Arakan Yoma |

ပြည်နယ်လူဦးရေ၏ ၅ ဒသမ ၃ ရာခိုင်နှုန်းစွာ မသန်စွမ်းတိဖြစ်နီရေ ရခိုင်ပြည်နယ်မှာ ပြီးခရေ ဇူလိုင်လ ၈ ရက်နိက စတင်ပြီးကေ ရခိုင်မသန်စွမ်းသူများအသင်းကို ဖွဲ့စည်းလိုက်ဗျာလ်ဖြစ်ပါရေ။

လက်ရှိဖွဲ့စည်းလိုက်တေ မသန်စွမ်းသူများအသင်းစွာ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၏ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယခင်က နိုင်ငံတော်အဆင့်မှာရာရှိခပြီးကေ မသန်စွမ်းသူများအခွင့်အရေးရဖို့ဆိုကေ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့်တိမှာပါရှိနီဖို့ လိုအပ်လာရေဆိုပနာ အခုပိုင် ဖွဲ့စည်းလိုက်ရစွာလို့ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် အလုပ်မှုဆောင်အဖွဲ့ဝင် ဦးညွန့်အောင် ပြောပါရေ။

“နိုင်ငံတော်အစိုးရက ၂၀၁၁ ခုနှစ်က ကုလသမဂ္ဂမသန်စွမ်းသူအခွင့်ရေးများသဘောတူစာချုပ်ကို  ပါဝင်လက်မှတ်ထိုးခရေ။ ထိုးပြီးရေခါ ၂၀၁၅ ခုနှစ်မှာ မသန်စွမ်းသူအခွင့်ရေးများဥပဒေကို ပြဌာန်းခစွာပေါ့။ ၂၀၁၇ ခုနှစ်ကျကေ မသန်စွမ်းသူများအခွင့်အရေးနဲ့ ပတ်သတ်ပြီးကေ နည်းဥပဒေတိပြဌာန်းရေ။ ပြီးကေ ဥပဒေပါအခွင့်အရေးတိကို ဖြည့်ဆည်းပီးဖို့ စောင့်ကြည့်ဖို့အတွက် ဒေမသန်စွမ်းသူအခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီပေါ့။ ဒုတိယသမ္မတတစ်ဦးဦးဆောင်ရေ ကော်မတီကိုဖွဲ့စည်းပီးခရေ။ တစ်ဖက်ကလည်း ကျနော်ရို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် မသန်စွမ်းသူအခွင့်ရေးများ ကော်မတီတိကို ဖွဲ့စည်းထားပြီးဗျာလ်။ တစ်ဖက်က ကျနော်ရို့ကျကေ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဆိုစွာ အဖွဲ့ဝင် ၂၁ ဦးနဲ့ နိုင်ငံတော်အဆင့်မှာယာ ရှိနီသိလို့ ကျနော်တို့ ဒေမသန်စွမ်းသူတိအားလုံးရဲ့ အခွင့်အရေးတိကို ပူးတွဲဆောင်ရွက်ဖို့အတွက် ဒေတိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်မှာလည်း မသန်စွမ်း အသင်းတိရှိနီဖို့ လိုလာရေအတွက် ကျနော်ရို့ ဖွဲ့စည်းရခြင်းဖြစ်ပါရေ။”

မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်အနီနဲ့ ရခိုင်ပြည်နယ်အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၀ ခုမှာ ဖွဲ့စည်းထားနိုင်ဗျာလ်ဖြစ်ပြီးကေ ဆက်လက်ဖွဲ့စည်းနိုင်ဖို့ ကြိုးပမ်းနီရေလို့ ဆိုပါရေ။ ရခိုင်ပြည်နယ်အတွင်း မသန်စွမ်းသူအသင်းကို ဖွဲ့စည်းရေအခါမှာကျကေ ခရိုင်တစ်ခု ချင်းစီက ကိုယ်စားလှယ် ၃ ဦးစီရွေးချယ်စွာဖြစ်ပြီး ယင်းကတစ်ဆင့် ပြည်နယ် ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနဲ့ ဘဏ္ဍာရေးမှူးစသဖြင့် မဲပီးရွေးချယ်ခကတ်စွာဖြစ်တယ်လို့ ဆိုပါရေ။

