(Unicode Version)

Arakan Yoma|

မြန်မာနိုင်ငံ၏ အထင်ကရ ယဉ်ကျေးမှုနယ်မြေတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် (UNESCO) စာရင်းဝင်းနိုင်ရေးအတွက် အပြီးသတ်အဆိုပြုလွှာ တင်သွင်းနိုင်ခဲ့ပြီဖြစ်သည်။

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ ပြောဆိုချက်အရ လက်ရှိတင်သွင်းထားသည့် အဆိုပြုလွှာကို ဇန်န ဝါရီလ ၂၇ ရက်နေ့က တင်သွင်းခဲ့ခြင်းဖြစ်ပြီး တင်ပြထားသည့် အမွေအနှစ်များအား ကုလသမဂ္ဂ ပညာရေး၊ ယဉ်ကျေးမှုနှင့် သိပ္ပံအဖွဲ့ ယူ နက်စ်ကိုက မည်သူကိုမျှ အသိမပေးဘဲ ယခုနှစ်အတွင်း ရှောင်တခင်လာရောက်စစ်ဆေးမည်ဖြစ်သည်။

လက်ရှိ တင်ပြထားသည့် အပြီးသတ် အဆိုပြုလွှာတွင် မြောက်ဦးနန်းတော်၊ ဘာသာရေး၊ စီးပွားရေးစသည့် အကြောင်းအရာ အချက်အ လက် အမျိုးအစား ၂၅ ခုပါဝင်သည်ဟုသိရသည်။

ထိုနည်းတူစွာ အဆိုပြုလွှာ ပထမမူကြမ်းကိုမှု ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ကတင် သွင်းခဲ့ပြီး ယင်းအနက်တွင် မြောက်ဦးဇုံထဲက သမိုင်းဝင်အမွေအနှစ်များအစား ၂၇ ခုနှင့် အရေအတွက်ပေါင်း ၁၀၄၄ ခုတို့၏ သ မိုင်းကြောင်းများ ထည့်သွင်းထားခြင်းဖြစ်သည်။

မြောက်ဦးရှေးဟောင်းအမွေအနှစ်အဖြစ်သတ်မှတ်ခံရရေးအတွက် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကတည်းက ကြိုးပမ်းလာကြခြင်းဖြစ်ပြီး လာ မည့် ၂၀၂၁ တွင် အပြီးသတ်ဆုံးဖြတ်ချက်ပေးမည်လည်း ဖြစ်သည်။

ရှေးခေတ် ရခိုင်ပြည်နယ်တွင် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦးဟု ခေတ်ကြီးလေးခေတ် ပေါ်ထွန်းခဲ့ရာ မြောက်ဦးခေတ်သည် ယဉ်ကျေးမှုရေးရာတို့တွင် သာမက စီးပွားရေးနှင့် လူမှုရေးတို့တွင်လည်း ထင်ရှားကျော်ဇောခဲ့ကြောင်း သမိုင်းမှတ်တမ်းများတွင် ဖော်ပြ ထားပြီး လက်ရှိအချိန်ထိဆိုလျှင် နှစ်ပေါင်း ၅၀၀ ကျော်နေပြီဖြစ်သည်။

(Zawgyi Version)

Arakan Yoma|


မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ ပြောဆိုချက်အရ လက်ရှိတင်သွင်းထားသည့် အဆိုပြုလွှာကို ဇန်န ဝါရီလ ၂၇ ရက်နေ့က တင်သွင်းခဲ့ခြင်းဖြစ်ပြီး တင်ပြထားသည့် အမွေအနှစ်များအား ကုလသမဂ္ဂ ပညာရေး၊ ယဉ်ကျေးမှုနှင့် သိပံ္ပအဖွဲ့ ယူ နက်စ်ကိုက မည်သူကိုမျှ အသိမပေးဘဲ ယခုနှစ်အတွင်း ရှောင်တခင်လာရောက်စစ်ဆေးမည်ဖြစ်သည်။




 643 total views,  1 views today