မြောက်ဦး၊ ဖေဖေါ်ဝါရီ ၁၉ ရက်။

မြန်မာနိုင်ငံ၏ အထင်ကရ ယဉ်ကျေးမှုနယ်မြေတစ်ခုဖြစ်တေ ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို လာဖို့ စက်တင်ဘာလမှာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းနိုင်ဖို့ဗျာလ် ဖြစ်ကြောင်း မြောက်ဦးမြို့ ရှေးဟောင်း သုတေသနဦးစီးဌာနက ပြောပါရေ။

“ဒေ ၂၀၁၉ စက်တင်ဘာဆိုကေ ကျနော်ရို့ Normal Nation Dossier Draft ကို တင်ဖို့ လျာထားချက်ရှိပါရေ။ ၂၀၂၀ ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင်တော့ ကျနော်ရို့က Final Dossier ကို ကမ္ဘာ့အမွေအနှစ်ကော်မတီကို တင်ပြဖို့ ဆောင်ရွက်နေစွာရှိပါရေ။”ဟု မြောက်ဦးရှေးဟောင်းသုတေသနဦးစီးဌာန ဦးစီးမှူး ဒေါက်တာသောင်းထိုက်က ပြောပါရေ။

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ခံရဖို့ဆိုကေ နိုင်ငံတကာက ပညာရှင်တိ့နန့် ကျွမ်းကျင်သူတိ့ လာရောက်ဖို့ ဖြစ်တေအတွက် ယင်းဒေသက နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတိ့၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတိ့၊ ဒေသလူ့အဖွဲ့အစည်း အလုပ်ကိုင် အခွင့်အလမ်းနန့် စီးပွားရေးရို့ တိုးတက်လာဖို့ဖြစ်ပါရေ။

ယင်းအတွက်တာနန့် မြောက်ဦး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် UNESCO ဝင်နိုင်ရေးနန့် ပတ်သတ်ပနာ မြောက်ဦးရှေးဟောင်း သုတေသနဦးစီးဌာနက ကော်မတီတိ့ဖွဲ့ပနာ ယဉ်ကျေးမှုအမွေအနှစ်တိ့ကို ထိန်းသိမ်းတတ်စီဖို့ ဒေသခံတိ့ကို အသိပညာပေးဟောပြောခြင်းတိ့ လစဉ် ပြုလုပ်လျှက်ရှိကြောင်း ဆိုပါရေ။

“လစဉ်အလိုက် Group တိ့ ခွဲထားပနာ သင်တန်းတိ့ ပို့ချပေးနေစွာဖြစ်ပါရေ။ ယင်းချင့်နန့် ပတ်သတ်ပြီးကေ သူရို့ အရင်က မသိသေးရေ အခြေအနေတိ့ကို အခုသိလာကေ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ပတ်သတ်ပနာ အရင်ကထက် အများကြီးလုပ်လာနိုင်ရေပေါ့လေ။”ဟု ဒေါက်တာသောင်းထိုက်က ပြောပါရေ။

ရှေးခေတ် ရခိုင်ပြည်နယ်မှာ ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦးဟု ခေတ်ကြီးလေးခေတ် ပေါ်ထွန်းခရာ မြောက်ဦးခေတ်စွာ ယဉ်ကျေးမှုရေးရာရို့မှာ သာမက စီးပွားရေးနှင့် လူမှုရေးတိ့မှာလည်း ထင်ရှားကျော်ဇောခကြောင်း သမိုင်းမှတ်တမ်းများတိ့ ဖော်ပြ ထားပါရေ။

မြန်မာနိုင်ငံမှာ ပျူမြို့တစ်ခုတည်းရာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ပနာ လက်ရှိမှာ မြောက်ဦးမြို့ကို UNESCO ၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး အစိုးရ၊ အရပ်ဖက်အဖွဲ့၊ ပြည်တွင်းနှင့် ပြည်ပ ပညာရှင်တိ့က ပူးပေါင်းဆောင်ရွက်နေကတ်ရေ ဆိုပါရေ။

 513 total views,  1 views today