(Unicode Version)

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်ဟာ ပင်လယ်ကမ်းရိုးတန်းဒေသတစ်ခုဖြစ်တဲ့အလျောက် ငါး၊ ပုစွန်နဲ့ ရေသယံဇာတပေါကြွယ်ဝပါတယ်။ အဲဒီထဲမှာ ဂဏန်း ကလည်း မပါမဖြစ်ပါဝင်ပါတယ်။ ဂဏန်းလုပ်ငန်းကိုဆိုရင် ပင်လယ်တွေ၊ မြစ်အကြီးကြီးတွေရှိတဲ့ ဒေသတွေမှာ မဟုတ်ဘဲ မြစ်ငယ်တွေ၊ ချောင်းတွေရှိတဲ့ ဒေသတွေနဲ့ ကျေးရွာတွေမှာ ပိုမိုလုပ်ကိုင်ကြတာပါ။ ရခိုင်ပြည်နယ်အတွင်းမှာဆိုရင် ဒီလုပ်ငန်းဟာ ပေါက်တောမြို့နယ် မှာ ပိုမိုတွင်ကျယ်ပါတယ်။

ဒီတစ်ပါတ်မှာတော့ ဂဏန်းတွေကို ဘယ်ဒေသတွေမှာ ဖမ်းယူကြပြီး ဘယ်ကိုလာရောက်ရောင်းချကြသလဲ။ ဘယ်ကို တင်ပို့ကြသလဲ။ သူတို့လက်ရှိ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ၊ အခက်ခဲတွေကဘာတွေလဲ။ စတဲ့အကြောင်းအရာတွေကို ပေါက်တောမြို့နယ်အတွင်းက ဂဏန်းလုပ်ငန်းလုပ်ကိုင်နေသူတွေ၊ ဂဏန်းအကြောင်းနားလည်သူတွေနဲ့ တွေ့ဆုံမေးမြန်းပြီး တင်ပြပေးချင်ပါတယ်။

ဂဏန်းလုပ်ငန်းဟာ တစ်ခြားလုပ်ငန်းတွေနဲ့ မတူဘဲ အရင်းအနှီးများများစားစား စိုက်စရာမလိုဘဲနဲ့ လုပ်လို့ရတဲ့ လုပ်ငန်းတစ်ခုပါ။ ဒါ ေ ကြာင့်လည်း မရှိဆင်းရဲတဲ့ လက်လုပ်လက်စားတွေအတွက် ပိုမိုအဆင်ပြေပါတယ်။ ပေါက်တောမြို့နယ်မှာဆိုရင် မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေ အနီးအနားမှာ နေထိုင်ကြတဲ့ ကျေးရွာတွေမှာ အားလုံးနီးပါးမှာ ဒီလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ ဂဏန်းကို လှေတွေ၊ မြုံး တွေ၊ ကိုင်းတံတွေနဲ့ တတ်နိုင်သလို တပိုင်တနိုင် ဖမ်းယူကြပြီး ရရှိလာတဲ့ ဂဏန်းတွေကို ပေါက်တောမြို့ပေါ်မှာ လာရောင်းကြပါတယ်။ ချေးငွေတွေ၊ အရင်းအနှီးတွေထုတ်ပေးပြီး ကျေးရွာတွေအထိ သွားရောက်ဝယ်ယူသူတွေလည်း ရှိပါတယ်။

ပေါက်တောမြို့မစျေးဆိပ်ကမ်းအနီးမှာ နေထိုင်တဲ့ ကိုအောင်ကျော်လှဆိုရင် ဂဏန်းဝယ်ယူလာတာ ၁၀ စုနှစ်တစ်ခုကျော်ရှိခဲ့ပါပြီ။

ဒီအကြောင်းကို သူက “ကျနော်တို့ကတော့ ရိုးရိုးဂဏန်းပဲဝယ်တာပါ။ ဂဏန်းခွံပျော့တွေဝယ်တာက စစ်တွေတို့မှာ ပဲရှိတယ်။ ဂေးမတို့၊ မြေညိုတို့၊ ခွံပျော့တို့ သီးသန့်ဝယ်တာရှိတယ်။ ဟိုဂဏန်းနဲ့ မတူတာ မတူဘူး။ အဖိုရော၊ အမရော အကုန်ဝယ်တယ်။ အကုန်လုံးတင်(ပို့) တယ်။ (ဂဏန်းဝယ်တဲ့) ဒီလုပ်ငန်းတွေက ပိုက်ဆံမတတ်နိုင်ရင် လုပ်လို့မရဘူး။ တတ်နိုင်မှလုပ်လို့ရတာ။ ဒီဟာတွေက အရင်းအနှီးများ တယ်။ ဒီနေ့ဖမ်းရင် မနက်ဖြန်ပို့ပြီ။ ဂဏန်းက ထားမယ်ဆိုရင် တစ်လ၊ လခွဲခံပါတယ်။ ကားတွေ ကြာတာမှာနာတာ။ ပုံမှန်ထားမယ်ဆို ရင်တော့ တစ်လလောက်ကိုခံတာပဲ။”လို့ ပြောပြပါတယ်။


ကျေးရွာတွေက စက်လှေနဲ့ တစ်ဆင့်လာရောင်းကြတဲ့ ဂဏန်းတွေကို ကိုအောင်ကျော်လှတို့က လူကို မကိုက်အောင် ကြိုးချည်တာ၊ ကြာ ရှည်ခံဖို့အတွက် ထုပ်ပိုးတာတွေကို စနစ်တကျလုပ်ဆောင်ရပြီး အဆင်ပြေတာနဲ့ ပေါက်တောကနေ မင်းပြား၊ အဲဒီကတစ်ဆင့် မန္တလေး၊ မန္တလေးကနေတစ်ဆင့် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ကို တင်ပို့တာပါ။


