ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဆောင်းရာသီကုန်လို့ နွီဦးပေါက်ဗျလ်ဆိုစွာနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နဲ့ ၅ မိုင်လောက်အကွာအဝေးမှာ တည်ရှိရေ ကျောင်း တိုက်ရွာသားတိက စပါးတိ ရိတ်သိမ်းပြီးလို့ နောက်လုပ်ငန်းခွင်တစ်ခုကို ပြောင်းရွှိလုပ်ကိုင်ဖို့ ပြင်ဆင်နီကတ်ပါဗျာလ်။

ဒေပိုင် နိရက်တိမှာ ကျောင်းတိုက်ရွာသားတိစွာ ရွာတည်နေရာ အနေအထားရပါ ရာသီ၏ အနေအထားအရကိုပါ လိုက်ပြီးကေ ရာသီပေါ် လုပ်ငန်းတချို့ကို လုပ်ကိုင်လိ ရှိတတ်ကတ်ပါရေ။ ယင်းအထဲက ရွာ၏တစ်ပိုင်တစ်နိုင်လုပ်ငန်းအဖြစ် ဘိုးဘောင်စဉ်ဆက်မပြတ် လုပ်ကိုင် လာကတ်တေ ရီအုန်းလက် (ဗမာလို သက္ကယ်လက်) (တချို့ခေါ်ရီအုန်းလက်) ထိုးလုပ်ငန်းအကြောင်းကို တင်ပြပီးချင်ပါရေ။

ရီအုန်းဆိုစွာကတော့ကေ ချောင်းကမ်းစပ်တိမှာ ဒီရေတောတိနဲ့ ရောနှောပေါက်ရောက်လိရှိရေပိုင် လုပ်ငန်းအတွက် အသုံးဝင်ရေအတွက် စီးပွားအဖြစ် သီးသန့်စိုက်ပျိုးထားကတ်စွာလေ့ ရှိပါရေ။ များသောအားဖြင့်ကတော့ကေ ကျေးလက်တိမှာ အိမ်ခေါင်မိုး၊ ထရံကာ အစရှိရေ နီရာတိမှာ ရီအုန်းလက်ကို အသုံးပြုကတတ်စွာ ဖြစ်ပါရေ။

အုန်းတစ်ချပ်ဖြစ်လာဖို့စွာလေ့ လွယ်ကူရေ ကိစ္စတစ်ခုတော့ကေ မဟုတ်ပါ။ အဆင့်ဆင့် ပြုလုပ်ရသိမ့်ပါတယ်။ အပင်က ခွတ်လာရေ အလက်အတိုင်း အသုံးပြုလို့ မရပါ။ ပထမဦးဆုံး ရီအုန်းတောကိုလားပြီးကေ အပင်ကလှရေ အလက်တိကို ရွီးခုတ်၊ ပြီးကေမှ ဘေးနှစ်ဖက်မှာ ဖြာပြီးကေပါရေ အရွက်တိကို ဓါးနန့်သိုက်ချ အစည်းလိုက်စည်းပနာ ပိုးမကျအောင်အတွက် ဆားငံရီထဲမှာ ၁၅ ရက်လောက် စိမ်ထားရပါရေ။

“အုန်းလက်ခွတ်တေခါ လိုအပ်စွာကတော့ ဓါး။ ဓါးပပါးရရှည်။ အုန်းခွတ်တေအခါ အုန်းဘောင်ကို ခွတ်လိုက်စွာနဲ့ အောက်က အုန်း ဘောင်ခရင့်တိကို အုန်းခြီချပီးရရေ။ အုန်းခြီချပြီးမှ အုန်းပင်ကလှရေ။ ဘေးကားပြီးကေ အရွက်တိဝိုင်းလို့ ထွက်တေ။ အုန်းလက်ခွတ်ပြီး ကေ အုန်းသိုက်ရရေ။ ပြီးမှ အုန်းကြိုးစည်းဖို့အတွက် ကြိုးဆွဲရရေ။ ရီစိမ်ရေအခါမှာလေ့ အုန်းမိုးကို ပိုးပြီးကေ ရီထဲမှာစိမ်။ စိမ်ပြီးကေ ၁၅ ရက်လောက်ဆိုကေ ပြန်ဖော်။ ပြန်ဖော်ပြီးမှ ထိုးရပါရေ။”

