ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

အခြေခံပညာကျောင်းသူဘဝအရွယ်မှာ ဆိုကရေးတီးပြိုင်ပွဲတိ ဝင်ရောက်ယှဉ်ပြိုင်ရင်းကနီ အဆိုတော်တစ်ယောက်ဖြစ်လာရေ ရခိုင်အနုပ ညာရှင်တစ်ဦးအကြောင်းကို တင်ဆက်ပီးချင်ပါရေ။ သူကတော့ စစ်တွေမြို့သူ ရီလှိုင်းပြာဖြစ်ပြီးကေ ရခိုင်အဆိုတော်တိထဲမှာ ပရိသတ် ထောက်ခံမှုအားကောင်းရေ အနုပညာရှင်တစ်ဦးလေ့ ဖြစ်ပါရေ။

ဒေတစ်ပတ်မှာတော့ သူရေ အနုပညာလမ်းကြောင်းကို ဇာပိုင်ရောက်လာခလေ။ ဇာအချိန်ကနီ စတင်ဝင်ရောက်ပြီးကေ ဇာ အသက်အ ရွယ်မှာ အဆိုတော်တစ်ယောက်ဖြစ်လာခစွာလေ။ အဆိုတော်တစ်ယောက်ဖြစ်ဖို့အတွက် ဇာလိုပုံစံမျိုးနဲ့ ထိုးဖောက်ခရလေ။ လက်ရှိ အ ဆိုတော်ဘဝမှာ ဇာအခက်ခဲတိကို ရုန်းကန်နီရလေ။ ဇာအထိလျှောက်လှမ်းဖို့ မျှော်မှန်းထားလေ စသဖြင့် သူပြောပြရေ သူ့ဘဝနဲ့ အနုပ ညာအကြောင်းကို တင်ဆက်ပီးလားဖို့ဖြစ်ပါရေ။

မမချေတစ်ယောက်ဖြစ်ကေလေ့ အချေခါကပင် အားကစားကို အရွယ်နဲ့ မလိုက်အောင် ရူးသွပ်ခသူကတော့ မဦးခင်သိန်းပါ။

“အချေဘဝကပင် အားကစားကို ဝါသနာပါရေ။ အားကစားသမားတစ်ယောက် ဖြစ်ချင်ရေ။ တိုက်ကွန်ဒိုကဇတ်ရေ။ ဘော်လီဘောက ဇတ်တေ။ အယ်ရိုဘစ်ကဇတ်တေ။ အဆိုတော်ဖြစ်ဖို့ အပိုင်းကိုလေ့ အားသွန်ခွန်စိုက်မရှိခ။ ဗီဇလို့တော့ ပြောလို့ရဖို့ ထင်ပါရေ။ အဖ၏ အနုပညာသွီးသားပါရေအတွက် တေခင်းတစ်ပုဒ်ဆိုကေလေ့ ဆိုတတ်နီရေ။ ဆိုခါ အဖရဲ့ တိုက်တွန်းမှု၊ အဖအသိုင်းအဝိုင်းရဲ့ တိုက်တွန်းမှုတိကြောင့် အဆိုတော် ဖြစ်လာစွာပါ။”

ဒေပိုင်အားကစားအပေါ်မှာ ရူးသွပ်နီခကေလေ့ အနုပညာမျိုးရိုးက ဆင်းသက်လာရေ မဦးခင်သိန်းပါးမှာ ရှိနီခရေထူးချွန်မှုကတော့ အားကစားအရာမှာ မဟုတ်ပါ။ တေးခင်းတိကို အလိုလိုဆိုတတ်နီစွာပါ။ ဒေပိုင်နဲ့ ၃ တန်းနှစ်အရွယ်ကို ရောက်လာရေအချိန်မှာတော့ သူ ကျောင်းမှာ ဆိုကရေးတီပြိုင်ပွဲတိ ဝင်ရောက်ယှဉ်ပြိင်ခပြီးကေ ပြည်နယ်အဆင့်မှာရာမက နိုင်ငံတော်အဆင့်ပြိုင်ပွဲတိမှာလေ့ သူကအဆို ပိုင်းနဲ့ ပတ်သတ်လို့ ဆုတိအသီးသီးခူးဆွတ်ခနိုင်ရေလို့ ဆိုပါရေ။

