Htoo | Arakan Yoma

ဗုဒ္ဒဘုရားရှင် သက်တော်ထင်ရှား ရှိခစိုင်က တာဝတိံသာနတ်ပြည်မှာ  ၃ လတိုင်တိုင်သီတင်းသုံးခရေ ဝါတွင်းကာလ နောက်ဆုံးလ ဖြစ်တေ ဝါကျွတ်လက ဗုဒ္ဒဘာသာဝင်တိအတွက် အထွဋ်အမြတ်လတိထဲကတစ်လ ဖြစ်ပါတယ်။ ယင်းနိရေ အဘိဓမ္မာအခါတော်နိ လေ့ ဖြစ်ပါရေ။

ဒေပိုင်ရက်ကြီးနိကြီးမှာတော့ ဗုဒ္ဒဘာသာဝင်တိုင်းက ကုသိုလ်ယူလိရှိကတ်ပါရေ။ ကုသိုလ်ယူရေအချိန်မှာလည်း နေရာဒေသအလိုက် မြို့၊ ရွာအလိုက် ကွဲပြားလေ့ရှိပါရေ။ ရခိုင်ပြည်နယ်အတွင်းမှာတော့ ဆွမ်းတော်ကြီးလောင်းပွဲနဲ့ မီးထွန်းပွဲတော်လုပ်တေဓလေ့တိက ထင် ရှားပါရေ။ မထင်မရှားကေလည်း ကကောင်း ချစ်စရာကောင်းရေ ဓလေ့တိနဲ့ ကုသိုလ်ယူကတ်တေ ဒေသတိလည်း ရှိပါရေ။

အခုတင်ပြဖို့ ဓလေ့တိရေ တောဓလေ့၊ တောသဘာဝဖြစ်ပြီးကေ ယင်းနိမှာ သက်ကြီးရွယ်အိုတိက ဇာလုပ်ကတ်တေ။ လူလတ်ပိုင်းနဲ့ အ ချေတိက ဇာလုပ်ကတ်တယ်။ ဇာပိုင်ဓလေ့စရိုက်တိရှိရေ။ ကုသိုလ်ယူပြီးချိန်မှာ ဇာပိုင် ပျော်ပွဲရွှင်ပွဲတိထည့်သွင်းကျင်းပကတတ်တေ။ စ သဖြင့် ချစ်ဖို့ကောင်းရေ ဓလေ့တိအကြောင်း ပြောပြပီးပါမယ်။

တောရွာမှာ နီထိုင်သူတိရေ ဝါကျွတ်လပြည့် မရောက်ခင် တစ်ရက်အလိုကနီ အလုပ်တိကို လက်စသတ်ထားကတ်ပြီးကေ ဝါကျွတ်လ ပြည့်နိကို ရောက်တေအခါမှာ ဘုရားကျောင်းကန်လားပြီးကေ ကုသိုလ်ယူလေ့ ရှိကတ်ပါရေ။ ဝါကျွတ်လပြည့်နိ မိုးထပိုင်းမှာကျေး ရွာအတွင်းက ရှိရှိသမျှသက်ကြီးရွယ်အိုတိ အားလုံးက ရွာဦးဘုန်းတော်ကြီးကျောင်းကို သီလဆောက်တည်၊ ကုသိုလ်ယူဖို့လားကတ်ပါ ရေ။ နေအိမ်အတွင်းမှာတော့ သား၊ သမီး၊ မြေး၊ မြစ်တိက ဥပုသ်သီလဆောက်တည်ဖို့ လားခကတ်တေ အဖနဲ့ အမိ၊ အဘိုးနဲ့ အဘောင်ရို့အတွက် တစ်အိမ်တစ်အုပ်ကျ ဆွမ်းချက်ခကတ်ရပါရေ။

ချက်ပြုတ်ပြီးရေခါ နိခင်းဆွမ်းသုံးချိန်အမှီ ဆွမ်းလာကပ်ရပြီးကေ မိမိနီအိမ်က ဘုန်းကြီးကျောင်းကို တစ်ယောက်လားရေဆိုကေ ဆွမ်း တစ်အုပ်၊ ၂ ယောက်လားရေကေရင် ဆွမ်း ၂ အုပ် ယင်းပိုင် ကပ်ကတ်ရပါရေ။ ဥပုသ်သည်တိအတွက်လာကပ်တေ ဆွမ်းကို ရွာထဲက လူပျိုအပျိုတိက ကျောင်းထက်မှာဗျာလ် သိမ်းဆည်းထားလိုက်ကတ်ပြီးကေ ဥပုသ်သည်မတိအတွက် ဆွမ်းချိုင့်ကိုတော့ သူရို့နီထိုင်ရေ  ကျောင်းသင်္ခန်းကို ယူလားကတ်ရပါရေ။