ကျောင်းတိုက်ကျေးရွာသား ဦးအောင်နိုင်ထွန်းက အုန်းလက်တိကို ခွတ်ရင်းနဲ့ ပြုလုပ်ပုံတိကို ရှင်းပြစွာ ဖြစ်ပါရေ။

မိုးထဖက် အိပ်ရာကထစွာနဲ့ စလို့ ခွတ်လိရှိပြီးကေ နီပူရေအချိန် မွန်းတည့် ၁၁ နာရီလောက်ဆိုကေ တစ်ထောက်နားလိ ရှိကတ်ပါရေ။ ညပိုင်း နီအီးကေမှ ပြန်ခွတ်ကတ်စွာ ဖြစ်ပါရေ။ လူတစ်ယောက်စီက တစ်ရက်ခွတ်ကေ ဓနိချပ် ၃၀ ၊ ၄၀ ဝန်းကျင်ဖို့ ရနိုင်ပါရေ။

တောထဲလားပြီးကေ အုန်းခွတ်၊ ရေစိမ်စွာတိကိုတော့ အမျိုးသားတိကပဲ တာဝန်ယူကတ်စွာ ဖြစ်ပါရေ။ အမျိုးသမီးတိကကျကေ ဇာအပိုင်းတိကို တာဝန်ယူ လုပ်ဆောင်ကတ်ပါလေ။

အငယ်ချေကပင် အုန်းထိုးလာရေ အသက် (၈၄) နှစ်အရွယ် ဒေါ်အကီးမန်က “ထိုးဖို့အတွက် အုန်းတံဝယ်ရရေ။ ဝါးဝယ်ရရေ။ အုန်းတံသတ်ပြီးသားဝယ်ရရေ။ ပြီးကေ အုန်းလက်နဲ့ အုန်းတံနဲ့ ထိုးကတ်တေ။ အုန်းလက်တစ်လက်ဆိုကေ နှစ်ချပ်လောက်ရာရရေ။ တစ်ချပ်ဟာ ၃ တောင့်တထွာ(၃ ပေနီးပါး)။”လို့ အမျိုးသမီးတိ လုပ်ရရေ အပိုင်းတိကို ရှင်းပြပါရေ။

အုန်းအလက်ငယ် တစ်လက်စီကို သုံးပေနီးပါးရှိရေ ဝါး(အုန်းတံထိုးရန်ပြုလုပ်ပြီးသား)တံမှာ နှစ်ခေါက်ချိုးပြီးကေ ဆံ့သလောက် ထည့်ရပါရေ။ နှစ်ခေါက်ချိုးထားရေ အလက်တိကို ပူးကပ်ပြီးကေ ပြုတ်ကျမလားအောင် အုန်းလက်မှာပါရေ ဒုတ်ချေကို ချိုးပြီးကေ ညှပ်ရပါရေ။ အုန်းချပ်အဖြစ်ပြီးရေ အခါမှာတော့ကေ တစ်ပတ်လောက် နီပူလှမ်းရပါသိမ့်ရေ။

