(Unicode Version)
ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
ရခိုင်ပြည်နယ်ရေ ပင်လယ်ကမ်းရိုးတန်းဒေသတစ်ခုဖြစ်တေအလျောက် ငါး၊ ပုစွန်နဲ့ ရီသယံဇာတပေါကြီွဝပါရေ။ ယင်းအထဲမှာ ဂဏန်းက လေ့ မပါမဖြစ်ပါဝင်ပါရေ။ ဂဏန်းလုပ်ငန်းကိုဆိုကေ ပင်လယ်တိ၊ မြစ်အကြီးတိရှိရေ ဒေသတိမှာထက် မြစ်ချေတိ၊ ချောင်းတိရှိရေ ဒေသ တိနဲ့ ကျေးရွာတိမှာ ပိုလို့လုပ်ကိုင်ကတ်စွာပါ။ ရခိုင်ပြည်နယ်အတွင်းမှာဆိုကေ ဒေလုပ်ငန်းရေ ပေါက်တောမြို့နယ်မှာ ပိုတွင်ကျယ်ပါရေ။
ဒေတစ်ပါတ်မှာတော့ကေ ဂဏန်းတိကို ဇာဒေသတိမှာ ဖမ်းယူကတ်ပြီးကေ ဇာကိုလာလို့ရောင်းချကတ်လေ။ ဇာကို တင်ပို့ကတ်လေ။ သူ ရို့လက်ရှိ ကြုံတွိနီရရေ စိန်ခေါ်မှုတိ၊ အခက်ခဲတိကဇာတိလဲ။ စရေအကြောင်းအရာတိကို ပေါက်တောမြို့နယ်အတွင်းက ဂဏန်းလုပ်ငန်း လုပ်ကိုင်နီရေလူတိ၊ ဂဏန်းအကြောင်းကိုနားလည်သူတိနဲ့ တွိဆုံမေးမြန်းပြီးကေ တင်ပြပီးချင်ပါရေ။
ဂဏန်းလုပ်ငန်းရေ တစ်ခြားလုပ်ငန်းတိနဲ့ မတူဘဲနဲ့ အရင်းအနှီးများများစားစား စိုက်စရာမလိုဘဲ လုပ်လို့ရရေလုပ်ငန်းချေတစ်ခုပါ။ ယင်း ကြောင့်လေ့ မရှိဆင်းရဲရေ လက်လုပ်လက်စားတိအတွက် ပိုလို့အဆင်ပြေပါရေ။ ပေါက်တောမြို့နယ်မှာဆိုကေ မြစ်၊ ချောင်း၊ အင်း၊ အိုင် တိနားမှာ နီထိုင်ကတ်တေ ကျေးရွာတိအားလုံးနီးပါးမှာ ဒေလုပ်ငန်းကို လုပ်ကိုင်ကတ်ပါရေ။ ဂဏန်းကို လောင်းတိ၊ မြုံးတိ၊ ကိုင်းတံတိနဲ့ တတ်နိုင်ရေပိုင် တပိုင်တနိုင်ဖမ်းယူကတ်ပနာ ရရှိလာရေ ဂဏန်းတိကို ပေါက်တောမြို့ထက်မှာ လာရောင်းကတ်ပါရေ။ ချီးငွေတိ၊ အရင်း အနှီးတိထုတ်ပီးပြီးကေ ကျေးရွာတိအထိ လားရောက်ဝယ်ယူသူတိလေ့ ရှိပါရေ။
ပေါက်တောမြို့မစျေးဆိပ်ကမ်းအနီးမှာ နီထိုင်ရေ ကိုအောင်ကျော်လှဆိုကေ ဂဏန်းဝယ်လာစွာ ၁၀ စုနှစ်တစ်ခုကျော်ရှိခပါဗျာလ်။
