ရိုးမရေဒီယိုမဂ္ဂဇင်း |

ဒေတစ်ခါ တင်ပြပီးလားဖို့စွာကတော့ သဘာဝမြစ်ရေနန့် လယ်ကွင်းကို အဓိက အသုံးပြုပနာ လုပ်ကိုင်ရရေ ရခိုင်ပြည်နယ်ထဲက တစ်ပိုင်တစ်နိုင် လုပ်ငန်းအငယ်ချေတစ်ခုအကြောင်း ဖြစ်ပါရေ။ ယင်းလုပ်ငန်းစွာ နီရောင်ခြည်ယ် ရှရှိမှုအပေါ် မူတည်ပနာ လုပ်ကိုင်ရရေ လုပ်ငန်းလည်းဖြစ်ပါရေ။ ယင်းချင့်ကတော့ လူသူအလုပ်နည်းရေ ဆားကြမ်းထုတ်လုပ်ငန်းဖြစ်ပါရေ။

ရခိုင်ဒေသစွာ သဘာဝမြစ်ငံရေနန့် လယ်ကွင်းတိ့ ပေါများပါရေ။ ယေလေ့သင့် ဆားလုပ်ငန်းကို အဓိကထားပနာ လုပ်ကိုင်လေ့ မရှိကတ်ပါ။ အရင်က ဆိုကေ လုပ်ကိုင်သူများပြားခကတ်ကေလေ့သင့် လက်ရှိမှာဆိုကေ ဆားကြမ်းထုတ်လုပ်သူ မရှိသလောက် နည်းပါး ရှားပါးလားဗျာလ်ဖြစ်ပါရေ။ ရှားပါးလာရေ အကြောင်းအရင်းကလည်း အများကြီး ရှိလောက်ပါရေ။

ဆားကြမ်းထုတ်လုပ်သူ ရှားပါးလာရေအကြောင်းနန့် ဆားကြမ်းဖြစ်လာဖို့ ဇာတိ့ လုပ်ဆောင်ရလဲ။ ဇာတိ့ လိုအပ်ပနာ ဇာပိုင် ကြိုးစားအားထုတ်ကတ်ရလဲ။ ဇာရာသီ ဇာအချိန်တိ့မှာ ဆားလုပ်ဖို့ အချိန်ကောင်းလဲ။ ဆားလုပ်ငန်းခွင်မှာ လုပ်ကိုင်ကတ်သူတိ့ တစ်နိ့ ဝင်ငွေက ဇာလောက်လဲ။ စရေ အကြောင်းအရာတိ့ကို ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စပါးထားကျေးရွာက ဆားလုပ်ငန်းခွင်ကို လားပနာ ဖြေဆိုနိုင်သူနန့် မိန်းမြန်းတင်ဆက်ပီးလားဖို့ဖြစ်ပါရေ။

ယင်းလုပ်ငန်းခွင်စွာ တစ်ရွာလုံးမှာ တစ်ခုရာရှိပါရေ။ တစ်ပိုင်တစ်နိုင်လုပ်ငန်းဆိုလေ့သင့် ရွာအထဲက အလုပ်လက်မဲ့ ၃၀ လောက်ကို အလုပ်အကိုင်ပီးထားနိုင်ပါရေ။ ယင်းလုပ်ငန်းစွာ အရင်က လုပ်ခကတ်တေ နည်းလမ်းအတိုင်းရာ ဖြစ်ပနာ နည်းပညာအခက်အခဲရှိရေအတွက် လုပ်ငန်းရှင်အနေနန့်ရော အလုပ်သမားတိ့ပါ ကိုယ်ကာယာ အားစိုက်ပနာ လုပ်ကတ်ရပါရေ။

ယင်းဆားကြမ်းလုပ်ငန်းကို ဒေဂုနှစ်မှာမှ စပနာ လုပ်စွာပါ။ သူ့ အတွေ့အကြုံနန့် ဆားကြမ်းထုတ်လုပ်သူရို့ ဇာကြောင့်နမ့် ရှားပါးလာရလဲဆိုစွာကို လုပ်ငန်းရှင်ဖြစ်တေ အသက် ၃၉ နှစ်အရွယ် ဦးထွန်းအေးက ရှင်းပြစွာကို သောတရှင်တိ့ နားထောင်နိုင်ဖို့ တင်ဆက်ပီးလိုက်ပါရေ။