“ဂဏန်းကို ကြိုးချည်ပြီးလာသွင်းကြတယ်။ ကျနော်တို့မှာတော့ ကြိုးအနီနဲ့ (ပြန်)ချည်ရတယ်။ ပြီးမှ ပို့ရတယ်။ သတင်းစာနဲ့ထည့်ထားတ ယ်။ ပူတဲ့ရာသီဆိုရင် ရေခဲထည့်ပြီးတော့ ရေခဲဗူးမှာ ရေထည့်ပြီးတော့ ထားရတယ်။ အအေးရအောင်ပေါ့။ ဂဏန်းက ရေ မတိုက်ပဲ ၃၊ ၄ ရက်လောက်ခံတယ်။ ဒီကသွားရင် တစ်ရက်ကြာတယ်။ ဇက်ကူးရသေးတယ်။ စစ်ဖြစ်ရင် မသွားရသေးဘူး။ ဟိုတခါလည်း စစ်ဖြစ်နေလို့ ကားက ပြန်လာခဲ့ရတယ်။”လို့ ကိုအောင်ကျော်လှတို့ ဒိုင်မှာ အလုပ်လုပ်တဲ့ မောင်ထွန်းနိုင်လင်းက ရှင်းပြပါတယ်။

၁၁ ကျေဂျီ (11 KG) အလေးချိန်ရှိတဲ့ ဂဏန်းတစ်တာ (တစ်ဗူး) စီကို တိုက်ရိုက်ဖမ်းယူသူတွေဆီက ၇ သောင်းကနေ ၁ သိန်းစသဖြင့် စျေးကောင်းရင် ကောင်းသလောက် စျေးပေးဝယ်ယူကြပြီး အဝယ်ဒိုင်တွေက ပြန်ရောင်းချတဲ့အခါမှာတော့ ၂ သိန်းလောက်ကနေ ၃ သိ န်းလောက်အထိ ရရှိကြပါတယ်။

“တရုတ်သင်္ကြန်နဲ့ ဒီနေ့ပေါက်စျေးဟာ ဂဏန်းတစ်ဘူးကို သုံးသိန်းလောက်ရှိပါတယ်။ ကျနော်တို့ အောက်ကနေပြီးတော့ ၂ သိန်းခွဲ၊ ၂ သိန်းနဲ့ မှန်းလို့တင်လိုက်ရင် ကံကောင်းရင် စျေးက ဒီထက်တက်သွားတယ်။ ကံမကောင်းရင် ဒီထက်ကျသွားတယ်။ ကားစရိတ်တွေဆို ရင် မန္တလေးပွဲရုံက တခါတည်းဖြတ်ချလိုက်တယ်။ မူဆယ်က တရုတ်တွေ တခါတည်းဖြတ်ချတယ်။ ဒီလိုဂဏန်းတစ်ဗူးကို စရိတ်က ၂ သောင်းကျော်၊ ၃ သောင်းလောက် စရိတ်ပေါက်သွားတယ်။”လို့ ကိုအောင်ကျော်လှက ပြောပါတယ်။

ဂဏန်းတင်ပို့သူတွေရဲ့ စျေးကောင်းရရှိမှုဟာ ဂဏန်းရဲ့အရည်အသွေးပေါ်မှာ အဓိကမူတည်သလို တရုတ်နိုင်ငံမှာ ပွဲလမ်းသဘင်ကျချိန် တွေမှာလည်း စျေးကောင်းရရှိတတ်ပါတယ်။ ရခိုင်ပြည်နယ်ကနေ အခုလို တောတောင်အဆင့်ဆင့်ကိုကျော်ဖြတ်ပြီး ဂဏန်းတင်ပို့တဲ့အ ခါမှာ လမ်းပမ်းဆက်သွယ်ရေးထင်သလောက် မကောင်းတာ၊ နောက်ပြီးတော့ အကြောင်းကြောင်းကြောင့် ခရီးလမ်းမှာ ကြံ့ကြာတာတွေ ဖြစ်ပေါ်တတ်ပါတယ်။

ဒီလိုကြံ့ကြာတယ်ဆိုတဲ့နေရာမှာ ပုံမှန်ရက်သာ ကြာမြင့်ရင် ပြဿနာမရှိပေမယ့် လိုအပ်တာထက် ကြာသွားပြီဆိုရင် ပြဿနာရှိလာပါပြီ။ ဘာကြောင့်လဲဆိုတော့ အဲဒီနောက်ဆက်တွဲ အနေနဲ့ ဂဏန်းသေတာတွေ ဖြစ်ပေါ်တာပါ။ ဒီကိစ္စရပ်တွေဟာ ဂဏန်းကို တိုက်ရိုက်ဖမ်း ယူပြီး လာရောက်ရောင်းချတတ်သူတွေအဖို့ ပြဿနာမရှိပေမယ့် သူတို့ဆီက တစ်ဆင့်ဝယ်ယူပြီး အခုလို နိုင်ငံခြားကို တင်ပို့တဲ့သူတွေမှာ နစ်နာမှုတွေ များစွာဖြစ်ပေါ်နိုင်ပါတယ်။

ဒီအခက်အခဲကို ပေါက်တောမြို့နယ်က ဂဏန်းလုပ်ငန်းလုပ်ကိုင်သူတွေ စတင်လို့ တင်ပို့ကတည်းက ကြုံလာရကြတာဖြစ်ပေမယ့် ဒီနေ့ အထိတော့ မပြောင်းလဲနိုင်သေးပါဘူး။ ဦးဝင်းလှိုင်ဆိုသူက အခုလို ပြောပြပါတယ်။ သူဟာဆိုရင်လည်း ဒီလုပ်ငန်းကို ၂၀၀၀ ခုနှစ်တည်း ကလုပ်ကိုင်ခဲ့ဖူးပြီး လုပ်ငန်းအကြောင်းကို နားလည်သူတစ်ဦးပါ။

