Arakan Yoma |

မြန်မာနိုင်ငံ၏ ပထမဆုံး ဧကရာဇ်နိုင်ငံ တည်ထောင်ရာ မြို့တော်ဖြစ်တေ ပုဂံ (ခေါ်) တမ္ပဒီပရေ မြန်မာရို့အတွက် အမျိုးသားရေး လက္ခဏာတစ်ရပ်ဖြစ်တေပိုင် ကမ္ဘာ့ခရီးသွားရို့၏ စိတ်ဝင်စားမှုကို ရရှိထားရေ နေရာတစ်ခုဖြစ်ပါရေ။ ၎င်းကို ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်နိမှာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခပါရေ။ ၉ ရာစုနှောင်းပိုင်း တည်ထောင်ခရေ ၎င်းထက်စော၍ ၄ ရာစုကပင် စတင်တည်ရှိခရေ ရှေးဟောင်းမြို့တစ်ခုမှာမူ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရဖို့ ကြိုးစားဆဲ ရုန်းကန်နီရဆဲဖြစ်ပါရေ။

ယင်းမြို့ရေ မြောက်ဦးဖြစ်ပါရေ။

မြောက်ဦးစွာ မြန်မာနိုင်ငံ၏ အနောက်ဖက်မှာ တည်ရှိပြီးကေ ရခိုင်ပြည်နယ်၏ မြောက်အရပ်၌ တည်ရှိရေ ရှေးဟောင်းမြို့တော်ဖြစ်ပါ။ မြောက်ဦးမှာ ဝေသာလီ စင်္ဒြမင်းဆက်စွာ ၄ ရာစုနှစ်က စပြီးအုပ်စိုးခရေလို့သမိုင်းများအရ သိရပါရေ။ ယင်းမြို့မှာရှိရေ ရှစ်သောင်းဘုရားမှာ တွေ့ရရေ ခရစ် ၈ ရာစုဦးက အာနန္ဒစင်္ဒြကျောက်စာအရ ထိုမင်းဆက်၏ အစမှာ ဒေဝစင်္ဒြလို့ သိရပါရေ။

သက္ကရာဇ် ၁၄၁၃ မှာ ရခိုင်ဘုရင် မင်းစောမွန်က ရခိုင်နိုင်ငံတော်၏ မြို့တော်အဖြစ် တည်ထောင်ခပြီးကေ ၁၇ ရာစုအလယ်မှာ ၎င်းမြို့တော်က ပေါ်တူဂီ၊ နယ်သာလန်၊ အင်းဝ၊ ပဲခူး၊ အာရေဗီးယား၊ ပါရှားနဲ့ အိန္ဒိယနိုင်ငံရို့နဲ့ ကူးသန်းရောင်းဝယ်ဖောက်ကားခပါရေ။ ဆန်စပါး၊ ခြေမျှင်၊ ပတ္တမြား၊ ဆင်၊ ကျေးကျွန်၊ မြင်း၊ ဆင်စွယ်၊ ဟင်းခတ်အမွီးအကြိုင်များကို ကူးသန်းခရေပိုင် တိုင်းတစ်ပါးသားတိကပါ အမှုထမ်းခကတ်တေလို့ သမိုင်းရို့က ဆိုပါရေ။

မြောက်ဦးခေတ်၏ အထွတ်အထိပ်ကာလရောက်ချိန်မှာ ဒါကာနဲ့ စစ်တကောင်းအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်၏ တစ်ဝက်၊ ယခု လက်ရှိ ရခိုင်ပြည်နယ်နဲ့ မြန်မာပြည် အောက်ပိုင်းတစ်ခွင်ထိ အာဏာစက်သက်ရောက်ခရေ အုပ်ချုပ်ရေးမြို့ဖြစ်ခပါရေ။ ယင်းခတ်မှာ ရခိုင်ဘုရင်ရို့က ရခိုင်စကားလုံး အာရဗီစကားလုံးနဲ့ ဘင်္ဂလီစကားလုံးတိပါဝင်ရေ ဒင်္ဂါးများကို ရိုက်နှိပ်သုံးစွဲခကတ်ပနာ မြောက်ဦးမှာ ဘုရားပုထိုးတိနဲ့ သာသနိက အဆောက်အဦများစွာ တည်ဆောက်ခကတ်ပါရေ။ ထင်ရှားရေ စေတီပုထိုးတိမှာ သျှစ်သောင်းပုထိုးတော်ကြီးဖစ်ပြီးကေ ဆင်းတုတော် ၈၀၀၀၀ တည်ထားပါရေ။ ထုက္ကံသိမ်နဲ့ ကိုးသောင်းပုထိုးတော်ကြီး၊ မာန်ငါးပါးစေတီပုထိုးတိရေ အခုထိတိုင် ကမ္ဘာ့ခရီးသွားရို့၏ စိတ်ဝင်စားမှုကို ရရှိနီဆဲဖြစ်ပါရေ။

