ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်အတွင်းက ဆေးဝါးကုသဖို့ မတတ်နိုင်ရေလူတိကို အိမ်တိုင်ရာရောက် လားရောက်ပြီးကေ အခမဲ့ဆီးကုသပီးနီရေပိုင် တစ် ဖက်မှာလေ့ ဒုက္ခတွိနီရေလူတိ၊ ပညာသင်ဖို့ အခက်ခဲရှိနီရေ အချေတိကို အကူအညီပီးနီရေ ပရဟိတဆရာဝန်အမျိုးသမီးတစ်ယောက် အကြောင်းကို ပြောပြပီးချင်ပါရေ။

သူကတော့ ရန်ကုန်မှာမွီး၊ ရန်ကုန်မှာပဲကြီးပြင်းခရေ ရခိုင်အမျိုးသမီး ဒေါက်တာဒေါ်ကျော့သာစိန်ဖြစ်ပါရေ။ ၁၉၈၃ ခုနှစ်မှာ ဆရာဝန် ဘွဲ့ရရှိခပြီး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး အငြိမ်းစားတစ်ဦးဖြစ်တေပိုင် လက်ရှိမှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှာ Medical Doctor အဖြစ် ဝင်ရောက်လုပ်ကိုင်နီသူ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ရဲ့ တာဝန်ရှိသူ၊ အမျိုးသမီးတိအကြမ်းဖက်ခံရမှုတိကို တိုက်ဖျက်ပီးနီသူလေ့ ဖြစ်ပါရေ။

ဆရာဝန်ဖြစ်နီယာ ဆိုကေလေ့ သူ့အတွက် အကျိုးရှိဖို့ လမ်းကိုမရွေးချယ်ခဘဲ အများအတွက် အကျိုးရှိဖို့ ပရဟိတလမ်းကိုပဲ ရွေး ချယ်ခရေလို့ ဆိုပါရေ။ သူမဘဝမှာ ဇာကြောင့် ဒေပရဟိတလမ်းကို ရွေးချယ်ခစွာလဲ။ ဆရာဝန်တစ်ယောက်ဖြစ်လာဖို့ ဇာပိုင်ရုန်းကန် ကြိုးစားခရလဲ။ သူ့ကို ဒေပိုင်လုပ်ဖို့ ဇာအရာတိက တွန်းအားဖြစ်စီခလဲ။ ဇာအခက်အခဲတိကို ကျော်ဖြတ်နီရလေ စစော်တိကတော့ စိတ်ဝင်စားစရာပါ။

“ကြီးကြီးရို့ပိုင် မရှိဆင်းရဲရေ ဘဝကနီ ဆရာဝန်ဖြစ်လာကေ ရည်ရွယ်ချက် ၂ ခု ပြောင်းလားတတ်တယ်။ ငါဆင်းရဲရေ။ ငါချမ်းသာ အောင်လုပ်ရမယ်ဆိုရေစိတ်ဓာတ်။ နောက်တစ်ခုက ငါဆင်းရဲရေ။ ဆင်းရဲသားတိ ဖဲသာမရှိလို့ ဆီးမကုနိုင်ကတ်ကေ မသီရအောင် ဇာပိုင်လုပ်ဖို့လဲဆိုရေခံယူချက်။ ကြီးကြီးက ဒုတိယခံယူချက်မှာပါရေ။ ကြီးကြီးရေ ဆရာဝန်ဖြစ်စခါကပင် လုံးဝသံဓိဌာန် ချထားပြီးသားပါ။ လူနာတိကို ဆီးကုလို့ရရေ ဖဲသာနဲ့ တစ်ခါလေ့ချမ်းသာအောင် မလုပ်ဆိုရေခံယူချက်။ ယင်းခံယူချက်အတိုင်း ကြီးကြီးလျှောက်လှမ်းလာစွာ ဒေနိအထိ။”