ဒေအကြောင်းကို သူက “ကျနော်ရို့ကတော့ ရိုးရိုးဂဏန်းရာဝယ်ပါရေ။ ဂဏန်းအနွှေးတိဝယ်စွာက စစ်တွေရို့မှာပဲရှိရေ။ ဂေးမတို့၊ မြီညို၊ အနွှေး သီးသန့်ဝယ်စွာတိရှိရေ။ ဟိုဂဏန်းနဲ့ မတူစွာ မတူ။ အဘိုပါ၊ အမပါ အားလုံးဝယ်ရေ။ အားလုံးတင်(ပို့)ရေ။ (ဂဏန်းဝယ်ရေ) ဒေလုပ်ငန်းတိက ဖဲသာမတတ်နိုင်ကေ လုပ်လို့မရ။ တတ်နိုင်မှရာ လုပ်လို့ရရေ။ ဒေချင့်တိက အရင်းအနှီးများရေ။ ဒေနိဖမ်းကေ မိုးထခါပို့ရေ။ ဂဏန်းက ထားဖို့ဆိုကေ တစ်လ၊ လခွဲခံပါရေ။ ကားတိ ကြာစွာမှာနာစွာ။ ပုံမှန်ထားဖို့ဆိုကေတော့ တစ်လ လောက်ကိုခံရေ။”လို့ ပြောပြပါရေ။
ကျေးရွာတိက လောင်းတိနဲ့ တစ်ဆင့်လာရောင်းကတ်တေ ဂဏန်းတိကို ကိုအောင်ကျော်လှရို့က လူကို မကိုက်အောင် ကြိုးချိုင်စွာ၊ တာရှည်ခံဖို့အတွက် ထုပ်ပိုးစွာတိကို စနစ်တကျလုပ်ဆောင်ရပနာ အဆင်ပြေစွာနဲ့ ပေါက်တောကနီ မင်းပြား၊ ယင်းတစ်ဆင့် မန္တလေး၊ မန္တလေးကနီတစ်ဆင့် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ကို တင်ပို့စွာပါ။
“ဂဏန်းကို ကြိုးချိုင်ပြီးကေလာသွင်းကတ်တေ။ ကျနော်ရို့မှာတော့ကေ ကြိုးအနီနဲ့ (ပြန်) ချိုင်ရရေ။ ပြီးကေမှ ပို့ရရေ။ သ တင်းစာနဲ့ထည့်ထားရေ။ ပူရေရာသီဆိုကေ ရခဲဗူးမှာ ရခဲထည့်ပနာ ရီထည့်ပြီးကေ ထားရရေ။ အအီးရအောင်။ ဂဏန်းက ရီမတိုက်ပဲ ၃၊ ၄ ရက်လောက်ခံရေ။ ဒေကလားကေ တစ်ရက်ကြာရေ။ ဇက်ကူးရသိမ့်ရေ။ စစ်ဖြစ်ကေ မလားရသိမ့်။ ဟိုတခါလေ့ စစ်ဖြစ်နီလို့ ကားက ပြန် လာခရရေ။”လို့ ကိုအောင်ကျော်လှရို့ ဒိုင်မှာ အလုပ်လုပ်တေ မောင်ထွန်းနိုင်လင်းက ရှင်းပြပါရေ။
၁၁ ကေဂျီ (11 KG) အလီးချိန်ရှိရေ ဂဏန်းတစ်တာ (တစ်ဗူး) စီကို တိုက်ရိုက်ဖမ်းရေလူတိပါးက ၇ သောင်းကနီ ၁ သိန်းစသဖြင့် စျီး ကောင်းကေ ကောင်းသလောက် စျီးပီးဝယ်ယူကတ်ပြီးကေ အဝယ်ဒိုင်တိက ပြန်ရောင်းချရေအခါမှာတော့ ၂ သိန်းလောက်ကနီ ၃ သိ န်းလောက်အထိ ရရှိကတ်ပါရေ။
