ပန်းသီကြိုး(ရသေ့တောင်) | Arakan Yoma

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရေ နယ်နိမိတ်အားဖြင့် ၄၃၇.၇၆ စတုရန်းမိုင်ကျယ်ဝန်းပြီးကေ အနောက်ဘက်မှာ ဘင်္ဂလားပင်လယ်အော်နဲ့ ထိစပ်နေစွာဖြစ်ပါရေ။ ပင်လယ်လှိုင်းသံတိ တဝုန်းဝုန်းကို အမြဲလိုလို ကြားနီရရေ မယူတောင်တန်း  အနောက်ဘက်ခြမ်းမှာတော့ ရသေ့တောင်မြို့နယ်အပိုင် ကျေးရွာ(၈)ရွာ ရှိနီပါရေ။ ယင်း ကျေးရွာတိမှာ နီထိုင်ကတ်တေ ရခိုင်တိုင်းရင်းသားတိရေ လယ်ယာကိုင်းကျွန်းလုပ်ငန်းကို  လုပ်ကိုင်ကတ်တေပိုင် ရီလုပ်ငန်းကိုလည်း လုပ်ကိုင်ကတ်ပါရေ။

ဒေဒေသမှာနီထိုင်ကတ်တေ ရခိုင်တိုင်းရင်းသားတိအထဲမှာ အောင်ဗလ ဆိုရေ ကမ်းခြေရွာချေမှာနီထိုင်ပြီးကေ ပုဇွန်သားပေါက်လုပ်ငန်း (Tiger ပုဇွန်သားပေါက်) နဲ့ ငွေရှာနီရေ ရခိုင်တိုင်းရင်းသားတစ်ချို့ရဲ့ဘဝတိကိုမြင်နိုင်အောင် တင်ပြပီးချင်ပါရေ။

ရသေ့တောင်မြို့နယ် မယူတောင်တန်းအနောက်ဘက်ခြမ်း ကျေးရွာတိုင်းမှာတော့ ပုဇွန်သားပေါက်ထောင်ရေအလုပ်ကို အများစုလုပ်ကိုင်ကတ်ပါရေ။

ဒေပိုင်ပုဇွန်သားပေါက်ထောင်ရေ လုပ်ငန်းကို လုပ်ကိုင်ပြီးကေ ငွေရှာနီကတ်စွာရေ မိသားစုစားဝတ်နီရေးအတွက်ကာမိယင့်လား။ သားပေါက်ထောင်ရေ လုပ်ငန်းရဲ့နောက်ကွယ်မှာ အခက်အခဲတိ ဇာပိုင်ရှိနီကတ်လဲ။ ဒေလုပ်ငန်းက အကျိုးကျေးဇူးတိ ဇာပိုင်ရနိုင်လဲဆိုစွာကတော့ စိတ်ဝင်စားစရာကောင်းနီပါရေ။ အဆိုပါဒေသက အောင်ဗလကျေးရွာမှာနီထိုင်ပြီးကေ ပုဇွန်သားပေါက်ကိုယ်စားလှယ်အဖြစ် နှစ်ပေါင်း နှစ်ဆယ်ကျော်လုပ်ကိုင်လာရေ ဦးအောင်ကျော်ဇောက သူ၏အတွေ့အကြုံတေိကို အခုပိုင်ပြောပြပါရေ။

“ပုဇွန်သားပေါက်ထောင်စွာကို ကျွန်တော်ရို့ဒေသမှာ သားပေါက်ချေ ထောင်ရေလို့ခေါ်ပါရေ။ သားပေါက်ချေက တစ်နှစ်ပတ်လုံးထောင်လို့ရစွာတော့ မဟုတ်ပါ။ ဆောင်းတွင်းအအီးပိုလာရေ ရာသီဆိုကေ သားပေါက်ထောင်လို့မရပါ။ ရီအီးလာကေကမ်းနားကို ပုဇွန်သားပေါက်တိမပါပါယာ။ဆောင်းတွင်းသုံးလလောက်ကလွဲကေတာ့ တခြားအချိန်တိမှာ များသောအားဖြင့်တော့ သားပေါက်ထောင်လို့ရပါရေ။ဆောင်းတွင်းမဟုတ်ကေလေ့ အရှေ့ဘက်က လေတိုက်နေစွာမျိုး  ဆိုကေလည်း သားပေါက်မရ။ သားပေါက်ထောင်လို့ရစွာက အနောက်ဘက်ကလေတိုက်နေရေဆိုကေ ရရေ။ ပုဇွန်သားပေါက်တိက အနောက်လီတိုက်မှ ကမ်းနားကို ပါးလာစွာဖြစ်ပါတယ်။ အနောက်တောင်ဘက်ကလီတိုက်နီရကေလည်း သားပေါက်ထောင်လို့ရပါသိရေ။ အရှေ့ဘက်ကလေတိုက်နေကေတော့ သားပေါက်လုံးဝမရပါ”  လို့ ဦးအောင်ကျော်ဇော်က ဆိုပါရေ။

