ArakanYoma|

အပြည်ပြည်ဆိုင်ရာ အကူညီပီးရေးအဖွဲ့ IRC ၏ တက်လက်စီမံကိန်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြန်ခွင့်ပြုလိုက်ဗျာလ်ဖြစ်တေလို့ IRC အဖွဲ့က သိရပါရေ။

IRC ရေ သတင်းမီဒီယာတိကို ခေါ်ယူခရေအတွက်နဲ့ မူလသဘောတူညီချက် MOU ထဲမှာ မပါဝင်ရေ အချက်ကို ချိုးဖောက်တေဆိုပြီး ကေ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဇန်နဝါရီလ ၆ ရက်နိန့်က စတင်ပြီးကေ ရပ်ဆိုင်းခစွာ ဖြစ်ပါရေ။

IRC အဖွဲ့ကတော့ခါ မရည်ရွယ်ဘဲနဲ့ ရိုးသားစွာ မှားယွင်းခရေ သူရို့အပြစ်အတွက်လေ့ ဝန်ခံထားပြီးဗျာလ်ဖြစ်တေပိုင် ပြည်နယ်အစိုးရ အဖွဲ့က ရပ်ဆိုင်းဖို့ ညွှန်ကြားပြီးရေနောက်မှာ ခရီးလားလာခွင့် တစ်နှစ်လောက်မရရှိဘဲနဲ့ သတ်မှတ်ချိန်ထက်လေ့ တစ်နှစ်စောပနာ ရပ် ဆိုင်းခရစွာဖြစ်ပါရေ။

ယင်းတွက်နဲ့ မင်းပြားနဲ့ မြေပုံမြို့နယ်မှာရှိရေ ရာနဲ့ချီရေ ကျေးရွာတိက သောင်းနဲ့ချီရေ ကျေးရွာဒေသခံတိအပါအဝင် သူရို့ဝန်ထမ်း ၆၀ လောက်ကလေ့ နစ်နာမှုတိရှိခရေလို့ ထုတ်ပြန်ခပါရေ။
ပြည်နယ်အစိုးရကလေ့ ICR ၏ အစီစဉ်နဲ့ဆိုကေ ဇာစီမံကိန်းကိုလေ့ ခွင့်မပြုဗျာလ်လို့ ပြောဆိုခကေလေ့ ယင်းပိုင်ရပ်ဆိုင်းလို့ ၂လ လောက်ကြာမြင့်ရေ အခုအချိန်မှာ ပြန်လည်ခွင့်ပြုပီခစွာလေ့ ဖြစ်ပါရေ။

IRC ၏ တက်လမ်းစီမံချက်ရေ မြေပုံနဲ့ မင်းပြားမြို့နယ်က ကျေးရွာတိမှာ ရီငန်တားတာတမံနဲ့ ရီတံခါးတိဆောက်လုပ်ပီးစွာ၊ ဆားငံရီဒဏ် ခံ စပါးမျိုးစိနဲ့ နည်းပညာတိကို ဖြန့်ဝီပီးခစွာ အမျိုးသမီးတိကို ငွေကြေးစီမံခန့်ခွဲမှု သင်တန်းစရေ သက်မွီးဝမ်းကြောင်းနဲ့ စားနပ်ရိက္ခာဖူလုံ ရေးဆောင်ရွက်ချက်တိ လုပ်ဆောင်ပီးနီစွာ ဖြစ်ပါရေ။

မရပ်ဆိုင်းခံရခင် ကာလအတွင်းမှာ အဆိုပါ မြို့နယ်က ကျေးရွာ ၁၀၂ ရွာက လူဦးရေ ၅ သောင်း ၆ ထောင်ကျော်ကို ၅ နှစ်ကျော်ကြာ အောင် အကူညီပီးနိုင်ခရေလို့ ဆိုထားပါရေ။ အစိုးရက အခုပိုင် ပြန်လည်လုပ်ဆောင်ခွင့်ပီးလိုက်စွာကို ဒေသခံတိအတွက်ကောင်းမွန် ရေအတွက် ဝမ်းသာကြိုဆိုကြောင်း ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါရေ။

 407 total views,  2 views today