“ပြောရမယ်ဆိုရင်ဗျာ ဂဏန်းဒိုင်တွေက မလုပ်နိုင်ခဲ့ကြတော့ဘူး။ အဓိကအကြောင်းအရင်းက ဘာလဲဆိုတော့ ရခိုင်ပြည်နယ်ရေလုပ်ငန်း မှာ စျေးကွက်ကောင်းတယ်။ လမ်းပမ်းဆက်သွယ်ရေး မကောင်းတာနဲ့ အဓိက ဆိုင်တယ်။ ဂဏန်းရှုံးတယ်ဆိုတာကလည်း (တရုတ်) ဟိုး က ဂဏန်းစျေးချလိုက်လို့ ရှုံးတာ မဟုတ်ဘူး။ ဂဏန်းသေလို့ ရှုံးတာပဲရှိတယ်။ အဓိကက ရခိုင်ကထွက်တဲ့ ဂဏန်းကို ဘယ်လိုနည်းနဲ့ မြန် မြန်ဆန်ဆန် ပို့နိုင်မှာလဲဆိုတာကို ဖန်တီးပေးမယ့် လူမရှိဘူး။ လုပ်ငန်းအနေနဲ့လည်း မကျွမ်းကျင်နိုင်။ အစိုးရအနေနဲ့လည်းအခွံပဲယူတာ။ မဖန်တီးပေးနိုင်။ အဓိကနာတာက ဝယ်တဲ့သူတွေနာတယ်။”လို့ သူက ရင်ဖွင့်လာပါတယ်။

ဒီလိုအခက်ခဲတွေကြောင့် အရင်က ဂဏန်းအဝယ်ဒိုင်တွေ ပေါပေါများများရှိခဲ့တဲ့ ပေါက်တောမြို့မှာ အခုဆိုရင် ဒိုင်တစ်ခုသာရှိတော့တာ ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။

“အဓိက ကျနော်တို့ ရခိုင်ပြည်မှာ ဒီဖက်က တော်တော်များများထွက်တယ်။ ပေါက်တောက အဓိကပဲ ဂဏန်းလုပ်ငန်းမှာ။ အဓိကဆိုးရွား တာက ရက်ကြာသွားရင် ဂဏန်းသေတယ်။ ဂဏန်းသေရင် စျေးကွက်ချလိုက်တယ်။ တရုတ်တွေက။ အဓိကရှုံးတာက ဂဏန်းသေလို့ပဲ။ ဟိုးအထက်ထက်ကနေလည်း အဲဒီလို။ ကားလမ်းမပေါက်ဘဲနဲ့ တပ်တောင်တို့၊ တောင်ကုတ်တို့ကို သွားပို့တုန်းကလည်း အဲဒီလိုစက်လှေ နဲ့ သွားပို့ရတယ်။ တစ်ဆင့်၊ တစ်ဆင့်သွားပို့ရတယ်။ ဟိုဖက်ကို ရောက်ရင် ဂဏန်းသေးတယ်။ ရက်ကြာသွားရင်။ (ကား) တော်တော်များ များ။ လမ်းမှာလည်း ရပ်ထားရတာများတယ်။”လို့ သူက ဆက်ပြောပါတယ်။

ဒီလိုအခက်ခဲတွေကိုသာမက သူတို့ကြုံနေရတဲ့ ဒီထက်ကြီးမားတဲ့ပြဿနာကလည်း ရှိနေပါသေးတယ်။ ဒါကတော့ ပြိုင်ဆိုင်မှုပြဿနာပါ။ တရုတ်ပြည်ကို ဂဏန်းတင်ပို့ရာမှာ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလားဒေ့ရှ်ထက်နှစ်ပေါင်းများစွာ ရှေးကျခဲ့ပေမယ့် အခုအချိန်မှာတော့ ဘင်္ဂလ ားဒေ့ရှ်က ရခိုင်ပြည်နယ်ကို ကျော်လွန်သွားသလို မြန်မာနိုင်ငံမှာဆိုရင်လည်း ဧရာဝတီထက် စျေးနှိမ်ခံနေရပြီး ရခိုင်ပြည်နယ်အတွင်းမှာ တောင် တောင်ကုတ်ကဂဏန်းက ပိုပြီးစျေးကောင်းရပါတယ်။

ဒါတွေအကုန်လုံးဟာ လမ်းပမ်းဆက်သွယ်ရေးအားနည်းမှုကြောင့် ဖြစ်တယ်ဆိုတဲ့အကြောင်းကို ဦးဝင်းလှိုင်က အခုလို ပြောပြလာပါတ ယ်။

“ဘင်္ဂလားနေပြီးတော့ အရင်ဆိုရင် ဂဏန်းရောင်းသံတောင် မကြားဖူးဘူး။ ရခိုင်ပြည်က စလို့ ဂဏန်းတင်ပို့တယ်ဆိုက တည်းကနေ သူ တို့ပို့တာ။ အခုဆိုရင် ဘင်္ဂလားဖက်က လေယာဉ်နဲ့ ပို့နိုင်တဲ့ အဆင့်။ မြန်မာနိုင်ငံကိုကျော်ပြီးမှ တရုတ်ပြည်ကို သွားရတာတောင် လေယ ာဉ်နဲ့ ပို့နိုင်တဲ့အဆင့်။ မြန်မာနိုင်ငံက အဲဒီလိုပို့နိုင်အောင် ဖန်တီးပေးမယ့်သူ မရှိဘူး။ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံက ထွက်တဲ့ဂဏန်းထဲ မှာတောင်မှ ဧရာဝတီဂဏန်းက စျေးမြင့်သွားတယ်။”