အသက် ၄၀ ကျော်အရွယ် ဒေါ်သန်းနုက အခုပိုင် ပြောပြပါရေ။

“ကျောင်းကို လားကတ်တယ်။ ကျောင်းကိုရောက်ကေ ၈ ပါးသီလယူရေ။ ဥပုသ်သည်မအခန်း သီးသန့်ဟိမ့်ရေ။ အမျိုးသားတိအတွက်ဆိုကေ ကျောင်းထက်မှာပေါ့။ သီလယူပြီးကတ်ကေ တရားထိုင်ထိုင် ပုတီးစိပ်စိပ် ယပိုင်နီကတ်တယ်။ ဆွမ်းသုံးချိန်ကျကေတော့ ဥပုသ်သည်မတိကိုဆိုကေ သင်္ခန်းမှာ လားကပ်ရရေ။ အမိဆိုအမိ၊ အဘောင်ဆိုအဘောင်ပေါ့။ ယောက်ျားမှာဆိုကေလေ့ အဖဆိုအဖ၊ အဖိုးဆိုအဖိုး ယပိုင်ကပ်တယ်။ ဆွမ်းသုံးချိန်ကျကေ ဟိုဥပုသ်သည်ပါးက တစ်ဇွန်း၊ ဒေဥပုသ်သည်ပါးက တစ်ဇွန်းယူပြီးကေ ဆွမ်းကပ်တယ်။ ဥပုသ်သည်မတိမှာဆိုလည်း ဒေအတိုင်းယာ။”

ဆွမ်းကပ်တေခါ အထူးသဖြင့် အချေတိ လာရောက်ကပ်လေ့ရှိကတ်ပြီးကေ အချေမရှိရေ အိမ်တိကမှ အိမ်မှာ ကျန်ခရေ လူကြီး၊ လူလတ်ပိုင်းတိက ကပ်ကတ်ပါရေ။ ဥပုသ်သည်၊ ဥပုသ်သည်မတိက ဆွမ်းလာကပ်တေလူတိအတွက် ငွေအကြွေတိဖျက်ပြီးကေ အသင့်ပြင်ဆင်ထားပနာ (အထူးသဖြင့် ကလေးငယ်တိအတွက်) မုန့်ဖိုးအဖြစ် ပီးကမ်းလေ့ရှိကတ်ပါရေ။

“ဆွမ်းလာကပ်တေအချေတိကို အဘောင်မတိကဖြစ်ဖြစ်၊ အမိတိကဖြစ်ဖြစ် ရှေ့လာခိုးကေ ယင်းခါကဆိုရင် ဖဲသာ ၅၀၊ ၁၀၀ ယပိုင်ပီးကတ်တယ်။ မုန့်ဖိုး စရိတ်ပေါ့လေ။ ဆိုကေ ဆွမ်ချိုင့်ချေနဲ့ ပြန်ယူလာကတ်တယ်။ ဆွမ်းသုံးလို့ပြီးစွာနဲ့ တစ်ခါပြန် ရှေ့ခိုးပြီး ကေ အားလုံးသိမ်းလို့ ဆင်းလာကတ်တယ်။”

ဆွမ်းလားကပ်လို့ အပြန်လမ်းမှာတော့ ချိုင့်ထဲပါလာရေ ဆွမ်းလက်ကျန်တိကို သစ်ရိပ်၊ ဝါးရိပ်မှာခိုပြီးကေ အချေအငယ်တိက အုပ်စုဖွဲ့ ဝိုင်းဝန်းစားသုံးကတ်စွာကလည်း ပျော်စရာတစ်ခုပါ။ နိခင်းပိုင်းလောက်ကျရင်ကေ ဘုန်းကြီးကျောင်းကို ရောက်ရှိနီကတ်တေ ဥပုသ်သည်ကြီးငယ်ရို့ သီလဆောက်တည် တရားထိုင်နဲ့ ကျောင်းမှာဗျာလ် တစ်နီကုန် အချိန်ဖြုန်းကတ်ပါရေ။

