ပန်းသီကြိုး (ရသေ့တောင်)

လူမျိုးတိုင်းမှာ ကိုယ့်လူမျိုးကို ကိုယ်စားပြုရေ ရိုးရာအစားအစာတိ ရှိတတ်ကတ်ပါရေ။ အခုတင်ပြဖို့ ရခိုင် အစားအစာ တစ်မျိုးဖြစ်တေ ဂြစ်ချေလို့ ရခိုင်တိုင်းရင်းသားတိခေါ်ရေ ရခိုင်အစားအစာတစ်မျိုးစွာ ရခိုင်လူမျိုးရို့၏ အစဉ်အလာကြီးမားရေ အစားအစာတစ်မျိုးတော့ကေ မဟုတ်ပါ။ ဆိုလိုစွာက ရိုးရာယဉ်ကျေးမှုနဲ့ သက်ဆိုင်ရေ ပွဲလမ်း သဘင်ပိုင်နေရာမျိုးတိ၊ အလှူပွဲပိုင်နေရာမျိုးတိမှာ ဂြစ်ချေပိုင် အစားအစာမျိုးကို ဇာရခိုင်ပင်ဖြစ်ဖြစ် မကျွေးကတ်ပါ။

နောက်ပြီးကေ ထမင်းဝိုင်းပိုင် နေရာမျိုးမှာလေ့ ဂြစ်ချေအစားအစာစွာ မပါဝင်ပါ။ ဂြစ်ချေဆိုစွာ ရခိုင်လူမျိုးတိ ပိုင်စရာအဖြစ် စားလေ့ရှိရေ အစားအစာတစ်မျိုးရာဖြစ်ပါရေ။ ယင်းကြောင့်လေ့ ရခိုင်အစားအစာတိထဲမှာ ဂြစ်ချေစွာ ခမ်းခမ်းနားနားတော့ကေ မရှိပါ။ ယကေလေ့ ဂြစ်ချေကို ရခိုင်တော်တော်များများက နှစ်ခြိုက် ကတ်ပါရေ။ အထူးသဖြင့် ရခိုင်သူချေတိ ကြိုက်တတ်တေ အစားအစာတစ်မျိုးလေ့ ဖြစ်ပါရေ။

ဂြစ်ချေဆိုစွာ အခြားပိုင်စရာတိပိုင် ပေါင်းစပ်ပစ္စည်းတိနဲ့ လူတိဖန်တီးထားရေ ပိုင်စရာမျိုးလေ့ မဟုတ်ပါ။ ချောင်းကမ်းစပ်တိမှာ နေထိုင်ကျက်စားတတ်ရေ ရငံ (ဗမာလို ရေငံ) ခရုချေတစ်မျိုးဖြစ်ပါရေ။ ရချို (ဗမာလို ရေချို) ရငံစပ်ချောင်းကမ်းနား ဒီရေတောတိကို မှီခိုနေထိုင်ကတ်ပါရေ။ ဂြစ်ချေကောက်ယူပုံနဲ့ ပတ်သက်ပနာ ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းကျေးရွာက ဂြစ်ချေခရုကောက်ပြီး ရောင်းရေ အမျိုးသမီးတစ်ဦးက အခုပိုင် ပြောပြပါရေ။

