ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်အတွင်းက ရွက်ပုံးသီးလူငယ်ချေတိကို အနုပညာလမ်းကြောင်းကိုရောက်အောင်တည့်မတ်ပီးနီသူ လူငယ်တစ်ဦးအ ကြောင်းကို တင်ဆက်ပီးချင်ပါရေ။ လက်ရှိမှာတော့ ရခိုင်ပြည်နယ်ရဲ့ ပထမဆုံးသော Akyab Stars လို့ခေါ်ရေ Art & Talent Centre ကို ဖွင့်လှစ်ထားပြီးကေ ယင်းကနီ Model Agency တစ်ခုဖြစ်အောင် ကြိုးပမ်းနီပါရေ။

သူကတော့ ရခိုင်ပြည်နယ် ပေါက်တောမြို့က အသက် ၂၄ နှစ်အရွယ် ကိုစံသာဖြစ်ပြီးကေ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခရေ Mister Grand International 2019 ရဲ့ မြန်မာကိုယ်စားပြု ပြိုင်ပွဲဝင်တစ်ဦးဖြစ်တေပိုင် ယင်းပြိုင်ပွဲမှာ Top 8 နဲ့ Sport Ambassador ဆုကို ရရှိထားသူလေ့ ဖြစ်ပါရေ။

မဖွံ့ဖြိုး၊ မတိုးတက်သိရေ ရခိုင်ပြည်နယ်က နယ်မြို့ချေတစ်မြို့မှာ မွီးဖွားခရေ ကိုစံသာအဖို့ အနုပညာအပေါ်မှာ ရူးသွပ်အောင် ဝါသနာပါ ခကေလေ့ အကောင်ထည်ဖော်ဖို့ လမ်းစရှာလို့ မတွိခပါ။ ယင်းတွက်နန့် သူနီထိုင်ရေမြို့မှာဗျာလ် ဆယ်တန်းအောင်အောင် ပညာသင်ယူ ခပြီးကေ သူ့အိမ်မက်ကို အကောင်ထည်ဖော်ဖို့ အခွင့်အလမ်းရှာမရနိုင်ရေ အဆုံးမှာ ဝါသနာနဲ့ အနီးစပ်ဆုံးလမ်းစဖြစ်တေ ဓာတ်ပုံပညာ ကို သင်ယူခပါရေ။

ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက်ပီပီ စိတ်ကူးယဉ်အိမ်မက်ကို လက်တွိအကောင်ထည်ဖော်လိုရေစိတ်က တဖြည်းဖြည်းနဲ့ ကြီးထွားလို့လာခပါဗျာလ်။ ယင်းခါမှာ ဝါသနာရဲ့နောက်ကိုလိုက်ဖို့ လူကလေ့ အခွင့်အလမ်းနည်းပါးလွန်းရေ မွီးရပ်ဇာတိကို စွန့်ခွာလို့ လာခရေလို့ ဆိုပါရေ။

ဒေပိုင်နဲ့ မြန်မာနိုင်ငံရဲ့လူဦးရေအများဆုံးနီထိုင်ရေ ရန်ကုန်မြို့ကို ယောင်လည်လည်နဲ့ ရောက်ရှိလို့လာခပါရေ။ ယင်းပိုင် ရောက်ရှိလာလ တ်ချိန်ကတော့ သူ့အတွက် လမ်းစပွင့်လာခဗျာလ်လို့ ဆိုလို့ရပြီးကေ သူတတ်ထားတ ဓာတ်ပုံပညာချေကို အရင်းခံရင်း သူဖြစ်ချင်ရေ အ မြတ်ကိုရှာဖွေဖို့ နီးစပ်လို့လာခပါဗျာလ်။

