Arakan Yoma |

သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေကို အမြန်ဆုံးပြဋ္ဌာန်းပေးဖို့ (၇) ကြိမ်မြောက်ပြုလုပ်တဲ့ တိုင်းရင်းမီဒီယာညီလာခံက ကြေညာချက်တစ်ရပ်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

(၇) ကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကို ဘီအန်အိုင်ဘက်စုံမီဒီယာအဖွဲ့က ကြီးမှူးပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှာ စက်တင်ဘာလ ၁၆ ရက်ကနေ ၁၈ ရက်နေ့ထိ ၃ ရက်တာ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီညီလာခံမှာ သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေကို အမြန်ဆုံးပြဋ္ဌာန်းပေးရမယ်ဆိုတဲ့ အဆိုပါတောင်းဆိုချက်အပါ အဝင် စုစုပေါင်း ၇ ချက်ပါဝင်ပါတယ်။

အဲဒီအချက်တွေကတော့ မီဒီယာဥပဒေ၊ နည်းဥပဒေတွေကို တိုင်းရင်းသားဘာသာနဲ့ ဘာသာပြန်ဆိုထုတ်ဝေဖို့၊ မီဒီယာကို ပံ့ပိုးသူတွေနေနဲ့လည်း ဘတ်ဂျတ်နဲ့ လိုအပ်တဲ့ နည်းပညာတွေကို ဆက်လက်ထောက်ပံ့ကြဖို့၊ အစိုးရအနေနဲ့ အကြီးစားဖွံ့ ဖြိုးရေး စီမံကိန်းနဲ့ ပတ်သတ်တဲ့ မူဝါဒတွေကို မီဒီယာအပါအဝင် ပြည်သူတွေကို ပွင့်လင်းမြင်သာမှုရှိစွာနဲ့ ချပြဖို့၊ ၂၀၂၀ ရွေး ကောက်ပွဲမှာ သတင်းထောက်တွေကို နယ်မြေကန့်သတ်မထားဘဲနဲ့ သတင်းရယူခွင့်ပေးဖို့ စတဲ့အချက်တွေလည်းပါဝင်တာ တွေ့ရပါတယ်။

ညီလာခံကိုတော့ ပြည်နယ်တစ်ခုချင်းစီက တိုင်းရင်းမီဒီယာအပါအဝင် မြန်မာတစ်နိုင်ငံလုံးက သတင်းမီဒီယာသမားတွေ၊ သတင်းစာဆရာတွေ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်တွေနဲ့ သတင်းနဲ့ သက်ဆိုင်သူတွေက တက်ရောက်ဆွေးနွေး ခဲ့ကြတာလည်း ဖြစ်ပါတယ်။

တိုင်းရင်းမီဒီယာညီလာခံကို ၂၀၁၃ ခုနှစ်ကတည်းက မွန်ပြည်နယ်မှာ စတင်ကျင်းပခဲ့ပြီး နှစ်တစ်နှစ်စီမှာ ပြည်နယ်တစ်ခု ချင်းစီအလိုက်ကျင်းပနေတာဖြစ်ကာ သတင်းနဲ့ သက်ဆိုင်တဲ့ မူဝါဒတွေ၊ လိုအပ်ချက်တွေကို တင်ပြတောင်းဆိုနေကြတာ ဖြစ်ပါတယ်။ ဒီကနှစ်မှာ အလှည့်ကျခဲ့တဲ့ပြည်နယ်ကတော့ ကချင်ပြည်နယ်မှာ ဖြစ်ပါတယ်။

 420 total views,  1 views today