“ဂဏန်းအချင်းချင်းမှာ ဧရာဝတီကဂဏန်း ဘာကြောင့် စျေးမြင့်သွားလဲဆိုရင် Quality ကော်လတီကောင်းတယ်။ ဘာလို့ အရည်အသွေး ကောင်းလဲဆိုရင် လမ်းပမ်းဆက်သွယ်ရေးကောင်းတယ်။ တရုတ်ပြည် မူဆယ်ကို မြန်မြန်ဆန်ဆန်နဲ့ ရောက်နိုင်တယ်။ မူဆယ်ကို ရောက် လို့ ဟိုဖက်ကမ်းကို ကူးလိုက်တာနဲ့ ကော်လတီကောင်းလို့ စျေးကွက်ကောင်းတယ်။ ဧရာဝတီနဲ့ ပြိုင်လို့ရောင်းရင် (ရခိုင်ကဂဏန်း) ရှုံးတ ယ်။ ရခိုင်ပြည်ထဲမှာတောင်မှ တောင်ကုတ်က ဂဏန်းနဲ့ ပြိုင်လို့ ရောင်းပြန်ရင်လည်း ရှုံးတယ်။ တောင်ကုတ်က ဂဏန်းလည်း ထိုနည်းလ ည်းကောင်း လမ်းပမ်းဆက်သွယ်ရေးကောင်းတယ်။ မြန်တယ်။”

ဂဏန်းဒိုင်လုပ်ငန်းလုပ်တဲ့ ကိုအောင်ကျော်လှက သူတို့ဖြစ်စေချင်တဲ့ ပုံစံနဲ့ ကြုံနေရတဲ့အခက်ခဲကို အခုလို နှိုင်းယှဉ်ရှင်းပြပါတယ်။

“ကျနော်တို့ ဖြစ်ချင်တာက ဘင်္ဂလားတို့ဘက်ကလို တစ်ခါတည်းနဲ့ လေယာဉ်နဲ့ သွားနိုင်မယ်ဆိုရင် ၅သောင်းလောက်ပေးရင်လည်း ကျ နော်တို့အတွက် ကျန်ပါတယ်။ ဘာလို့ဆို အမြတ်အစွန်းကို အရင်သိရတယ်။ လမ်းမှာသေသွားတဲ့ ဂဏန်းတွေတောင်မှ ၅ သောင်းဖိုးထ က်များတယ်။”
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဂဏန်းက အလိုလိုထွက်ရှိနေပြီးသားဖြစ်သလို စျေးကွက်ကလည်း ရှိနေပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အ ခုကြုံနေရတဲ့ အဓိက ပြဿနာကတော့ တင်ပို့တဲ့အခါမှာ မြန်မြန်ဆန်ဆန်မတင်ပို့နိုင်တာကြောင့် ဂဏန်းသေပြီး လိုအပ်တဲ့ငွေစျေးပမာဏ မရရှိနိုင်တာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတင်ပို့သလို လေယာဉ်နဲ့ တင်ပို့နိုင်အောင် ဆောင်ရွက်ပေးတာပဲဖြစ်ဖြစ်၊ ဧရာဝတီနဲ့ တောင်ကုတ် တို့ကလို လမ်းခရီးချောပြီး တင်ပို့ရလွယ်ကူတဲ့ အနေအထားတစ်ခုဖြစ်ဖြစ် တာဝန်ရှိပုဂ္ဂိုလ်တွေက စဉ်းစားအဖြေရှာပြီး လုပ်ဆောင်သင့်ပါ တယ်။

သူတို့ အဓိက လိုအပ်တာကတော့ မြန်မြန်ဆန်ဆန် ဘယ်လိုနည်းနဲ့ တင်ပို့နိုင်မှာလဲဆိုတာပါပဲ။
အခုလို ဂဏန်းလုပ်ငန်းလုပ်ကိုင်သူ ဒေသခံတွေ အဓိက ကြုံတွေ့နေရတဲ့ အခက်ခဲတွေကို လစ်လျူရှုနေရင်တော့ လက်ရှိအခြေအနေထ က်မက ရခိုင်ပြည်နယ်ရဲ့ ဂဏန်းစျေးကွက်ဟာ ကျဆင်းလာမှာဖြစ်သလို ထောင်ပေါင်းများစွာသော အခြေခံလူတန်းစားတွေရဲ့ စားဝတ် နေရေမှာလည်း ခဲယဉ်းသွားမှာဖြစ်ပြီး အစိုးရရဲ့အခွန်ရတဲ့ ကဏ္ဍတစ်ခုကိုလည်း လမ်းပိတ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။

(Zawgyi Version)

ထူး၊ ႐ိုးမေရဒီယိုမဂၢဇင္း

ရခိုင္ျပည္နယ္ဟာ ပင္လယ္ကမ္း႐ိုးတန္းေဒသတစ္ခုျဖစ္တဲ့အေလ်ာက္ ငါး၊ ပုစြန္နဲ႔ ေရသယံဇာတေပါၾကြယ္ဝပါတယ္။ အဲဒီထဲမွာ ဂဏန္း ကလည္း မပါမျဖစ္ပါဝင္ပါတယ္။ ဂဏန္းလုပ္ငန္းကိုဆိုရင္ ပင္လယ္ေတြ၊ ျမစ္အႀကီးႀကီးေတြရွိတဲ့ ေဒသေတြမွာ မဟုတ္ဘဲ ျမစ္ငယ္ေတြ၊ ေခ်ာင္းေတြရွိတဲ့ ေဒသေတြနဲ႔ ေက်းရြာေတြမွာ ပိုမိုလုပ္ကိုင္ၾကတာပါ။ ရခိုင္ျပည္နယ္အတြင္းမွာဆုိရင္ ဒီလုပ္ငန္းဟာ ေပါက္ေတာၿမိဳ႕နယ္ မွာ ပိုမိုတြင္က်ယ္ပါတယ္။