“တရုတ်သင်္ကြန်နဲ့ ဒေနိပေါက်စျေးက ဂဏန်းတစ်ဘူးကို သုံးသိန်းလောက်ရှိပါရေ။ ကျနော်ရို့ အောက်ကနီပြီးကေ ၂ သိန်း ခွဲ၊ ၂ သိန်းနဲ့ မှန်းလို့တင်လိုက်ကေ ကံကောင်းကေ စျီးက ဒေထက်တက်လားရေ။ ကံမကောင်းကေ ဒေထက်ကျလားရေ။ ကားစရိတ်တိ ဆိုကေ မန္တလေးပွဲရုံက တခါတည်းဖြတ်ချလိုက်တေ။ မူဆယ်က တရုတ်တိ တခါတည်းဖြတ်ချတေ။ ဒေပိုင်ဂဏန်းတစ်ဗူးကို စရိတ်က ၂ သောင်းကျော်၊ ၃ သောင်းလောက် စရိတ်ပေါက်လားရေ။”လို့ ကိုအောင်ကျော်လှက ပြောပါရေ။
ဂဏန်းတင်ပို့သူတိရဲ့ စျီးကောင်းရရှိမှုရေ ဂဏန်းရဲ့အရည်အသွေးပေါ်မှာ အဓိကမူတည်ရေပိုင် တရုတ်နိုင်ငံမှာ ပွဲလမ်းသဘင်ကျချိန် တိမှာလေ့ စျီးကောင်းရရှိတတ်ပါရေ။ ရခိုင်ပြည်နယ်ကနီ အခုပိုင် တောတောင်အဆင့်ဆင့်ကိုကျော်ဖြတ်ပနာ ဂဏန်းတင်ပို့ရေအခါမှာ လမ်းပမ်းဆက်သွယ်ရေးထင်သလောက် မကောင်းစွာ၊ နောက်ပြီးကေ အကြောင်းကြောင်းကြောင့် ခရီးလမ်းမှာ ကြံ့ကြာစွာတိ ဖြစ်ပေါ် တတ်ပါရေ။
ဒေပိုင်ကြံ့ကြာရေဆိုရေနေရာမှာ ပုံမှန်ရက်ရာ ကြာမြင့်ကေ ပြဿနာမရှိကေလေ့ လိုအပ်စွာထက် ကြာလားဗျာလ်ဆိုကေ ပြဿနာရှိလာ ပါဗျာလ်။ ဇာကြောင့်လဲဆိုကေ ယင်းနောက်ဆက်တွဲ အနေနဲ့ ဂဏန်းသီစွာတိ ဖြစ်ပေါ်တတ်လို့ပါ။ ဒေကိစ္စရပ်တိရေ ဂဏန်းကို တိုက် ရိုက်ဖမ်းယူရောင်းချသူတိအဖို့ ပြဿနာမရှိကေလေ့ သူရို့ပါးက တစ်ဆင့်ဝယ်ယူပနာ အခုပိုင် နိုင်ငံခြားကို တင်ပို့ရေလူတိမှာ နစ်နာမှုတိ အများကြီး ဖြစ်ပေါ်နိုင်ပါရေ။
ဒေအခက်အခဲကို ပေါက်တောမြို့နယ်က ဂဏန်းလုပ်ငန်းလုပ်ကိုင်သူတိ စလို့တင်ပို့ခါကပင် ကြုံလာရကတ်ရစွာဖြစ်ကေလေ့ ဒေနိအထိ မပြောင်းလဲနိုင်သိမ့်ပါ။ ဦးဝင်းလှိုင်ဆိုသူက အခုပိုင် ပြောပြပါရေ။ သူဆိုကေလေ့ ဒေလုပ်ငန်းကို ၂၀၀၀ ခုနှစ်ကပင်လုပ်ကိုင်ခဖူးကေ လုပ် ငန်းအကြောင်းကို နားလည်သူတစ်ဦးပါ။
