Arakan Yoma|

ရခိုင်ပြည်နယ်တောင်ပိုင်း မာန်အောင်မြို့နယ်မှာရှိရေ နီရောင်ခြည်သုံး လျှပ်စစ်စွမ်းအားပီးစက်ရုံကနီ နိုဝင်ဘာလ ၁၄ ရက်နိက စတင်ပ နာ ၂၄ နာရီ မီးစမ်သပ်ပီးနီဗျာလ်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက သိရပါရေ။

လတ်တလောမှာ တစ်မြို့နယ်လုံးကို ပီးဝီနီစွာ မဟုတ်ဘဲနဲ့ မြို့ပေါ်ရပ်ကွက်တစ်ချို့ကိုရာ စမ်းသပ်ပီးနီစွာ ဖြစ်ပါရေ။  ယင်းပိုင်ပီးဝီလို့ အဆင်ပြေရေဆိုကေ ပုတ်ချောင်းကျေးရွာနန့် ဗောဓိကုန်းကျေးရွာရို့အပါအဝင် တစ်ခြားကျေးရွာတိကိုလေ့ အိမ်သုံးမီတာ ၁၀၀၀ ကျော် ပီးဝီလားဖို့ယာလို့ ဆိုပါရေ။

မီးပီးဝီဖို့ အဆင်ပြေရေအချိန်ကျကေ ကျပ် ၄ သောင်းခွဲကစတင်ပနာ ၉ သောင်းကျပ်အထိ မီတာဘောက်တိကို ဈးနှုန်းသတ်မှတ်ထားပြီး ကေရောင်းချလားဖို့ဗျာလ်ဖြစ်ကေလေ့ မီတာခတစ်ယူနာ ဇာလောက်ပီးဆောင်ရဖို့ဆိုစွာကို လက်ရှိအချိန်ထိ မသိရသိမ့်လို့ ဒေသခံရို့၏ ပြောကြားချက်အရ သိရပါရေ။

မာန်အောင်မြို့နယ်ရေ ရခိုင်ပြည်နယ်မှာ တည်ရှိရေလို့ဆိုကေလေ့ တစ်ခြားမြို့နယ်တိနန့် အဆက်အစပ်မရှိဘဲ ရီကြောင်းခရီးနန့်ရာ လားလာရရေ မြစ်ဝကျွန်းပေါ်မြို့နယ်တစ်ခုဖြစ်ပါရေ။ ယင်းတွက်နန့် လျှပ်စစ်မီးပီးဖို့ အခက်ခဲရှိခရေအတွက် နည်းလမ်းရှာဖွေရေခါ နီရောင်ခြည်သုံးလျှပ်စစ်စွမ်းအင်ကို အသုံးပြုဖို့ လမ်းစမြင်ခကတ်စွာဖြစ်ပါရေ။

ယင်းနောက် ၂၀၁၈ ခုနှစ်မှာ ကိုရီယားနိုင်ငံပေါ်စကိုဒေဝူးကုမ္ပဏီ၏ ထောက်ပံ့မှုနန့် ဖွင့်လှစ်ခစွာ ဖြစ်ပြီးကေ အဆိုပါနီရောင်ခြည်သုံး လျှပ်စစ်စွမ်းအားပီးစက်ရုံရေ မာန်အောင်မြို့နယ်က ခအုံးမောကျေးရွာ၏ မြစ်ကမ်းဘေးမှာ တည်ရှိပါရေ။ လက်ရှိမှာ စမ်းသပ်ထုတ် လွင့်မှုစတင်နီဗျာလ်ဖြစ်ပြီးကေ အဂုနိုဝင်ဘာလအကုန်ကေ စက်ရုံဖွင့်ပွဲပြုလုပ်ပနာ စတင်ဖြန့်ဖြူးလားဖို့ဖြစ်တေလို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက သိရပါရေ။

 828 total views,  1 views today