“ကျွန်တော်ရို့ ဆားလုပ်ငန်းမှာ အဆင်မပြေဆိုစွာက ဒေချင့်က ကုန်ချောထုတ်လုပ်ငန်းမဟုတ်ပါ။ ကုန်ကြမ်းရာဖြစ်တေ။ အောက်ခြေလုပ်ငန်းလို့ ဆိုရဖို့ပ။ ကုန်ကြမ်းတစ်ပိဿာကို ၁၄၀ နန့် တစ်ကြိမ် ရောင်းလိုက်ရရေ။ နောက် ဆားတိ့ ထွက်လာရေအခါ ၁၃၀၊ ၁၂၀ ဖြစ်လားရေ ဈီး။ ကျပ် ၁၁၀ လောက်ကို ဈီးက မငြိမ်။ ကုန်ကြမ်းလုပ်ငန်းကပေါ့။ ကျွန်တော်တို့ သိရှိသလောက်ဆိုကေ အထက်မှာ ကုန်ချော ဆားချော တစ်ပိဿာ၊ ကြိတ်ဆားပေါ့ တစ်ပိဿာကို ကျပ် ၃၀၀ ကျစီ ပိဿာ ၂၀ တစ်အိတ်ကို ၆၀၀၀ နမ့် ရောင်းရေ။ ကျွန်တော်ရို့ကတော့ ကုန်ကြမ်းက။ တွက်ချက်ကြည့်လိုက်တေအခါ  အဓိက အခက်အခဲက ဆား ထွက်ဖို့ သဘာဝကောင်းပနာ ကျွန်တော်ရို့ကလည်း အနည်းဆုံး ဆားလုပ်ငန်းသမားတိ့ ဝန်ထမ်းစရိတ်တိ့နန့် ဆိုကေ ကျပ် ၁၅၀ ပတ်ချာလည်လောက်ကို မရဘဲ ဆားလုပ်ငန်းသမားတိ့ အကျိုးခံစားခွင့် ရဖို့မဟုတ်။ ကျွန်တော်လဲ ဒေနှစ်မှ စလုပ်ခါစ ဆိုခါ တွက်ချက်ကြည့်လိုက်တေအခါ ကွင်းတစ်က်မှာ လုပ်ဖို့ ဆားကွင်းထဲမှာ တစ်ဧကကို ဥပမာ ငါးလခြောက်လ လုပ်ဖို့ ဒေလူတစ်ယောက်။ ခု ယောင်္ကျားတစ်ောက်ကို ကျပ် ၆၀၀၀ ဈေးနှုန်း။ မိန်းမတစ်ယောက်ကို ၃၅၀၀။ ခု ဆိုကေ ၄၀၀ ဖြစ်လားယာ။ သူရို့အတွက်လည်း ၄၀၀၀ ဆိုလို့ရှိကေ အေချင့်စွာ အလုပ်သမား အခွင့်အရေးနဲ့ ရစွာမဟုတ်။ မလုပ်မဖြစ် သူရို့ လုပ်ရတာတစ်ခုပဲ ဖြစ်တေ။ ဆားလုပ်ငန်းကလည်း ကကောင်းပင်ပန်းရေ။ စက်ကိရိယာနန့် လုပ်စွာလည်း မဟုတ်လေ။ လက်နန့် တုံးကို လှိမ့်ရေ။ ပြီးကေ ယချင့်ကို ကောက်တယ်။ စက်မှု ကိရိယာနန့် လုပ်ရစွာ မဟုတ်။ ယေကြောင့်လည်း ဝန်ထမ်းတိ့ ပိုပင်ပန်းကတ်ရရေ။ ယေကြောင့်လည်း ၄၀၀၀ လောက်ကို ပီးရရေ။ ဆိုခါ စရိတ်ကို တွက်ကြည့်လိုက်ကေ ကွင်းတစ်ကွင်း။ ဥပမာ တစ်ဧက အရေအတွက်ကို လုပ်တေအခါ တစ်ဧက ဥပမာ ထွက်လို့ ရှိကေ ၁၇၀၀၀ လောက် ထွက်တယ်။ ဆားပိဿာ။ ယင်းမှာ လူတစ်ယောက် လုပ်လိုက်ကေ တစ်ဧကမှာ လူတစ်ယောက်လုပ်လို့တောင်မရ။ ဆိုခါ ယင်းလူတစ်ယောက်ကို တစ်လမှာ တစ်သိန်းခွဲ၊ ဥပမာ တစ်သိန်းခုနှစ်သောင်း။ နှစ်သိန်းပေါ့။ ဥပမာ။ဆို ခါ တွက်ကြည့်လိုက်တေအခါ တစ်ဆယ့်နှစ်သိန်း။ ဆားတစ်ရာသီမှာ။ ဝန်ထမ်းနန့် ကွင်းမှာ လုပ်တေ အားလုံးကို ကိုက်ကြည့်လိုက်တေအခါ ဆားတစ်ပိဿာကို ၇၀ လောက် ပေါက်နီယာ။ တစ်ခါ သယ်ယူပို့ဆောင်ရေး။ စက်လှေ ဘုတ်တိ့နန့် တင်ခ။ ယေခါ တစ်ပိဿာကို ၁၅ ကျပ်လောက် ပေါက်ပြန်ရေ။ ခုပိုင်အခက်ခဲဖြစ်နီရစွာကလေ့ စက်ကို ဒီဇယ်စက် ရေနံစက်နန့် မောင်းရဆိုခါ တစ်ဧက ရေတက်ဖို့ အနှုန်းနန့်ဆိုကေလေ့ ဆီ နှစ်လီတာ သုံးလီတာလောက် မောင်းရရေ။ ဆယ်ဧကဆိုကေ ဂါလံအရေအတွက် ငါးဂါလံ ခြောက်ဂါလံ။ အေချင့်အားလုံးကို စစ်တွေတစ်ရောက် ပို့စရိတ်နန့်ပါတွက်ကေ ဆားတစ်ပိဿာကို ကျပ် ၁၀၀ ၊ ၁၁၀ ပေါက်နီယာ။ စစ်တွေကုန်ကြမ်းဈီးကနီ ကျပ် ၁၄၀ တစ်ကြိမ်၊ ၁၃၀ တစ်ကြိမ် ယင်းပိုင် မတည်မငြိမ်ရှိကေ ဆားလုပ်သားတိ့ အကျိုးခံစားမှု မရှိရာ။ အဓိက အခက်ခဲချင့်။ ပြီးကေ ကျွန်တော်ရို့က အောက်ခြေသိမ်းကို လုပ်ရစွာ။ ငွေပိုငွေလျှံလို့မဟုတ်။ ချေးငှားပနာ။ ၁၀၀ ကို ၆ ကျပ်တိုး ၊ ၅ ကျပ်တိုးနန့်။ အတိုးပါအရင်းပါ ပေါင်းကေ ဒေနှစ်မှာ ၁၁၀ လောက်၊ ၁၁၅ လောက်မှာ တင်ကျန်ရစ်တယ်။ ခုပိုင် ဈေးကွက်နန့်ဆိုကေ ဆားလုပ်ငန်းအတွက်အကျိုးမရှိလေ။ ကျွန်တော်ရို့က ကို်ယ်ပိုင်ကွင်းနဲ့ဆိုဖိ့။ ကိုယ်ပိုင်ကွင်းနန့်  လုပ်စွာတောင် အကျိုးမရှိဆိုကေ ကွင်းငှားပနာ လုပ်ဖို့လူက မရှိသလောက်ဖြစ်လားကတ်ဖို့ယာပေါ့။ ငွေရေးကြေးရေလေ့ အမှန်မရ ဈေးကွက်အရ။ တကယ်လို့ အစိုးရ ဘဏ်တိုးစနစ်နဲ့ ရဖို့ဆိုကေ တစ်ပိဿာကို ကျပ် ၁၀၀ နဲ့ ၂၀ လောက်ဆိုကေတောင်မှ လုပ်ဖို့ ကျွန်တော်ရို့ အနည်းဆုံး ၁၀ ရာခိုင်နှုန်းလောက် အကျိုးခံစားရနိုင်ပါရေ။

 405 total views,  1 views today