Arakan Yoma|

မတ်လ ၁၅ ရက်နိက ကျရောက်တေ ကမ္ဘာ့စားသုံးသူအခွင့်အရေးနိ အထိမ်းအမှတ်အနီနဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အခမ်းအနား တစ်ရပ်ကျင်းပပြုလုပ်ခကတ်ပါရေ။ ယင်းအခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာနနဲ့ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ယက်ရို့နဲ့အတူ တစ်ခြားအရပ်ဖက်အဖွဲ့တချို့ပူးပေါင်း လုပ်ဆောင်ခကတ်စွာ ဖြစ်ပါရေ။

ယင်းနိမှာ ပြဌာန်းလိုက်တေ စားသုံးသူရေးရာဥပဒေတိပါဝင်ရေ လက်ကမ်းစာစောင်တိဖြန့်ဝီစွာ၊ စားသုံးဖို့ မသင့်တော်ရေ အမှတ်အ သားတံဆိပ်တိကို ဖြန်ဝီခရေပိုင် ယင်းကဏ္ဍနဲ့ ပတ်သက်လို့ ဗဟုသုတပီးရေလုပ်ငန်းတိကိုလေ့ လုပ်ဆောင်ခကတ်စွာပါ။

ရခိုင်ပြည်နယ်အတွင်းမှာရာမက မြန်မာနိုင်ငံအတွင်းမှာပါ စားသောက်ကုန်တိနဲ့ ပတ်သတ်လို့ အခွင့်အရေးချိုးဖောက်မှုတိများစွာရှိနီ ကေလေ့ တချို့ကချိုးဖောက်ခံနီရမှန်းတောင် မသိကတ်သိပိုင် တချို့ကသိကတ်ကေလေ့ ဇာမှာတိုင်ရဖို့။ ဇာသူ့ကို တိုင်ရဖို့။ စရေ အခက်အခဲတိရှိနီကတ်ပါရေ။

အခမ်းအနားကိုတက်ရောက်လာရေ လူငယ်တချို့ကတော့ခါ စျီးကွက်ထဲမှာ စားသုံးသူတိအတွက် မသင့်တော်ရေ အစားအသောက်တိ၊ ထုတ်ကုန်တိ များစွာပျံ့နှံ့လျှက်ရှိနီကေလေ့ စားသုံးသူတိက မသိရှိကတ်လို့ ဆိုပါရေ။

ဒေအပိုင်းနဲ့ ပတ်သက်ပြီးကေ တာဝန်ရှိရေ စစ်တွေခရိုင်စားသုံးသူရေးရာဦးစီးဌာနကလေ့ တိုင်ကြားလို့ရရေ ဌာနတိဖွင့်လှစ်ဆောင်ရွက် နီကေလေ့ တိုင်ကြားဖို့လူ မရှိသလောက်နည်းပါးရေလို့ ပြောပါရေ။

 385 total views,  1 views today