ရိုးမရေဒီယိုမဂ္ဂဇင်း ၊ မတ် ၁၄ ရက်

ရခိုင်ပြည်နယ်အတွင်းအသုံးပြုနိုင်ဖို့အတွက် ဂျပန်နိုင်ငံပြည်သူတိ လှူဒါန်းရေ တတိယမြောက် ဂစ္ဆပနဒီသင်္ဘောစွာ ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းကို ရောက်ရှိနေဗျာလ် ဖြစ်ပါရေ။

ဂစ္ဆပနဒီ (၃) လို့ နာမေပီးထားရေ ယင်းသင်္ဘောကို M.V ISUZU (VOY.NO.034) အထက်မာ တင်ဆောင်ပြီးကေ ဂျပန်နိုင်ငံ Yokohama ဆိပ်ကမ်းကနီ ဖေဖော်ဝါရီလ ၁၈ ရက်နိက စတင်ထွက်ခွာလာရာ မတ်လ ၈ ရက်နိမှာ ကျောက်ဖြူမြို့ကို ဆိုက်ရောက်စွာ ဖြစ်ပါရေ။

၂၀၁၆ ခုနှစ် ဂျပန်နိုင်ငံအစိုးရ စီးပွားရေးနဲ့ လူမှုရေးတိုးတက်ဖွံ့ဖြိုးမှုအစီအစိုင်အရ ပြည်တွင်းရီကြောင်း ပို့ဆောင်ရေး၊ ရခိုင်ပြည်နယ် ဌာနခွဲမှာ အသုံးပြုဖို့အတွက် ဂျပန်ပြည်သူတိက လှူဒါန်းရေ ကမ်းရိုးတမ်းလားရီယာဉ် ၃ စီးအနက် ယင်းသင်္ဘောစွာ နောက်ဆုံး ကျန်ရှိနီရေ သင်္ဘောလ့ ဖြစ်ပါရေ။

ယင်းရီယာဉ်ကို ရပ်ထားရေအချိန်မှာ လိုအပ်စွာတိကို တပ်ဆင်လားဖို့ ဖြစ်တေပိုင် အစမ်းမောင်းနှင်စွာ၊ ဆက်လက် တာဝန်ယူကတ်ဖို့ ရီယာဉ်ဝန်ထမ်းတိကို ဂျပန်နိုင်ငံက ပညာရှင်တိကိုယ်တိုင် သင်တန်းပီးစွာတိ ပြုလုပ်ပြီးကေ မတ်လ ၁၂ ရက်နေ့မှာ ရေကြောင်းပို့ဆောင် ရေးဌာနကို လွှဲပြောင်းပီးအပ်ခစွာ ဖြစ်ပါရေ။

အလူမီနီယမ်နဲ့တည်ဆောက်ထားပြီးကေ တစ်နာရီမှာ ရီမိုင် ၂၀ နှုန်း မောင်းနှင်နိုင်ဖို့ ယင်းကမ်းရိုးတမ်းလား ရီယာဉ်စွာ ၃၄ ဒသမ ၇၁ မီတာ ရှည်လျားပြီးကေ ၆ ဒဿမ သုည မီတာကျယ်ဝန်းပနာ ဇောက် ၂ ဒဿမ ၇ မီတာ၊ ရီစူး ၁ ဒဿမ ၂၆ မီတာရှိပြီးကေ လူဦးရေ ၁၆၀ ယောက်ထိ တင်ဆောင်နိုင်ဖို့ ဖြစ်တေပိုင် ကျောက်ဖြူကနီ စစ်တွေကို ပြေးဆွဲရေ ရီယာဉ်အဖြစ် အသုံးပြုလားဖို့လေ့ ဖြစ်ပါရေ။

 516 total views,  1 views today