ရန်ကုန်မြို့မှာဗျာလ် သူတတ်ထားရေ ယင်းပညာချေကို အသုံးချပနာ အလုပ်လုပ်ရင်း အလုပ်တစ်ဖက် သူလားဖို့လမ်းမှာ ဒေါက်တိုင်အဖြ စ် အသုံးချနိုင်ဖို့ သင်တန်းတိကတစ်ဖက်နဲ့ သူရေ ၇ နှစ်လောက် ကျင်လည်နီခပါရေ။ ယင်းအချိန်မှာလေ့ သူ့ရဲ့ဘဝတစ်ကွေ့ရေ ဖြောင့် တန်းပနာ ရိုးရှင်းနီခစွာတော့ မဟုတ်ပါ။ ယကေလေ့ ဇွဲမပျက်ဘဲနဲ့ ဝိရိယနဲ့ရာ ရှိဆက်လျှောက်ဆဲပါ။

“၂၀၁၀ မှာ ဆယ်တန်းအောင်ရေ။ အနုပညာကို ဝါသနာပါရေအတွက် ယင်းအချိန်ကစလို့ ကျနော်ရဲ့ လက်ဦးဆရာ ဦးကျော်သန်းပါးမှာ ဓာတ်ပုံဆရာအဖြစ်သင်ပါရေ။ ပြီးစွာနဲ့ ၂၀၁၁ မှာ ရန်ကုန်ကို လားရေ။ ကျနော်အောင်မြင်ကျော်ကြားရေ အနုပ ညာရှင်တစ်ယောက် ဖြစ်ချင်ရေတွက် ရန်ကုန်မှာ အလုပ်လုပ်ရင်း အလုပ်တစ်ဖက်နဲ့ နီပြီးကေ တခြားသင်တန်းတိဆက်တက်ရေ။ အဓိကကတော့ Camera Man အနီနဲ့ပေါ့။ ပြီးလို့ရှိကေ Photographer အနီနဲ့လေ့ လုပ်ခရေ။ ပြီးမှရာ Mister ဖက်ကို ကျနော်လားစွာ။”

ရန်ကုန်မှာဗျာလ် အခုပိုင် ဝါသနာတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ ကျင်လည်နီရင်းဆဲဆဲမှာပင် ကျန်းမာရေးအခြေအနေကြောင့် သူ့ဇာတိ ပေါက်တောမြို့ကို ပြန်လာခရရေလို့ ဆိုပါရေ။ ယင်းအချိန်မှာ အစကပင် သူလျှောက်ဖို့လမ်းကို သဘောမတူခကတ်တေ သူ့မိသားစုက သူ့ကို ဇာနည်းနဲ့လေ့ ပြန်လားခွင့် မပြုကတ်ပါယာ။

ယေခါ ကိုစံသာရေ မိသားစုရဲ့လုပ်ငန်းခွင်ထဲမှာဗျာလ် ဇာတ်ဆရာလိုကျကနီခရပါရေ။ ယင်းအတောအတွင်းမှာတော့ လက်ကရာ လုပ်နီခရကေလေ့ စိတ်ပါခစွာ တစ်ရက်လေ့ မရှိခပါ။