“ပထမဦးဆုံး ရခိုင်ဂီတအနုပညာလောကထဲကို မရောက်ခင်မှာ ၃ တန်းနှစ်ကပင် မက ဆိုကရေးတီးပြိုင်ပွဲတိဝင်ပြိုင်ရေ။ ရ ခိုင်တေးခင်း အဆိုပြိုင်ပွဲတိ စစ်တွေမြို့မှာဆိုကေ ဗျိုင်းဖြူရွာ၊ ဆပ်ရိုးကျဖက်မှာ အဆိုပြိုင်ပွဲတိ၊ နောက်ပြီးကေ ရှင်ပြုပွဲ၊ မင်္ဂလာဆောင်၊ ယင်းပိုင်ပွဲအ မျိုးမျိုးမှာလေ့ မအဖက ပွဲထုတ်ပီးခရေ။ ယင်းပိုင်ပြိုင်ပွဲတိကနီ ဖြတ်သန်းပြီးကေမှ အနုပညာလောကထဲကိုဝင်လာစွာပါ။”

“စစချင်း ၃ တန်းနှစ်ကပင် ဆိုကရေးတီးပြိုင်ခါကပင်လေ့ ပြည်နယ်အဆင့် ဆုတိရရေ။ ရန်ကုန်လားရေ။ ဗဟိုအဆင့်မှာလေ့ ဆုရရေ။ အ ဖရဲ့ထောက်ပံ့မှု       ကြောင့် အားကစားလုပ်လိုက်။ ကျောင်းတက်လိုက်။ တေးခင်းဆိုလိုက်နဲ့ ရှုပ်နီခရေ။ တဖြည်းဖြည်းနဲ့ အနုပညာလမ်း ကြောင်းကို ရောက်လို့ရောက်မှန်းမသိ။ အဖမှာ အနုပညာရှင်တိနဲ့လေ့ အများကြီးရင်းနှီးခါ သူရို့ပံ့ပိုးမှုတိလေ့ အများကြီးပါရေ။ ပြီးကေ ဒေပိုင်ဖြစ်လာရေပေါ့။” 

အရွယ်မရောက်သိမ့်ရေ ယင်းအချိန်မှာ သူမရဲ့ဝါသနာဖြစ်တေ အားကစားကတစ်ဖက်၊ ဗီဇလို့ဆိုလို့ရရေ တေးခင်းကတစ်ဖက်၊ ဘဝအ တွက်အရေးကြီးရေ ကျောင်းကတစ်ဖက်နဲ့ နပန်းလုံးနီခရပါရေ။ နောက်ပြီးကေ ရှင်ပြုပွဲ၊ မင်္ဂလာဆောင်စရေ ရိုးရာပွဲတိမှာလေ့ တေးခင်း တိကို လိုက်ဆိုခပါသိမ့်ရေ။ ၇ တန်းနှစ်အရွယ်ရောက်ချိန်မှာတော့ အရပ်ဆယ်မျက်နှာကို မေတ္တာပို့ရေ ဓမ္မတေး ၂ ပုဒ် သီဆိုခွင့်ရခပြီး ကေ ဆယ်ကျော်သက်အရွယ်မှာတော့ တေးခင်းအခွေတိ စထုတ်ခပနာ “ရီလှိုင်းပြာ”ဆိုရေ အဆိုတော်တစ်ဦးဖြစ်လာခစွာပါ။

“အချေဘဝမှာ အခက်ခဲမရှိခ။ သုံးတန်းနှစ်လောက်မှာ တေးခင်းပြိုင်ပွဲတိ ဝင်ပြိုင်ပြီးကေ ၇ တန်းနှစ်လောက်မှာ ပထမဦးဆုံး အရပ် ၁၀ မျက်နှာ မေတ္တာပို့၊ နောက်ပြီးတော့ ဓမ္မတေးနှစ်ပုဒ်ဆိုတယ်။ နောက်ပြီးတော့ ၂၀၁၄၊ ၁၅ နှစ်လောက်မှာ စပြီးတော့ အနုပညာလောက ကို အခြေချပြီးကေ အခွေတိထုတ်တေ။”