မွီးချင်းမောင်နှမ ၉ ယောက်ထဲက ဒုတိယအကြီးဆုံးသမီးဖြစ်ပြီး သူမ ၃ တန်းအရွယ်ကပင် မိသားစုစီးပွားရေးအကျပ်အတည်းကြောင့် ကျောင်းထွက်ဖို့ တွန်းအားပီးခံခရလေ့ သူမ၏ ပြတ်သားလှရေ ခံယူချက်ကြောင့် အခက်ခဲမျိုးစုံကြားကနီ ဒေဘဝကိုရောက်အောင် ကြိုးပမ်းလာခစွာလို့ ဆရာမ ဒေါက်တာဒေါ်ကျော့သာစိန်က ပြောပြပါရေ။

“မေမေက ကြီးကြီး ၃ တန်းရောက်တေခါ ကျောင်းမတက်ကေ့ဖိ။ မောင်ချေ၊ ညမချေရို့ကို ထိန်းဆိုပြီးခိုင်းရေ။ ဆရာမကြီးက ပညာ ကကောင်းတတ်ချင်ရေ။ ယကေ မေမေကိုပြောရေ။ မေမေ။ အချေလေ့ထိန်းမယ်။ အဝတ်လေ့ဖွတ်မယ်။ အိမ်အလုပ်တိလေ့လုပ်ပါမယ်။ ကျောင်းတော့ကေ ထားပီးပါဆိုပြီးကေ ပြောခရေ။ ယပိုင်ဆိုလေ့ နီဖိဆိုပြီးကေ မေမေကပြောရေ။ ယင်းခါ မိုးထအစောကြီး ၄ နာရီကထ။ အိမ်အလုပ်တိ အားလုံးလုပ်။ ပြီးကေကျောင်းလားပေါ့။ အချေတိက တစ်နှစ်ခွဲတစ်ယောက်ဆိုခါ ထိန်းရစွာ အခက်ခဲရှိရေ။ ရှမ်းမချေတိပိုင် ပက်ခုံးမှာ တစ်ယောက်ချီလို့ ထမင်းချက်တယ်။ နောက်တစ်ယောက်ကို ယိုင်းမှာသိပ်တယ်။ ကြိုးကို ခြေထောက်မှာချိုင်ထားရရေ။ ငရုပ် သီးထောင်းရေ။ စာကျက်တယ်။ အချေငိုယာဆိုလို့ရှိကေ ခထောက်ချေနဲ့လွှဲ။ တေးခင်းဆိုပြီးကေ သိပ်တယ်။ တစ်ခါတစ်လီဆိုကေ ဆရာမကြီး စာအုပ်တိမှာ ငရုပ်သီးဖတ်တိ၊ ထမင်းရည်တိနဲ့ ညစ်ပတ်နီရေ။”

ယင်းပိုင်အခက်ခဲတိ့ကြားမှာ ရုန်းကန်ရင်းနဲ့ ၁၀ တန်းတက်ပြန်တေခါ၂ နှစ်ရှူခရေလို့ ဆိုပါရေ။ ယင်းတွက်နန့် နောက်တစ်နှစ်တက်ဖို့ မ ဖြစ်နိုင်ယာလို့ ညကျောင်းတက်ပြီးကေ ဆက်ဖြေဖို့ လုပ်နီတုန်းမှာပင် ဆရာတစ်ယောက်၏ အထောက်အပံ့နဲ့ တက်ခွင့်ရခရေလို့ ဆိုပါရေ။ ပထမ ၂ နှစ်စလုံးမှာ အင်္ဂလိပ်စာနဲ့ စာမေးပွဲရှူခကေလေ့ ခံယူချက်ပြင်းပြရေ သူမက အောင်ရေနှစ်မှာတော့ အင်္ဂ လိပ်စာ အပါအဝင် ဂုဏ်ထူး ၃ ဘာသာ အောင်အောင် ကြိုးစားခပါရေ။