“ငါသည် အချိန် ၇ နှစ်လောက်အချိန်ပီးလို့ပြီးမှ ဒေအလုပ်ကို စွန့်လွှတ်လိုက်ရဖို့လား။ စွန့်လွှတ်နိုင်ဖို့လားပေါ့။ စဉ်းစားရေ။ အိမ်မှာ မိသားစုစီးပွားရေးရှိရေ။ မိသားစုစီးပွားရေးကို ဝင်လုပ်နီကေလေ့ ကျနော့်မှာ စိတ်ပျော်ရွှင်မှုလုံးဝ မရှိ။ တစ်ရက်တစ်ရက်လာကေ လုပ်နီရစွာပဲ ရှိရေ။ စိတ်မပါ။ ဒေချင့်က ငါ့ရဲ့ဝါသနာ၊ ဗီဇမဟုတ်ဆိုစွာ ကိုယ့်စွာကိုယ်သိရေ။ ပထမဆုံးကတော့ အိမ်ကိုတိုင်ပင်ရေ။ ပြော ပြရေ။ ယကေလေ့ သူရို့က လက်မခံ။ ယင်းအချိန်မှာ ကျနော်အိမ်ကို ဆန့်ကျင်ခရရေ။”
ဒေပိုင်နဲ့ အိမ်မက်တိရှိရေနေရာကို အိမ်နဲ့ မိသားစုကို ထပ်မံခွဲခွာပနာ ပြန်လှည့်လာခပြန်ပါရေ။ အခုပိုင် အိမ်ကိုဆန့်ကျင်ခရစွာကလေ့ သူ့ အတွက် ကံကောင်းလားရေလို့ ဆိုရပါဖို့။ ဇာလို့လဲဆိုကေ ယင်းနှစ်မှာဗျာလ် အနှစ်နှစ်၊ အလလ ကြိုးစားရုန်းကန်ခရရေ သူ့ရဲ့အနုပညာ လမ်းစပွင့်လားလို့ပါ။ ယင်းနှစ်ရေ ၂၀၁၉ ခုနှစ်ဖြစ်ပြီးကေ Mister Grand International 2019 ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရေနှစ်လေ့ဖြစ်ပါရေ။ ယင်းပြိုင်ပွဲအတွက် သူရေ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ရွီးချယ်ခံခရပြီးကေ ဝင်ရောက်ယှဉ်ပြိုင်ရာမှာတော့ သူက Top 8 နဲ့ Sport Ambassador ဆုကို ဆွတ်ခူးရရှိခပါရေ။

ယင်းကြောင့် သူရေ အခု ၂၀၂၀ မှာ တရုတ်နိုင်ငံမှာ ကျင်းပဖို့ Mister Landscape ပြိုင်ပွဲကို ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ရဖို့လေ့ ဖြစ်ပါရေ။ အခုဆိုကေတော့ သူလျှောက်ဖို့ ဘဝအိမ်မက်အတွက် ပထမလမ်းစပွင့်လားခဗျာလ်လို့ ဆိုနိုင်ပါဗျာလ်။

“ကျနော့်မှာ ယင်းအချိန်ကလေ့ အလုပ်တစ်ဖက်နဲ့ ဖြစ်နီရေ။ ယင်းကြားထဲမှာ ငါဒေချင့်ပါမှဖြစ်ဖို့။ ဆိုပြီးကေ CV Form တိပို့ပီးရေ။ Casting ဝင်ရေပေါ့။ ကျနော်ကံကောင်းရေလို့ ဆိုလို့ရရေ။ ပထမဆုံး Casting မှာ အောင်လားရေ။ အောင်လားရေအတွက် ကျနော်(မြန်မာ) ကိုယ်စားပြုဖြစ်လားရေ။”

ယကေလေ့ သူ့မှာရည်မှန်းထားရေ ဒေထက်ကြီးမားရေ အိမ်မက်လေ့ ရှိပါသိမ့်ရေ။ ဒေချင့်ကတော့ အောင်မြင်ကျော်ကြားရေ အနုပညာ ရှင်တစ်ယောက်ဖြစ်ဖို့ပါ။

“မြန်မာနိုင်ငံမှာဆိုကေ ကျနော်အားကျရေ အနုပညာရှင်နှစ်ယောက်ရှိရေ။ နံပါတ်တစ်က စိုင်းစိုင်းခမ်းလှိုင်။ နံပါတ်နှစ်က နေတိုး။ ဇာလို့လဲဆိုကေ သူရို့တိက အခုချိန်ထိလေ့ အောင်မြင်မှုကို ထိန်းထားနိုင်ရေ Personality ပိုင်းကောင်းရေ။ အင်တာဗျူးတိဖြေ ကေလေ့ လိမ္မာယဉ်ကျေးမှုရှိရေ။ လူတိုင်းလူတိုင်းအပေါ်မှာ သည်းခံစိတ်ရှိရေ။ သဘောထားပြည့်ဝသူတိ ဖြစ်တေ။ ဘက်စုံထူးချွန်ရေလူ တိဖြစ်တေ။ ယင်းကြောင့် သူရို့နှစ်ယောက်ရေ ကျနော့် Idol တိပါ။”

