊ အဖြစ်ချင်ဆုံးဆန္ဒတစ်ခုကတော့ကေ ရခိုင်ပြည်နယ်မှာ ပန်းချီ၊ ပန်းပုသင်တန်းကျောင်းတစ်ခုဖွင့်လှစ်နိုင်ဖို့ပါ။ အခုပိုင် ဖွင့်လှစ်နိုင်ဖို့ဆိုစွာကလေ့ အတိတ်မှာ ခမ်းနားကြီးကျယ်ခရေ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးရို့၏ ယဉ်ကျေးမှုအနုပညာကို မျိုးဆက်သစ်လူင ယ်တိက လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ဖို့အတွက် ရည်ရွယ်စွာဖြစ်တေလို့ တထစ်ချပြောဆိုပါရေ။

“စည်ပင်ဝန်ကြီး ဦးမင်းအောင်တာဝန်ယူစိုင်က ပြောဖူးရေ။ ကိုမင်းအောင် ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးရေ ယဉ်ကျေးမှုအနုပညာမြင့်မားရေ တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုးဖြစ်တေ။ ယင်းပိုင်လူမျိုးတစ်မျိုးအတွက် ယဉ်ကျေးမှုအမွီအနှစ်တိကို ထိန်းသိမ်းကာကွယ်စောင့် ရှောက်ဖော်ထုတ်ဖို့အတွက် မျိုးဆက်သစ်တိလိုအပ်တေ။ ယင်းပိုင်မျိုးဆက်သစ်တိကို ပြုစုပျိုးထောင်ပီးဖို့အတွက် ပန်းချီ၊ ပန်းပုကျောင်း တစ်ခုလိုရေ။ ပန်းချီ၊ ပန်းပုကျောင်းရေ မြန်မာနိုင်ငံမှာ ရန်ကုန်မှာရှိရေ။ မန္တလေးမှာရှိရေ။ ယင်းချင့်ချေတစ်ခုလုပ်ဖို့အတွက် အကိုရို့ အစိုးရအဖွဲ့ကို အကြံပီးချင်ရေ။ သူ့ကိုတစ်ခါပြောဖူးရေ။ အဖြစ်ချင်ဆုံးဆန္ဒထဲမှာ ရခိုင်ပြည်မှာ ပန်းချီ၊ ပန်းပုကျောင်းတစ်ခုရှိစီချင်ရေ။”လို့ ဆရာဦးမောင်မောင်စောက သူအဖြစ်ချင်စီဆုံးဆန္ဒကို ချပြပါရေ။

လက်ရှိမှာတော့ကေ သူရေ အကြီးမားဆုံး အိမ်မက်ကို အကောင်ထည်မဖော်နိုင်သိ၊ မလုပ်နိုင်သိကေလေ့ သူတတ်နိုင်ရေ ပန်းချီအရာမှာ စိတ်ဝင်စားကတ်တေ လူငယ်တိ၊ ကျောင်းသားတိအဖို့ ရက်တို၊ ရက်ရှည်ခွဲပြီးကေသင်တန်းတိ ဖွင့်လှစ်သင်ကြားနီဗျာလ် ဖြစ်ပါရေ။ နောက်ပြီး ယင်းကျောင်းဖြစ်လာဖို့အတွက်လေ့ တာဝန်ရှိသူတိနဲ့ ဆွေးနွေးတိုင်ပင်စွာ၊ တတ်ကျွမ်းသူတိနဲ့ ဆွေးနွေးစွာစရေ အရာတိကို လုပ်ဆောင်နီပါယာ။

ဆရာ ဦးမောင်မောင်စောရေ အနုပညာကို ပြိုင်ပွဲလို့ သတ်မှတ်ထားရေလူတိထဲကတစ်ယောက် မဟုတ်ပါ။ ယင်းတွက်နဲ့လေ့ ပန်းချီ ပညာနဲ့ ပတ်သတ်လို့ တစ်ခါလေ့ ပြိုင်ပွဲွတိမှာ ဝင်မပြိုင်ဖို့ ဆုံးဖြတ်ထားပါရေ။ ယင်းအပြင် သူရီးဆွဲထားပြီးဗျာလ်ဖြစ်တေပန်းချီကား တိထဲမှာလေ့ သူအကြိုက်ဆုံး၊ မကြိုက်ဆုံး ယင်းပိုင်သတ်မှတ်ထားစွာလေ့ မရှိပြန်ပါ။

