ဇန်နဝါရီ ၂၂

ရခိုင်ပြည်နယ်အတွင်း ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုများ ရှိလာစေဖို့ ဖိတ်ခေါ်နိုင်ရေး ရင်းနှီးမြှုပ်နှံမှုပွဲတော်တစ်ခုကို ငပလီကမ်းခြေမှာ ကျင်းပလားဖို့ ပြည်နယ်အစိုးရက စီစဉ်နေပါရေ။

၎င်းပွဲရေ ပြည်နယ်၏ ပထမဦးဆုံးပွဲတော်တစ်ခုဖြစ်ပါရေ။

ကမ္ဘာ့ ရှစ်ခုမြောက် အကောင်းဆုံး အဖြစ် သတ်မှတ်ခြင်းကို ပိုင်ဆိုင်ရရှိထားရေ ရခိုင်ကမ်းရိုးတန်းမှာ တည်ရှိရေ ငပလီကမ်းခြေမှာ ယင်းပွဲကို ဖေဖေါ်ဝါရီ ၂၁ ရက်နေ့မှ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့ထိ ကျင်းပလားဖို့ဖြစ်ပနာ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၁၀ ခုမှ ၁၅ ခုခန့်ထိ ဝင်ရောက်လာဖို့ မျှော်မှန်းထားရှိပါရေ။

“ အားလုံးကိုတော့ ရခိုင်ပြည်နယ်ကို ဒေထက်ပိုပနာ စိတ်ဝင်စားစေချင်ပါရေ။ ဒေထက်ပိုပြီးကေလည်း ရခိုင်ပြည်နယ် အကြောင်းတိ့ကို သိစေချင်ပါရေ။ ယင်းချင့်ကပဲ ရခိုင်ပြည်နယ် အခွင့်အလမ်းတိ့ကို ပိုပနာ ဖော်ထုတ်နိုင်ဖို့ ဖြစ်ပါရေ။ ယင်းခါမှရာ ရင်းနှီးမြှုပ်နှံမှုတိ့လည်း အများဆုံးလာရင်းနှီးမြှုပ်နှံပနာ အားလုံးအတွက်ပေါ့ အကျိုးဖြစ်နိုင်ရေအတွက် အားလုံးက ကူညီဆောင် ရွက်ပီးဖို့ကို ဖိတ်ပါရေ “ ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဆိုပါရေ။

ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရာမှာ ရခိုင်ပြည်နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံရေ လုပ်ငန်းတိ့အပြင် စက်မှုဇုန်တိ့၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပရောဂျက်တိ့လည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့လို့ ပွဲစီစဉ်သူတိ့ဘားက သိရပါရေ။

၎င်းပွဲတော်ကို ပြည်နယ်အစိုးရက ဦးဆောင်ကျင်းပပါရေဆိုကေလည်း ပြည်ထောင်စုအစိုးရအဖွဲ့ကလည်း ပံ့ပိုးကူညီဖို့လို့ ဆိုပါရေ။

ဇုန်တိ့နန့် စီမံကိန်းတိ့အပါအဝင် ဒေသဖွံ့ဖြိုးရေးအတွက် မြောက်ဦးမြို့နယ်မှာလည်းကောင်း ၊ ငပလီကမ်းခြေနှင့် အနီးတဝိုက်မှာလည်းကောင်း ကမ်းခြေအသစ်တိ့ တိုးချဲ့လာနိုင်ခြေလည်း ရှိနေပါရေ။

အဂု ကျင်းပဖို့ ရင်းနှီးမြှုပ်နှံမှုပွဲတော်ကို လာရောက်ဖို့ တရုတ်၊ ဂျပန်၊ အိန္ဒိယနှင့် အာဆီယံဒေသတွင်း နိုင်ငံတိ့ကို အဓိကထား ဖိတ်ခေါ်ထားပါရေ။

 468 total views,  1 views today