သားပေါက်ထောင်လို့ရရေ အချိန်ကိုလည်း ဦးအောင်ကျော်ဇောက ” ကျွန်တော်ရို့ သားပေါက်ကို ရခိုင်ပိုင် ဖြားကြီးရေရက် ဗမာလိုဆိုကေတော့ ဒီရေကြီးရေ ရက်တိမှာ ထောင်ကတ်ပါရေ။ ဖြားနဲ့လိုက်ပြီးလုပ်ရစွာဖြစ်ပါရေ။ ကျွန်တော်ကတော့ ကိုယ်တိုင်ပုဇွန်သားပေါက်  မထောင်ပါ။ဖောက်သည်တိပကတစ်ဆင့်ပြန်ဝယ်ပြီးကေ တစ်ခြားမြို့နယ်က ပုဇွန်တာ သမားတ်ပါးလားသွင်းပါရေ။  ကျွန်တော်က အခုဆိုကေ ဖောက်သည်တိပါးက သားပေါက်တစ်ကောင်ကို ငါးပြားနဲ့ဝယ်ပါရေ။  ပြန်သွင်းရေအခါတော့ တစ်ဆယ်၊ ဆယ်နှစ်နဲ့ ပြန်သွင်းရပါရေ” လို့ဆိုပါရေ။

ယင်းအပြင် သူရို့အနီနဲ့ ဝယ်ဈီးက ပုံမှန်မရှိဘဲ တစ်ခါတစ်လီမှာဆိုကေတာ့  သားပေါက်တစ်ကောင်ကို ၁၈ ကျပ်လောက်ထိပီးဝယ်ရရေအခါလည်းရှိရေလို့ သိရပါရေ။ သားပေါက်ဈေးကောင်းစွာက ဝယ်သူများပြီး

သားပေါက်ထောင်လို့ မရရေ အချိန်မျိုးတိမှာ ဈီးကောင်းတတ်ပါရေ။ဈီးကောင်းကေ ကောင်းရေပိုင့် ပြန်သွင်းရေအခါလည်း ဈီးကောင်းရစွာကြောင့် ဝယ်နိုင်တယ်လို့ ဆိုပါရေ။

ပြန်သွင်းရေအခါ တစ်ဝက်ကျော်ကျော် မြတ်တေအတွက် တွက်ခြီကိုက်တယ်လို့တော့ ပုံသီပောလို့မရပါ။ ပုဇွန်သားပေါက်ဆိုစွာက သေးငယ်လွန်းရေပိုင် အကြမ်းလည်းကောင်းမခံရေ အတွက် အသီအပျောက်ကတော့ ရှိပါရေ။ သားပေါက် တစ်သိန်းဆိုကေ အနည်းဆုံး တစ်သောင်းလောက်ကတော့  သီစွာပါယာ။ အချိန်ကြာစွာနဲ့အမျှအသီအပျောက်ပိုများရေလို့ ဦးအောင်ကျော်ဇော်က ဆိုပါရေ။

ဖောက်သည်ပါးကတစ်ဆင့်ပြန်ဝယ်ထားရေ ပုဇွန်သားပေါက်တိကို ဦးအောင်ကျော်ဇောရို့အနေနဲ့ ရွီတွက်ပြီးကေ လေးထောင့်ဖော့ဘူးတိနဲ့ ထည့်ထားရပါရေ။ ဒေနရာမှာ ဖောက်သည်ဆိုစွာကတော့ ဦးအောင်ကျော်ဇောရို့လို သားပေါက်ကိုယ်စားလှယ်တိက သားပေါက်ထောင်သူတိပါးက တိုက်ရိုက်ဝယ်ကြတ်စွာမဟုတ်ဘဲ ကြားကဖောက်သည်တိရှာထားကတ်စွာဖြစ်ပါရေ။

