Arakan Yoma |

နေပြည်တော်အခြေစိုက် ဖွံ့ဖြိုးမြန်မာစွမ်းအားရင်းနှီးမြှပ်နှံမှုနဲ့ တိုးတက်ရေး ကုမ္ပဏီလီမိတက်က ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ စီမံကိန်းတိပြုလုပ်လိုကြောင်း ဇန်နဝါရီလ ၁၀ ရက်နိက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို အဆိုပြုတင်ပြလာပါရေ။

တရုတ်ကျောထောက်နောက်ခံပြုထားရေ ယင်းအဖွဲ့အစည်းရဲ့ အဆိုပြုချက်ထဲမှာ ဧကပေါင်း ၁၈၀၀ ကျော်ကျယ်ရေ ပုဏ္ဏားကျွန်းစက်မှု ဇုန်စီမံကိန်း၊ စစ်တွေ-ပုဏ္ဏားကျွန်း အမြန်လမ်းစီမံကိန်း၊ ဟက်တာ ၁၆၀၀ ကျော်ကျယ်ဝန်းရေ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း၊ မီတာ ၂၃၀၀ ကျော်ရှည်လျားရေ ကျောက်ဖြူရီနက် ဆိပ်ကမ်းစီးမံကိန်းနဲ့ နမ့်ခမ်း-မူဆယ်ကနီ မန္တလေး၊ နေပြည်တော်၊ ကျောက်ဖြူနဲ့ စစ်တွေ၊ အမ်း၊ ဂွ၊ သံတွဲအထိ အမြန်ရထားလမ်းနဲ့ အမြန်လမ်းမစီမံကိန်းရို့ ပါဝင်ရေလို့ သိရပါရေ။

အဆိုပါ စီမံကိန်းတိအားလုံးအတွက် တရုတ်အစိုးရက တရုတ်ယွမ်ငွေ ဘီလီယံ ၇၀၀၀ နီးပါးခန့်ရင်းနှီးမြှပ်နှံဖို့ လျာထားပြီးကေ တရုတ်နိုင် ငံမှာ ဆောင်ရွက်ထားရေ နည်းပညာစံနှုန်းတိအတိုင်း အကောင်အထည်ဖော်ဖို့လို့ ပြည်နယ်အစိုးရအဖွဲ့နဲ့ လာရောက်တွိဆုံစဉ် ယင်းကုမ္ပ ဏီတာဝန်ရှိသူတိက ပြောကြားခပါရေ။

ဒေစီမံကိန်းတိအားလုံးကို နှစ်လမ်းတစ်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်စီမံကိန်းလို့ နာမေပီးထားပြီးကေ ၈ နှစ်အတွင်းပြီးစီးအောင် ဆောင် ရွက်ဖို့ဖြစ်တေပိုင် ဒေစီမံကိန်းက လူဦးရေငါးသိန်းဝန်းကျင်ကို အလုပ်အကိုင် ဖန်တီးပီးနိုင်ဖို့ဖြစ်ကြောင်းလေ့ ရှင်းလင်းပြောကြားခဲ့တေလို့ ဆိုပါရေ။

ပြီးခရေ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်ကပင် အကောင်အထည်ဖော်ဖို့ ကြိုးပမ်းခရေ ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းကို ရခိုင်ပြည် နယ် အစိုးရအဖွဲ့က ဇန်နဝါရီလ ၁၇ ရက်နိနောက်ဆုံးပြီးကေ တင်ဒါလျှောက်လွှာခေါ်ထားကေလေ့ ဖွံ့ဖြိုးမြန်မာစွမ်းအားရင်းနှီးမြှပ်နှံမှုနဲ့ တိုးတက်ရေး ကုမ္ပဏီလီမိတက်ရဲ့ အဆိုပြုထားချက်မှာ ပါဝင်နီစွာတွေ့ရပါရေ။

ဖွံ့ဖြိုးမြန်မာစွမ်းအားရင်းနှီးမြှပ်နှံမှုနဲ့ တိုးတက်ရေး ကုမ္ပဏီလီမိတက်ကတော့ အခုအဆိုပြုထားရေ ရခိုင်ပြည်နယ်အတွင်းက စီမံကိန်းတိ ကို အကောင်ထည်ဖော်ဖို့ ဆန္ဒပြင်းပြနီပိုင် အစိုးရပါးက ခွင့်ပြုချက်ရစွာနဲ့ အမြန်ဆုံးအကောင်ထည်ဖော်နိုင်ဖို့ တရုတ်ကုမ္မဏီတိနဲ့ စာချုပ် တိချုပ်ဆိုထားဗျာလ်ဖြစ်ကြောင်း ကုမ္ပဏီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တိက ပြောပါရေ။

 434 total views,  1 views today