Arakan Yoma |

“မြောက်ဦးကို ရာဇဝင်ထဲမှာထားခဲ့ရတော့မှာလား” စာအုပ် မိတ်ဆက်ပွဲတစ်ခုကို အောက်တိုဘာလ ၆ ရက်နိက ရခိုင်ပြည်နယ် တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်က အရုဏ်ဦးစာကြည့်တိုက်မှာ ပြုလုပ်ခပါရေ။

ယင်းမိတ်ဆက်ပွဲကို တောင်ကုတ်မြို့နယ် စာရေးဆရာအသင်းနဲ့ စာပေအင်အားစုရို့က စီစဉ်ပြုလုပ်စွာဖြစ်ပြီးကေ အဆိုပါ စာအုပ်ရွီးသားသူကိုလည်း ဂုဏ်ပြုခကတ်ပါရေ။

အဆိုပါ စာအုပ်ကို ရခိုင်စာရေးဆရာ ရက္ခရေးသားထားစွာဖြစ်ပြီးကေ ပန်းဆွေမွန်စာပေက ထုတ်ဝေထားစွာဖြစ်ပါရေ။

စာအုပ်ထဲမှာတော့ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်နဲ့ ပတ်သတ်တေဆောင်းပါးတိအပါအဝင် ရခိုင်ပြည်နယ်အတွင်းက လူမျိုးရေး၊ လူမှုရေး၊ စစ်ရေး၊ ဖွံ့ဖြိုးရေး၊ နိုင်ငံရေးစရေ ရှုထောင့်အသီးသီးက ရွီးသားထားရေတဆောင်းပါး ၆၀ ပါဝင်ရေလို့ သိရပါရေ။

တစ်အုပ်ကို ကျပ် ၄၅၀၀ ကျသင့်ဖို့ ဒေစာအုပ်ကို ပြီးခရေ စက်တင် ဘာလက အုပ်ရေ ၁၀၀၀ နဲ့ စတင်ထုတ်ဝေခစွာဖြစ်ပြီးကေ လက်ရှိမှာတော့ ရန်ကုန်မြို့နဲ့ ရခိုင်ပြည်နယ်က မြို့နယ်အသီးသီးမှာ ဖြန့်ချိထားဗျာလ်ဖြစ်ပြီးကေ အွန်လိုင်းစာပေတိက တစ်ဆင့်လည်းမှာ ယူဖတ်ရှုနိုင်ဖို့ ဖြစ်ပါရေ။

စာရေးဆရာရက္ခဆိုသူရေ ရခိုင်ပြည်နယ်အတွင်းက မီဒီယာတိမှာသာမက ပြည်မဖက်က ထင်ရှားရေ သတင်းစာတိုက်တိမှာလေ့ ရခိုင်ပြည်နယ်နဲ့ ပတ်သတ်တေ ဆောင်းပါးတိကို မပြတ်တမ်းရွီးသားနီသူ ဖြစ်ပါရေ။

တောင်ကုတ်မှာပြုလုပ်တေ “မြောက်ဦးကို ရာဇဝင်ထဲမှာထားခဲ့ရတော့မှာလား”စာအုပ်မိတ်ဆက်ပွဲနဲ့ စာရေးဆရာကို ဂုဏ်ပြုပွဲကိုတော့ စီစဉ်ပြုလုပ်ကတ်တေ စာရေးဆရာအသင်းနဲ့ စာပေအင်အားစုရို့က အသင်းသူအသင်းသားတိအပါအဝင် အဆိုပါမြို့နယ်အတွင်းက စာပီကို စိတ်ဝင်စားသူတိက တက်ရောက်ခကတ်ပါရေ။

 440 total views,  1 views today