ဒီတစ္ပါတ္မွာေတာ့ ဂဏန္းေတြကို ဘယ္ေဒသေတြမွာ ဖမ္းယူၾကၿပီး ဘယ္ကိုလာေရာက္ေရာင္းခ်ၾကသလဲ။ ဘယ္ကို တင္ပို႔ၾကသလဲ။ သူတို႔လက္ရွိ ႀကံဳေတြ႔ေနရတဲ့ စိန္ေခၚမႈေတြ၊ အခက္ခဲေတြကဘာေတြလဲ။ စတဲ့အေၾကာင္းအရာေတြကို ေပါက္ေတာၿမိဳ႕နယ္အတြင္းက ဂဏန္းလုပ္ငန္းလုပ္ကိုင္ေနသူေတြ၊ ဂဏန္းအေၾကာင္းနားလည္သူေတြနဲ႔ ေတြ႔ဆုံေမးျမန္းၿပီး တင္ျပေပးခ်င္ပါတယ္။

ဂဏန္းလုပ္ငန္းဟာ တစ္ျခားလုပ္ငန္းေတြနဲ႔ မတူဘဲ အရင္းအႏွီးမ်ားမ်ားစားစား စိုက္စရာမလိုဘဲနဲ႔ လုပ္လို႔ရတဲ့ လုပ္ငန္းတစ္ခုပါ။ ဒါ ေ ၾကာင့္လည္း မရွိဆင္းရဲတဲ့ လက္လုပ္လက္စားေတြအတြက္ ပိုမိုအဆင္ေျပပါတယ္။ ေပါက္ေတာၿမိဳ႕နယ္မွာဆိုရင္ ျမစ္၊ ေခ်ာင္း၊ အင္း၊ အိုင္ေတြ အနီးအနားမွာ ေနထိုင္ၾကတဲ့ ေက်းရြာေတြမွာ အားလုံးနီးပါးမွာ ဒီလုပ္ငန္းကို လုပ္ကိုင္ၾကပါတယ္။ ဂဏန္းကို ေလွေတြ၊ ၿမံဳး ေတြ၊ ကိုင္းတံေတြနဲ႔ တတ္ႏိုင္သလို တပိုင္တႏိုင္ ဖမ္းယူၾကၿပီး ရရွိလာတဲ့ ဂဏန္းေတြကို ေပါက္ေတာၿမိဳ႕ေပၚမွာ လာေရာင္းၾကပါတယ္။ ေခ်းေငြေတြ၊ အရင္းအႏွီးေတြထုတ္ေပးၿပီး ေက်းရြာေတြအထိ သြားေရာက္ဝယ္ယူသူေတြလည္း ရွိပါတယ္။

ေပါက္ေတာၿမိဳ႕မေစ်းဆိပ္ကမ္းအနီးမွာ ေနထိုင္တဲ့ ကိုေအာင္ေက်ာ္လွဆိုရင္ ဂဏန္းဝယ္ယူလာတာ ၁၀ စုႏွစ္တစ္ခုေက်ာ္ရွိခဲ့ပါၿပီ။

ဒီအေၾကာင္းကို သူက “က်ေနာ္တို႔ကေတာ့ ႐ိုး႐ိုးဂဏန္းပဲဝယ္တာပါ။ ဂဏန္းခြံေပ်ာ့ေတြဝယ္တာက စစ္ေတြတို႔မွာ ပဲရွိတယ္။ ေဂးမတို႔၊ ေျမညိဳတို႔၊ ခြံေပ်ာ့တို႔ သီးသန္႔ဝယ္တာရွိတယ္။ ဟိုဂဏန္းနဲ႔ မတူတာ မတူဘူး။ အဖိုေရာ၊ အမေရာ အကုန္ဝယ္တယ္။ အကုန္လုံးတင္(ပို႔) တယ္။ (ဂဏန္းဝယ္တဲ့) ဒီလုပ္ငန္းေတြက ပိုက္ဆံမတတ္ႏိုင္ရင္ လုပ္လို႔မရဘူး။ တတ္ႏိုင္မွလုပ္လို႔ရတာ။ ဒီဟာေတြက အရင္းအႏွီးမ်ား တယ္။ ဒီေန႔ဖမ္းရင္ မနက္ျဖန္ပို႔ၿပီ။ ဂဏန္းက ထားမယ္ဆိုရင္ တစ္လ၊ လခြဲခံပါတယ္။ ကားေတြ ၾကာတာမွာနာတာ။ ပုံမွန္ထားမယ္ဆို ရင္ေတာ့ တစ္လေလာက္ကိုခံတာပဲ။”လို႔ ေျပာျပပါတယ္။

ေက်းရြာေတြက စက္ေလွနဲ႔ တစ္ဆင့္လာေရာင္းၾကတဲ့ ဂဏန္းေတြကို ကိုေအာင္ေက်ာ္လွတို႔က လူကို မကိုက္ေအာင္ ႀကိဳးခ်ည္တာ၊ ၾကာ ရွည္ခံဖို႔အတြက္ ထုပ္ပိုးတာေတြကို စနစ္တက်လုပ္ေဆာင္ရၿပီး အဆင္ေျပတာနဲ႔ ေပါက္ေတာကေန မင္းျပား၊ အဲဒီကတစ္ဆင့္ မႏၱေလး၊ မႏၱေလးကေနတစ္ဆင့္ တရုတ္-ျမန္မာနယ္စပ္ မူဆယ္ၿမိဳ႕ကို တင္ပို႔တာပါ။