တပိုင်တနိုင် လုပ်ကိုင်လူတိရှိရေပိုင် အငှားလုပ်ကိုင်လူတိကလေ့ ရှိနီပါရေ။ အသက် ၇၀ ကျော်ရှိနေဗျာလ်ဖြစ်ပြီးကေ  အငယ်ချေကပင် အုန်းထိုးလုပ်ကိုင်လာရေ အဘောင် ဒေါ်အေးရီက “ကျသလောက်ပယေ။ တစ်ရက်မှာ အချပ် ငါးဆယ်ဆို၊ ငါးဆယ်။ သုံးဆယ်ဆို၊ သုံး ဆယ်။ အငှားထိုးစွာလေ။ သုံးဆယ်ကျလို့ရှိကေ ၁၂၀၀ ရာ တစ်ရက်ကို။ တစ်ရာကို ၄၀ ထောင်။ အုန်းထိုးရေ သက်တမ်းက ရင့်ဖို့နန့်ရာ ၄၊ ၅၊ ၆ ဆယ်တောင်ရှိနီယာ။ အခုတောင် ၇၀ ကျော်နီယာ။ မိသားစုကတော့ သားသမီ ၄ ယောက်။ ကိုယ် ၁ ယောက်။ ၅ ယောက်။ ယကေလေ့ အတူတူမနီ။ ကိုယ့်စွာနဲ့ကိုယ်နီရေ။”လို့ အုန်းတံထိုးနီတန်းလန်းနဲ့ ပြောပြပါရေ။

အုန်းထိုးရေ အမျိုးသမီးတိကတော့ကေ တစ်ရက်မှာ လက်မြန်ကေ မြန်ရေပိုင် ရနိုင်ပြီးကေ ပျှမ်းမျှကတော့ကေ အချပ် ၄၀ လောက် ရရေလို့ ဆိုပါရေ။ အုန်းတစ်ချပ်ကို ကျပ် ၄၀ နှုန်းနဲ့ ရစွာကြောင့် တစ်ရက်မှာ ၃၀ ပြီးရေ ဒေါ်အေးရီရို့ပိုင် အမျိုးသမီးတိဆိုကေ ဖဲသာ ၁၂၀၀ လောက်ရရေလို့လေ့ ဆိုပါရေ။

အုန်းအငှားခွတ်တေ ဦးသိန်းလွင်ကလေ့ “တစ်ဘုတ်ကို ၈၀၀ နှုန်းနဲ့ ခွတ်တေ။ မိုးထ ၁၀၊ ၉ ဘုတ်၊ ညနေ ၁၀၊ ၉ ဘုတ်လောက် ပြီးရေ။ တစ်ရက်မှာ ၂၀၊ အစိတ်လောက်ပြီးရေ။ ရက်တွက်မကိုက်ကေလေ့ ဒေအလုပ်ရာရှိရေခါ လုပ်ရရေပေါ့။ တစ်ဘုတ်မှာဆိုကေ အခက်ကြီး ၂၀ လောက်ပါတယ်။ တစ်နှစ်တလီ လိုက်ခွတ်တေ။ တစ်နှစ်တစ်လီဆိုလေ့ မခွတ်ဖြစ်။”လို့ ခွတ်ထားရေ အုန်းလက်တိကို သိုက်ယင်းနန့် ပြောပါရေ။

အမျိုးသားတိ အနီနဲ့ကတော့ကေ တစ်ရက်ခွတ်ကေ အုန်းလက် အခက် ၂၀ လောက်စီပါရေ အပုတ်တစ်ပုတ်စီကို ၈၀၀ လောက်ရပြီး တစ်ရက်အတွက် ဖဲသာ ၇၀၀၀၊ ၈၀၀၀ လောက် ရကတ်ပါရေ။ ယင်းပိုင် တောထဲမှာ အုန်းလက်ခွတ်နီကတ်ရင်းနဲ့ တစ်ခါတစ်လေမှာ ပိုးမွှားအန္တရာယ်တိ ကြုံရတတ်ပါရေ။

“ပင်တော့ ပင်ပန်းရေပေါ့။ ကိုယ်တိလက်တိနာရေပေါ့ တစ်ဖြည်းဖြည်း။ သူကလေ ခြုံထဲနဲ့ စီနီလို့ရှိကေ ခါချဉ် (ပုရွတ်စိတ်ကြီး) တွေ ကိုက်စွာ ခံရတယ်။ မြွေတွေ၊ ကင်းတိတော့ကေ မတွေ့ရပါ။”လို့ ဦးသိန်းလွင်က သူကြုံရတဲ့ အန္တရာယ်တွေကို ပြောပြပါရေ။