“ကိုယ်က ပန်းချီနဲ့ ပတ်သတ်လို့ ပုံစံအမျိုးမျိုးဆွဲဖြစ်တေ။ Realism လေ့ဆွဲရေ။ Impression လေ့ဆွဲရေ။ Expression လေ့ ဆွဲရေ။ Abstract ဂရပ်မဲ့ပန်းချီလေ့ဆွဲဖြစ်တေ။ ယင်းချင့်ကို စိတ္တဇပန်းချီလို့လေ့ ပြောကတ်တေပေါ့။ Impression ဆိုကေ ဒေကားပေါ့လေ။ Stop The War ယင်းပန်းချီကားဆိုလို့ရှိကေ မြန်မာနိုင်ငံထဲမှာဖြစ်နီရေ ပြည်တွင်းစစ်ကို ပထမရည်ရွယ်လိုက်တေ။ သို့သော် ယင်း ပန်းချီကားသည် ရခိုင်ပြည်နယ်ထဲမှာဖြစ်နီရေ စစ်ပွဲတိ၊ မြန်မာနိုင်ငံထဲမှာဖြစ်နီရေ စစ်ပွဲတိနဲ့ ကမ္ဘာမှာဖြစ်နီရေ စစ်ပွဲတိအားလုံးကို ရည်ရွယ်ရေ ပန်းချီကားပါ။ ယင်းပန်းချီကားနာမေ Stop The War။ သနတ်ပြောင်းဝထက်မှာ ငြိမ်းချမ်းရေး ကြိုးဖြူငှက်ချေနားနီရေ။ ယင်းငှက်ချေက သနတ်ပြောင်းဝထက်မှာ နားပြီးကေ Stop The War, Stop The War, Stop The War လို့ ဟစ်ကြွေးနီစွာပေါ့။”လို့ သူဆွဲထားရေပန်းချီကားတစ်ချပ်ကို လက်ညိုးထိုးဗျာလ် ရှင်းပြပါရေ။

သူ ရန်ကုန်ကိုလားရေအချိန်မှာ အမိက မဆမ၊ အဖေကမရှိ၊ လက်ဆုပ်ကိုင်ပြစရာတစ်ခုလေ့ မရှိခရေ သူ့အဖို့ ပတ်ဝန်းကျင်က အထင်သေးမှု၊ ဝေဖန်ကဲ့ရဲ့မှုတိလေ့ အများကြီး ခံခရရေလို့ ဖွင့်ဟပါရေ။

“ပန်းချီဆရာတစ်ယောက်ဖြစ်ဖို့အတွက် အဓိကတော့ ဗီဇကအရေးကြီးရေပေါ့။ ပါလာရေဗီဇကို ပြုစုပျိုးထောင်ဖို့ နရာ၊ အခင်းအကျင်း လိုအပ်တေ။ ကိုယ့်ပိုင်ပန်းချီဝါသနာပါပြီးကေ ပန်းချီကျောင်းမတက်ခရရေသူတိလေ့ ပန်းချီဆရာမဖြစ်ခရေ ပန်းချီဝါသနာရှင်တိလေ့ အများကြီးရှိဖို့။ ကိုယ်ကတော့ကေ အချေဘဝကနီ ထိုးထွင်းကြံဆတတ်တေ။ စွန့်စားတတ်တေ သဘောရှိရေ။ ကိုယ့်အမိကကွမ်းယာ ဆိုင်ရောင်းနီစွာ။ အဖက ကိုယ်အချေဘဝကနီဆုံးလားယာ။ ယင်းအချိန်မှာ ရန်ကုန်မှာ ပန်းချီကျောင်းလားတက်ဖို့ဆိုလို့ လူတိက ရယ်ကတ်တေ။ ကိုယ့်မှာ တစ်ခုလေ့ လက်ဆုပ်လက်ကိုင်မရှိဘဲနဲ့ လားရဲဖို့ သတ္တိ၊ စိတ်ကူးတိလေ့ လိုအပ်တေ။ ကျောက်တော်မှာ ပန်းချီကျောင်းမရှိကေ ပန်းချီဆရာမဖြစ်ရယာဆိုမျိုး မဖြစ်ရအောင် ရှိရေနရာမှာလားပနာ သင်ယူဖို့အတွက်ကြိုးစားရရေ။”

ဒေချင့်တိတောင်မကပါသိမ့်။ သူပန်းချီပြပွဲတိ လုပ်ဆောင်ချိန်မှာလေ့ ဝေဖန်ခံရမှုတိ ရပ်တန့်မလားပါ။