“ဂဏန္းကို ႀကိဳးခ်ည္ၿပီးလာသြင္းၾကတယ္။ က်ေနာ္တု႔ိမွာေတာ့ ႀကိဳးအနီနဲ႔ (ျပန္)ခ်ည္ရတယ္။ ၿပီးမွ ပို႔ရတယ္။ သတင္းစာနဲ႔ထည့္ထားတ ယ္။ ပူတဲ့ရာသီဆိုရင္ ေရခဲထည့္ၿပီးေတာ့ ေရခဲဗူးမွာ ေရထည့္ၿပီးေတာ့ ထားရတယ္။ အေအးရေအာင္ေပါ့။ ဂဏန္းက ေရ မတိုက္ပဲ ၃၊ ၄ ရက္ေလာက္ခံတယ္။ ဒီကသြားရင္ တစ္ရက္ၾကာတယ္။ ဇက္ကူးရေသးတယ္။ စစ္ျဖစ္ရင္ မသြားရေသးဘူး။ ဟိုတခါလည္း စစ္ျဖစ္ေနလို႔ ကားက ျပန္လာခဲ့ရတယ္။”လို႔ ကိုေအာင္ေက်ာ္လွတို႔ ဒိုင္မွာ အလုပ္လုပ္တဲ့ ေမာင္ထြန္းႏိုင္လင္းက ရွင္းျပပါတယ္။

၁၁ ေက်ဂ်ီ (11 KG) အေလးခ်ိန္ရွိတဲ့ ဂဏန္းတစ္တာ (တစ္ဗူး) စီကို တိုက္႐ိုက္ဖမ္းယူသူေတြဆီက ၇ ေသာင္းကေန ၁ သိန္းစသျဖင့္ ေစ်းေကာင္းရင္ ေကာင္းသေလာက္ ေစ်းေပးဝယ္ယူၾကၿပီး အဝယ္ဒိုင္ေတြက ျပန္ေရာင္းခ်တဲ့အခါမွာေတာ့ ၂ သိန္းေလာက္ကေန ၃ သိ န္းေလာက္အထိ ရရွိၾကပါတယ္။

“တ႐ုတ္သႀကၤန္နဲ႔ ဒီေန႔ေပါက္ေစ်းဟာ ဂဏန္းတစ္ဘူးကို သုံးသိန္းေလာက္ရွိပါတယ္။ က်ေနာ္တို႔ ေအာက္ကေနၿပီးေတာ့ ၂ သိန္းခြဲ၊ ၂ သိန္းနဲ႔ မွန္းလို႔တင္လိုက္ရင္ ကံေကာင္းရင္ ေစ်းက ဒီထက္တက္သြားတယ္။ ကံမေကာင္းရင္ ဒီထက္က်သြားတယ္။ ကားစရိတ္ေတြဆို ရင္ မႏၱေလးပြဲ႐ုံက တခါတည္းျဖတ္ခ်လိုက္တယ္။ မူဆယ္က တ႐ုတ္ေတြ တခါတည္းျဖတ္ခ်တယ္။ ဒီလိုဂဏန္းတစ္ဗူးကို စရိတ္က ၂ ေသာင္းေက်ာ္၊ ၃ ေသာင္းေလာက္ စရိတ္ေပါက္သြားတယ္။”လို႔ ကိုေအာင္ေက်ာ္လွက ေျပာပါတယ္။

ဂဏန္းတင္ပို႔သူေတြရဲ႕ ေစ်းေကာင္းရရွိမႈဟာ ဂဏန္းရဲ႕အရည္အေသြးေပၚမွာ အဓိကမူတည္သလို တရုတ္ႏုိင္ငံမွာ ပြဲလမ္းသဘင္က်ခ်ိန္ ေတြမွာလည္း  ေစ်းေကာင္းရရွိတတ္ပါတယ္။ ရခိုင္ျပည္နယ္ကေန အခုလို ေတာေတာင္အဆင့္ဆင့္ကိုေက်ာ္ျဖတ္ၿပီး ဂဏန္းတင္ပို႔တဲ့အ ခါမွာ လမ္းပမ္းဆက္သြယ္ေရးထင္သေလာက္ မေကာင္းတာ၊ ေနာက္ၿပီးေတာ့ အေၾကာင္းေၾကာင္းေၾကာင့္ ခရီးလမ္းမွာ ႀကံ့ၾကာတာေတြ ျဖစ္ေပၚတတ္ပါတယ္။

ဒီလိုႀကံ့ၾကာတယ္ဆိုတဲ့ေနရာမွာ ပုံမွန္ရက္သာ ၾကာျမင့္ရင္ ျပႆနာမရွိေပမယ့္ လိုအပ္တာထက္ ၾကာသြားၿပီဆိုရင္ ျပႆနာရွိလာပါၿပီ။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီေနာက္ဆက္တြဲ အေနနဲ႔ ဂဏန္းေသတာေတြ ျဖစ္ေပၚတာပါ။ ဒီကိစၥရပ္ေတြဟာ ဂဏန္းကို တိုက္႐ိုက္ဖမ္း ယူၿပီး လာေရာက္ေရာင္းခ်တတ္သူေတြအဖို႔ ျပႆနာမရွိေပမယ့္ သူတို႔ဆီက တစ္ဆင့္ဝယ္ယူၿပီး အခုလို ႏိုင္ငံျခားကို တင္ပို႔တဲ့သူေတြမွာ နစ္နာမႈေတြ မ်ားစြာျဖစ္ေပၚႏိုင္ပါတယ္။

ဒီအခက္အခဲကို ေပါက္ေတာၿမိဳ႕နယ္က ဂဏန္းလုပ္ငန္းလုပ္ကိုင္သူေတြ စတင္လို႔ တင္ပို႔ကတည္းက ႀကံဳလာရၾကတာျဖစ္ေပမယ့္ ဒီေန႔ အထိေတာ့ မေျပာင္းလဲႏိုင္ေသးပါဘူး။ ဦးဝင္းလိႈင္ဆိုသူက အခုလို ေျပာျပပါတယ္။ သူဟာဆိုရင္လည္း ဒီလုပ္ငန္းကို ၂၀၀၀ ခုႏွစ္တည္း ကလုပ္ကိုင္ခဲ့ဖူးၿပီး လုပ္ငန္းအေၾကာင္းကို နားလည္သူတစ္ဦးပါ။