အနုပညာလမ်းကြောင်းကို သွပ်သွပ်ခါအောင် ဝါသနာပါခကေလေ့ ယင်းနယ်ပယ်ထဲမှာ အသိမိတ်ဆွေမရှိ၊ ပ့ံပိုးထောက်မပီးဖို့လူမရှိဘဲနဲ့ သူကြုံနီခရရေ ရင်နှင့်ဖွယ် အဖြစ်ပျက်တိပိုင် ဒေအပိုင်းမှာ ဝါသနာပါရေ လူငယ်ရွက်ပုံးသီးချေတိကို မကြုံစီချင်ရေတွက် အခုဆိုကေ သူ ကိုယ်တိုင်ဦးဆောင်ပနာ Model သင်တန်းတိကို ဖွင့်လှစ်သင်ကြားပီးနီပါဗျာလ်။ ဒေသင်တန်းကို Akyab Stars လို့ နာမေပီးထားပြီးကေ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့ရဲ့ ပထမဦးဆုံးသော Art & Talent Centre လေ့ ဖြစ်ပါရေ။

“ကျနော်က အနုပညာကို အငယ်ချေခါကနီ ဝါသနာပါရေ။ ၂၀၁၀၊ ၂၀၁၁ မှာ အနုပညာပိုး ပိုကြီးလာရေပေါ့။ ကျနော်က ရခိုင်ဖက်က (နယ်ကဆိုခါ) ဆိုခါ ဝီးလံခေါင်ဖျားရေပေါ့။ ဒေနယ်ပယ်မှာ နံပါတ်တစ်အနီနဲ့ မိသားစုအသိုင်းအဝိုင်းမရှိ။ နံပါတ်(၂) က အနု ပညာအသိုင်းအဝိုင်းမရှိ။ အပြင်လူတစ်ယောက်ရာ ဖြစ်တေ။ ယင်းကြောင့် ကျနော်က စဉ်းစားရေ။ ငါရေအနုပညာကို ဝါသနာပါရေ။ ပထမ ဆုံးအနေနဲ့ ဇာပိုင်ခြီလှမ်း လှမ်းရဖို့လဲ။ ဟိုဖက်မှာ အမှန်တကယ်အောင်မြင်ရေ လူတစ်ယောက်ဖြစ်ချင်ရေ။ ဇာပိုင်ပုံစံမျိုး ခြီလှမ်းလှမ်းရဖို့လဲပေါ့။ ဘဲဥကို အစရှာမတွိပိုင်မျိုး ကျနော်ကလေ့ အစအနကို လုံးဝ ရှာမတွိစွာပါ။”

“ကျနော့်ကို လာငါနဲ့လားကတ်မယ်။ ဒေလူက ဇာပိုင်မျိုး။ ဒေလမ်းက ဇာပိုင်ရှိရေဆိုပြီးကေ လမ်းပြပီးဖို့ ပုဂ္ဂိုလ်လေ့ မရှိ။ ယင်းတွက်နန့် ဒေဖက်မှာရှိနီရေ ညီချေ၊ ညီမချေတိကို ကျနော်ကိုယ်ချင်းစာမိရေ။ သူရို ့ကလေ့ တကယ်လုပ်ချင်ကတ်တေ။ ဝါသနာရှိ ကတ်တေ။ အခုဆိုကေ Social Media အားကောင်းလာရေ။ Facebook ထက်မှာ ပုံအလှပချေတိရိုက်တင်ကတ်တေ။ ဆိုခါ နည်းလမ်း မကျစွာချေတိကို မြင်ရေ။ သူရို့ကို ဒေပိုင်တည့်မတ်ပီးဖို့ လူတစ်ယောက် လိုအပ်တေမလားယေ ဆိုပြီးကေ တွေးမိရေ။ ကျနော့်ထက် အောင်မြင်နီရေ လူတိကလေ့ ဒေဖက်ကိုလာလုပ်ဖို့ဆိုစွာက ခဲယဉ်းပါရေလေ။ ကျနော်က ကိုယ်တိုင်ခံစားခရစွာမျိုး သူရို ့မှာလေ့ ရှိနီဖို့ လားဆိုပြီးကေ ကျနော် ယင်းစိတ်ဓာတ်မျိုးနဲ့ သင်တန်းလာဖွင့်စွာ ဖြစ်ပါရေ။ နောက်တစ်ခုက တကယ်ဝါသနာပါရေ လူငယ်တိကို စင်တင် ပီးချင်ရေ။ ကျနော်ရို့ဒေသမှာ အနုပညာအရည်အသွေးကို ပိုပြီးတိုးတက်စီချင်ရေ။ ယင်းဆန္ဒမျိုးနဲ့ ကျနော်သင်တန်းလာဖွင့်ပီးစွာ ဖြစ်ပါရေ။”