“ဂြစ်ချေခရုကို ကောက်ယူရေခါ ဖြားတက်ချိန် (ဗမာလို ဒီရေတက်ချိန်) ဖြားကျချိန်တိမှာ ကောက်ယူရပါရေ။ ဖြားတက်ချိန်ကောက်ပုံနဲ့ ဖြားကျချိန် ကောက်ယူရပုံချင်းတော့ မတူပါ။ ဖြားတက်ချိန်မှာ ကောက်ယူဖို့ဆိုကေ ချောင်းကမ်းစပ်မှာ ပေါက်နီရေ ဒီရေတော အပင်ထင်တိကို ဂြစ်ချေခရုတိတက်လာကတ်ပါရေ။ အေခရုတိက ချောင်းထဲမှာနီရေဆိုကေလေ့ ချောင်းရီတက်လာကေ အပင်ထက်ကို တက်ပြီး လာကတ်ပါရေ။ ရီကျချိန်ဆိုကေတော့ အပင်ထင်က ဆင်းပြီးကေ ကျုပ် (ဗမာလိုရွှံ့) ထဲမှာ နေတတ်ပါရေ။ ယင်းကြောင့် ရီတက်ချိန်ဆိုကေ အပင်တိမှာ ကပ်နီရေခရုတိကို အလွယ်တကူ မြင်နိုင်ရေအတွက် ကောက်ရပိုလွယ်ကူပါရေ။ ရီကျချိန် ဆိုကေတော့ ချောင်းစပ်က ကျုပ်ထဲမှာ ရှာကောက်ရပါရေ။ အရနည်းပါတယ်။ ယကေလေ့ ဂြစ်ချေခရုကျိုင် (ဗမာလိုကျင်း)နဲ့ တွေ့ရင်တော့ ထမ်းမပါနိုင်အောင် ရတတ်ပါရေ။ ယင်းကြောင့် ရီတက်ချိန်ပါ၊ ရီကျချိန်ပါ ဂြစ်ချေခရု ကောက်လို့ရရေလို့ ဆိုပါရေ။ ပုံမှန်ဆိုရကေတော့ တစ်နိကို ဂြစ်ချေခရုကောက်လို့ သိုက် (၁၀) လောက်ရနိုင်ရေလို့ ဆိုပါရေ။ ကောက်လို့ရရေဂြစ်ချေတိကို အကျွန်ရို့က အ၀ယ်ဒိုင်မှာ လားသွင်းပါရေ။ ဂြစ်ချေ တစ်သိုက် (နို့ဆီလေးဗူး) ကို ၅၀၀ ကျပ်နှုန်းနဲ့ ဒိုင်မှာ သွင်းရရေလို့လည်း ဆိုပါရေ။ ဒေအလုပ်စွာ အကျွန်ရို့ပိုင် လက်လုပ်လက်စားတိ၊ ကျပမ်းလုပ်ကိုင် စားသောက်နီရေရလူတိအတွက်တော့ တစ်နိစာ မီးဖိုချောင်၏ စရိတ်ကို တစ်ပိုင်းတစ်စ အထောက်အပံ့ဖြစ်စေရေလို့လည်း ဆိုပါရေ။

ဂြစ်ချေအ၀ယ်ဒိုင် အလုပ်ကို လုပ်ကိုင်နီရေ ညောင်ချောင်းကျေးရွာက ဒေါ်လှသိန်းကတော့ “အကျွန်မရို့အနီနဲ့ ဂြစ်ချေ ခရုတိကို အော်ဒါမှာရေဖက်ကို ပို့ပေးပါရေ။ ခရုတိဆိုတိကတစ်ခါတစ်ခါ သေလားစွာမျိုးတိ ရှိတတ်ရေ အတွက် ယင်းပိုင်အခြေအနေဆိုကေရှုံးစွာမျိုးလေ့ရှိပါရေ။ ခရုတိက တော်ရုံနဲ့ မသီပါ။ ယကေလေ့တစ်ခါတစ်ခါ အကျွန်ရို့ ဖက်က ထားသိုစွာ နည်းမမှန်စွာကြောင့် သေလားစွာမျိုးတိလေ့ ရှိပါရေ။ အမြဲတမ်းလုပ်နီရေ ဆိုကေလေ့ အသက်ရှိရေ ရောင်းကုန်ဖြစ်လို့ တဖေ့ချေမှားကေ အရှုံးပေါ်ရေ။ ပြီးကေဂြစ်ချေခရု အသီတိကို ရောင်းလို့ကမရပါ။ အော်ဒါမှာရေ လူပါးကို ပို့ပေးလိုက်ကေလေ့ သူတို့ပါးကိုရောက်မှ သီလားစွာမျိုးဆိုကေလေ့ အကျွန်ရို့ပါးကို ပြန်ပို့ကတ်တေ။ ယပိုင်ဆိုကေ အကျွန်ရို့ရှုံးရေ” လို့ ဆိုပါရေ။

ဂြစ်ချေခရုတိကို အ၀ယ်ဒိုင်အနီနဲ့ တစ်သိုက် (နို့ဆီလေးဗူး) ကို ဖဲသာ (၅၀၀) ကျပ်နဲ့ ၀ယ်ယူပြီးကေသူရို့အနီနဲ့ ပြန်ရောင်းရေခါ (၈၀၀) နဲ့ ပြန်ရောင်းရေလို့ ဆိုပါရေ။ တစ်သိုက်က (၃၀၀) ကျပ်စီမြတ်တေအတွက် ချချော မမောဆိုကေ တွက်ခြီကိုက်တေလို့ ဒေါ်လှသိန်းက ဆိုပါရေ။