မိုနိုလိုင်းကလာရေ အဆိုတော်တစ်ယောက်ဖြစ်တေအလျောက် ကျရာတေးခင်းတိကို ဆိုနိုင်ကေလေ့ သူ့ကိုတော့ Rock အဆိုတော် တစ်ယောက်အဖြစ် ရခိုင်ပရိတ်သတ်တိက လက်ခံထားကတ်စွာလေ့ ဖြစ်ပါရေ။  

“အကျွန်က အငယ်ချေခါကပင် မိုနိုလိုင်းကလာစွာဖြစ်လို့ အားလုံးကိုရရေ။ အခုမင်္ဂလာဆောင်ဆိုကေ မင်္ဂလာဆောင်တေးခင်း၊ ရှင် ပြုဆိုလည်း ရှင်ပြုတေးခင်းပေါ့။ Show ပွဲဆိုလည်း Show ပွဲတေးခင်းပေါ့ Rock တေးခင်းတိပေါ့။ အားသန်စွာက Rock တေးခင်းပါ။ အားလုံးကို ဒွန်တွဲပြီးကေ ဆိုနိုင်ရေ။ Rock Music ကို အကြိုက်ဆုံးပါ။”

ရခိုင်ပြည်နယ်ရေ ဆင်းရဲရေ ပြည်နယ်တစ်ခုဖြစ်တေပိုင် ပြည်နယ်အတွင်းက စီးပွားရေးအားကောင်းသူတိရဲ့ ပံ့ပိုးမှု၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိလူကြီးတိရဲ့ အားပီးမြှောက်စားမှု နည်းပါးမှုတိကြောင့်  ရခိုင်ပြည်နယ်အတိုင်းအတာမှာ စီးပွားရေးနောက်ခံ ရှိရေ အနုပညာသမားတိအနေနဲ့ ဒေလမ်းကြောင်းပေါ်မှာပဲ ရပ်တည်လို့ ရကေလေ့ စီးပွားရေးနောက်ခံမရှိရေ လူငယ်တိ၊ ဝါသနာရှင်တိ အနေနဲ့ကတော့ ကိုယ်ဝါသနာပါရာကို လျှောက်လှမ်းဖို့ဆိုစွာ ကကောင်းကြီး ခက်ခဲပါရေ။

“ကိုယ့်ပြည်နယ်အတိုင်းအတာမှာ အနုပညာတစ်ခုတည်းနဲ့ ရပ်တည်လို့ မရလို့ မ ထင်ရေ။ မရို့က အိမ်ထောင်ရှင်လေ့ဖြစ်တေ။ မမလေ့ ဖြစ်တယ်ဆိုခါ အနုပညာကိုနည်းနည်းလုပ်ကေလေည်း အိမ်ရှင်လုပ်စာနဲ့ စားလို့ရရေလေ။ အမျိုးသားတိအနေနဲ့ကတော့ ရပ်တည်လို့မရ။ မ အနေနဲ့ တယောက်တည်းရာဆိုကေ ရပ်တည်လို့မရ။ အခြေအနေချေတစ်ခုအပေါ်မှာပဲ မူတည်လို့ လုပ်နီရစွာပေါ့။ လုံးဝရပ်တည်လို့ မရ။ ဇာလို့လည်းဆိုကေ ကိုယ့်ပြည်နယ်အတိုင်းအတာမှာက Show ပွဲတစ်ညကို အများဆုံးက ၅ သိန်း။ ၅ သိန်းမရရေ အဆိုတော်တိ လေ့ အများကြီးရှိသိမ့်ရေ။ ၅ သိန်းဆိုစွာကလုံးဝ အမြင့်ကြီးမှရစွာ။ ယလောက်အတိုင်းအတာနဲ့ ဘဝကို ရပ်တည်လို့ မရလို့တော့ မက ထင်ရေ။”