ဒေဖောက်သည်တိရေ ငွေကြေးမတတ်နိုင်လို့ သားပေါက်ထောင်ရေပိုက် မဝယ်နိုင်လူတိကို ပိုက်ဝယ်ပီးထားပြီးကေ သားပေါက်ထောင်ခိုင်းပါရေ။ ရလာရေသားပေါက်တိကို ပိုက်ထုတ်ပေးထားသူက သားပေါက်ထောင်သူပကပြန်ဝယ်ပါရေ။ သားပေါက်ထောင်သူတွေအနေနဲ့လည်း ရလာရေသားပေါက်တိကို ပိုက်ထုတ်ပီးရေလူပါးမှာယာ သွင်းကတ်ရစွာဖြစ်ပါရေ။ ဒေပိုင်သွင်းရရေအတွက် ဈီးနှိမ်ပြီးဝယ်စွာမျိုးတော့မရှိလို့ဆိုပါရေ။

ဦးအောင်ကျော်ဇောရို့အနေနဲ့ ဖောက်သည်သုံးလေးယောက်လောက် ရထားကေ လုပ်ငန်းလည်ပတ်နိုင်ရေလို့ဆိုပါရေ။ သားပေါက်ထောင်ရေ ပိုက်တစ်လက်အတွက် ကုန်ကျစရိတ်ကကျပ် ငါးသောင်းလောက်ကုန်ကျရေလို့ဆိုပါရေ။ သားပေါက်ထောင်သူတစ်ယောက်အနီနဲ့ ပိုက်နှစ်လက်ကိုင်ရေလို့ဆိုပါရေ။

သားပေါက်ထောင်သူ တစ်ယောက်အနေနဲ့ တစ်ရက်ဝင်ငွေရေ ပုံမှန်တွက်လို့တော့မရပါ။ ယကေလေ့ ပုဇွန်သားပေါက် အတက်နည်းရေနိတိမှာတောင်အနည်းဆုံး ၇၀၀၀ ကျပ်လောက်ရရေလို့ ဆိုပါရေ။ ပုဇွန်သားပေါက်အတက်များရေနိတိဆိုကေတော့ လေးငါးခြောက်သောင်းကနီ သိန်းကျော်အောင်ရရေနိတိလည်းရှိရေလို့ ဆိုပါရေ။

တစ်ဖြား (ဒီရေကြီးတဲ့ရက်တွေ) ပုဇွန်သားပေါက်ထောင်ကေ လေးငါးသိန်းထိရရေအခါမျိုးတိရှိရေလို့ အောင်ဗလကျေးရွာသား ပုဇွန်သားပေါက်ထောင်သူတစ်ယောက်က ပြောပါရေ။ ဒေအလုပ်က မိသားစု စားဝတ်နီရေးအတွက်တော့ အဆင်ပြေစီရေလို့လည်း ဆိုပါရေ။ သီတင်းကျွတ်၊ သင်္ကြန်ပိုင် အချိန်အခါတိမှာ ဝယ်ချင်စွာတွယိဝယ်နိုင်ဖို့ ပုဇွန်သားပေါက်ထောင်ရေအလုပ်က ကျေးရွာထဲကလူငယ်တိအတွက် အခွင့်အလမ်းတစ်ခုဖြစ်ရေလို့လည်းဆိုပါရေ။

ပုဇွန်သားပေါက်ထောင်ဖို့အတွက် ပင်လယ်ထဲကိုလောင်းနဲ့ သက်စွန့်ဆံဖျား လားစရာလည်းမလိုပါ။ ပင်လယ်ကမ်းစပ်မှာယာ ထောင်ရစွာဖြစ်ပါရေ။

ပုဇွန်သားပေါက် အကောင်ချေတိစွာ သေးငယ်လွန်းစွာကြောင့် ပုဇွန်သားပေါက်နဲ့ မနီးစပ်တေလူတိအတွက် တကယ့်ကိုအာရုံစိုက်ပြီးကြည့်မှမြင်နိုင်စွာဖြစ်ပါရေ။ ပုဇွန်သားပေါက်အကောင်ချေတိရဲ့ အရွယ်အစားစွာအပင်ပေါက်ချေတစ်ပင်ရဲ့ အမြစ်မွှားချေတစ်ချောင်းလောက်ရာရှိပါရေ။ ဒေပိုင် သေးငယ်ရေ ပုဇွန်သားပေါက်တိကို ရွီတွက်ဖို့အတွက် ဦးအောင်ကျော်ဇောရို့ပိုင် ပုဇွန်သားပေါက်ကိုယ်စား လှယ်တိအနေနဲ့ သားပေါက်အကောင်ရွီရေလူကိုငှါးရပါရေ။ ဒေပိုင်ငှါးရေအခါ သားပေါက်အများရကေ ရရေပိုင် လူများများငှားရပြီးကေ ရွီတွက်ရရေအချိန်ကြာကေကြာပိုက် ၇၀၀၀ ကနီ ၁၀၀၀၀ လောက်ထိပီးရရေလို့ဆိုပါရေ။

