Arakan Yoma |

သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေကို အမြန်ဆုံးပြဋ္ဌာန်းပီးဖို့ (၇) ကြိမ်မြောက်ပြုလုပ်တေ တိုင်းရင်းမီဒီယာညီလာခံက ကြေညာချက်တစ်ရပ်ထုတ်ပြန် တောင်းဆိုလိုက်ပါရေ။

(၇) ကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကို ဘီအန်အိုင်ဘက်စုံမီဒီယာအဖွဲ့က ကြီးမှူးပြီးကေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စက်တင်ဘာလ ၁၆ ရက်ကနိ ၁၈ ရက်နိထိ ၃ ရက်တာ ကျင်းပခစွာလေ့ ဖြစ်ပါရေ။

ယင်းညီလာခံမှာ သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေကို အမြန်ဆုံးပြဋ္ဌာန်းပီးရမယ်ဆိုရေ အဆိုပါတောင်းဆိုချက်အပါအဝင် စုစုပေါင်း ၇ ချက်ပါဝင်ပါရေ။

ယင်းအချက်တိကတော့ မီဒီယာဥပဒေ၊ နည်းဥပဒေတိကို တိုင်းရင်းသားဘာသာနဲ့ ဘာသာပြန်ဆိုထုတ်ဝေဖို့၊ မီဒီယာကို ပံ့ပိုးသူတိနီနဲ့လေ့ ဘတ်ဂျတ်နဲ့ လိုအပ်တေ နည်းပညာတိကို ဆက်လက်ထောက်ပံ့ကတ်ဖို့၊ အစိုးရအနီနဲ့ အကြီးစားဖွံ့ဖြိုးရေး စီမံကိန်းနဲ့ ပတ်သတ်တေ မူဝါဒတိကို မီဒီယာအပါအဝင် ပြည်သူတိကို ပွင့်လင်းမြင်သာမှုရှိစွာနဲ့ ချပြဖို့၊ ၂၀၂၀ ရွေးကောက်ပွဲမှာ သတင်းထောက် တိကို နယ်မြေကန့်သတ်မထားဘဲနဲ့ သတင်းရယူခွင့်ပီးဖို့ စရေအချက်တိလေ့ပါဝင်စွာ တွိရပါရေ။

ညီလာခံကိုတော့ ပြည်နယ်တစ်ခုချင်းစီက တိုင်းရင်းမီဒီယာအပါအဝင် မြန်မာတစ်နိုင်ငံလုံးက သတင်းမီဒီယာသမားတိ၊ သတင်းစာ ဆရာ တိ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်တွေနဲ့ သတင်းနဲ့ သက်ဆိုင်သူတိက တက်ရောက်ဆွေးနွေးခကတ်စွာလည်း ဖြစ်ပါရေ။

တိုင်းရင်းမီဒီယာညီလာခံကို ၂၀၁၃ ခုနှစ်ကပင် မွန်ပြည်နယ်မှာ စတင်ကျင်းပခပြီးကေ နှစ်တစ်နှစ်စီမှာ ပြည်နယ်တစ်ခု ချင်းစီအလိုက် ကျင်းပနီစွာဖြစ်ပနာ သတင်းနဲ့ သက်ဆိုင်ရေ မူဝါဒတိ၊ လိုအပ်ချက်တိကို တင်ပြတောင်းဆိုနီကတ်စွာ ဖြစ်ပါရေ။ ဒေနှစ်မှာ အလှည့်ကျ ခရေပြည်နယ်ကတော့ ကချင်ပြည်နယ် ဖြစ်ပါရေ။

 423 total views,  1 views today