Arakan Yoma |

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲအဖွဲ့နဲ့ အာဆီယံ ၁၀ နိုင်ငံက သံတမန် တွေပါဝင်တဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ကနေ မောင်တောကို ပြန်ဝင်လာတဲ့ မူဆလင်တွေကို စက်တင် ဘာ ၁၁ ရက်နေ့က စစ်တွေမြို့က ပြည်နယ် အစိုးရဧည့်ဂေဟာမှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။

ပြန်လည်ဝင်ရောက်လာတဲ့ အဆိုပါ မူဆလင်တွေထဲ အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ပါဝင်ပါတယ်။

အဲဒီနေ့က တွေ့ဆုံစဉ်မှာတော့ သူတို့ မြန်မာနိုင်ငံဖက်ကို ဘာကြောင့်ပြန်ဝင်လာရပြီး ဘယ်လို အခက်ခဲတွေကို ရင်ဆိုင်နေကြရလဲ စတဲ့အကြောင်းအရာတွေကို မေးမြန်းခဲ့တယ်လို့ တွေ့ဆုံရာမှာ ပါဝင်သူတွေက ပြောပါတယ်။

ပြန်လည်ရောက်ရှိလာကြတဲ့ မူဆလင်တွေဟာ ယခင်က ရခိုင်ပြည်နယ်မှာ နေထိုင်ခဲ့သူတွေ ဖြစ်ကြပြီး လက်ရှိမှာတော့ တည်းခိုနေတဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းကနေ ဒီဖက်ကို သူတို့ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာကြတာလို့ သိရပါတယ်။

လက်ရှိမှာတော့ သူတို့ဟာ မောင်တောမြို့မှာပဲ ယာယီအဆောင် ငှားရမ်းနေထိုင်လျက်နေရှိကြပေမယ့် သူတို့တွေ့ဆုံခဲ့ကြတဲ့ ကုလနဲ့ အာဆီယံနိုင်ငံတွေက အကြီးအကဲတွေကတော့ အစစအရာရာကို စီစဉ်ပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲ အဖွဲ့ဝင်တွေနဲ့ အာဆီယံနိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖီလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ သံတမန်တွေပါဝင်တဲ့ အဖွဲ့ ဟာ မတွေ့ဆုံမီ ၁ ရက် အလိုမှာ မောင်တောကို သွားရောက်ဖို့ စီစဉ်ခဲ့ပေမယ့် ရာသီဥတုအခြေအနေကြောင့်အစီစဉ်ကို ဖျက်သိမ်းခဲ့ရပါ တယ်။

 476 total views,  1 views today