 “ဒေပိုင်နဲ့ ၁၀ တန်းရောက်လာရေ။ ကြီးကြီးက ကျန်စွာတိတော်ကေလေ့ အင်္ဂလိပ်စာ ၃၅ မှတ်နဲ့ ၂ နှစ်ကျတယ်။ B နဲ့ရာ အောင်ရေ။ နောက်နှစ်ကျခါ ကျောင်းတက်လို့ မရယာ။ မေမေ သမီးညကျောင်းတော့ ဆက်တက်ချင်ရေ။ လူငယ်ရေးရာ ညကျောင်းတက်စွာ ဇာလောက်ဝီးလေဆိုကေ တပြင်းဝီးရေ။ ကြီးကြီးက စာဘလောက်လိုချင်လဲဆိုကေ တစ်လ ၆ ကျပ်ပီးစရာ ဖဲသာမရှိခ။ ဈီးဖိုးထဲက ၅ ပြားစီစုပြီးကေပီးရရေ။ အင်္ဂလိပ်စာညံ့လို့ ကျူရှင်တက်ချင်ရေ။ ကျူရှင်ဆရာက မီးတယ်။ ကျောင်းဆက်တက်ချင်လား။ တက်ချင်ကေ အင်္ဂလိပ်စာ D ထွက်အောင် လုပ်ပီးရဖို့။ အင်္ဂလိပ်စာ ညံ့ရေလူကို အင်္ဂလိပ်စာ D ထွက်အောင်လုပ်ဖို့ဆိုစွာ မလွယ်ဘူး။ ယကေလေ့ ဆရာကြီး အကျွန် ရအောင်လုပ်ဖို့ဆိုပနာကြိုးစားခရေ။ အောင်စာရင်းထွက်ခါ အင်္ဂလိပ်စာ၊ ဓာတုနဲ့ သင်္ချာ ၃ ခု ဂုဏ်ထူးထွက်တေ။ ယင်းနိက ဘဝမှာ အပျော်ရွှင်ဆုံးနိပေါ့။”

ဆယ်တန်းကို ဂုဏ်ထူး ၃ ခုနဲ့အောင်လို့ သူမလိုချင်ရေ ဖြစ်ချင်ရေ ဆရာဝန်ဖြစ်နိုင်ဖို့အတွက် ဆီးကျောင်းတက်ဖို့ အမှတ်မှီကေလေ့ ၇ နှစ်ကြာလီဖြတ်ပြီးကေ အိပ်ရာထဲလဲနီရေ ဖခင်နဲ့ သား၊ သမီး ၉ယောက်ကို ရှာကျွေးနီရရေ မိခင်ရို့ပါးက အထောက်အပံ့ရဖို့ဆိုစွာ မဖြစ်နိုင်ခပါ။

ယင်းပိုင်နဲ့ မောင်နှမတစ်စုအလုပ်လုပ်ကတ်ပြီးကေ ပိုချန်ရေ ငွေနဲ့ကျောင်းတက်ခလို့ နောက်ပိုင်းမှာတော့ကေ တစ်ချို့ ဆရာ၊ ဆရာမတိ ပါးက အကူအညီတိကို ရတစ်လှည့်၊ မရလှည့်တလှည့်နဲ့ ဆီးကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ ကျောင်းပြီးဆုံးခရေလို့ ဆိုပါရေ။

“ယင်းနောက်ပိုင်းမှာ အိမ်နားမှာ မြေပဲရုံ၊ နှမ်းမြစ်စက်ရုံရှိရေ။ ယင်းမှာ တစ်ညဥ့်လုံး မောင်နှမငါးယောက်လုံးလုပ်မှ ဖဲသာ ၃ ကျပ်ရရေ။ ယင်းဖဲသာကို မောင်နှမတိ ထမင်းစားဖို့ ၁ ကျပ်၊ အဖဆီးဖိုး ၁ ကျပ်နဲ့ အမကျောင်းတက်ဖို့ ၁ ကျပ်။ ယင်းနည်းနဲ့ ပထမနှစ်မှာနီခရေ။ ဒုတိယနှစ်ကျခါ အမသည် အင်္ဂလိပ်စာ အခြေခံမကောင်းလို့ Second B မှာ all round ထိရေ။ စတိုင်ပင်လည်း ပြုတ်လားခါ ကျောင်း လခပီးဖို့လေ့ ဖဲသာမရှိ။ သို့သော် အမက ကျောင်းဆက်တက်တယ်။ ဆရာ၊ ဆရာမတိကလေ့ ဒေနှစ်တစ်နှစ်ကျောင်းထွက်ပြီးကေ အပြင်မှာအလုပ်လုပ်လို့ ပြောရေ။ ယကေလေ့ မောင်ချေက အမ မထွက်ကေ့ဆက်တက်လို့ပြောရေ။”