ရခိုင်ပြည်နယ်က မြို့တိမှာ ဂြစ်ချေခရုကို လှော်ပြီးကေဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်စရေမြို့နယ်တော်တော်များများမာရှိရေဘုတ်ဆိပ်တိမှာ များသောအားဖြင့်တွေ့ရပါရေ။ ရခိုင်လူမျိုးတိက ဂြစ်ချေလို့ခေါ်ရေခရုတိကို ခရီးလားရင်း အပျင်းပြေစားကြစွာမျိုး ဖြစ်ပါရေ။

ကြက်သွန်ဖြူနံ့ သသင်း ချင်းစိမ်းနံ့ မမွှီးချေနဲ့ဂြစ်ချေခရုလှော်ကို ဘုတ်ထက်တိမှာစားနီကတ်တေ မြင်ကွင်းစွာ စားလေ့စားထမရှိရေလူတိအတွက်တော့ကေနည်းနည်းချေလောက်ကသိကအောင့် ဖြစ်ဖို့လို့ ထင်ပါရေ။ ဂြစ်ချေခရုစွာ ငယ်ရေအတွက် အခြားခရုတိပိုင်စုပ်လို့ မရရေအတွက်သွားကြားထိုးတံပိုင်စူးချေတိနဲ့ ခရုအသားကို ကော်ထုတ်ပြီးကေစားရစွာဖြစ်ပါရေ။

ခရုအနီဖီးလို့ခေါ်ရေ အပြားချေကိုလေ့ ပစထဲကိုရောက်ခါမှ ပြန်ထုတ်ရပါသိရေ။ ခရုကိုလက်နဲ့ကိုင်ပြီး အသား ထုတ်ယူရစွာကြောင်းလက်မှာခရုညှိနံ့က ကြက်သွန်ဖြူနံ့တိနဲ့ရောပြီးကေအနံ့ချေက မွှီးနီပါရေ။

ဂြစ်ချေခရုတိကို အသင့်စားနိုင်ရေအဆင့်ကိုရောက်ဖို့ အတွက် လှော်ရပုံအဆင့်ဆင့်ကို ရသေ့တောင်မြို့ သင်္ဘောဆိပ်မှာ ဂြစ်ချေလှော်ရောင်းနီရေမဇာနည်ဝင်းက အခုပိုင်ရှင်းပြပါရေ။