ရှေးအခါက ရခိုင်မင်းအဆက်ဆက်ရို့ နန်းစိုက်ခရေမြို့တော်မှာ ယနိတိုင် တြွိ့မင်နိုင်သော ရှေးအတိတ်က ကောင်းစားခပုံရို့ကို သက်သေသမိုင်းအမွေတစ်ခုပိုင် ထင်ရှားရှိနီဆဲဖြစ်တေ ထိုဒေသကို ရခိုင်ရို့က ကမ္ဘာ့အမွီအနှစ်တစ်ခုအဖြစ် မှတ်တမ်းရှိစီချင်ကတ်ပါရေ။ သို့မှရာ ထိုသမိုင်းရို့ တည်တံ့နိုင်ဖို့လို့ သူရို့က ယုံကြည်ကတ်ပါရေ။

ယနိ မြောက်ဦးဖွဲ့စည်းပုံစွာ ယခင်နဲ့ကွာခြားမှုတစ်ချို့ရှိလာပါရေ။ ယခင်က မြောက်ဦးရေ ဆန်းကြယ်လှပါရေ။ မြို့မျက်နှာပြင်မှာ မြေညီမြေပြန့်မဟုတ်ဘဲ တောင်ကုန်း တောင်ပူစာတို့ဖြင့် သာယာလှပါရေ။ ဟံသာဝတီ နေပြည်တော်မှာ ရောက်ရှိနီခရေ ရခိုင်စာဆို ဥက္ကာပျံက ၎င်းဇာတိကို လွမ်းဆွတ်၍ မြောက်ဦးရွှေမြို့တော်၏ သာယာပုံကို တစ်ဆယ့်နှစ်ရာသီ ရတုမှာ ဖွဲ့ဆိုခပါရေ။

ယင်းဖွဲ့ဆိုပုံမှာ မြောက်ဦးရေ စစ်တွေမြို့၏ အထက်မိုင် ၅၀ ခန့်အကွာ ကုလားတန်မြစ် လက်တက်ဖြစ်တေ ရွှေနတ်ပြင်ချောင်းကမ်းထက်မှာ တည်ရှိပါရေ။ မြို့ဟောင်းကို သင်္ဘောဆိုက်ကပ်တေခါ သင်္ဘောဆိပ်မှာ မြို့နဲ့ အင်တန်ချေ ကွာဝီးလို့ သင်္ဘောဆိပ်ကတဆင့် မြို့တွင်းကို ကူးတို့နဲ့ ထပ်လို့ကူးရရေ။ ယင်းကတဆင့် မိုင်ဝက်ခန့် ကုန်းကြောင်း လားကေ ရောက်ရေ။ မြို့အနီအထားမှာ သဘာဝအားဖြင့် ချောင်းမြောင်းတိနဲ့ ရစ်သန်းနီလို့ လုံခြုံလှပါရေ။ မြို့တစ်ဖက်မှာ လွင်ပြင်ကြီးတိရှိလို့ လွင်ပြင်ကြီးကို ကျော်လွန်ရေခါ တောင်တန်းတောင်ရိုးတိ ပိတ်ဆီးကာရံလျက်ရှိရေ။ မြေပြန့်လွင်ပြင်မှာ စပါးစိုက်ပျိုးရေလို့ ဆိုရေ။

ယင်းလောက် သာယာလှပဖွယ် မြို့တော်မြောက်ဦးကို မင်းနေပြည်တော်အဖြစ် ဦးစွာတည်ထောင်ခသူမှာ ပဲဖြူမင်းဖြစ်တေ။ ၁၁၄၆ မှာ မြန်မာမင်းဘိုးတော်ဘုရားက သိမ်းယူပြီးနောက် ယင်းနှစ်ကစတင်ပနာ မြောက်ဦးမှာ မြို့ဝန်တိခန့်လို့ အုပ်စိုးစီလာခပါရေ။ ခရစ် ၁၈၂၄ မှာ ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်လာပြီး အင်္ဂလိပ်ရို့က စစ်တပ်တိကို ထိုမြို့၌ပင် နီရာချခပါရေ။ စစ်အပြီးတွင် စစ်တွေမြို့ကို မြို့တော်အဖြစ် ပြောင်းရွေ့လိုက်ကတ်ပါရေ။

ရခိုင်ရို့၏ အဖိုးအနဂ္ဂဖြစ်တေ မြောက်ဦးကို လက်ရှိမှာ ယူနက်စကိုအသိအမှတ်ပြုနိုင်ရေး သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနသည် လုပ်ငန်းတာဝန်တစ်ရပ်အနီနဲ့ ဆာင်ရွက်လျက်ရှိနီပါရေ။ ၂၀၁၄ ခုနှစ်မှာ ဗိဿနိုး၊ ဟန်လင်း၊ သရေခတ္တရာစရေ ပျူမြို့ဟောင်းသုံးမြို့ရို့ကို ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းဝင်နိုင်အောင် ဆောင်ရွက်ခပါရေ။ ပုဂံဒေသကို ၂၀၁၉ ဇူလိုင်မှာ စာရင်းဝင်စီခပါရေ။ ထိုအတိုင်းပင် မြောက်ဦးကိုလည်း ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရေး ယူနက်စကို၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အီတလီနိုင်ငံတိက နည်းပညာနဲ့ ပစ္စည်းအထောက်အပံ့တိကို ကူညီလျက်ရှိနီပြီးကေ ပြည်တွင်းပြည်ပ ပညာရှင်တိ၊ ဒေသတွင်းမှာရှိရေ ဌာနဆိုင်ရာတိ၊  ဒေသခံတိနဲ့လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါရေ။