ပြည်နယ်အတွင်းက မသန်စွမ်းသူတိကတော့ အခုပိုင် အဖွဲ့စည်းဖွဲ့စည်းလိုက်စွာက သူရို့အတွက် အလားအလာကောင်းမွန်ရေ လုပ်ရပ်တစ်ခုလို့ ရှုမြင်ကတ်ပါရေ။

ရခိုင်ပြည်နယ်မသန်စွမ်းသူများအသင်း ဒုဥက္ကဌတာဝန်ပီးအပ်ခံထားရရေ ကိုတင်အောင်မိုးက “အစကဆိုကေ ကျနော်က MINI ပေါ့။ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ကနီပြီးကေ ၂၀၁၃ ခုနှစ်ကတည်းနေပြီး ပုဏားကျွန်းရုံးခွဲအနေနဲ့ တာဝန်ထမ်းဆောင်လာစွာပါ။ ကျနော်တို့ MINI ရှိဖို့။ ရွှေမင်းသားရှိဖို့။ ယပိုင်အဖွဲ့အစည်းတိက အများကြီးရှိပြီးကေ ပေါင်းစပ်မှုမရှိ။ အခုက ခေါင်းဆောင်ကြီးတိကို အားလုံး ပေါင်းစပ်ပစ်တေပိုင် ဖြစ်လားရေဆိုတော့ နောင်တစ်ချိန်မှာ ဒေရွေးကောက်ပွဲသက်တမ်းတိမှာဆိုကေ ဒေထက်ကောင်းမွန်အောင်လုပ်နိုင်ဖို့။ မသန်စွမ်းသူတိကိုလည်း ဒေထက်လက်ရှိထက် ပိုပြီးလုပ်နိုင်မယ်ဆိုစွာ ကျနော်ရို့က အကျိုးအမြတ်ရဖို့လို့ ထင်ပါရေ။”လို့ ပြောပါရေ။

လက်ရှိမှာ မသန်စွမ်းအရေးလူပ်ရှားသူတိ၊ အဖွဲ့အစည်းတိအားကောင်းလာဗျာလ်ဆိုကေလည်း ရခိုင်ပြည်နယ်မှာတော့ တစ်ချို့မြို့နယ်တိမှာရာ အားကောင်းနီပြီးကေ မြို့နယ်အများစုမှာ အားနည်းနီသိရေလို့လည်း မသန်စွမ်းတိက ထောက်ပြကတ်ပါရေ။

ရခိုင်ပြည်နယ်မသန်းစွမ်းသူများအသင်းကိုတော့ ဇူလိုင်လ ၈ ရက်နိက ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခိုင်သဇင်ခန်းမမှာ ဖွဲ့စည်းခကတ်ပြီးကေ ယင်းအခမ်းအနားကို ဦးဆောင်ဖွဲ့စည်းရေ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်အဖွဲ့ဝင်တိအပါအဝင် ရခိုင်ပြည်နယ်အတွင်းက မသန်စွမ်းသူတိလည်း တက်ရောက်ခကတ်ပါရေ။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူထားချက်အရတော့ ရခိုင်ပြည်နယ်အတွင်းမှာ ကိုယ်မသန်စွမ်းသူ ၄၉၉၈၀ ဦး၊ အကြားမသန် စွမ်းသူ ၄၀၆၆၀ ဦး၊ အမြင်အာရုံမသန်စွမ်းသူ ၆၅၅၇၆ ဦးနဲ့ ဥာဏ်ရည်မသန်စွမ်းသူ ၅၄၅၅၀ ဦးရှိပြီးကေ ပြည်နယ်၏ ၅ ဒသမ ၃ ရာခိုင်နှုန်းစွာ မသန်စွမ်းတိ ဖြစ်တယ်လို့ သိရပါရေ။

 408 total views,  1 views today