“ေျပာရမယ္ဆိုရင္ဗ်ာ ဂဏန္းဒိုင္ေတြက မလုပ္ႏုိင္ခဲ့ၾကေတာ့ဘူး။ အဓိကအေၾကာင္းအရင္းက ဘာလဲဆိုေတာ့  ရခိုင္ျပည္နယ္ေရလုပ္ငန္း မွာ ေစ်းကြက္ေကာင္းတယ္။ လမ္းပမ္းဆက္သြယ္ေရး မေကာင္းတာနဲ႔ အဓိက ဆိုင္တယ္။ ဂဏန္း႐ႈံးတယ္ဆိုတာကလည္း (တရုတ္) ဟိုး က ဂဏန္းေစ်းခ်လိုက္လို႔ ႐ႈံးတာ မဟုတ္ဘူး။ ဂဏန္းေသလို႔ ႐ႈံးတာပဲရွိတယ္။ အဓိကက ရခိုင္ကထြက္တဲ့ ဂဏန္းကို ဘယ္လိုနည္းနဲ႔ ျမန္ ျမန္ဆန္ဆန္ ပို႔ႏိုင္မွာလဲဆိုတာကို ဖန္တီးေပးမယ့္ လူမရွိဘူး။ လုပ္ငန္းအေနနဲ႔လည္း မကြ်မ္းက်င္ႏိုင္။ အစိုးရအေနနဲ႔လည္းအခြံပဲယူတာ။ မဖန္တီးေပးႏိုင္။ အဓိကနာတာက ဝယ္တဲ့သူေတြနာတယ္။”လို႔ သူက ရင္ဖြင့္လာပါတယ္။

ဒီလိုအခက္ခဲေတြေၾကာင့္ အရင္က ဂဏန္းအဝယ္ဒိုင္ေတြ ေပါေပါမ်ားမ်ားရွိခဲ့တဲ့ ေပါက္ေတာၿမိဳ႕မွာ အခုဆိုရင္ ဒိုင္တစ္ခုသာရွိေတာ့တာ ကို ကိုယ္တိုင္ျမင္ေတြ႔ခဲ့ရပါတယ္။

“အဓိက က်ေနာ္တို႔ ရခိုင္ျပည္မွာ ဒီဖက္က ေတာ္ေတာ္မ်ားမ်ားထြက္တယ္။ ေပါက္ေတာက အဓိကပဲ ဂဏန္းလုပ္ငန္းမွာ။ အဓိကဆိုးရြား တာက ရက္ၾကာသြားရင္ ဂဏန္းေသတယ္။ ဂဏန္းေသရင္ ေစ်းကြက္ခ်လိုက္တယ္။ တ႐ုတ္ေတြက။ အဓိက႐ႈံးတာက ဂဏန္းေသလို႔ပဲ။ ဟိုးအထက္ထက္ကေနလည္း အဲဒီလို။ ကားလမ္းမေပါက္ဘဲနဲ႔ တပ္ေတာင္တို႔၊ ေတာင္ကုတ္တို႔ကို သြားပို႔တုန္းကလည္း အဲဒီလိုစက္ေလွ နဲ႔ သြားပို႔ရတယ္။ တစ္ဆင့္၊ တစ္ဆင့္သြားပို႔ရတယ္။ ဟိုဖက္ကို ေရာက္ရင္ ဂဏန္းေသးတယ္။ ရက္ၾကာသြားရင္။ (ကား) ေတာ္ေတာ္မ်ား မ်ား။ လမ္းမွာလည္း ရပ္ထားရတာမ်ားတယ္။”လို႔ သူက ဆက္ေျပာပါတယ္။

ဒီလိုအခက္ခဲေတြကိုသာမက သူတို႔ႀကံဳေနရတဲ့ ဒီထက္ႀကီးမားတဲ့ျပႆနာကလည္း ရွိေနပါေသးတယ္။ ဒါကေတာ့ ၿပိဳင္ဆိုင္မႈျပႆနာပါ။ တရုတ္ျပည္ကို ဂဏန္းတင္ပို႔ရာမွာ ရခိုင္ျပည္နယ္ဟာ ဘဂၤလားေဒ့ရွ္ထက္ႏွစ္ေပါင္းမ်ားစြာ ေရွးက်ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ဘဂၤလ ားေဒ့ရွ္က ရခိုင္ျပည္နယ္ကို ေက်ာ္လြန္သြားသလို ျမန္မာႏိုင္ငံမွာဆိုရင္လည္း ဧရာဝတီထက္ ေစ်းႏွိမ္ခံေနရၿပီး ရခိုင္ျပည္နယ္အတြင္းမွာ ေတာင္ ေတာင္ကုတ္ကဂဏန္းက ပိုၿပီးေစ်းေကာင္းရပါတယ္။

ဒါေတြအကုန္လုံးဟာ  လမ္းပမ္းဆက္သြယ္ေရးအားနည္းမႈေၾကာင့္ ျဖစ္တယ္ဆိုတဲ့အေၾကာင္းကို ဦးဝင္းလိႈင္က အခုလို ေျပာျပလာပါတ ယ္။

“ဘဂၤလားေနၿပီးေတာ့ အရင္ဆိုရင္ ဂဏန္းေရာင္းသံေတာင္ မၾကားဖူးဘူး။ ရခိုင္ျပည္က စလို႔ ဂဏန္းတင္ပို႔တယ္ဆိုက တည္းကေန သူ တို႔ပို႔တာ။ အခုဆိုရင္ ဘဂၤလားဖက္က ေလယာဥ္နဲ႔ ပို႔ႏိုင္တဲ့ အဆင့္။ ျမန္မာႏိုင္ငံကုိေက်ာ္ၿပီးမွ တ႐ုတ္ျပည္ကို သြားရတာေတာင္ ေလယ ာဥ္နဲ႔ ပို႔ႏိုင္တဲ့အဆင့္။ ျမန္မာႏိုင္ငံက အဲဒီလိုပို႔ႏိုင္ေအာင္ ဖန္တီးေပးမယ့္သူ မရွိဘူး။ ေျပာရမယ္ဆိုရင္ ျမန္မာႏိုင္ငံက ထြက္တဲ့ဂဏန္းထဲ မွာေတာင္မွ ဧရာဝတီဂဏန္းက ေစ်းျမင့္သြားတယ္။”