ဒေပိုင်နဲ့ ၁၉၈၃ ခုနှစ်မှာ ဘွဲ့ရခဲ့ပါရေ။ ယကေလေ့ အလုပ်တန်းမဝင်ခပါ။ ဇာလို့လဲဆိုကေ အိပ်ရာထဲမှာလဲနီရေ လေဖြတ်ထားရေ အဖကို သူတတ်ထားရေ ပညာနဲ့ ထမဆုံး ပြုစုချင်ခစွာကြောင့်ပါ။ နောက်ပိုင်း အဖဆုံးပါးလားပြီးနောက်မှာမှ အလုပ်စဝင်ခရေလို့ ဆရာမက ပြောပြပါရေ။

အငယ်ချေခါကပင် ဆရာဝန်ဖြစ်တေအထိ ဘဝမှာ အခက်ခဲပေါင်းမျိုးစုံကို ကြုံဆုံလာခရရေ သူက နောက်ထပ်လောကမှာရှိနီရေ အချေတိကို သူ့ပိုင်မဖြစ်စီချင်ဆိုရေ စိတ်က သူ့မှာ အမြစ်တွယ်နီခပါရေ။ ယင်းကြောင့်လေ့ သူမဘဝ တိုးတက်ရာတိုးတက်ကြောင်းကို မလိုက်ဘဲ လူတိကို ဇာပိုင်အကူအညီပီးရဖို့လဲဆိုရေ ခံယူချက်က သူမဘဝ၏ အရိပ်တစ်ခုပိုင်ပါယာ။

လုပ်ရင်းကိုင်ရင်းနဲ့ သူမရေ မြန်မာနိုင်ငံမိခင်နဲ့ ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့အစည်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရို့ပိုင် အဖွဲ့အစည်းတိမှာ ပရဟိတဝင်ရောက်လုပ်ကိုင်ဖြစ်လာခပါရေ။

“ပရဟိတလုပ်ငန်းတိကို အဖွဲ့အစည်းတိနဲ့ ပေါင်းလုပ်ဖြစ်ခစွာ ကြာပါယာ။ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာ နိုင်ငံအမျိုးသမီးရေးရာအဖွဲ့အစည်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းရို့မှာလေ့ ဝင်လုပ်ခပါရေ။ ရောက်တေနေရာတိုင်းမှာ ပရဟိတ လုပ် လို့ ပရဟိတနဲ့ ပတ်သတ်လို့ အများကြီးဝါသနာပါခရေ။ ဘလောက်ထိ ဝါသနာပါလဲဆိုကေ ဆရာဝန်ဖြစ်စွာတောင်မှ ကျန်ရေ ဆရာဝန်တိပိုင် သမားတော်ရို့ဘာရို့ မလုပ်ပဲနဲ့ ကျောင်းကျန်းမာရေးဆရာဝန်အနေနဲ့ ၂၅ နှစ်လုပ်ခရေ။ ဇာဖြစ်လို့ လုပ်လေဆိုကေ Prevention’s better than cure (ကြိုတင်ကာကွယ်ခြင်းက ကုသမှုထက်ပိုကောင်း၏) ဆိုစွာရှိရေ။ ဒေအချေတိကို အငယ်ချေခါကပင် ကျန်းမာရေးအလေ့အထကောင်းတိလုပ်ပီးလိုက်ဖို့ဆိုလို့ရှိကေ ဒေအချေတိတိကတစ်ဆင့် လူကြီးတိပါးကိုပျံ့လားဖို့။ ပျံလားကေ ပြည်သူလူထုကြားထဲကို ရောက်လားဖို့။ ရောက်လားလို့ရှိကေ ရောဂါနဲ့ ပတ်သတ်လို့ သူရို့သိနိုင်ရေ။ ယင်းကြောင့် ကျောင်းကျန်းမာရေး ဆရာဝန်အဖြစ်လုပ်ခစွာ။”