အခုပိုင် သင်တန်းအသေးစားကနီ မော်ဒန်အေဂျင်စီတစ်ခုဖြစ်အောင်၊ နောက်ပြီးကေ သရုပ်ဆောင်သင်တန်းတိ၊ အနောက်တိုင်းအကတိ၊ Hip-Hop တိကအစ လက်ရှိကျော်ကြားနီရေ အနုပညာနဲ့ ပတ်သတ်ပနာ ထပ်တိုးလုပ်ဆောင်စွာ၊ ဓာတ်ပုံ စတူဒီယိုတိ ဖွင့်လှစ်စွာ စရေ အနုပညာရပ်ဝန်းတိမှာလေ့ အောင်မြင်အောင် ကြိုးစားနီသူ ဖြစ်ပါရေ။

“ကျနော်ရို့မှာ Art & Talent Center လုပ်နီရေ။ လက်ရှိသင်တန်းမှာ Model ယောက်ျားချေ ၄ လေးယောက်ရွီးထားရေ။ သူရို ့တိလေ့ အလုပ်ဖြစ်ဖို့လိုအပ်တေ။ စီးပွားရေးလုပ်ငန်းရှင်တိပေါ့လေ။ ဖွင့်ပွဲတိရှိစွာမျိုးမှာ မော်ဒန်လိုလို့ရှိကေ ကျနော့်ပါးကနီ မော်ဒန် တိလာငှားလို့ရရေ။ ဒေချင့်ချေတိလေ့ လိုအပ်ပါရေ။ အခုဆိုကေ ကျနော်သင်တန်းဖွင့်ထားစွာမှာ Challenge တိထည့်ထားရေ။ Plastic Pollution နဲ့ ပတ်သတ်လို့ Challenge လုပ်ထားရေ။ သိရေလူတချို့ကလေ့ ကောင်းရေလို့ ပြောကတ်တေ။ တချို့ကျခါလေ့ မသိလို့ မကောင်းလတ်။ ဇာဖြစ်တေ။ ညာဖြစ်တေပေါ့။ ဆိုးဆိုးဝါးဝါးဝေဖန်စွာတိလေ့ရှိရေ။ စိတ်ထဲမှာတော့ ထားလို့မရပါလေ။ ကျနော်ရို့က မကောင်းစွာကို လုပ်စွာမျိုး မဟုတ်။ ကောင်းစွာကိုရာလုပ်စွာ ဖြစ်တေ။ ပတ်ဝန်းကျင်ကို တိုးတက်ဖို့။ ကောင်းဖို့အတွက် ကျနော်ရို့ ကြိုးစားကတ်စွာပဲ ဖြစ်တေ။ ပြီးကေ ရိုင်းရိုင်းစိုင်းစိုင်း မဝေဖန်ဖို့ မတိုက်ခိုက်ဖို့တော့ တောင်းဆိုချင်ရေ။ နောက်တစ်ခုက စီးပွားရေး လုပ်ငန်းရှင်တိအနေနဲ့ ကျနော်ရို့ အခုလုပ်နီစွာတိကို ပံ့ပိုးပီးကတ်ပါလို့လေ့ ပြောချင်ပါရေ။”