“နောက်ပြီးကေ  စပွန်ဆာတိ မရှိ။ စီးပွားရေးလုပ်ငန်းရှင်တိ။ နောက်ပြီးကေ ကိုယ်ရို့ပြည်နယ်ရဲ့ အုပ်ချုပ်သူတိနဲ့လေ့ ဆိုင်ရေ။ ယင်းလူ တိက အားပီးမြှောက်စားမှုတိလိုရေလို့ ထင်ရေ။ အနုပညာမှာလို့ မဟုတ်။ ဘက်စုံမှာ။ ယကေလေ့ အနုပညာရေ အရေးပါရေ။ လူတိကို အပန်းဖြေဖျော်ဖြေမှုပီးရေ အရာဖြစ်တေအတွက် စပွန်ဆာတိ၊ အခွေထုတ်ပီးဖို့ လူတိလိုအပ်တေ။ တစ်ဖက်မှာလေ့ နာမေရှိရေလူတိကို ထုတ်ပီးရေ။ ဝယ်ကတ်တေ။ နာမေမရှိတဲ့လူကို ထုတ်မပီး။ ထုတ်ပေးလိုက်လို့ တေးခင်းမကောင်းကေလေ့ ထုတ်မပီးကတ်။ ယင်းပိုင်လေ့ ရှိရေ။ အားကုန်လုံးပေါင်းစည်းလို့ တန်းတူလုပ်ကတ်မှရာလေ့ တော်ရာကျဖို့လို့ မ ထင်ရေ။ နောက်ပြီးကေ မျိုးဆက်သစ်အဆိုတော်ဖြစ်နီ လူတိမကလို့ ကိုယ်ချပြလိုက်တေ ခွေတစ်ခွေကို တေးခင်းလေ့ကောင်းနီရေ။ လူတိနဲ့လေ့ သဟဇာတကျရေ။ ယင်း တေးခင်းတိဆိုကေ တော့ တိုက်တွန်းချင်ရေ။”

ပြည်နယ်အတွင်းက လူတိက တိုင်းရင်းသားဘာသာစကားနဲ့ ဆိုကတ်စွာဖြစ်လို့ သူရို့နီထိုင်ရေ ပြည်နယ်တစ်ခုအတွင်းက လူတိကပဲ တေးခင်းခွေတိ ဝယ်ယူအားပီးကတ်လေ့ရှိပြီးကေ တစ်နိုင်ငံလုံးမှာ ရောင်းချလို့ရရေ အနေအထားတော့ မဟုတ်ပါ။ ဒေပိုင်ပြည်နယ်ချေ တစ်ခုအတွင်းမှာရာ ဖြန့်ကတ်ရရေအတွက်  ရောင်းအားကောင်းရေ အခြေအနေတိကို မကြုံကတ်ရရေပိုင် ပြည်နယ်တစ်ခုအတွင်းမှာ တောင် မြို့နယ်တိုင်းက ဝယ်ယူအားပီးကတ်စွာ မဟုတ်ပါ။

“ရခိုင်ပြည်နယ်ထဲမှာဖြစ်တေအတွက် ရခိုင်ပြည်နယ်ထဲက လူတိကပဲ ရခိုင်တေးခင်းကို အားပေးကတ်တေပေါ့။ နိုင်ငံခြားမှာရောက်နီရေ ရခိုင်သူ၊ ရခိုင်သားတိကလေ့ အများကြီးအားပီးကတ်ပါရေ။ အခုနောက်ပိုင်းအဆိုသမားကောင်းတိ မထွက်ယာ။ နောက်ပြီးကေ ပြည်နယ် တစ်ခုဖြစ်တေအတွက်လေ့ ရပ်တည်ဖို့ ခက်ခဲရေပေါ့။”

အခပိုင် အဆင်မပြေရေကြားထဲက ဖြစ်တေပိုင် ရုန်းကန်လှုပ်ရှားလာကတ်တေ အဆိုတော်တိကလေ့ မသမာသူတိရဲ့ ဖြတ်လမ်းနည်းနဲ့ စီးပွားရေးရှာမှုတိကို အလူးအလဲခံကတ်ရပါသိမ့်ရေ။ ခိုးကူးခွေဖြန့်ရေ လုပ်ရပ်တိက မရှိမဲ့၊ ရှိမဲ့ကြိုးစားပြီးကေ ထုတ်ထားကတ်တေ လူ ငယ်တိရဲ့ ငွေကြေးဆိုင်ရာပြဿနာတိကို ထိခိုက်စီနိုင်ရုံမကလို့ တက်သစ်စလူငယ်အဆိုတော်တိရဲ့ မျှော်လင့်ချက်ကို ကင်းမဲ့အောင် ပြုလုပ်ရာလေ့ ရောက်ပါရေ။ ယင်းတွက်နန့် ဒေလုပ်ရပ်တိကို ရပ်တန့်ကတ်ဖို့လေ့ အဆိုတော်အားလုံးရဲ့ကိုယ်စား သူကတောင်းဆိုပါရေ။