လေးထောင့်ဖော့ဗူးတစ်ဗူးမှာပုံမှန်အားဖြင့် ပုဇွန်သားပေါက် အကောင်ရေ ၂၅၀၀ ထိ ထည့်နိုင်ရေလို့ဆိုပါရေ။

ပုဇွန်သားပေါက်များများရလို့ထည့်စရာ အခက်အခဲရှိရေဆိုရင်တော့ တစ်ဗူးမှာ သားပေါက်အကောင်ရေ ၃၀၀၀ ထိ ထည့်ကတ်တေလို့ ဦးအောင်ကျော်ဇောက ဆိုပါရေ။ ယကေလေ့ ၃၀၀၀ ထက်တော့ ပိုမထည့်နိုင်လို့ဆိုပါရေ။ ပိုထည့်မိကေပုဇွန်သားပေါက်ချေတိ အသီများရေလို့ဆိုပါရေ။ သားပေါက်ရွီရေအလုပ်ကိုတော့ များသောအားဖြင့် အမျိုးသမီးတိရာလုပ်ကတ်စွာများပါရေ။

တစ်နီကုန်ထိုင်ပြီးကေ ရေတွက်ကေအမျိုးသမီးတစ်ယောက်ကို ဖော့ဗူး ဆယ်ဗူးလောက်ထိပြီးရေလို့ ဉီးအောင်ကျော်ဇောပါးမှာ သားပေါက်ရေတွက်နီရေ အမျိုးသမီးတစ်ဦးကဆိုပါရေ။ တစ်ဗူးမှာ သားပေါက်အကောင်ရေ ၂၅၀၀ ထည့်စွာဖြစ်တေအတွက် အမျိုးသမီးတစ်ဦးရဲ့ တစ်နေိတာ သားပေါက်ရေတွက်နိုင်တဲ့ပမာဏက အကောင်ရေ ၂၅၀၀၀ လောက်ပြီးရေလို့ဆိုရပါဖို့။

ဦးအောင်ကျော်ဇောရို့အနေနဲ့ ပုဇွန်တာသမားတိပါးမှာ သားပေါက်ချဖို့တစ်ခေါက်လားကေ အနည်းဆုံးသားပေါက်အကောင်ရေ သုံးသိန်းလောက်ပါရေလို့ဆိုပါရေ။ ပုဇွန်သားပေါက်တိကို ဝယ်ယူပြီးကေ အလွန်ဆုံးငါးရက်လောက်ပဲထားလို့ရရေလို့လည်းဆို့ပါရေ။ ငါးရက်ထက်ပိုကြာဖို့ဆိုကေတော့ ပုဇွန်သားပေါက်တိသီစွာများရေလို့ဆိုပါရေ။

ဒေပိုင်ငါးရက်လောက်သိုလှောင်ထားစဉ်မှာလည်း ရီကို တစ်ရက်ကို အနည်းဆုံးတစ်ကြိမ် လှဲပီးရရေလို့ ဆိုပါရေ။

“ရီကတော့ လှည်ပီးးနိုင်လီကောင်းလီယာ။ ရီလှည်နရာမှာလည်း ပင်လယ်ရီကိုရာလှဲရစွာ ဖြစ်လို့ ကျွန်တော်ရို့ အနီနဲ့ ၁၀ ပိဿာဝင်ဗူးတစ်ဗူးကို တစ်ထောင် လောက်ပီးဝယ်ရရေ။ ပင်လယ်ကမ်းနားထိ လားခပ်ရစွာဆိုခါ ရွာနဲ့နည်းနည်းဝီးရေအတွက်ပိုပီးရစွာလည်းပါရေ။ နောက်ပြီးကျွန်တော်ရို့ အနေနဲ့ရီမလှဲကေ ပုဇွန်သားပေါက်တိ သီလားဖို့ဖြစ်လို့ တစ်ဗူးတစ်ထောင်ဆိုလေ့ ဝယ်ရစွာပါယာ” လို့ ဦးအောာင်ကျော်ဇော်က ပြောပါရေ။