“ပြောရမယ်ဆိုကေက ဂဏန်းဒိုင်တိက မလုပ်နိုင်ခကတ်ယာ။ အဓိကအကြောင်းအရင်းက ဇာလဲဆိုကေ ရခိုင်ပြည်နယ် ရီလုပ်ငန်းမှာ စျီးကွက်ကောင်းရေ။ လမ်းပမ်းဆက်သွယ်ရေး မကောင်းစွာနဲ့ အဓိကဆိုင်ရေ။ ဂဏန်းရှုံးရေဆိုစွာကလေ့ (တရုတ်) ဟိုးက ဂဏန်းစျီးချလိုက်လို့ ရှုံးစွာ မဟုတ်။ ဂဏန်းသီလို့ ရှုံးစွာရာရှိရေ။ အဓိကက ရခိုင်ကထွက်တေ ဂဏန်းကို ဇာနည်းနဲ့ မြန်မြန်ဆန်ဆန်ပို့နိုင် ဖို့လည်းဆိုစွာကို ဖန်တီးပီးနိုင်ဖို့ လူမရှိ။ လုပ်ငန်းရှင်အနေနဲ့လေ့ မကျွမ်းကျင်နိုင်။ အစိုးရအနေနဲ့လေ့ အခွံရာယူစွာ။ မဖန်တီးပီးနိုင်။ အဓိ က နာစွာက ဝယ်ရေလူတိနာရေ။”လို့ သူက ရင်ဖွင့်လာပါရေ။
ဒေပိုင်အခက်ခဲတိကြောင့် အရင်က ဂဏန်းအဝယ်ဒိုင်တိ ပေါပေါများများရှိခရေ ပေါက်တောမြို့မှာ အခုဆိုကေ ဒိုင်တစ်ခုရာကျန်စွာ ကိုယ်တိုင်မြင်တွိခရပါရေ။
“အဓိက ကျနော်ရို့ ရခိုင်ပြည်မှာ ဒေဖက်က တော်တော်များများထွက်တေ။ ပေါက်တောက အဓိကယာ ဂဏန်းလုပ်ငန်း မှာ။ အဓိကဆိုးရွားစွာက ရက်ကြာလားကေ ဂဏန်းသီရေ။ ဂဏန်းသီကေ စျီးကွက်ချလိုက်တေ။ တရုတ်တိက။ အဓိကရှုံးစွာက ဂဏန်း သီလို့။ ဟိုးအထက်ထက်ကနီလေ့ ယင်းပိုင်။ ကားလမ်းမပေါက်ဘဲနဲ့ တပ်တောင်ရို့၊ တောင်ကုတ်ရို့ကို လားပို့တုန်းကလေ့ ဘုတ်ချေတိနဲ့ လားပို့ရရေ။ တစ်ဆင့်၊ တစ်ဆင့်လားပို့ရရေ။ ဟိုဖက်ကို ရောက်ကေ ဂဏန်းသီရေ။ ရက်ကြာလားကေ။ (ကား) တော်တော်များများ လမ်း မှာလေ့ ရပ်ထားရစွာများရေ။”လို့ သူက ဆက်ပြောပါရေ။
ဒေပိုင်အခက်ခဲတိကိုရာမက သူရို့ကြုံနီရရေ ဒေထက်ကြီးမားရေပြဿနာကလေ့ ရှိနီပါသိမ့်ရေ။ ယင်းချင့်ကတော့ ပြိုင်ဆိုင်မှုပြဿနာပါ။ တရုတ်ပြည်ကို ဂဏန်းတင်ပို့ရေခါ ရခိုင်ပြည်နယ်ရေ ဘင်္ဂလားဒေ့ရှ်ထက်နှစ်ပေါင်းများစွာ ရှိကျခကေလေ့ အခုအချိန်မှာတော့ ဘင်္ဂလား ဒေ့ရှ်က ရခိုင်ပြည်နယ်ကို ကျော်လွန်လားပိုင် မြန်မာနိုင်ငံမှာဆိုကေလေ့ ဧရာဝတီထက် စျီးနှိမ်ခံနေရပြီးကေ ရခိုင်ပြည်နယ်အတွင်းမှာ တောင် တောင်ကုတ်ကဂဏန်းက ပိုပြီးကေ စျီးကောင်းရပါရေ။
ဒေချင့်တိအားလုံးရေ လမ်းပမ်းဆက်သွယ်ရေးအားနည်းမှုကြောင့် ဖြစ်တေဆိုရေအကြောင်းကို ဦးဝင်းလှိုင်က အခုပိုင် ပြောပြလာပါရေ။