“ရခိုင်ပြည်အတိုင်းအတာကို အခွေ ၅ ထောင်လောက်စီထုတ်ကတ်ပါရေ။ ၃ ထောင်၊ ၄ ထောင်လောက် ရောင်းရကေလေ့ အဆင်ပြေ ရေ။ ယင်းလောက် မရောင်းလိုက်ရဘဲနဲ့ ခိုးကူးခွေဖြန့်ရောင်းလိုက်တေဆိုကေ ထိခိုက်နစ်နာရေ။ အခုနောက်ပိုင်းမှာ စနစ်တစ်ခုကို ပြောင်းရဖို့ယာလို့လေ့ ထင်ရေ။ တစ်ချို့ဆိုကေ အောက်စက်တိမရှိကတ်ယာ။ ဇာမှာထိုးကြည့်ရဖို့လည်းပေါ့။ တစ်ချို့ဆိုလေ့ စိတ်ဓာတ်နဲ့ အားပီးကတ်တေ။ တစ်ဖက်က စဉ်းစားကြည့်လိုက်ကေလေ့ အောက်စက်မရှိကေ ဇာမှာထိုးကြည့်ဖို့လည်း။ ယင်ပိုင်ပေါ့နန်း။ ခိုးကူးသမား တိကလေ့ မလုပ်သင့်။ ရခိုင်ပြည်နယ်ချေတစ်ခုမှာ လုပ်နီစွာ။ ခိုးကူးလိုက်ကေ ငါးပါးမှောက်လားရေ။ နောက် ဆက်လို့လုပ်ဖို့အတွက်လေ့ ယင်းအဆိုတော်တစ်ယောက်က မျှော်လင့်ချက်မဲ့လားရေ။ ပထမခွေကရလာရေ ဖဲသာနဲ့ နောက်ခွေတိလုပ်နိုင်ဖို့ပေါ့နန်း။ ခိုးကူးပစ်ပတ် တေဆိုကေ လုံးဝအဆင်မပြေ။”

ပြည်မဖက်ကလာရေ အခွေတိကို ဈီးကြီးပီးဝယ်ကတ်ရကေလေ့ ကိုယ့်ပြည်နယ်အတွင်းက ခွေတိကို အနိမ့်ဆုံးဈီးနဲ့ ရောင်းချကတ်ရစွာ၊ နောက်ပြီးကေ ဆင်းရဲရေ ပြည်နယ်တစ်ခုဖြစ်တေအလျောက် လူတိုင်းကလေ့ ဈီးနှိမ်ရောင်းကေတောင် မဝယ်ယူနိုင်ကတ်စွာနဲ့ အခု နောက်ပိုင်းမှာဆိုကေ အိမ်တိုင်းလိုလိုမှာအခွေထိုးကြည့်ဖို့ အောက်စက်မရှိကတ်ယာ။ စတဲ့အခက်အခဲတိကြောင့်လေ့ ပြည်မဖက်က အ ဆိုရှင်တိနဲ့ ပြည်နယ်အတွင်းက အဆိုရှင်တိကွာဟရစွာဖြစ်တေပိုင် တဖြည်းဖြည်းနဲ့ ရပ်တည်ဖို့ ခက်ခဲလာကတ်စွာလေ့ ဖြစ်ပါရေ။