ယင်းချင့်တောင်မကသိမ့်ပါ။ ပုဇွန်သားပေါက် ကိုယ်စားလှယ်တိအနေနဲ့ ပုဇွန်တာသမားတိနဲ့ အဆက်အသွယ်လုပ်ထားပြီးကေ သားပေါက်ပုဇွန်တိကို တာသမားတိပါးကို အရောက်လားပို့ကတ်ရပါရေ။ ဦးအောင်ကျော်ဇောကတော့ သူ့အနေနဲ့ မြေပုံ၊ပေါက်တော၊မင်းပြား စရေမြို့နယ်တိထိလားပို့ရေလို့ဆိုပါရေ။ ဒေပိုင်လားဖို့အတွက် ဘုတ်ကို တစီးလုံးငှါးပြီးလားကတ်ရစွာဖြစ်ပြီး ကုန်ကျစရိတ်အားဖြင့် သုံးသိန်းခွဲဝန်းကျင်လောက် ကုန်ကျရေလို့ဆိုပါရေ။

မိမိရို့သားပေါက်ချဖို့ ပုဇွန်တာတိကို ရောက်ကေတော့ မိမိရို့မှာပါလာရေ ပုဇွန်သားပေါက် ထည့်ထားရေဗူးတိမှာ သားပေါက်ဇာနှစ်ကောင်ပါလည်းဆိုစွာကို ရွီတွက်ရပါရေ။ ဒေပိုင်ရွီတွက်ရပုံကို ဦးအောင်ကျော်ဇောက “ ကျွန်တော်ရို့ သားပေါက်ချဖို့တာတကို ရောက်တေအခါ သားပေါက်ထည့် လာရေဗူးတိမှာသားပေါက်ဇာနှစ်ကောင်ပါလဲဆိုစွာကို တာသမားတိရှေ့မှာ ရွီတွက်ရပါရေ။ ဗူးတိုင်းကိုတော့ရွီစွာမဟုတ်ပါ။ တာသမားတွေက သူတို့ကြိုက်တေဗူး တစ်ဗူးနှစ်ဗူး လောက်ကိုရာဆွဲပြီးရွီစွာဖြစ်ပါရေ။ ယင်းပိုင်ရွီတွက်တေအခါ သားပေါက်ကောင်ရေ ၂၂၀၀လောက်ဖြစ်တယ်ဆိုပါတော့ ကျွန်တော်မှာ ပါရေဗူးတိုင်းကို ၂၂၀၀ နဲ့တွက်ပြီးငွေချေပါဖို့။ ဒေပိုင်ဆိုရင် ကျွန်တော်ရို့က တစ်ဗူးမှာ ၂၅၀၀ ထည့်စွာဖြစ်လို့ တစ်ဗူးမှာ ၃၀၀လောက် လျော့လားပါရေ။ ဗူးအရေအတွက်များကေ များယောက် နစ်နာနိုင်ရေလေ။ ယင်းပိုင်ဖြစ်ခကေတော့ ကျွန်တော်ရို့အနီနဲ့ တာသမားတိကို နောက်ထပ်တစ်ဗူးနှစ်ဗူးလောက်ကိုထပ်ပြီးကေ ဆွဲရွီကြည့်ဖို့တောင်းဆိုနိုင်ပါရေ။ ယင်းပိုင်ထပ်ရွီ ကြည့်လို ၂၄၀၀ဖြစ်တယ်ဆိုကေတော့ ပျှမ်းမျှတစ်ဗူးကို အကောင်ရေ ၂၃၀၀ နဲ့တွက်ပါရေ။ ဒေလောက်ဆိုကေတော့ ကျွန်တော်ရို့ဘက်ကလည်းကျေနပ်နိုင်ပါဗျာလ်။၂၅၀၀ထည့်လာလို့ ၂၅၀၀ဖြစ်တယ်ဆိုစွာတော့ လုံးဝမရှိ။ သားပေါက်က တစ်နိပိုထားကေ တစ်နိအတွက်လျော့စွာပဲ မသီဘဲမနီနိုင်။ ရီလှဲပီးသည့်တိုင်အောင် သီစွာကတော့သီစွာပါယာ။ နည်းနည်းသီစွာနဲ့များများသီစွာပဲကွာပါရေ” လို့ဆိုပါရေ။

