Arakan Yoma|

ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ စိမ်းလန်းစိုပြေရေးအတွက် အရပ်ဖက်အဖွဲ့တွေနဲ့ အစိုးရအဖွဲ့ဌာနဆိုင်ရာတွေဟာ ဇူလိုင်လ ၆ ရက်နေ့ မနက်ပိုင်းက အလုပ်ရုံဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲကို စစ်တွေမြို့ စိမ်းလန်းစိုပြေရေးအဖွဲ့ Green Network – Sittwe အဖွဲ့က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး သစ်ပင်တွေ စိုက် ပျိုးမယ့်နည်းလမ်းတွေ၊ ပတ်ဝန်းကျင်တွေ၊ စာသင်ကျောင်းတွေမှာ အမှိုက်တွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတဲ့အချက်တွေ ဆွေးနွေးကြတာလို့ အဆိုပါအဖွဲ့ဝင်တွေက ပြောပါတယ်။

“Green Network – Sittwe က လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကို ဌာနဆိုင်ရာတွေ၊ အရပ်ဖက်လူမှုအဖွဲ့တွေ စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ တွေ့ဆုံပြီးတော့ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းတွေကို ကျမတို့ ညှိနှိုင်းဆောင်ရွက်ဖို့ အတွက် လုပ်တာပါ။ နောက်တစ်ချက်ကကျ တော့ ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေမှာ အရပ်ဖက်အဖွဲ့တွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မယ် ဆိုတာကို ချပြတယ်ပေါ့။” လို့ အဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ ဒေါ်စောမြစန္ဒာက ပြောပါတယ်။

ဒါ့အပြင် Green Network – Sittwe အနေနဲ့ ရှေ့ဆက်ဆောင်ရွက်ရမယ့် အပိုင်းတွေမှာ တက်ရောက်လာကြတဲ့ အစိုးရ အဖွဲ့အပါအဝင် အရပ်ဖက်အဖွဲ့တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း အကြံပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

သစ်ပင်ကို လူတိုင်းလိုလိုက စိုက်ပျိုးကြပေမဲ့ သစ်ပင်ကို ရှင်သန်အောင်ကို ပြုလုပ်ရမယ်ဆိုတဲ့ အပိုင်းမှာ အားနည်းချက်ေ တွရှိနေတာနဲ့ ပတ်သတ်ပြီးတော့လည်း သူမက အခုလို အကြံပြုပြောဆိုပါတယ်။

“အပင်ကို ချစ်မြတ်နိုးသူတိုင်းက၊ ဌာနဆိုင်ရာ သို့မဟုတ် တစ်ခြားပုဂ္ဂလိက သို့မဟုတ် အသင်းအဖွဲ့ဆိုင်ရာေ တွကလည်း သစ်ပင်စိုက် တယ်။ သစ်ပင်စိုက်ကြမယ်။ လာကြမယ်။ လုပ်ကြမယ်။ အဲဒီလိုလည်းရှိတယ်။ ဆိုတော့ မည်သည့်အ ဖွဲ့အစည်းမဆို မည်သူမဆို သစ်ပင်စိုက်တာ တစ်ခုတည်း မဟုတ်ဘဲ သစ်ပင်ကို ရှင်သန်အောင် ပျိုးထောင်သင့်တယ်လို့တော့ ကျမက မြင်တယ်။”

စည်ပင်သာယာရေးဦးစီးဌာနရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ စစ်တွေမြို့မှာရှိတဲ့ ရပ်ကွက် ၃၃ ခုက ရပ်ကွက်အုပ်ချုပ်ရေးမှူ တွေ အပါ အဝင် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတွေကို သင်တန်းပေးသွားဖို့ ရှိနေပြီး အဲဒီကတစ်ဆင့် ဆင့်ပွား သင်တန်းတွေ ပေးသွားဖို့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် စစ်တွေမြို့မှာ သာမကဘဲ တစ်ခြား မြို့နယ်တွေမှာပါ ပြုလုပ်နိုင် အောင် ကြိုးပမ်းနေတယ်လို့လည်း ဆိုပါတယ်။

Green Network – Sittwe က ဦးဆောင်ပြုလုပ်တဲ့ အဆိုပါဆွေးနွေးပွဲကိုတောာ့ အဲဒီအဖွဲ့ဝင် တွေအပါအဝင် အရပ်ဖက်အဖွဲ့တွေ၊ အစိုးရ အဖွဲ့ဌာနဆိုင်ရာအဖွဲ့တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ် နိုးသူတွေ တက်ရောက် ဆွေနွေး အကြံပြုခဲ့ကြပါတယ်။

သတင်းဓာတ်ပုံ – ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးသူတွေ မှတ်တမ်းဓာတ်ပုံရိုက်ကူးစဉ် (ဓာတ်ပုံ – Green Network – Sittwe )

 386 total views,  1 views today