ကုန်ချောဖြစ်တေ အုန်းချပ်ဖြစ်အောင် ပြုလုပ်ပြီးရေ အခါမှာတော့ကေ အိမ်မိုးစွာ၊ ဝါးထရံကာစွတိလုပ်ဖို့ စတင်ကတ်ပါဗျာလ်။ တပိုင်တနိုင် လုပ်ကိုင်လူတိများရေအတွက် ပိုလျှံရေ အုန်းချပ်တိကို ရောင်းကတ်ပါရေ။ သီးသန့်ရောင်းချဖို့အတွက် လုပ်ကတ်တေလူတိလေ့ ရှိပါရေ။

ရောင်းဖို့ဆိုကေ အုန်းချပ် ၁၀၀၀ ကို ၁ သိန်း ၇ သောင်း လောက်ရကတ်ပါရေ။ ယကေလေ့ ယင်းအထဲမှာ ဝါးစရိတ်၊ လူငှားလို့ ရှိကေလေ့ အငှားစရိတ်တိ ပီးရရေအတွက် အဆင်မပြေရေခါတိလေ့ ရှိရေလို့ ဦးခင်မောင်စောက ပြောပါရေ။

“အဆင်ပြေလောက်တေ လုပ်ငန်း မဟုတ်ကေလေ့ ကိုယ့်မှာရှိနီရေ လုပ်ငန်းဆိုတော့ကေ လုပ်ကတ်တေလူတိချည်းပါယာ။ ဟိုး အရင်ကနီ အဆက်ဆက်လုပ်ကိုင်လာကတ်စွာဖြစ်လို့ အဆင်မပြေကေလေ့ လုပ်ရဖို့စွာယာ။ အဆင်ပြေကေလေ့ လုပ်ကတ်စွာယာ။ ဇာကြောင့်လဲဆိုကေ ကိုယ့်ပစ္စည်းရှိကေတော့ ဒေချင့်စွာတစ်ခုတစမှာ အစားထိုးဖို့အတွက် ငွေရရေဆိုရေ သဘောနဲ့ပဲ လုပ်ကတ်တေ။”

လက်ရှိအချိန်မှာတော့ကေ ရွာတွင်းလုပ်သားရှားပါးမှု၊ နောက်ပြီးကေ အုန်းမိုးထက်ဈေးသက်သာရေ သွပ်မိုးတိပေါ်လာစွာတိကြောင့် အုန်းဈီးကွက်ကတော့ အရင်ကပိုင် အခြေအနေ မကောင်းလိုက်ပါယာ။ ယကေလေ့သင့် ယင်းရွာစွာ ကမ္ဘာကျော် ကမ်းခြေတစ်ခုဖြစ်တေ ငပလီကမ်းခြေနဲ့ မနီးမဝီးမှာ တည်ရှိနီရေအတွက်ကြောင့် နိုင်ငံခြားသားတိကို ဆွဲဆောင်ဖို့ တဲချေတိ ထိုးရေနီရာတိမှ အုန်းကို အသုံးပြုကတ်တေအတွက် ကျောင်းတိုက်ရွာသားတိ၏ အုန်းအမိုးဈီးကွက်က တစ်ခါတစ်လီ ကောင်းလို့နီပါရေ။

ဇာပင်ဖြစ်ဖြစ် တစ်ခါစိုက်ပျိုးကေ တစ်သက်တာလုံး အသုံးဝင်နီရေ အုန်းတောချေကတော့ကေ ကျောင်းတိုက်ကျေးရွာ၏ ကမ်းပြိုမှုတိကို ထိန်းညှိပီးရေပိုင် ဝင်ငွေရအောင်လေ့ ဖော်ဆောင်ပီးနီရေအတွက် ကျောင်းတိုက်ရွာသားတိအဖို့ ကျေးဇူးရှင်တစ်ပါးပါ။

 482 total views,  1 views today