ပိုပြီးကေ အောင်မြင်ချင်၊ ကျော်ကြားချင်သူတိက သာမန်လူတိထက် ပိုပြီးကေ အလုပ်လုပ်ရရေ။ ပိုပြီးကေ ကြိုးစားရရေအတွက်ကြောင့် အခက်ခဲတိကလေ့ သာမာန်လူတိထက်များစမြဲပါဗျာလ်။ ကိုစံသာလေ့ ဒေအတိုင်းပါဗျာလ်။ အခက်ခဲတိ၊ စိန်ခေါ်မှုတိက ပြည့်နှက်လို့ နီပါရေ။
သူများရဲ့ဝေဖန်ကဲ့ရဲ့ပြောဆိုမှုတိကြောင့် မိမိပန်းတိုင်ကို ရောက်ဖို့လမ်း ပျက်စီးခံဖို ့အထဲမှာ သူ မပါပါ။

“ကျနော့်ရည်မှန်းချက်က ၂၀၂၂ မှာ ပြည့်ရဖို့လို့ ကျနော့်မှာ Target ထားထားရေ။ အခုဆိုလို့ရှိကေ သင်တန်းကိုလေ့ တစိုက်မတ်မတ်လုပ်လားဖို့ဖြစ်တေ။ ကျနော့်မှာ အဆောက်အဦးက ဆောက်နီတုန်းဖြစ်လို့ ဘုန်းကြီးကျောင်းမှာ ဆရာတော်ကို အကူညီ တောင်းလျှောက်ပြီးကေ လောလောဆယ်လာဖွင့်ထားစွာပါ။ သင်တန်းမှာ အနုပညာနဲ့ ပတ်သတ်တေ အနောက်တိုင်းအက၊ Hip-Hop ရို ့၊ K-Pop ရို့ပိုင် အကမျိုးတိပါလာဖို့။ သရုပ်ဆောင်ဆရာတိခေါ်ပနာ သရုပ်ဆောင်သင်တန်းတိဖွင့်ဖို့ အပိုင်းတိပါ ပါလာဖို့။ ဓာတ်ပုံစ တူဒီယိုဖွင့်ဖို့။ ဓာတ်ပုံသမားတိမှာ စတူဒီယိုမရှိဆိုလို့ရှိကေ ကျနော့်ပါးက ငှားရမ်းနိုင်ရေပေါ့။”

ယကေလေ့ သူလိုချင်နီရေ အောင်မြင်မှုပုံစံကတော့ လူများနဲ့မတူ တမူထူးခြားလို့ နီပါရေ။ သူ့ဘဝမှာ အောင်မြင်မှုကို ဇာပိုင်သတ်မှတ် ထားပါလေ။ ဇာအခြေအနေရောက်ကေ အောင်မြင်စွာလို့ ဆိုထားပါလေ။

သူပြောစွာက “လူသိစွာနဲ့ အောင်မြင်စွာနဲ့တော့ မတူပါ။ ကျနော်သတ်မှတ်ထားရေ အောင်မြင်မှုကကျကေ ကျနော့်ကို အများကနီပြီးကေ ဖြူဖြူစင်စင်နဲ့ ရိုးရိုးသားသားနဲ့ ချစ်ခင်ရဖို့။ ပြီးလို့ရှိကေ ကျနော်ကိုယ်တိုင်ကလေ့ ကျနော့်ရဲ့ပတ်ဝန်းကျင်တစ်ခုလုံးကို အကျိုးပြုနိုင်ရေလူတစ်ယောက်ဖြစ်ရမယ်။ ယင်းချင့်သည် ကျနော့်ရဲ့ အောင်မြင်မှုလို့ပဲ ကျနော်သတ်မှတ်တေ။ ကျနော်ရဲ့ ပတ်ဝန်းကျင် ကို အကျိုးမပြုနိုင်ကေ အောင်မြင်ရေလို့ ကိုယ့်စွာကိုယ် မသတ်မှတ်ပါ။” လို့ ဖြစ်ပါရေ။