ညနီပိုင်းရောက်တေအချိန်မှာလည်း တစ်ချို့က ကျောင်းမှာဗျာလ် ညအိပ်လေ့ရှိကတ်တေပိုင် တစ်ချို့ကတော့ အိမ်ပြန်အိပ်ကတ်ပါရေ။ သူရို့တိအတွက် ညအိပ်ဖို့ ပဆိုးတိ၊ ခေါင်းအုံးနဲ့ လိုအပ်တေ ပစ္စည်းပစ္စယတိကိုလည်း အိမ်မှာကျန်ခရေ သား၊ သမီး၊ မြေး၊ မြစ်တိကလား ပို့ကတ်ရပြန်ပါရေ။

ဒေပိုင်နဲ့ဗျာလ် နိလယ်ဘက်ရောက်လာခါ တရားထိုင်သူထိုင် ပုတီးစိပ်သူစိပ် ကိုယ့်အယူဆနဲ့ ကိုယ့်အယူဆနီကတ်တယ်။ ညနေဖက် ၃၊ ၄ နာရီလောက်ဆိုရင် ဆရာတော်က ၈ ပါးသီလထပ်ပီးရေ။ တရားနာရေ။ ပြီးကေ ကျောင်းမှာနီကတ်တယ်။ ကျွန်းမှာဆိုကေ ကျောင်းမှာ အိပ်ကတ်စွာပဲလေ။ မြို့မှာပိုင် မဟုတ်။ ဒေမှာကတော့ ကျောင်းလားကေ လိုအပ်တေ ပုဆိုးတိယူလားကတ်တယ်။ ယူမလားရေ လူတိမှာ လေ့ အချေတိက အချိုဘူးရို့၊ ဘာရို့နဲ့အတူ လားပို့ရရေလို့လည်း ဒေါ်သန်းနုက ပြောပါရေ။

ဒေချင့်ကတော့ လပြည့်နိတစ်နိတည်းမှာ ပြုလုပ်ကတ်စွာပါ။ လပြည့်ကျော် ၁ ရက်နိမှာတော့ ဒေထက်မက များပြားရေ ဓလေ့တိ ကျန်ပါ သိရေ။ တောဓလေ့၊ သဘာဝအရတော့ လပြည့်နိကို သက်ကြီးရွယ်အိုတိအတွက်လို့ ဆိုနိုင်ပြီး လပြည့်ကျော် ၁ ရက်နိကတော့ လူပျို၊ အပျိုတိအတွက်လို့ပြောကေတောင် မမှားနိုင်ပါ။ ဇာလို့လဲဆိုကေ ယင်းနိမှာ ကာလသားတိက ရွာထဲလားပြီးကေ အသံချဲ့စက် တိနဲ့ အော်ပြီးကေ ဒေသအခေါ်အရ အုပ်ပတ်(ကျောင်းတက်)ဖို့၊ ဆရာကန်တော့ဖို့အတွက် ပဒေသာပင်တိကို လိုက်လံဖြန့်ဝီရပါရေ။

“ဒေနိကျောင်းတက်ရဖို့နိလို့ဆိုကေ မိုးထပိုင်း နေ့လည်စာစားပြီးစွာနဲ့ ကျောင်းကိုတက်ရယာ။ ကျောင်းကိုတက်ပြီးစွာနဲ့ အုပ် (ပဒေသာ) ယူကတ်တယ်။ အရင်ကဆိုကေ အုပ်ယူရေ။ ကြက်လျှာကို သုံးရောင်ဆိုသုံးရောင်ယူပြီးကေ တစ်အုပ်စီမှာ တစ်ကိုက်ဆို တစ်ကိုက်၊ ကိုက်ခွဲဆိုကိုက်ခွဲ ခွဲပြီးကေ ဇရပ်မှာဖြစ်ဖြစ်၊ ကျောင်းသင်္ခန်းမှာဖြစ်ဖြစ် ကိုယ့်အုပ်ကိုကိုယ်လုပ်ရရေ။ နှီးကိုသုံးဆင့်ဝိုက်တယ်။ ဖဲသာတွဲဖို့အတွက်။ ပြီးကေ ကြက်လျှာကပ်လို့ ရှင်ပြုပွဲတိမှာပါရေ ပဒေသာပုံစံမျိုးပေါ့။”

ပဒေသာတိ ဖြန့်ဝေပြီးနောက်မှာတော့ ရွာထဲက ကွန်းတောင်ကိုင်၊ ပန်းတောင်ကိုင်ချေတိက အကြွေဖျက်ထားရေ ဖဲသာတိ၊ ကြက်လျှာ တိနဲ့ ပဒေသာပင်ကို အလှဆင်ကတ်တယ်လို့ ဆိုပါရေ။ နောက်ပြီးကေ ညနေပိုင်းမှာ အချိန်တစ်ခုသတ်မှတ်လိုက်ပြီးကေ ရွာဇရပ်မှာစုလို့ ကိုးကွယ်ရေ ဘုန်းကြီးကျောင်းကို စီတန်းလှည့်လည်လားကတ်ပါရေ။ ဒေပိုင် အခိုက်အတန့်တိကလေ့ အပျိုဘဝရဲ့ မမေ့နိုင်ရေ ပျော်ရွှင်မှု တိပါ။ သူရို့ ငယ်ငယ်က ပဒေသာပတ်ခရေ အကြောင်းကိုလေ့ ဝမ်းသာအားရနဲ့ ဒေါ်သန်းနုပိုင် အခုပိုင် ပြောပြပါရေ။

“ညသား ၄ နာရီဆိုကေ ကျောင်းတက်ဖို့လားကတ်ယာ။ ဆရာကန်တော့ဖို့ပေါ့။ အပျိုလူပျိုတိ အားလုံးက ဇရပ်မှာစုရေ။ စုလို့သင့်ကေ ရှေ့ကပဒေသာဆိုကေ အညွှန့်အုပ်၊ ပြီးကေ တန်းစီလို့ ကြီးစဉ်ငယ်လျောက်တန်းလို့ ဆရာကန်တော့ကတ်တယ်။ အကျွန်ရို့ အငယ်ကဆိုကေ ကကောင်းပျော်ဖို့ကောင်းရေ။ ယင်းခါက သဲခုံနဲ့ ဂြင်းချောင်းနဲ့ တစ်ရွာတည်း။ ဂြင်းချောင်းပြီးကေ သစ်ခေါင်း တော၊ ယာတိုက်၊ မင်းတဲ၊ ချောင်းဝ ၅ ရွာမှာ။ တစ်ဖွဲ့က ချောင်းဝက။ နောက်တစ်ဖွဲ့က တစ်ခြားရွာကဆိုရင် စကားပုံမှာ အကျွန်ရို့ရွာသား မြန်လားရေဆိုကေ အကျွန်ရို့ရွာသား အရင်ပတ်ရရေ။ အားလုံးတန်းစီပြီးကေ တရွာပြီးတစ်ရွာ ပတ်ကတ်တယ်။”

ဘုန်းကြီးကျောင်းတစ်ကျောင်းတည်းကို တစ်ရွာတည်းက ကိုးကွယ်ရေဆိုကေ ပြဿနာမရှိကေလေ့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း တည်းကို ၃၊ ၄၊ ၅ ရွာလောက်က ကိုးကွယ်ဗျာလ်ဆိုရင်ကေတော့ ပဒေသာပတ်ဖို့ ရွာအလှည့်ကျစောင့်ဆိုင်းရပါရေ။

စောင်းဆိုင်းပြီးလို့ ဆီမီးပူဇော်၊ ဘုန်းတော်ကြီးကျောင်းထက်တက်ပြီးကေတော့ ဆရာကန်တော့ပြီး အိမ်ပြန်ကတ်ပါဗျာလ်။

“အရင်ဆုံးရောက်လားရေ ရွာသားဆိုကေ လူပျိုတိက နောက်ကနီ တပျင်းကပြီး လိုက်ကတ်တေ။ တီးဝိုင်းတိနဲ့။ လောစပီ ကာခေတ်ဖြစ်လို့ ဆောင်းတိလည်း မပေါ်သိမ့်။ (လော်စပီကာ) ကလဝတွေနဲ့ပေါ့။ နောက်ကျရေ ရွာသားဆိုကေ နီဝင်လားရေ။ ကနီ ကတ်လို့ တိုးမရွှိလိုက်ယာ။ ၄၊ ၅ ရွာဆိုကေတော့ နီဝင်လားလို့ တစ်ရွာကိုတစ်ရွာတောင် စိတ်ဆိုးကတ်သိရေ။ ကျောင်းထက်တက် တရားနာရေ။ ဆရာကန်တော့ပြီးကေတော့ အိမ်ပြန်ကတ်ယာပေါ့။”

