Arakan Yoma |

ရခိုင်ပြည်နယ် စစ်တွေမြို့မဈေးကြီးတွင် ရောင်းချနေကြသည့် ပျံကျဈေးသည် ၅၀၀ ကျော်ခန့်ကို နေရာပြောင်းရွှေ့ပေးရန် မြို့နယ် စည် ပင်သာယာရေးအဖွဲ့က စီစဉ်နေသည်။

တစ်နှစ်ထက်တစ်နှစ် ပေါများလာသည့် လမ်းဘေးဈေးသည်များ၏ အခက်ခဲကို ဖြေရှင်းနိုင်ရန် ထိုသို့ စီစဉ်ရခြင်းဖြစ်ပြီး လက်ရှိတွင် ပြည် နယ် အစိုးရအဖွဲနှင့် ကိုရီးယားပိုင်ကုမ္ပဏီ BXT တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ထားသည့် စစ်တွေမြေထဲက ၂ ဧကကို အဆိုပါ ဈေး သည်တို့အတွက် လျာထားသည်ဟု စစ်တွေမြို့နယ်၊ စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးကျော်မိုးက ပြောသည်။

“ပျံကျဈေးရောင်းချတဲ့ သူတွေကို ရွှေ့ပြောင်းဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်ကတည်းက ဈေးသည်တွေက ဈေး တွင်းမှာ မဆံ့တဲ့အခါကျတော့ လမ်းပေါ်ထွက်ပြီးတော့ အဆင်ပြေသလို ရောင်းချရတဲ့အခါကျတော့ ဈေးအနီးအနားမှာ မြစ်ကမ်းဘေး မှာ နေရာချပေးဖို့ကိစ္စကို နဂိုကတည်းက စီစဉ်ခဲ့သလို အခုကတော့ မြေယာလည်း ဖော်ထုတ်ပြီးရရှိပြီဖြစ်တဲ့အတွက် ဒီနေရာမှာ ကျနော် တို့က စနစ်တကျနေရာချထားပေးလို့ရအောင် ဈေးသူဈေးသားတွေနဲ့ တွေ့ဆုံဆွေးနွေးထားပါတယ်”

စည်ပင်သာယာရေးအဖွဲ့၏ စာရင်းအရ စစ်တွေမြို့မဈေးကြီးတွင် ရောင်းချနေသည့် ပျံကျဈေးသည် ၅၀၀ ကျော်ခန့်ရှိနေပြီး ၎င်းတို့တွင် နေရာအတည်မရှိသည့်အတွက် လိုအပ်လျှင် ဘေးဖယ်ပေးရခြင်း၊ အချိန်ကန့်သတ်ခံရခြင်းစတဲ့ အခက်အခဲများကို နေ့စဉ်ရက်ဆက် ကြုံတွေ့နေရသလို တစ်ဖက်တွင် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြစ်ပေါ်နေသည်။

သို့ဖြစ်၍ ထိုသို့ပြောင်းရွှေ့ပေးမည့် အစီအစဉ်ကို သြဂုတ်လအတွင်းက စစ်တွေမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ဈေးသူ၊ ဈေးသားများနှင့် တွေ့ဆုံကာ တွေ့ဆုံမှုတစ်ရပ်လည်း ပြုလုပ်ထားပြီးဖြစ်သလို ထိုအစီအစဉ်မှာ ၎င်းတို့၏ အခက်ခဲများကို ဖြေရှင်းပေးနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သဖြင့် ကြိုဆိုသူများလည်း ရှိနေကြသည်။

ပျံကျဈေးသည် ဒေါ်ဖြူယိုင်ဦး “လူကြီးတွေ ခရီးစဉ်ရှိလို့လည်း ဖယ်ပေးရတယ်။ အပေါ်ကလူတွေလာမယ်။ ဘာဖြစ်တယ်။ ညာဖြစ်တယ်။ အခုချက်ချင်းဖယ်။ ခဏလေးကြာသွားရင် ဟိုဟာကောက်ယူသွားလိုက်၊ ဒီဟာကောက်ယူသွားလိုက် အဲလိုမျိုး အခက်ခဲတွေ ခဏခဏ ကြုံရတယ်။ အစောကြီး ကြိုတင်ပြောထားရင်တော့ တစ်မျိုးပေါ့။ မပြောတဲ့အခါကျတော့ အကုန်လုံးပါသွားရော။ အဲဒီလို အခက်ခဲတွေ ကြုံရတယ်။ ကိုယ့်မှာနေရာမရှိတာနဲ့ လမ်းဘေးရောင်းရတာ သိပ်အဆင်မပြေဘူး။ အဲလိုနေရာလေးတစ်ခုရမယ်ဆိုရင်တော့ ကောင်း တာပေါ့။”လို့ ဟု ပြောသည်။

သို့ရာတွင် အဆိုပါဈေးသည်ကို မည်သည့်အချိန်တွင် တည်ဆောက်ပြီး တစ်ဦးထံမှ အခကြေးငွေ မည်မျှကောက်ခံမယ်ဆိုသည်ကိုတော့ မသိရသေးပေ။

စစ်တွေမြို့မဈေးကြီးသည် ရခိုင်ပြည်နယ်၏ မြို့နယ် ၉ ခုခန့်မှ ဒေသခံများအတွက် အဓိကမှီခိုအားထားရသည့် ဈေးတစ်ခုဖြစ်ပြီး မြို့ ပေါ်ကမှသာမက နယ်ကလူများပါလာရောက် ရောင်းချနေကြသည့် ဈေးကြီးတစ်ခုလည်း ဖြစ်သည်။

 519 total views,  1 views today