ထိုသို့ ဆောင်ရွက်ရာတွင် လက်ရှိ၌ အဆိုပြုစာ (မူကြမ်း) လုပ်ငန်းမှာ ၇၀ ရာခိုင်နှုန်းထား ပြီးစီးနီယာလို့ မြောက်ဦးမြို့နယ် ရှေးဟောင်းသုတေသနဌာနက သိရပါရေ။ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်အဆိုပြုစာတွဲ (မူကြမ်း) တင်သွင်းနိုင်ရေးနဲ့ ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံနိုင်ရေးအတွက် လုပ်ဆောင်နီကတ်စွာဖြစ်ပါရေ။

ယကေလည်း လတ်တလော ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နီရေ တိုက်ပွဲတိမှာ မြောက်ဦးမြို့ပေါ်နဲ့  ယဉ်ကျေးမှုနယ်မြေရှိ အဆောက်အဦတချို့တိပါ ထိခိုက်မှုရှိလာခဲ့မှုရို့ကြောင့် ထိုလုပ်ငန်း နှောင့်နှေးထိခိုက်မည်ကို စိုးရိမ်မှုလည်း ရှိနီကတ်ပါရေ။

ကမ္ဘာ့ယဉ်ကျေးမှု အမွီအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ခံရပါက နိုင်ငံတကာက ပညာရှင်တိနဲ့ ကျွမ်းကျင်သူတိ လာရောက်ဖို့ ဖြစ်တေအတွက် အဆိုပါဒေသက နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတိ၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတိ၊ ဒေသလူ့အဖွဲ့အစည်း၏ အလုပ်ကိုင်အခွင့်အလမ်းနဲ့ စီးပွားရေးရို့တိုးတက်လာဖို့ဖြစ်ပါရေ။

ယင်းတွက်ကြောင့် မြောက်ဦး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် UNESCO ဝင်နိုင်ရေးနဲ့ ပတ်သတ်ပြီးကေ မြောက်ဦးရှေးဟောင်း သုတေသနဦးစီးဌာနက ကော်မတီတိဖွဲ့ပနာ ယဉ်ကျေးမှုအမွီအနှစ်တိကို ထိန်းသိမ်းတတ်စီဖို့ ဒေသခံတိကို အသိပညာပီးဟောပြောခြင်းများ လစဉ် ပြုလုပ်လျှက်ရှိနီရေလို့ ရှေးသုက ဆိုပါရေ။

မူလက ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေးသိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) သို့ မူကြမ်းတင်သွင်းနိုင်ရေးကို ရည်မှန်းခကတ်ကေလည်း အကြောင်းကြောင်းကြောင့် နောက်ကျခလို့ ၂၀၁၉ စက်တင်ဘာလကို ရွေ့ဆိုင်းလိုက်ရခြင်းလည်း ဖြစ်ပါရေ။

၂၀၁၉ ခုနှစ် မတ်လ ဒုတိယသီတင်းပတ်က မြောက်ဦး ရှေးဟောင်းနယ်မြေထဲသို့ လက်နက်ကြီးကျည်များ ကျရောက်မှုမှာ သမိုင်းဝင်အဆောက်အဦတချို့အနီးက အဆောက်အဦများ ထိခိုက်မှုရှိခပါရေ။ ထိုသို့ တိုက်ပွဲများကြောင့် ယူနက်စကို တင်သွင်းရေးလုပ်ငန်းစဉ်များမှာ နှောင့်နှေးမှုများလည်း ရှိနရေီလို့ ရှေးသုက ဆိုပါရ။ယင့်းကြောင့် တိုက်ပွဲဖြစ်ပွားနီကတ်တေ နှစ်ဖက်လက်နက်ကိုင်တပ်တိအားလုံးကိုလည်း ယဉ်ကျေးမှုအမွေနှစ်ဇုန်ကို ရှောင်ရှားဖို့ ရှေးသုက မေတ္တာရပ်ခံထားရပါရေ။

အရာအားလုံးချောမွေ့ပြီးကေ မျှော်မှန်းထားရေအတိုင်းဖြစ်လာဖို့ ဆိုပါကေ ပုဂံဒေသရေ ကမ္ဘာ့အမွေအနှစ်ဖြစ်လာရေပိုင် ရခိုင်ရို့၏ မြောက်ဦးသည်လည်း ဖြစ်လာရဖို့ပင် ဖြစ်ပါရေ။

 522 total views,  1 views today