ပဒေသာလှည့်လည်ပတ်ကတ်တေခါလည်း ရွာမှာရှိနီယင့်သားနဲ့ အပျိုဖြစ်ဖြစ်၊ လူပျိုဖြစ်ဖြစ် မလိုက်၊ မလာဆိုရင် သူရို့ကို ဒဏ်ခတ်တေ စနစ်တိလည်း ရှိပါရေ။

“ဒဏ်ကြေးသတ်တယ်ဆိုစွာက ကိုယ့်ရွာမှာ ဝါကျွတ်နီရေ။ သင်္ကြန်ကျနီရေဆိုကေ အပျိုတိကတော့ ကောင်းမလား။ လူ ပျိုတိက တစ်ခြားရွာတိကို ပတ်ပြီးလားနီကတ်တယ်။ ယင်းရွာမှာ ပျော်မြူးပြီးကေ လားနီရေဆိုကေ သူ့သူငယ်ချင်းနဲ့ သူ့ပေါ့လေ။ ပျော် ပျော်ပါးပါး ထမင်းချက်စားပြီးကေ နီကတ်တယ်။ ကျောင်းတက်ဖို့နိရာ မရောက်လာဆိုကေ လူပျို၊ အပျိုကို သူရို့ထည့်ဝင်ထားရေ စရိုက်ကို ပြန်ပီးလိုက်တယ်။ သူရို့ကို အရာမသွင်းယာ။ ဇာပိုင်ဆိုရဖို့လဲ။ ပါမဝင်လိုက်ယာ။”

ယကေလေ့ တစ်ချို့ကတော့ စီးပွားရေးအရသော်လည်းကောင်း၊ လူမှုရေးအရသော်လည်းကောင်း တစ်ခြားတစ်နီတစ်ကျေးကို ရောက်နီ ရေဆိုကေတော့ အလှူငွေဖြစ်ဖြစ် ထည့်ဝင်လိုက်ရုံနဲ့ ရရေလို့ ဆိုပါရေ။ ဒေပိုင် ပဒေသာလှည့်ရေ ကိစ္စအပြီးမှာတော့ အိမ်ပြန်ကတ်ပြီး ကေ  ရွာထဲက လူကြီးသူမတိကို ပစ္စည်းတိနဲ့ ဖြစ်ဖြစ်၊ လက်ဗလာနဲ့ ဖြစ်ဖြစ် လိုက်လံကန်တော့ကတ်ပါသိမ့်ရေ။

ဒေပိုင်ကန်တော့ကေတော့ တစ်ချို့လူကြီးတိကလည်း စားစရာပစ္စည်းဖြစ်ဖြစ်၊ ငွေပဲဖြစ်ဖြစ် အပြန်အလှန်အနီနဲ့ ပြန်လည်ပီးကမ်းလေ့ရှိ ကတ်ပြီးကေ ကန်တော့လို့ ရရေငွေနဲ့ ထည့်ဝင်ကတ်တေ ငွေနဲ့ ပျော်ကောင်းပျော်ဖွယ် ထမင်းပေါင်းချက်စားကတ်တယ်လို့ ဆိုပါရေ။

ဗုဒ္ဒဘာသာဝင်တိကတော့ ဝါတွင်းကာလမှာ အိမ်ထောင်ပြုရေ အယူတိကို လက်ခံလေ့ မရှိကတ်ပါ။ ယင်းကြောင့် ဝါတွင်းကာလ နောက်ဆုံးနိဖြစ်တေ သီတင်းကျွတ်ပွဲတော်ပြီးချိန်မှာတော့ ချစ်သူစုံတွဲတိအတွက် လက်ထက်ဖို့ အချိန်ကောင်းပါပဲ။

“တရားတိဘာတိ နာပြီးကေ ဆင်းလာကတ်ယာ။ ဝါကျွတ်ဗျာလ်လေ။ ဝါကျွတ်ကေ လူပျိုမှာလည်း ခိုးချင်သူကိုခိုး။ အပျိုမှာလည်း လိုက်ချင်သူနဲ့လိုက်။ ယင်းခေတ်က ယပိုင်ဗျာလ်။ ဝါမကျွတ်ဘဲ မယူရ။”

 532 total views,  1 views today