“ဘင်္ဂလားကနီပြီးကေ အရင်ဆိုကေ ဂဏန်းရောင်းသံတောင် မကြားဖူး။ ရခိုင်ပြည်ကစလို့ ဂဏန်းတင်ပို့ရေဆိုခါကနီ သူ ရို့ပို့စွာ။ အခုဆိုကေ ဘင်္ဂလားဖက်က လေယာဉ်နဲ့ ပို့နိုင်ရေ အဆင့်။ မြန်မာနိုင်ငံကိုကျော်ပြီးမှ တရုတ်ပြည်ကို လားရစွာတောင် လေယ ာဉ်နဲ့ ပို့နိုင်ရေအဆင့်။ မြန်မာနိုင်ငံက ဒေပိုင်ပို့နိုင်အောင် ဖန်တီးပီးဖို့လူ မရှိ။ ပြောရဖို့ဆိုကေ မြန်မာနိုင်ငံက ထွက်တေဂဏန်းထဲမှာတောင် မှ ဧရာဝတီဂဏန်းက စျီးမြင့်လားရေ။”
“ဂဏန်းအချင်းချင်းမှာ ဧရာဝတီကဂဏန်း ဇာကြောင့် စျီးမြင့်လားလေဆိုကေ Quality ကော်လတီကောင်းရေ။ ဇာလို့ အ ရည်အသွေးကောင်းလေဆိုကေ လမ်းပမ်းဆက်သွယ်ရေးကောင်းရေ။ တရုတ်ပြည် မူဆယ်ကို မြန်မြန်ဆန်ဆန်နဲ့ရောက်နိုင်ရေ။ မူဆယ် ကိုရောက်လို့ ဟိုဖက်ကမ်းကို ကူးလိုက်စွာနဲ့ ကော်လတီကောင်းလို့ စျီးကွက်ကောင်းရေ။ ဧရာဝတီနဲ့ ပြိုင်လို့ရောင်းကေ (ရခိုင်ကဂဏန်း) ရှုံးရေ။ ရခိုင်ပြည်ထဲမှာတောင်မှ တောင်ကုတ်က ဂဏန်းနဲ့ ပြိုင်လို့ ရောင်းပြန်ကေလေ့ ရှုံးရေ။ တောင်ကုတ်က ဂဏန်းလေ့ ယင်းနည်းလ ည်းကောင်း လမ်းပမ်းဆက်သွယ်ရေးကောင်းရေ။ မြန်ရေ။”
ဂဏန်းဒိုင်လုပ်ငန်းလုပ်တေ ကိုအောင်ကျော်လှက သူရို့ဖြစ်စီချင်ရေ ပုံစံနဲ့ ကြုံနီရရေအခက်ခဲကို အခုပိုင် နှိုင်းယှဉ်ရှင်းပြပါရေ။
“ကျနော်တို့ ဖြစ်စီချင်စွာက ဘင်္ဂလားရို ့ဘက်ကပိုင် တစ်ခါတည်းနဲ့ လေယာဉ်နဲ့ လားနိုင်ဖို့ဆိုကေ ၅ သောင်းလောက်ပီးရ ကေလေ့ ကျနော်ရို့အတွက် ကျန်ပါရေ။ ဇာလို့ဆိုကေ အမြတ်အစွန်းကိုအရင်သိရရေ။ လမ်းမှာသီလားရေဂဏန်းတိတောင်မှ ၅ သောင်း ဖိုးထက်များရေ။”
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဂဏန်းက အလိုလိုထွက်ရှိနီပြီးသားဖြစ်တေပိုင် စျီးကွက်ကလေ့ ရှိနီပြီးသားဖြစ်ပါရေ။ ယကေလေ့ အခုကြုံ နီရရေ အဓိက ပြဿနာကတော့ တင်ပို့ရေအခါမှာ မြန်မြန်ဆန်ဆန် မတင်ပို့နိုင်စွာကြောင့် ဂဏန်းသီပြီးကေ လိုအပ်တေ ငွေကြေးပမာဏ မရရှိနိုင်စွာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတင်ပို့ရေပိုင် လေယာဉ်နဲ့ တင်ပို့နိုင်အောင် ဆောင်ရွက်ပီးစွာပဲဖြစ်ဖြစ်၊ ဧရာဝတီနဲ့ တောင်ကုတ်ရို့က ပိုင် လမ်းခရီးချောပြီးကေ တင်ပို့ရလွယ်ကူရေ အနေအထားတစ်ခုဖြစ်ဖြစ် တာဝန်ရှိပုဂ္ဂိုလ်တိက စဉ်းစားအဖြေရှာဗျာလ် လုပ်ဆောင်သင့် ပါရေ။
သူတို့ အဓိက လိုအပ်စွာကတော့ မြန်မြန်ဆန်ဆန် ဇာနည်းနဲ့ တင်ပို့နိုင်ဖို့လည်းဆိုစွာပါ။
အခုပိုင် ဂဏန်းလုပ်ငန်းလုပ်ကိုင်သူ ဒေသခံတိ အဓိက ကြုံတွိနီရရေ အခက်ခဲတိကို လစ်လျူရှုနီကေတော့ လက်ရှိအခြေအနေထက်မက ရခိုင်ပြည်နယ်ရဲ့ ဂဏန်းစျီးကွက် ကျဆင်းလာဖို့ဖြစ်တေပိုင် ထောင်ပေါင်းများစွာသော အခြေခံလူတန်းစားတိရဲ့ စားဝတ်နီရေးမှာလေ့ ခဲ ယဉ်းလားဖို့ဖြစ်ပြီးကေ အစိုးရရဲ့အခွန်ရရေ ကဏ္ဍတစ်ခုကိုလေ့ လမ်းပိတ်လိုက်တေပိုင် ဖြစ်လားပါလိမ့်မယ်။
(Zawgyi Version)
ရခိုင်ပြည်နယ်က ဂဏန်းလုပ်ငန်း
ပေါက်တောမြို့မဈေးဆိပ်ကမ်းအနီးမှာ နီထိုင်ရေ ကိုအောင်ကျော်လှဆိုကေ ဂဏန်းဝယ်လာစွာ ၁၀ စုနှစ်တစ်ခုကျော်ရှိခပါဗျာလ်။
၁၁ ကေဂျီ (11 KG) အလီးချိန်ရှိရေ ဂဏန်းတစ်တာ (တစ်ဗူး) စီကို တိုက်ရိုက်ဖမ်းရေလူတိပါးက ၇ သောင်းကနီ ၁ သိန်းစသဖြင့် ဈီး ကောင်းကေ ကောင်းသလောက် ဈီးပီးဝယ်ယူကတ်ပြီးကေ အဝယ်ဒိုင်တိက ပြန်ရောင်းချရေအခါမှာတော့ ၂ သိန်းလောက်ကနီ ၃ သိ န်းလောက်အထိ ရရှိကတ်ပါရေ။
အခုပိုင် ဂဏန်းလုပ်ငန်းလုပ်ကိုင်သူ ဒေသခံတိ အဓိက ကြုံတွိနီရရေ အခက်ခဲတိကို လစ်လျူရှုနီကေတော့ လက်ရှိအခြေအနေထက်မက ရခိုင်ပြည်နယ်ရဲ့ ဂဏန်းဈီးကွက် ကျဆင်းလာဖို့ဖြစ်တေပိုင် ထောင်ပေါင်းများစွာသော အခြေခံလူတန်းစားတိရဲ့ စားဝတ်နီရေးမှာလေ့ ခဲ ယဉ်းလားဖို့ဖြစ်ပြီးကေ အစိုးရရဲ့အခွန်ရရေ ကဏ္ဍတစ်ခုကိုလေ့ လမ်းပိတ်လိုက်တေပိုင် ဖြစ်လားပါလိမ့်မယ်။
 946 total views,  1 views today