“ဂြစ်ချေခရတိကို လှော်ဖို့အတွက် ဒန်အိုးအကြီးမသန် တစ်လုံးမှာ ဂြစ်ချေကို ထည့်ပြီးကေ တစ်ညဥ့်လောက် ရီစိမ်ထားရ သိပါရေ။ ရီစိမ်စွာက ခရုမှာပါရေ ကျုပ်တိထွက်လားအောင်လုပ်စွာပါ။ တစ်ညဥ့်လောက် ရီစိမ်ထားကေခရုအထဲမှာပါရေ ကျူပ်တိထွက်လားပါရေ။ ရီစိမ်ရေနရာမှာ အိုးကို အဖုံးဖုံးထားရပါရေ။ ခရုတိတွားတက် လာတတ်လို့ပါလေ။ အဖုံးမဖုံးဘဲ ထားကေမနက်လင်းကေဒန်အိုးထဲက ခရုတိထွက်လားစွာမျိုး မဖြစ်ရအောင်ပါ။ ရီတစ်ညဥ့်စိမ်ထားရေခရုတိကိုလှော်ဖို့အတွက် ရီနဲ့ ခုနစ်ထပ်ရှစ်ထပ်လောက် ဆေးရပါရေ။ အေပိုင်ရာမဆီးဆိုကေညှိနံ့ပြင်းရေအတွက် အဆင်မပြေပါဘူး။ ရေစင်အောင်ဆီးပြီးကေတော့ခါဂြစ်ချေခရုကို လှော်လို့ရပါယာ။ လှော်ရေဆိုကေလေ့သင့်ဂြစ်ချေကိုပြုတ်တဲ့ သဘောမျိုးပါ။ ပြုတ်တယ်ဆိုကေလေ့ ရီထည့်ပြီးကေမပြုတ်ရပါ။ ရီဆေးရီစိမ်ထားရေဂြစ်ချေခရုတိအထဲမှာ ရေ၀င်ပြီးသားဖြစ်တေအတွက် ရေထည့်ပြီးကေမပြုတ်စွာပါ။ အိုးထဲကိုထည့်ပြီးကေမီးအပူပီးလို့ ခရုတိမီး အပူကြောင့် သေလားရေအချိန်မှာ ခရုအနဘီဟလာပြီးကေခရုထဲက ရေထွက်လာပါရေ။ တကယ်လို့စပြုတ်ကတေအချိန်က ရီထည့်ပြီးကေ ပြုတ်ဖို့ဆိုကေခရုထဲက ထွက်လာဖို့ရီတိကြောင့် အရည်တိမျလားတတ်ပါရေ။ ယင်းတွက်နဲ့ရီမထည့်ရတစွာပါ။ ခရုထဲက ထွက်လာရေအရည်ဆူကေကြက်သွန်ဖြူနဲ့ ချင်းစိမ်းထောင်းထားစွာကို ထည့်ပါတယ်။ ပြီးရင် ဆားသင့်တော်ရုံထည့်ရပါရေ။ တစ်ချို့ကလည်း အချိုမှုန့်ပါ ထည့်စွာမျိုးလေ့ရှိပါရေ။ အကျွန်က အချိုမှုန့်တော့ မသုံးဖြစ်ပါ။ ခရုမှာကိုက အချိုဓာတ်ပါပြီးသားဆိုရေတွက်အချိုမှုန့် မထည့်လေ့အရသာရှိပြီးသားပါ။ ယင်းနန့်မသုံးစွာပါ။ ပြီးကေအိုးထဲမှာ အရည်ခမ်းအောင် လှော်ရပါရေ။ အရည်ခမ်းယာဆိုရင်ကအသင့်စားလို့ ရပါယာချင့်” လို့ မဇာနည်ဝင်းက ရှင်းပြပါတယ်။

ဂြစ်ချေလှော်ကို မဇာနည်ဝင်းရို့အနီနဲ့ ပြန်ရောင်းရေခါ ဆံခြင်ဗူးတဗူးကို (ဗမာလိုနို့ဆီတစ်ဗူး) ၅၀၀ ကျပ်နဲ့ ရောင်းကတ်ပါရေ။

တစ်သိုက်ဆိုကေ ဖဲသာ၂၀၀၀ လောက်ရပါရေ။ ၀ယ်ဈီးက (၈၀၀) နဲ့ ဆိုကေတွက်ခြီကိုက်တေလို့ ပြောလို့ ရပါရေလို့လေ့ ဆိုပါရေ။ ရောင်းချရရေအခြေအနေကတော့ ပုံမှန်မရှိပါ။ ဘုရားပွဲပိုင် ပွဲလမ်း သဘင်တိရှိကေ တစ်ရက်ကို ဆယ်တောင်း (တစ်တောင်းတွင် ခြောက်ပြည်) ဆယ့်ငါးတောင်းလောက် ရောင်းစွံရေလို့လည်း မဇာနည်ဝင်းက ဆိုပါတယ်။

ရခိုင်လူမျိုးတိစွာ ပင်လယ်ကမ်းရိုးတမ်း တစ်လျှောက် နေထိုင်ကတ်တေ လူတိဖြစ်ကတ်တေပိုင် ပင်လယ် အစားအစာတိကို မြတ်မြတ်နိုးနိုး စားသုံးကြတ်သူတိဖြစ်ပါရေ။ ဒေပိုင်စားသုံးကတ်တေခါမှာ နေရာဒေသအလိုက် ကွဲပြားမှုတိတော့ ရှိပါရေ။ အခုပိုင်စားသုံးမှုတိနောက်ကွယ်မှာ ဆက်စပ်တည်ရှိနီရေ လူမှုဘ၀တွေကလေ့ နေရာဒေသအလိုက် ရုန်းကန်လှုပ်ရှားမှုတိစွာလေ့ ဒေသအလိုက်ကွဲပြား နီကတ်စွာ တစ်မျိုးလေ့ချစ်စရာ ကောင်းနီဖို့လို့ ထင်ပါရေ။

 739 total views,  1 views today