“အခုဆိုကေ ရခိုင်ပြည်က ခွေတစ်ခွေကို ၁၅၀၀ ရာရှိရေ။ ၁၅၀၀ ကိုတောင် ပရိသတ်တစ်ချို့က ၁၅၀၀ တောင်ကျရလာပေါ့။ ယင်းပိုင် ပြောကတ်စွာရှိရေ။ တကယ့်ကို အားပီးချင်ရေလူတိကတော့ ၁၅၀၀ ကေ ဇာဖြစ်လေပေါ့။ ကိုယ်ရို့တောင် ဗမာခွေတိ ဝေလရို့၊ ဖြိုးမြတ် အောင်ရို့ ဒေအတိုင်း MTV တောင်မရိုက်ရသိမ့်။ ၄၀၀၀ ထောင်ရှိရေ။ မရို့က မငြိုမငြင် အားပီးရေ။ Copy ခွေမကြိုက်။ Copy ကို အားလည်းမပီး။ Copy လည်းမဆို။ သောက်တေကော်ဖီတောင်မကြိုက်။ ယင်းပိုင်သူရို့ခွေကို ၃၅၀၀၊ ၄၀၀၀ တောင် ဝယ်နီရရေအချိန်မှာ ကိုယ်ရို့ခွေတိက ၁၅၀၀ နဲ့တောင်မနည်း အံကြိတ်နီရရေ။ ယင်းချင့်ချေတိမှာ ကွာဟလားရေ။ ယင်းအထဲမှာတစ်ခါ ခိုးကူးခွေက ထွက်လာသိကေသီကတ်ယာမနားယေ။ ခွေတစ်ခွေထုတ်လို့  ဖဲသာသိန်း ၃၀ ကုန်ပြီးကေ ၁၀ သိန်းလောက်တောင် ပြန်မရလိုက်ကေ နောက်တစ်ခွေထုတ်လို့ အဆင်မပြေယာ။ စီးပွားရေးနောက်ခံချေရှိမှ လုပ်လို့အဆင်ပြေကတ်တေ။ ရခိုင်ပြည်က အဆိုတော်တိကလေ့ အရှုံးခံလို့ ထုတ်နီကတ်ရစွာပါယာ။ အားလုံးသူလိုလို။”

ဒေပိုင်အခြေအနေမှာ ရခိုင်ပြည်နယ်က မျိုးဆက်သစ်အဆိုတော်တိအနေနဲ့ လုပ်သင့်လုပ်ထိုက်တေ အရာတစ်ခုကတော့ အခက်အခဲပေါင်း သောင်းခြောက်ထောင်ထဲက ရုန်းကန်ပြီးကေ ထုတ်တေတေးခင်းတိကို တစ်ခြားတိုင်းနဲ့ ပြည်နယ်တိနဲ့ယှဉ်ကေ အရည်အသွေးမနိမ့်ကျအောင် ကြိုးပမ်းကတ်ဖို့လိုရေလို့ သူကဆိုပါရေ။

“ရခိုင်ဂီတလောကက မျိုးဆက်သစ်တိကို ပြောချင်စွာက ကိုယ်ရို့က ရခိုင်ပြည်နယ်ထဲက အဆိုတော် တစ်ခြားတိုင်းနဲ့ ပြည်နယ်တိမှာလေ့ အဆိုတော်တိအများကြီးရှိကတ်တေ။ ကိုယ့်ပြည်နယ်က တေးခင်းတိက သူများပြည်နယ်က တေးခင်းတိနဲ့ယှဉ်ကေ တန်းတူဖြစ်နီအောင်၊ သူရို့ထက် မနှိမ့်ကျရေ တေးခင်းတိကို ဆိုပြနိုင်အောင်ကြိုးစားကတ်ပါလို့ ပြောချင်ပါရေ။”

အဆိုတော် ရီလှိုင်းပြာရဲ့ ခံယူချက်ကတော့ အနုပညာနဲ့ ပတ်သတ်လာကေ အကောင်းဆုံးလုပ်ပြချင်စွာပါ။ ဒေအကြောင်းကိုလေ့ သူက အခုပိုင် ပြောပြပါရေ။

“ပွဲတစ်ပွဲလားဖို့ဆိုကေ ကိုယ်ရို့ကတော့ အကောင်းဆုံးချပြရစွာာပါဗျာလ်။ တေးခင်းအသစ်ပါ။ အဟောင်းပါ။ အဟောင်းချည်းယာ သီးသန့်လေ့ မဆိုဖြစ်ပါ။ အသစ်ချေတိကို ပရိတ်သတ်ကိုချပြရေ။ ပရိတ်သတ်က နားမထောင်ရသိမ့်။ စင်အောက်က လိုက်မဆိုနိုင် သိမ့်ကေတောင် ကိုယ်က တေးခင်းအသစ်ချေတိ ဖော်ထုတ်ပြီးကေ ဆိုဖြစ်တေ။”