ယင်းကတစ်ဆင့် စွန့်ပစ်အချေတိ၊ ကိုယ်ဝန်နဲ့ ကျန်ခရေ အမျိုးသမီးတိကို ကယ်တင်လာခရုံမကလို့ ကျန်းမာရေးချို့တဲ့ပြီးကေ ဆင်းရဲရေလူတိကို လားရောက်ဆီးကုစွာ၊ အချေဂေဟာပိုင်၊ ဘိုးဘွားရိပ်သာရို့ပိုင်၊ နောက်ပြီး ကျန်းမာရေးစောင်ရှောက်မှုကင်းမဲ့ရေ ကျေးလက်ဒေသတိပိုင် နေရာမျိုးတိအပြင် နောက်ဆုံးမတတ်နိုင်ရေ ကျောင်းသူ၊ ကျောင်းသားတိနဲ့ ဘိုးဘွားတိကို မိမိနီအိမ်မှာ ခေါ် တင်ထားစွာအထိကူညီကယ်တင်စွာတိ လုပ်ဆောင်လာခဗျာလ် ဖြစ်ပါရေ။

“စွန့်ပစ်ထားရေ အချေတိကို အမကယ်တင်လာရေ။ ပျဉ်းမနားမှာ ၂၂ ယောက်လောက် ကယ်တင်ခရရေ။ ယင်းထဲမှာတစ်ခါ တစ်ချို့က အချေမွီးရေ။ မထိန်းသိမ်းနိုင်ခ။ လွှင့်ပစ်ထားရေ။ ယင်းချင့်တိကို ကယ်တင်ခရေ။ ရင်ခွင့်မဲ့အချေတိ အများကြီးဖြစ်လာရေ။ တစ်ချို့ ကိုယ်ဝန်တိနဲ့ ကျန်ခရေ။ သူရို့မှာ ဒုက္ခရောက်တယ်။ ယင်းကိုယ်ဝန်သည်တိကို အိမ်ငှားပြီးကေထားရေ။ ထားပြီးကေ အချေတိကို မွီးခိုင်းရေ။ မွီးပြီးကေ အချေတိကို ပျဉ်းမနားမှာဆိုကေ Smart Town ၊ ရခိုင်မှာဆိုရင် ABC ရို့ကို ပို့လိုက်တယ်။”

ပြည်မဖက်မှာ ပရဟိတတိ နှစ်ပေါင်းများစွာ ပြုလုပ်ပြီးနောက်မှာတော့ သူမရေ မိဘရို့၏ မွေးရပ်မြေဖြစ်ပြီး အရင်က တစ်ခါလေ့ မရောက်ဖူးခရေ ရခိုင်ပြည်နယ်ကို လာရောက်ဖို့ ဆုံးဖြတ်ခရေလို့ ဆရာမက ပြောပြပါရေ။ ယင်းကြောင့် အစိုးရပါးက Volunteer တောင်းပြီးကေ စစ်တွေမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးအဖြစ်နဲ့ ရောက်ရှိခစွာဖြစ်ပါရေ။