“ဂဏန္းအခ်င္းခ်င္းမွာ ဧရာဝတီကဂဏန္း ဘာေၾကာင့္ ေစ်းျမင့္သြားလဲဆိုရင္ Quality ေကာ္လတီေကာင္းတယ္။ ဘာလို႔ အရည္အေသြး ေကာင္းလဲဆိုရင္ လမ္းပမ္းဆက္သြယ္ေရးေကာင္းတယ္။ တရုတ္ျပည္ မူဆယ္ကို ျမန္ျမန္ဆန္ဆန္နဲ႔ ေရာက္ႏိုင္တယ္။ မူဆယ္ကို ေရာက္ လို႔ ဟိုဖက္ကမ္းကို ကူးလိုက္တာနဲ႔ ေကာ္လတီေကာင္းလို႔ ေစ်းကြက္ေကာင္းတယ္။ ဧရာဝတီနဲ႔ ၿပဳိင္လို႔ေရာင္းရင္ (ရခိုင္ကဂဏန္း) ႐ႈံးတ ယ္။ ရခိုင္ျပည္ထဲမွာေတာင္မွ ေတာင္ကုတ္က ဂဏန္းနဲ႔ ၿပိဳင္လို႔ ေရာင္းျပန္ရင္လည္း ႐ႈံးတယ္။ ေတာင္ကုတ္က ဂဏန္းလည္း ထိုနည္းလ ည္းေကာင္း လမ္းပမ္းဆက္သြယ္ေရးေကာင္းတယ္။ ျမန္တယ္။”

ဂဏန္းဒိုင္လုပ္ငန္းလုပ္တဲ့ ကိုေအာင္ေက်ာ္လွက သူတို႔ျဖစ္ေစခ်င္တဲ့ ပုံစံနဲ႔ ႀကံဳေနရတဲ့အခက္ခဲကို အခုလို ႏိႈင္းယွဥ္ရွင္းျပပါတယ္။

“က်ေနာ္တို႔ ျဖစ္ခ်င္တာက ဘဂၤလားတို႔ဘက္ကလို တစ္ခါတည္းနဲ႔ ေလယာဥ္နဲ႔ သြားႏုိင္မယ္ဆိုရင္ ၅ေသာင္းေလာက္ေပးရင္လည္း က် ေနာ္တို႔အတြက္ က်န္ပါတယ္။ ဘာလို႔ဆို အျမတ္အစြန္းကို အရင္သိရတယ္။ လမ္းမွာေသသြားတဲ့ ဂဏန္းေတြေတာင္မွ ၅ ေသာင္းဖိုးထ က္မ်ားတယ္။”

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ဂဏန္းက အလိုလိုထြက္ရွိေနၿပီးသားျဖစ္သလို ေစ်းကြက္ကလည္း ရွိေနၿပီးသားျဖစ္ပါတယ္။ ဒါေပမယ့္ အ ခုႀကံဳေနရတဲ့ အဓိက ျပႆနာကေတာ့ တင္ပုိ႔တဲ့အခါမွာ ျမန္ျမန္ဆန္ဆန္မတင္ပို႔ႏိုင္တာေၾကာင့္ ဂဏန္းေသၿပီး လိုအပ္တဲ့ေငြေစ်းပမာဏ မရရွိႏိုင္တာပါ။ ဘဂၤလားေဒ့ရွ္ႏိုင္ငံကတင္ပို႔သလို ေလယာဥ္နဲ႔ တင္ပို႔ႏိုင္ေအာင္ ေဆာင္ရြက္ေပးတာပဲျဖစ္ျဖစ္၊ ဧရာဝတီနဲ႔ ေတာင္ကုတ္ တို႔ကလို လမ္းခရီးေခ်ာၿပီး တင္ပို႔ရလြယ္ကူတဲ့ အေနအထားတစ္ခုျဖစ္ျဖစ္ တာဝန္ရွိပုဂၢိဳလ္ေတြက စဥ္းစားအေျဖရွာၿပီး လုပ္ေဆာင္သင့္ပါ တယ္။

သူတုိ႔ အဓိက လိုအပ္တာကေတာ့ ျမန္ျမန္ဆန္ဆန္ ဘယ္လိုနည္းနဲ႔ တင္ပို႔ႏိုင္မွာလဲဆိုတာပါပဲ။

အခုလို ဂဏန္းလုပ္ငန္းလုပ္ကိုင္သူ ေဒသခံေတြ အဓိက ႀကံဳေတြ႔ေနရတဲ့ အခက္ခဲေတြကို လစ္လ်ဴ႐ႈေနရင္ေတာ့ လက္ရွိအေျခအေနထ က္မက ရခိုင္ျပည္နယ္ရဲ႕ ဂဏန္းေစ်းကြက္ဟာ က်ဆင္းလာမွာျဖစ္သလို ေထာင္ေပါင္းမ်ားစြာေသာ အေျခခံလူတန္းစားေတြရဲ႕ စားဝတ္ ေနေရမွာလည္း ခဲယဥ္းသြားမွာျဖစ္ၿပီး အစိုးရရဲ႕အခြန္ရတဲ့ က႑တစ္ခုကိုလည္း လမ္းပိတ္လိုက္သလို ျဖစ္သြားပါလိမ့္မယ္။

 1,425 total views,  1 views today