ဦးမောင်မောင်စောက “၈ လေးလုံး ၂၅ ပြည့်ပွဲမှာကျကေ ၈၈ ကနီ ၂၀၁၃ ထိ နိုင်ငံရေးလမ်းကြောင်းထဲမှာ ဒီမိုကရေစီလမ်းကြောင်းထဲ မှာ မတိမ်းမစောင်းပဲနဲ့ မားမားမတ်မတ်ရပ်တည်ခကတ်တေ၊ စွန့်လွှတ်အနစ်နာခံပြီးကေ လုပ်လာကတ်တေ လူတိကို ဂုဏ်ပြုရေအနေနဲ့ ဆွဲရေပွဲ။ တစ်ခြားလူတိမပါ။ ၈၈ မှာပါခရေ။ ၂၀၁၃ မှာ လမ်းလွဲနီကတ်ဗျာလ်ဆိုရေလူတိ ယင်းထဲမှာမပါ။ ကြားကာလမှာ နိုင်ငံရေးလော ကထဲကို ဝင်လာလူတိလေ့မပါ။ နှစ် ၃၀ ပြည့်ပွဲမှာကျကေ တခြားလူတိလေ့ ပါလာရေ။ ပြည်ပကို ရောက်လားလူတချို့လေ့ပါရေ။ ဒေနိန့် ထိ နိုင်ငံရေးလောကထဲမှာ မားမားမတ်မတ်လုပ်နီကတ်တေလူတိလေ့ပါရေ။ ၈ လေးလုံးဒီမိုကရေစီအရွိအတွက် စွန့်လွှတ်အ နစ်နာခံရေ ထဲမှာ မပါဘဲနဲ့ State Building ထဲမှာ သူရို့လေ့ မပါမဖြစ်ပါဝင်သင့်ရေဆိုပြီးကေ ဆွဲခရေ စစ်သားနှစ်ယောက်ပါရေ။ ဦးသိန်းစိန်နဲ့ သူရရွှေမန်း။ သူရို ့နှစ်ယောက်စလုံးစစ်သား။ ဆိုခါဇာကြောင့်နဲ့ သူရို ့ပါလဲဆိုရေမေးခွန်းတိလေ့ရှိလာရေ။ ၂၀၁၀ ရွေးကောက်ပွဲရေ ဒီမိုကရေစီအရွေ့အတွက် မှတ်တိုင်စိုက်တေပွဲ။ ယင်းပွဲမှာ သူရို့နှစ်ယောက်ပြောခရေစကားတိက ဒီမိုကရေစီအရွိအတွက် ချင်းတုံးခုပိုင် ခုထားရဖို့ စကလုံးတိလေ။ ဦးသိန်းစိန်က နောက်ပြန်မလှည့်ပဲနဲ့ ဒီမိုကရေစီကို ဖြစ်အောင်တည်ဆောက်လားဖို့။ သူရရွှေမန်းကလေ့ ဥပဒေ၏အထက်မှာ မည်သူမျှမရှိစီရ။ ဒီမိုကရေစီအပြောင်းအလဲအတွက် ဘဝနဲ့ ရင်းပြီးကေလုပ်လားဖို့လို့ ပြောရေ။ ဒီမိုကရေစီဖက်တော်သားတိကတောင် ဒေစကားလုံးတိကို မပြောရေအချိန်မှာ သူရို့က ပြောခရေ။ ဒေစကားလုံးတိရေ သူရို့နောက်ပြန်လှည့်မလားဖို့အတွက် ကောင်းမွန်ရေစကလုံးတိဖြစ်တေ။ ယင်းတွက်နန့် ယင်းနှစ်ယောက်ကို ထည့်ဆွဲခစွာ။” လို့ ပြောပါရေ။

လက်ရှိ ၅၃ နှစ်အရွယ်ကိုရောက်တေအထိ ပန်းချီကားပေါင်း ၃၀၀ ကျော်လောက်ကို ဖန်တီးထားပြီးဗျာလ်ဖြစ်တေ ဆရာ ဦးမောင်မောင်စောက ဇာပိုင်ဝေဖန်တိုက်ခိုက်မှုတိပင်လာလာ သူ့ရည်မှန်းချက်ကို ထိခိုက်ခံဖို့ မဟုတ်ဘဲနဲ့ ကျန်ရှိနီသိရေ ဆန္ဒတိကို ဖြစ်မြောက်အောင်ကြိုးပမ်းရင်း ယုံကြည်ရာအတွက် ဆက်လျှောက်နီဆဲပါ။

 474 total views,  1 views today