ပုဇွန်သားပေါက်ကိုယ်စားလှယ်တိအနေနဲ့ သားပေါက်တိ အသီအပျောက်ရှိသည့်တိုင်အောင် သူရို့အတွက်ကတွက်ခြေကိုက်တယ်လို့ဆိုပါရေ။တစ်ခါတစ်ခါ အခန့်မသင့်လို့ အသီအပျောက်ပိုများစွာကြောင့်ရှုံးရေအခါမျိုးတိနဲ့လည်းကြုံရရေလို့ဆိုပါရေ။ နောက်ကြုံရရေအခက်အခဲတစ်ခုကတော့ အကြွီးပီးရစွာဖြစ်တယ်လို့လည်းဆိုပါရေ။သူရို့အနေနဲ့ တစ်ပတ်စောင့် ငါးရက်စောင့်ဆိုပိုင်မျိုးအကြွီးလည်းပီးကတ်ရပါရေ။

ဒေပိုင်အကြွီးမပီးလို့လည်းမဖြစ်ပြန်ပါ။ ပုဇွန်သားပေါက်ဆိုစွာက လက်ငင်းရမှရောင်းမယ်ဆိုပြီးကေ တင်းခံနီလို့လည်းမဖြစ်ပါ။ လက်ငင်းမရလို့ မရောင်းကေလည်းပုဇွန်သားပေါက်ချေတိသီလားနိုင်စွာကြောင့် အကြွီးလည်းရောင်းရရေလို့ဆိုပါရေ။

ဇာပဲဖြစ်ဖြစ် သားပေါက်လုပ်ငန်းကို နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာအောင်လုပ်လာစွာကိုကြည့်ခြင်းအားဖြင့် ဒေလုပ်ငန်းက တွက်ခြေကိုက်တယ်လို့တော့ ဆိုနိုင်ပါရေ။ ဒေလုပ်ငန်းနဲ့ပတ်သက်လို့ ဦးအောင်ကျော်ဇောက သူ့အမြင်ကို အခုပိုင်ပြောပါရေ။

“ ပုဇွန်သားပေါက် အလုပ်က မျိုးငှဆွေငှဆိုရေပိုင်ပါယာ။ သားပေါက်ထောင်ရေ လူလည်းစားရရေ။သူရို့ပါးကတစ်ဆင့်ပြန်ဝယ်ပြီးကေ ကျွန်တော်ရို့ပါးကို ပြန်သွင်းကတ်တေ ဖောက်သည်တိလည်းစားရရေ။သားပေါက်ရွီရေသူလည်းစားရရေ။စက်လှေသမား ၊တာသမားအားလုံးအကျိုးရှိရေ။  နောက်ဆုံး ရီလှည်ဖို့ ပင်လယ်ရေကိုတောင်ကျွန်တော်ရို့ငွေပီးရရေဆိုတော့ ရီခပ်ရောင်းသူလည်းစားရရေလို့ပြောလို့ရပါရေ” လို့ ဦးအောင်ကျော်ဇောက ဆိုပါရေ။

ဒေပိုင်အကျိုးအမြတ်ရှိရေ ပုဇွန်သားပေါက်လုပ်ငန်းကိုတော့ ဦးအောင်ကျော်ဇောရို့ ဒေသခံတိကို သဘာဝတရားကြီးက စားမကုန်အောင်ပေးထားရေ လက်ဆောင်တစ်မျိုးလို့ဆိုကေလည်းမမှားနိုင်ပါ။ ဒေအချက်ကို ပိုသေချာစီစွာက ပုဇွန်သားပေါက် ဖမ်းယူလို့ရရေနီရာစွာ ရခိုင်ပြည်နယ်ထဲမှာတော့ မယူကမ်းအနောက်ဘက်ခြမ်းကမ်းခြေရွာတိဖြစ်တေ ဦးအောင်ကျော်ဇောတို့ဒေသမှာရာ အများဆုံးဖမ်းယူရရှိစွာဖြစ်ပြီး ရခိုင်ပြည်နယ်ရဲ့အခြားပင်လယ်ကမ်းခြေတိမှာတော့ ဒေပိုင်စီးပွားဖြစ်လုပ်လို့ရလောက်အောင်ရစွာမျိုးမရှိပါ။

တကယ်တမ်းကျကေတော့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းတည်ရှိနီရေ မယူကမ်းအနောက်ဘက်ကမ်းခြေရေ သဘာဝသယံဇာတတိပေါကြွယ်ပြီး နီချင်စရာကောင်းရေ ငွေရှင်ရေဒသတစ်ခုဆိုကေလည်း မှားလောက်ဖို့ မထင်ပါ။

 473 total views,  1 views today