“ကြီးကြီးက ရန်ကုန်မှာမွီး၊ ရန်ကုန်မှာကြီးရေ ရခိုင်လူမျိုးအစစ်ပါ။ သို့သော် ရခိုင်ပြည်ကို တစ်ခါလေ့ မရောက်ဖူးပါ။ ၂၀၁၂ – ၂၀၁၃ မှာ ပဋိပက္ခဖြစ်တေအခါမှာ ကိုယ့်ရဲ့လူမျိုးတိကို ကျန်ရေလူမျိုးတိက ဆီးကုပီးနီစွာကို ကြားသိရရေအတွက် ငါလေ့ရခိုင်လူမျိုးဖြစ်တယ်။ ယင်းကြောင့် ကိုယ့်ရခိုင်လူမျိုးတိကို ကိုယ်တတ်တေပညာနဲ့ ဆီးကုပီးမယ်ဆိုရေ ခံယူချက်နဲ့ အစိုးရပါးမှာ အကျွန်သည် Volunteer တောင်းပါရေ။ စစ်တွေမြို့နယ် TMO (မြို့နယ်ကျန်းမာရေးစီးမှူး) အဖြစ်နဲ့ ရောက်ရှိခပါရေ။ ကောင်းမကြာခင်မှာဗျာလ် ၂၀၁၄ ခု ၈ လပိုင်းမှာ အသက် ၆၀ ပြည့်လားပြီးကေ ပင်စင်ယူရရေပေါ့။ ပင်စင်ယူရကေလေ့ ဗမာပြည်ကို မပြန်သိဘဲနဲ့ ကိုယ်လူမျိုးတိအတွက် ငါလုပ်ဦးမယ်ဆိုရေ ခံယူချက်နဲ့ နီရေ။ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှာ ဝင်လုပ်တယ်။ ကျန်ရေအချိန်မှာ ပရဟိတလုပ်တယ်။”

သူမရဲ့ အနစ်နာ၊ စေတနာနဲ့ ဝါသနာ နာသုံးနာနဲ့ ပီးဆပ်ထားရေ ပီးဆပ်မှုတိကြောင့် ထိုက်တန်ရေဆုတစ်ဆုကို ဆွတ်ခူးနိုင်ဗျာလ်လည်း ဖြစ်ပါရေ။

“ရခိုင်ပြည်ကိုလာပြီးကေ ကြီးကြီးသည် ကယ်ဆယ်ရေးစခန်းတိမှာ ကိုယ့်စွာကိုယ် ဝါသနာပါလို့ လုပ်နီစွာ။ ယကေလေ့ လူကြီးတိက သတိထားမိရေအတွက်ကြောင့် ကြီးကြီးကို ၂၀၁၅ ခု၊ မြန်မာအမျိုးသမီးများနိမှာ ရခိုင်တစ်ပြည်နယ်လုံးအတွက် အမျိုးသမီးစွမ်းဆောင် ရှင်ဆုကိုပီးရေ။ ပီးရေခါ ဆုချီးမြှင့်မယ်။ ယင်းအချိန်က ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဒေါက်တာကြီး တိုက်လိုလား။ မြေလိုလား မီးရေ။ ကြီးကြီးက ပြောလိုက်တယ်။ ကြီးကြီးက ညကျောင်းကနေအောင်တာ။ အဲဒီအချိန်မှာ ရ ခိုင်မှာ ၁၀ တန်း ၂ နှစ်ကျ ၃ ထောင်ရှိ ရေ။ ယင်းကြောင့် ဦးမောင်မောင်အုန်းကို ပြောလိုက်ပါရေ။ အကျွန့်ကို တစ်ခုလေ့ မလုပ်ပီးပါကေ့။ ဆယ်တန်းအပြင်ရောက်နီရေ အချေတိကို စေတနာညကျောင်းဖွင့်ခွင့်ပီးပါလို့ တောင်းဆိုလိုက်စွာ။ ယကေ စေတနာညကျောင်းဖြစ်လာရေပေါ့။”

ယုံကြည်ရာ လျှောက်လှမ်းခဲ့တဲ့ သူမဘဝမှာ ဆူးငြှောင့်ခလုတ်တိ များစွာရှိနီကေလေ့ နောက်မဆုတ်ရေပိုင် ရှေ့ဆက်ပြီးကေ လုပ် ဆောင်နီဖို့သိလေ့ ဖြစ်ပါရေ။

 597 total views,  1 views today