အခုပိုင် ကျနော်ရို့ မြင်တွိနီရရေ မြန်မာနိုင်ငံကိုယ်စားပြု Mister ဖြစ်တေ ကိုစံသာရာဆိုကေ တစ်ချိန်က ဒေပိုင် မဟုတ်ခပါ။ ဒေချင့်တိ အားလုံးရေ သူ့ရဲ့ဇွဲမလျှော့ဘဲ ကြိုးစားလိုရေ စိတ်ဓာတ်ရှိစွာကြောင့်ပဲ ဖြစ်ပါရေ။

“ကျနော် စတိတ်ကျောင်းသားဘဝမှာ ဆုရရေ။ ကျောင်းသားစုံညီပွဲတော်မှာ။ ကျနော်စင်ထက်ကို ဆုယူဖို့တက်တေ။ ကျ နော့်မှာရှိရေ ပြဿနာက စင်ထက်ကိုတက်စွာနဲ့ လူရှေ့ကို ထွက်စွာနဲ့ ကြောက်တတ်တေ။ ဒေအတိုင်းနီကေ အကောင်းပေါ့။ ဆုတက်လို့ ယူလို့အောက်ကို ဆင်းလာရေအချိန်မှာ ခုံတိနဲ့ရောထွေးပြီးကေ ကျနော်ပြုတ်ကျလားရေ။ ဒေချင့်က အမှတ်တရပေါ့။”

“၂၀၁၅ ၊ ၁၆ လောက်ထိ လူကြောက်တေ။ Video ရိုက်လို့ရှိကေလေ့ ရိုက်ပဲရိုက်နီစွာ။ ပွဲတိလားလို့ရှိကေလေ့ အဆင်ပြေ သိမ့်ရေ။ စတိတ်စင်ထက်ကို ရောက်လားဗျာလ်ဆိုစွာနဲ့ ကျနော် အော်တိုကြောက်လားစွာမျိုး။ ယင်းချင့်ကို ကျနော်ဇာလုပ်လဲဆိုကေ ရန်ကုန်မှာ ကျနော်ရို့ ရခိုင်လေးဝတီယဉ်ကျေးမှုအဖွဲ့ရှိရေ။ ယင်းအဖွဲ့မှာလား Join ရေ။ ပြီးကေ သင်္ကြန်ဆိုလို့ရှိကေ လားကရေ။ ဖျော် ဖြေရေးလိုက်တေ။ ယင်းပိုင်တမျိုးဖျောက်တေ။ နောက်ပြီးကေ ယင်းအဖွဲ့က ညီအကိုမောင်နှမတိနဲ့ ညနေတိုင်းစကားပြောရရေ။ တစ် ယောက်အကြောင်းကို တစ်ယောက်။ ယင်းခါမှာ လူရှေ့ထွက်ဖို့ကို ကြောက်နီရေ။ ယင်းချင့်တိကို ဟာသချေတိလုပ်ပနာ ဖျောက်ရရေ။ သင်တန်းတိ ဆက်တက်ရရေ။ Personal Grooming လို့ခေါ်ရေပေါ့လေ။ ကိုယ်ပိုင်ယုံကြည်မှုသင်တန်း။ ယင်းချင့်တိကို Teacher တင်မိုးလွင်ရို့။ ဆရာအောင်ပိုင်ရို ့ပါးမှာ တက်ရင်းနဲ့ ဖျောက်ရရေ။ နောက်တစ်ခုက စာဖတ်တေ။ အရင်ကဆိုလို့ရှိကေ ကျနော် စာဖတ် တေအကျင့် မရှိပါ။ အခုဆိုလို့ရှိကေ ဆရာ ဦးဘုန်းဓာတုစာအုပ်တိ၊ ချစ်နိုင်(စိတ်ပညာ)၊ ဆရာဖေမြင့်ရို ့ပေါ့။ စာများများဖတ်လာခါ စာ အုပ်တိကနီ စကားပြောနိုင်စွမ်းတိရလာရေ။ ဇာပိုင်ပြောရဖို့ ဆိုစွာကအစ ကိုယ့်စွာကိုယ် ယုံကြည်မှုပြည့်လာရေပေါ့။”

 708 total views,  1 views today