Arakan Yoma |

ဇွန်လ ၅ ရက်နီ့မှာ ကျရောက်ရေ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးအခမ်းအနားကို ရခိုင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဦးစီးပနာ စစ်တွေမြို့ရှိ ဦးဥတ္တမ ခန်းမမှာ ကျင်းပခကတ်ပါရေ။

ဆွီဒင်နိုင်ငံ၊ စတော့ဟုန်းမြို့မှာ ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့က UNICEF ကနေ ပထမဦးဆုံးကျင်းပပြုလုပ်ခရေ နိုင်ငံတကာအဆင့် ပတ် ဝန်းကျင်ထိန်းသိမ်းရေးညီလာခံ ကျင်းပနိုင်ခရေနိ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခကတ်ပနာ ၁၉၇၄ ခုနှစ်ကနိစလို့ ကျင်းပလာကတ်စွာပါ။ ရခိုင်ပြည်နယ် စစ်တွေမြို့အနေနန့်ကတော့ ၂၀၁၅ ခုနှစ်ကစပြီးမှရာ ကျင်းပလာစွာဖြစ်ပနာ ဒေခုနှစ်မှာ ဆိုကေ ငါးကြိမ်တိုင်ခဗျာလ်ဆိုရဖို့ဖြစ်ပါရေ။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တိုင်းထွာချက်တိ့အရ ရခိုင်ပြည်နယ် လေထုအရည်အသွေးစွာ တစ်ခြားရာသီတိမှာ ကောင်းမွန်ကေလေ့သင့် နွေရာသီရောက်တေ အချိန်တိ့မှာဆို ဝါးမှုန်စ၊ သဲမှုန်နဲ့ ကျောက်စမှုန်တိ့ပိုင် အမှုန်အမွှားတွေဟာ လေထုထဲမှာပါဝင်မှု မြင့်တက်နိစွာ တွီ့ရရေလို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးဇော်မိုး ပြောပါရေ။

လေထုညစ်ညမ်းမှုတိ့ကို လျှော့ချဖို့အတွက်ဆိုကေ အပင်တိ့စိုက်စွာ၊ ကိုယ်ပိုင်ကားနဲ့ ကိုယ်ပိုင်ဆိုင်ကယ်စီးစွာတိ့ကို လျှော့ချပြီး အများသုံး ဘစ်ကား၊ ရထားတွေကိုစီးတာ၊ စက်ဘီးစီးစွာ မလိုအပ်ကေ လမ်းလျှောက်လားစွာမျိုးတိ့ကို ပြုလုပ်သင့်ရေလို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက အကြံပြုပါရေ။

ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ အစီရင်ခံစာအရ လေထုညစ်ညမ်းမှုတွေကြောင့် မြန်မာနိုင်ငံမှာ  နှစ်စဉ်လူပေါင်း ၂၂၀၀၀ ခန့်သေဆုံးနေပြီး ယင်းထဲ ကလေးငယ်သေဆုံးမှုရဲ့ ၆၀ ရာခိုင်နှုန်းလောက်ဟာ အိမ်တွင်းညစ်ညမ်းမှုတွေကြောင့် ဖြစ်တယ်လို့ သိရပါရေ။

 416 total views,  2 views today