အနုပညာမျိုးရိုးက ဆင်းသက်လာသူဖြစ်လို့ အနုပညာလမ်းကြောင်းကို လျှောက်လှမ်းရေအခါ ဖြောင့်ဖြူးခကေလေ့ လူတိုင်းမှာတော့ စိတ်ညစ်စိတ်ပျက်စရာတိ ရှိကတ်တေမဟုတ်ပါလား။ သူကလေ့ ဒေပိုင်အခြေအနေတိကို ကြုံနေရစွာရေ ဒုနဲ့ဒေးပါ။

“အနုပညာလောကမှာကတော့ အဖကျေးဇူးကြောင့် အခက်ခဲကောင်း မရှိခဲ့။ အခက်ခဲတစ်ခုရှိစွာကတော့ တစ်ခါတစ်ခါမှာ စိတ်ပျက်ရ စွာ။ အနုပညာလုပ်နီရင်းနဲ့ ကိုယ်နဲ့ထပ်တူမကျရေ လူတိ၊ ကိုယ်ပြောပြစွာ၊ ဆွဲခေါ်စွာကို လက်မခံရေလူတိနဲ့ တွိ့ကေတော့ စိတ်ပျက်ရေ။ ဒေပိုင်ကတော့ လူတိုင်းမှာရှိကတ်စွာပါ။ လုံးလုံးကြီးတော့ စိတ်ပျက်စွာမဟုတ်။ မဆိုယာဆိုပနာ ထားလိုက်တေအခိုက် တန့်တိလေ့ရှိရေ။ ယကေလေ့ အသွေးအသားထဲမှာ အနုပညာက စီးဆင်းနီဗျာလ်ဆိုကာ ဆိုဖြစ်လားပါရေ။”

ဇာလောက်ပင်ခက်ခဲရေအခြေအနေမှာဗျာလ် ရောက်နီပါစီ Rock အဆိုရှင်တစ်ယောက်အဖြစ် ရခိုင်ပရိတ်သတ်တိရဲ့ ထောက်ခံအားပီး မှုကို အခိုင်အမာရရှိထားရေ ရီလှိုင်းပြာလို့ လူသိများရေ မဦးခင်သိန်းကတော့ ရှိဆက်လျှောက်ဖို့ အားအင်အပြည့်နဲ့ပါ။

“ကိုယ့်ပြည်နယ်အတွင်းမှာတော့ ကြိုးစားနီဆဲပေါ့။ ကိုယ်ကဇာလောက်ထိထိုးဖောက်ဖို့ မျှော်လင့်ထားလေဆိုကေ အရင်က ဝါသနာမပါခကေလေ့ အခုက အနုပညာကိုဗျာလ်ချစ်တေ။ ကိုယ်သက်ရှိနီသရွိတော့ အနုပညာကိုပဲ လုပ်လားပါဖို့။ လက်ရှိမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာမှာ ထိုးဖောက်ဖို့ မရှိသိမ့်ပါ။ ယကေလေ့ Burma Side ဖက်ကလူတိနဲ့လေ့ ရှိုးပွဲတိ လားရစွာတိရှိရေပေါ့။ ကိုယ့်ရခိုင်တေးခင်းတိကို ကြားညှပ်ပြီးကေ ဆိုဖြစ်တေ။ ရခိုင်လိုတစ်မျိုး၊ ဗမာလိုတစ်မျိုး ယပိုင်လေ့ တစ်ခါတစ်လီဆိုဖြစ်တေ။ သူရို့နားလည်အောင်လို့လေ။ ထိုးဖောက်ဖို့ လက်ရှိမှာ မရှိသိမ့်ကေလေ့ တစ်နိနိတစ်ချိန်ချိန်မှာတော့ ကိုယ်တတ်နိုင်ရေ အချိန် အတိုင်းအတာတစ်ခုခုမှာတော့ အခွင့်အရေးရကေ ဆိုလားပါဖို့။”

 623 total views,  1 views today